အြန္လိုင္းမွ မုဒိမ္းမႈက်ဴးလြန္ခဲ႕သူကို ေထာင္ဒဏ္ ၁ဝ ႏွစ္ခ်မွတ္

ဆြီဒင္ႏုိင္ငံရွိ တရား႐ံုးတစ္ခုသည္ ဆယ္ေက်ာ္သက္တစ္ဦးအား ၿခိမ္းေျခာက္ကာ အြန္လုိင္းမွတစ္ဆင့္ မုဒိမ္းက်င့္ခဲ့သူအား ေထာင္ဒဏ္ ၁ဝ ႏွစ္ခ်မွတ္ခဲ့ေၾကာင္း ႐ုရွားတုိင္းမ္သတင္းဌာနကေဖာ္ျပသည္။

ျပစ္မႈက်ဴးလြန္ခဲ့သူသည္ အသက္ ၄၁ ႏွစ္အရြယ္ရွိေသာ ဆမ္စထ ရြမ္ဆိုသူျဖစ္ကာ အြန္လိုင္းမွတစ္ဆင့္ရင္းႏွီးခဲ့သည့္ ဆယ္ေက်ာ္သက္ တစ္ဦးအား ကင္မရာမ်ားကိုအသံုးျပဳကာ မုဒိမ္းက်င့္သည့္အသြင္ျပဳလုပ္ ခဲ့ေၾကာင္း စစ္ေဆးေတြ႕ရွိခဲ့သည္။



ဆမ္စထရြမ္သည္ အႏုိင္က်င့္ခံခဲ့ရ သည့္ဆယ္ေက်ာ္သက္အား ၄င္းေျပာၾကားသည့္အတုိင္း လိုက္နာျခင္းမရွိ ပါက အဆိုပါဆယ္ေက်ာ္သက္၏မိသားစုဝင္မ်ား ထိခိုက္ေအာင္ျပဳလုပ္ မည္ဟုလည္း ၿခိမ္းေျခာက္ခဲ့သည္။

ၿပီးခဲ့သည့္ႏွစ္ပိုင္းမ်ားအတြင္း ဥေရာပ ႏုိင္ငံမ်ားႏွင့္ ေျမာက္အေမရိကႏုိင္ငံမ်ားတြင္ အရြယ္မေရာက္ေသးသည့္ ဆယ္ေက်ာ္သက္မ်ား၊ ကေလးငယ္မ်ားအား အြန္လိုင္းမွတစ္ဆင့္လိင္ပိုင္း ဆုိင္ရာအႏုိင္က်င့္မႈ က်ဴးလြန္သည့္ျဖစ္ရပ္မ်ားပိုမိုတိုးပြားလာေသာေၾကာင့္ ျပင္းထန္သည့္ဥပေဒမ်ား ခ်မွတ္အေရးယူရန္ ႀကိဳးပမ္းလ်က္ရွိသည္။

The Union Daily

Unicode

ဆွီဒင်နိုင်ငံရှိ တရားရုံးတစ်ခုသည် ဆယ်ကျော်သက်တစ်ဦးအား ခြိမ်းခြောက်ကာ အွန်လိုင်းမှတစ်ဆင့် မုဒိမ်းကျင့်ခဲ့သူအား ထောင်ဒဏ် ၁ဝ နှစ်ချမှတ်ခဲ့ကြောင်း ရုရှားတိုင်းမ်သတင်းဌာနကဖော်ပြသည်။

ပြစ်မှုကျူးလွန်ခဲ့သူသည် အသက် ၄၁ နှစ်အရွယ်ရှိသော ဆမ်စထ ရွမ်ဆိုသူဖြစ်ကာ အွန်လိုင်းမှတစ်ဆင့်ရင်းနှီးခဲ့သည့် ဆယ်ကျော်သက် တစ်ဦးအား ကင်မရာများကိုအသုံးပြုကာ မုဒိမ်းကျင့်သည့်အသွင်ပြုလုပ် ခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။

ဆမ်စထရွမ်သည် အနိုင်ကျင့်ခံခဲ့ရ သည့်ဆယ်ကျော်သက်အား ၄င်းပြောကြားသည့်အတိုင်း လိုက်နာခြင်းမရှိ ပါက အဆိုပါဆယ်ကျော်သက်၏မိသားစုဝင်များ ထိခိုက်အောင်ပြုလုပ် မည်ဟုလည်း ခြိမ်းခြောက်ခဲ့သည်။

ပြီးခဲ့သည့်နှစ်ပိုင်းများအတွင်း ဥရောပ နိုင်ငံများနှင့် မြောက်အမေရိကနိုင်ငံများတွင် အရွယ်မရောက်သေးသည့် ဆယ်ကျော်သက်များ၊ ကလေးငယ်များအား အွန်လိုင်းမှတစ်ဆင့်လိင်ပိုင်း ဆိုင်ရာအနိုင်ကျင့်မှု ကျူးလွန်သည့်ဖြစ်ရပ်များပိုမိုတိုးပွားလာသောကြောင့် ပြင်းထန်သည့်ဥပဒေများ ချမှတ်အရေးယူရန် ကြိုးပမ်းလျက်ရှိသည်။

The Union Daily


Leave a Reply

Your email address will not be published. Required fields are marked *