ဖင္ဋီကာ

ဖင္ အေၾကာင္း ေျပာရင္ ႐ိုင္းတယ္လို႔ ထင္ၾကတယ္။ တခ်ိဳ႕က ဖင္လို႔ ေျပာရင္ မႀကိဳက္ဘူး။ တင္ပါး လို႔ ေခၚေစ ခ်င္တာ။ မတူဘူး။ တင္ပါး ဆိုတာ အေပၚက ေျပာင္ေျပာင္ တင္းတင္း အပ်ိဳ ပါးေလး လို ေဖာင္းေဖာင္း အိအိ ျဖစ္ေနတဲ့ ေနရာေလးပဲ ေခၚတာ။ ဖင္ ဆိုတာက် အ႐ိုးေရာ၊ အဆစ္ေရာ၊ အသားေရာ၊ တၿပဳံလုံး အကုန္လုံးကို ေခၚတာ။ ဒါေၾကာင့္ ဖင္လို႔သာ ဆက္၍ ေခၚမည္ ခိုင္။

ဘာကိစၥ ဖင္ကို ဗာရာဏသီ ခ်ဲ႕ေန သလဲ ေမးစရာ ရွိတယ္။ ဖင္ဆိုတာ အရင္ ကေတာ့ သိုသို သိပ္သိပ္ ကြယ္ကြယ္ ဝွက္ဝွက္ပဲ ၾကည့္ရတဲ့ ေနရာ။ အခုမ်ား ဟုတ္ဘူးဗ်၊ ေဖ့စ္ဘုတ္မွာ ေအာင္ျမင္ေရး က်င့္စဥ္ႀကီး ျဖစ္ေနတယ္။ . တျခား မၾကည့္နဲ႔။ လုလုေအာင္ကို ၾကည့္။ သူ႔ဘာသာ ပုံေလး လွေအာင္ ဖင္ေနရာ ေလးကို ဖိုတို ေခ်ာ့ေလးနဲ႔ ျပင္လိုက္ ပါတယ္။ ဟမ္မာေလး သံတိုင္ ေကြး ပါတယ္ ဆိုၿပီး မိန္းမေတြ ဝိုင္း ေဖာင္းထု လို႔ နာမည္ႀကီး သြားတာ အခုဆို ပုရိသေတြ လုမွ လုေန ၾကၿပီ။ ေဟာ စုလႈိင္ဝင္း ဆိုတဲ့ ကေလးမေလး၊ သူတတ္တဲ့ ပညာနဲ႔ ကေနရင္ ဘယ္သူမွ လူ မသိဘူး။ ဖင္ေလး လႈပ္ၿပီး လမ္းေလွ်ာက္ လိုက္မွ နာမည္ ႀကီးသြားတာ။ ေနာက္ ျခဴးစင္ဟန္တို႔၊ ခင္ဆုရည္တို႔လည္း ဖင္တိုက္ပြဲ ထဲ ဖင္စုံပစ္ ဝင္လာၾက ေတာ့တာ။



ဒါေၾကာင့္ ဖင္ဆိုတာ ေအာင္ျမင္ေရး လွ်ိဳ႕ဝွက္ခ်က္လို႔ မွတ္ပါ ပရိတ္သတ္။

ကဲကဲ၊ လိုက္ဆို

တေန႔သုံးခါ (တေန႔သုံးခါ) ဖင္ျပပါ (ဖင္ျပပါ) Flower တက္မည္မွတ္ (ဖလူဝါ တက္မည္မွတ္)

သိပ္ အေရးႀကီး တယ္ေနာ္ ပရိတ္သတ္။ ဖင္ႏွစ္လုံးဟာ ကိုယ့္ဘ၀ တက္လမ္းကို ေဖၚေဆာင္ သြားႏိုင္ တယ္ေနာ္၊ မွတ္ထားၾက။

