သမီးဖြစ်သူအားရိုက်နှက်ဆုံးမရာမှသမီးဖြစ်သူသေဆုံး အလောင်းစွန့်ပြစ်မှုဖြစ်ပွား

၂၀.၁၁.၂၀၁၇ ရက်နေ့ ၁၂၀၀ အချိန်ခန့် တွင်လုံးဖောကျေးရွာနေ ဒေါ်ဌေးမြင့်မှ ၎င်း၏မြေး ဖြစ်သူ ခရေဖွေး(ခ)အင်္ဂလိပ်မ ၄ နှစ် မှာပျောက် ဆုံးနေ ကြောင်းကူညီစုံစမ်းပေးရန်လာရောက် တိုင်တန်းချက်အရ

မာရမ်းနယ်မြေရဲစခန်းလူပျောက်အမှတ်စဉ် ၁/၂၀၁၇ ဖြင့်အမှုဖွင့်စုံစမ်းစစ် ဆေးခဲ့ရာ၎င်းနေအိမ်တွင် မခရေဖွေး မိခင်ဖြစ်သူ ကပ္ပလီမ(ခ)မခိုင်ခင်ဝင်း နှင့် ၁ နှစ်အရွယ် ကလေးငယ်တို့အတူတကွနေထိုင်ကြကြောင်း ၁၇.၁၁.၂၀၁၇ ရက်နေ့တွင် မခိုင်ခိုင်ဝင်း မှသမီး ဖြစ်သူ မခရေဖူးအားရိုက်နက်ဆုံးမခဲ့ပြီးနောက် ပိုင်း မခရေဖူးအားမြင်တွေ့ရခြင်းမရှိတော့ကြောင်း



၁၈.၁၁.၂၀၁၇ ရက်နေ့တွင် မခိုင်ခင်ဝင်း၊ (၁)နှစ်ကလေးငယ် နှင့် မမိုးမိုးခိုင် တို့သည် ခရီးဆောင်အိပ်ကြီးတစ်လုံးဖြင့် ကော့သောင်းမြို့ သို့ ဆိုင်ကယ်ဖြင့်ထွက်ခွာသွားကြောင်းရွှေယင်း မာတည်းခိုခန်းတွင်တည်းခိုနေကြောင်းသိရှိရသ ဖြင့်

၎င်းတို့အား ခရေဖူး ကိစ္စမေးမြန်စစ်ဆေးခဲ့ရာ ခရေဖူးအား ၎င်း၏ဖခင်ဖြစ်သူ ထိုင်းနိုင်ငံတွင်နေ ထိုင်သူ ဂျာမနီနိုင်ငံသား Mr Florian ထံပို့ထား ကြောင်းထွက်ဆိုခဲ့သဖြင့် Mr Florian နှင့်ချိတ်ဆက်ရမိနိုင်ရေး မြန်မာထိုင်းနယ်ခြား ကော်မတီမှတဆင့်အဆင့်ဆင့်စုံစမ်းဆောင်ရွက်ခဲ့ပြီး

Mr Florian နှင့်ချိတ်ဆက်ရမိပြီး စစ်ဆေးခဲ့ရာ ၎င်းထံကလေးပေးအပ်ခြင်းမရှိကြောင်းစုံစမိးသိရှိရသဖြင့် မခိုင်ခင်ဝင်း အားထပ်မံစစ်ဆေးမေးမြန်းခဲ့ရာ ၎င်းးမှ ကလေးအားဆုံးမရိုက်နက်စဉ် ကလေးသေ ဆုံးသွားခဲ့ကြောင်း

မမိုးမိုးခိုင် ၏ အကူအညီဖြင့် ကလေးအားခရီးဆောင်အိပ်ကြီးအတွင်းထည့်၍ကော့သောင်းမြို့သို့သွားရောက်ကာဘုရင့်နောင်အငူအနီးမှပင်လယ်ပြင်အတွင်းပြစ်ချခဲ့မိကြောင်း ဝန်ခံထွက်ဆိုခဲ့သဖြင့် လူပျောက်စုံစမ်းမှုမှ မာရမ်းနယ်မြေရဲစခန်း(ပ)၁၃/၂၀၁၇ရာဇသတ်ကြီးပုဒ်မ ၃၁၇ အရ အမှုဖွင့်ဆောင်ရွက်ခဲ့ပြီး

မခိုင်ခင်ဝင်းအား ဖမ်းဆီခြင်း အလောင်းစွန့်ပြစ်ရာတွင်ပူးပေါင်းပါဝင်သူ မမိုးမိုးခိုင်အား ထိုင်မြန်မာ နယ်ခြားကော်မတီအဆင့်ဆင့်ဖြင့်ချိတ်ဆက်ဖမ်းဆီးခြင်း ကလေးအလောင်းရရှိနိုင်ရေး နီးစပ်ရာကျွန်းများတွင်ရှာဖွေဆောင်ရွက်လျှက်ရှိကြောင်းသတင်းရရှိခဲ့ပါသည်။

Credit-Aung Zaw Min Tun

#MZT


Leave a Reply

Your email address will not be published. Required fields are marked *