ဘတ္စ္ကားေပၚ တကၠသိုလ္ေက်ာင္းသူတဦး၏ ရင္သား ကို စမ္းသည့္ အမ်ိဳးသား ဖမ္းဆီးခံရ

ထိုင္းႏိုင္ငံ ဘတ္စ္ကားတစင္းေပၚမွာ တကၠသိုလ္ေက်ာင္းသူတဦးရဲ႕ ရင္သားကို စမ္းသပ္ကိုင္တြယ္ဖို႔ ႀကိဳးစားခဲ့တဲ့ အမ်ိဳးသားတဦးဟာ ဖမ္းဆီးခံခဲ့ရပါတယ္။

ဒီအျဖစ္အပ်က္ဟာ ၿပီးခဲ့တဲ့ ႏုိဝင္ဘာ ၂၈ ရက္ေန႔က ဘန္ေကာက္ၿမိဳ႕၊ အမွတ္ ၈ ဘတ္စ္ကားေပၚမွာ ျဖစ္ခဲ့တာလို႔ ဘန္ေကာက္ပို႔စ္သတင္းမွာ ေဖာ္ျပပါတယ္။



အသက္ ၂၄ ႏွစ္အရြယ္ ေက်ာင္းသူဟာ အဲဒီေန႔ ညပိုင္းက ဘတ္စ္ကားနဲ႔ လိုက္ပါလာခ်ိန္မွာ သူ႔ခံုေနာက္ဘက္ ျပတင္းတံခါးအနီး လိုက္ပါလာတဲ့ အမ်ိဳးသားက သူ႔ရဲ႕ရင္သားေတြကို ထိေတြ႔စမ္းသပ္ဖို႔ ႀကိဳးစားခဲ့တယ္လို႔ ဆိုပါတယ္။

သူမဟာ သည္းမခံႏိုင္တဲ့အဆံုး ထရပ္လိုက္ၿပီး အဲဒီအမ်ိဳးသားကို ေအာ္ဟစ္လိုက္ကာ တျခားခံုတခံုဆီ ေရႊ႕ေျပာင္းထိုင္ခဲ့ရတယ္လို႔ ဆိုပါတယ္။

ဘတ္စ္ကား မီးပြိဳင့္မိေနခ်ိန္မွာေတာ့ အဲဒီအမ်ိဳးသားဟာ ကားေပၚကေန ဆင္းေျပးသြားခဲ့ၿပီး သူမကေတာ့ အျဖစ္အပ်က္ကို သက္ေသအေနနဲ႔ ဓာတ္ပံု႐ုိက္ယူထားခဲ့ကာ ရဲေတြကို တိုင္ၾကားခဲ့တာပါ။

ရဲေတြဟာ အသက္ ၃၆ ႏွစ္အရြယ္ ပီရာပိုလ္ ေရာ့ဒ္ခ်ာ႐ုိယန္ အမည္ရတဲ့ အမ်ိဳးသားကို ျပစ္မႈက်ဴးလြန္ၿပီး ေနာက္တေန႔မွာပဲ ဖမ္းမိခဲ့တယ္လို႔ ဆိုပါတယ္။

အမ်ိဳးသားက သူ ျပစ္မႈက်ဴးလြန္ခဲ့ေၾကာင္း ဝန္ခံခဲ့ၿပီးေနာက္မွာေတာ့ ဒဏ္ေၾကးေငြ ေပးေဆာင္ရမွာျဖစ္တယ္လို႔ သတင္းမွာ ေဖာ္ျပပါတယ္။

ဒီအျဖစ္အပ်က္ဟာ အင္တာနက္ လူမႈကြန္ရက္ စာမ်က္ႏွာေတြေပၚမွာ ပ်ံ႔ႏွံ႔ခဲ့ၿပီးေနာက္မွာေတာ့ အမ်ားျပည္သူၾကား ေဝဖန္မႈေတြ ျမင့္တက္ေနခဲ့တာ ျဖစ္ပါတယ္

Credit: lwinpyin

#Unicode Version#

ထိုင်းနိုင်ငံ ဘတ်စ်ကားတစင်းပေါ်မှာ တက္ကသိုလ်ကျောင်းသူတဦးရဲ့ ရင်သားကို စမ်းသပ်ကိုင်တွယ်ဖို့ ကြိုးစားခဲ့တဲ့ အမျိုးသားတဦးဟာ ဖမ်းဆီးခံခဲ့ရပါတယ်။

ဒီအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၈ ရက်နေ့က ဘန်ကောက်မြို့၊ အမှတ် ၈ ဘတ်စ်ကားပေါ်မှာ ဖြစ်ခဲ့တာလို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။

အသက် ၂၄ နှစ်အရွယ် ကျောင်းသူဟာ အဲဒီနေ့ ညပိုင်းက ဘတ်စ်ကားနဲ့ လိုက်ပါလာချိန်မှာ သူ့ခုံနောက်ဘက် ပြတင်းတံခါးအနီး လိုက်ပါလာတဲ့ အမျိုးသားက သူ့ရဲ့ရင်သားတွေကို ထိတွေ့စမ်းသပ်ဖို့ ကြိုးစားခဲ့တယ်လို့ ဆိုပါတယ်။

သူမဟာ သည်းမခံနိုင်တဲ့အဆုံး ထရပ်လိုက်ပြီး အဲဒီအမျိုးသားကို အော်ဟစ်လိုက်ကာ တခြားခုံတခုံဆီ ရွှေ့ပြောင်းထိုင်ခဲ့ရတယ်လို့ ဆိုပါတယ်။

ဘတ်စ်ကား မီးပွိုင့်မိနေချိန်မှာတော့ အဲဒီအမျိုးသားဟာ ကားပေါ်ကနေ ဆင်းပြေးသွားခဲ့ပြီး သူမကတော့ အဖြစ်အပျက်ကို သက်သေအနေနဲ့ ဓာတ်ပုံရိုက်ယူထားခဲ့ကာ ရဲတွေကို တိုင်ကြားခဲ့တာပါ။

ရဲတွေဟာ အသက် ၃၆ နှစ်အရွယ် ပီရာပိုလ် ရော့ဒ်ချာရိုယန် အမည်ရတဲ့ အမျိုးသားကို ပြစ်မှုကျူးလွန်ပြီး နောက်တနေ့မှာပဲ ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။

အမျိုးသားက သူ ပြစ်မှုကျူးလွန်ခဲ့ကြောင်း ဝန်ခံခဲ့ပြီးနောက်မှာတော့ ဒဏ်ကြေးငွေ ပေးဆောင်ရမှာဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

ဒီအဖြစ်အပျက်ဟာ အင်တာနက် လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့ခဲ့ပြီးနောက်မှာတော့ အများပြည်သူကြား ဝေဖန်မှုတွေ မြင့်တက်နေခဲ့တာ ဖြစ်ပါတယ်

Credit: lwinpyin


Leave a Reply

Your email address will not be published. Required fields are marked *