အဲ၊ ေျပာရင္း ကိုယ္ေတာ္ႀကီး စိတ္ဝင္ သြားလို႔ ေပါက္ကရေတြ ျဖစ္ကုန္ၿပီ။ တကယ္ေတာ့ ဖင္ျပသူေတြ ကိုလည္း အဆိုး မဆိုပါနဲ႔။ ဓမၼပဒ ထဲမွာ ပါတယ္ မဟုတ္လား။ အစြယ္ ရွိသူသည္ အစြယ္ကို အားကိုး၏။ ဦးခ်ိဳ ရွိသူသည္ ဦးခ်ိဳကို အားကိုး၏ ဆိုတာေလ။ ဒီေတာ့ ဖင္ရွိသူ ဟာလည္း ဖင္ကို အားကိုးေပ မေပါ့။

ဒါေၾကာင့္ ဖင္ကို ျပပါ။ မရွက္ မေၾကာက္ ျပပါ။ အလုံး အထည္ ပီသေအာင္ ျပပါ။ အေဖာင္း အကား ပီသေအာင္ ျပပါလို႔ တိုက္တြန္း ပါရေစ။

ဖင္ အားေပးသူ ယြက်ား ေတြကိုလည္း ၾကည့္။ ယြက်ား သစၥာ၊ ဖင္အေပၚမွာ တည့္တဲ့။ ေယာက္်ား ေတြဟာ ဘာကို သစၥာ ရွိသလဲ ဆိုရင္ ဖင္ကိုပဲ သစၥာရွိၾက ပါေပတယ္။ ဘယ္သူ က ကေလး အေမ၊ ဘယ္သူက အပ်ိဳ ဆိုတာ မစဥ္းစား၊ ဘယ္သူက ရွမ္း၊ ဘယ္သူက ဗမာ ဆိုတာ မစဥ္းစား။ ဘယ္သူ ဖင္ႀကီး သလဲ၊ ဖင္သူ ဖင္လွ သလဲ၊ ဘယ္သူ ဖင္ရႈံ႕ သလဲသာ စဥ္းစား ၾကပါတယ္။ အင္မတန္ ဖင္သစၥာ ႀကီးေသာ ေယာက္်ား ေတြပါ။ . အခု သင္ဇာေလး ဖင္ရႈံ႕ၾကည့္၊ အခု ဝန္းရံတာ ရပ္ပစ္လိုက္မွာ ပါပဲ။

ဒါေၾကာင့္ ေဖ့စ္ဘုတ္ ေအာင္ျမင္ေရး၊ ဖင္တလုံးလုံး အသုံးခ် ေပးလို႔ ေျပာပါရ ေစေတာ့

😁😁😁 Credit _ Original Uploader

Unicode

ဖင် အကြောင်း ပြောရင် ရိုင်းတယ်လို့ ထင်ကြတယ်။ တချို့က ဖင်လို့ ပြောရင် မကြိုက်ဘူး။ တင်ပါး လို့ ခေါ်စေ ချင်တာ။ မတူဘူး။ တင်ပါး ဆိုတာ အပေါ်က ပြောင်ပြောင် တင်းတင်း အပျို ပါးလေး လို ဖောင်းဖောင်း အိအိ ဖြစ်နေတဲ့ နေရာလေးပဲ ခေါ်တာ။ ဖင် ဆိုတာကျ အရိုးရော၊ အဆစ်ရော၊ အသားရော၊ တပြုံလုံး အကုန်လုံးကို ခေါ်တာ။ ဒါကြောင့် ဖင်လို့သာ ဆက်၍ ခေါ်မည် ခိုင်။

ဘာကိစ္စ ဖင်ကို ဗာရာဏသီ ချဲ့နေ သလဲ မေးစရာ ရှိတယ်။ ဖင်ဆိုတာ အရင် ကတော့ သိုသို သိပ်သိပ် ကွယ်ကွယ် ဝှက်ဝှက်ပဲ ကြည့်ရတဲ့ နေရာ။ အခုများ ဟုတ်ဘူးဗျ၊ ဖေ့စ်ဘုတ်မှာ အောင်မြင်ရေး ကျင့်စဉ်ကြီး ဖြစ်နေတယ်။ . တခြား မကြည့်နဲ့။ လုလုအောင်ကို ကြည့်။ သူ့ဘာသာ ပုံလေး လှအောင် ဖင်နေရာ လေးကို ဖိုတို ချော့လေးနဲ့ ပြင်လိုက် ပါတယ်။ ဟမ်မာလေး သံတိုင် ကွေး ပါတယ် ဆိုပြီး မိန်းမတွေ ဝိုင်း ဖောင်းထု လို့ နာမည်ကြီး သွားတာ အခုဆို ပုရိသတွေ လုမှ လုနေ ကြပြီ။ ဟော စုလှိုင်ဝင်း ဆိုတဲ့ ကလေးမလေး၊ သူတတ်တဲ့ ပညာနဲ့ ကနေရင် ဘယ်သူမှ လူ မသိဘူး။ ဖင်လေး လှုပ်ပြီး လမ်းလျှောက် လိုက်မှ နာမည် ကြီးသွားတာ။ နောက် ခြူးစင်ဟန်တို့၊ ခင်ဆုရည်တို့လည်း ဖင်တိုက်ပွဲ ထဲ ဖင်စုံပစ် ဝင်လာကြ တော့တာ။

ဒါကြောင့် ဖင်ဆိုတာ အောင်မြင်ရေး လျှို့ဝှက်ချက်လို့ မှတ်ပါ ပရိတ်သတ်။

ကဲကဲ၊ လိုက်ဆို

တနေ့သုံးခါ (တနေ့သုံးခါ) ဖင်ပြပါ (ဖင်ပြပါ) Flower တက်မည်မှတ် (ဖလူဝါ တက်မည်မှတ်)

သိပ် အရေးကြီး တယ်နော် ပရိတ်သတ်။ ဖင်နှစ်လုံးဟာ ကိုယ့်ဘဝ တက်လမ်းကို ဖေါ်ဆောင် သွားနိုင် တယ်နော်၊ မှတ်ထားကြ။

အဲ၊ ပြောရင်း ကိုယ်တော်ကြီး စိတ်ဝင် သွားလို့ ပေါက်ကရတွေ ဖြစ်ကုန်ပြီ။ တကယ်တော့ ဖင်ပြသူတွေ ကိုလည်း အဆိုး မဆိုပါနဲ့။ ဓမ္မပဒ ထဲမှာ ပါတယ် မဟုတ်လား။ အစွယ် ရှိသူသည် အစွယ်ကို အားကိုး၏။ ဦးချို ရှိသူသည် ဦးချိုကို အားကိုး၏ ဆိုတာလေ။ ဒီတော့ ဖင်ရှိသူ ဟာလည်း ဖင်ကို အားကိုးပေ မပေါ့။

ဒါကြောင့် ဖင်ကို ပြပါ။ မရှက် မကြောက် ပြပါ။ အလုံး အထည် ပီသအောင် ပြပါ။ အဖောင်း အကား ပီသအောင် ပြပါလို့ တိုက်တွန်း ပါရစေ။

ဖင် အားပေးသူ ယွကျား တွေကိုလည်း ကြည့်။ ယွကျား သစ္စာ၊ ဖင်အပေါ်မှာ တည့်တဲ့။ ယောက်ျား တွေဟာ ဘာကို သစ္စာ ရှိသလဲ ဆိုရင် ဖင်ကိုပဲ သစ္စာရှိကြ ပါပေတယ်။ ဘယ်သူ က ကလေး အမေ၊ ဘယ်သူက အပျို ဆိုတာ မစဉ်းစား၊ ဘယ်သူက ရှမ်း၊ ဘယ်သူက ဗမာ ဆိုတာ မစဉ်းစား။ ဘယ်သူ ဖင်ကြီး သလဲ၊ ဖင်သူ ဖင်လှ သလဲ၊ ဘယ်သူ ဖင်ရှုံ့ သလဲသာ စဉ်းစား ကြပါတယ်။ အင်မတန် ဖင်သစ္စာ ကြီးသော ယောက်ျား တွေပါ။ . အခု သင်ဇာလေး ဖင်ရှုံ့ကြည့်၊ အခု ဝန်းရံတာ ရပ်ပစ်လိုက်မှာ ပါပဲ။

ဒါကြောင့် ဖေ့စ်ဘုတ် အောင်မြင်ရေး၊ ဖင်တလုံးလုံး အသုံးချ ပေးလို့ ပြောပါရ စေတော့

😁😁😁 Credit _ Original Uploader


Leave a Reply

Your email address will not be published. Required fields are marked *