စံုတြဲမ်ား ခ်စ္တင္းေႏွာျပီးခ်ိန္ တန္းမအိပ္ဘဲ ဒီလိုေတြလုပ္ေပးျခင္းက စိတ္ေက်နပ္မႈ ရရွိနုိင္

ကိုယ္ပိုင္ဆိုင္ထားတဲ့ relationship နဲ႔ အခ်စ္ကို ေပ်္ာရႊင္စိတ္ေက်နပ္မႈရရွိဖို႔ဆိုတာ လိင္ဆက္ဆံျပီးခ်ိန္မွာေတာင္ ေႏြးေထြးၾကင္နာတတ္ဖို႔ လိုပါတယ္ ။ ေလ့လာမႈေတြအရ စံုတြဲအမ်ားစုဟာ လိင္ဆက္ဆံျပီးခ်ိန္တိုင္း တန္းအိပ္သြားတတ္ၾကတယ္လို႔ ဆိုပါတယ္ ။ လူဆယ္ေယာက္မွာ ၈ေယာက္ဟာ အေကာင္းဆံုး လိင္ဆက္ဆံမႈ ျပီးဆံုးသြားတာနဲ႔ သူ႔ရဲ႕ လက္တြဲေဖာ္နဲ႔အတူ အိပ္စက္ဖို႔ လုပ္ၾကေတာ့တယ္လို ႔ ေျပာပါတယ္ ။

အမွန္တကယ္အားျဖင့္ ခ်စ္တင္းေနွာျပီးခ်ိန္မွာ တစ္ေယာက္နဲ႔တစ္ေယာက္ဟာ ပိုမိုရင္းနွီးေႏြးေထြးေနမွာျဖစ္ျပီး အဲ့ဒိအခ်ိန္ဟာ မိမိရဲ႕ လက္တြဲေဖာ္နဲ႔အတူ ေပ်ာ္ရႊင္စရာအခ်ိန္ေတြကို ဖန္တီးဖို႔ အေကာင္းဆံုးပါပဲ ။ ခ်စ္တင္းေႏွာျပီးခ်ိန္မွာ ကိုယ့္ရဲ႕ partner နဲ႔အတူ ျပဳလုပ္သင့္တဲ့ အေကာင္းဆံုး အၾကံျပဳခ်က္ေတြကို ေအာက္မွာ ေဖာ္ျပေပးထားပါတယ္ ။



၁။အစားစားပါ။

လိင္ဆက္ဆံျပီးခ်ိန္မွာ အမ်ားအားျဖင့္ အားအင္ေတြ ေလ်ာ့နည္းသြားတတ္ပါတယ္ ။ ဒီအခ်ိန္မွာ တန္းအိပ္မယ့္အစား နွစ္ေယာက္အတူတူ အစားအေသာက္ ျပဳလုပ္စားေသာက္တာမ်ိဳး လုပ္သင့္ပါတယ္ ။ လိင္ဆက္ဆံခ်ိန္ ကယ္လိုရီေတြ အမ်ားအျပား ေလာင္ကြ်မ္းျပီးျပီျဖစ္တာေၾကာင့္ တစ္ေယာက္နဲ႔တစ္ေယာက္ အစားအေသာက္ ခြံေကြ်းတာမ်ိဳး ျပဳလုပ္သင့္ပါတယ္ ။ နွစ္ဦးအတြက္ အေကာင္းဆံုးကေတာ့ ပန္းသီးစားပါ။

၂။ဓါတ္ပံုရိုက္ပါ။

ေနာက္ထပ္ အၾကံျပဳခ်က္တစ္ခုကေတာ့ အိပ္ရာေပၚမွာ နွစ္ေယာက္အတူတူ ဓါတ္ပံုရိုက္ဖို႔ပါ ။ လိင္ဆက္ဆံမႈျပဳျပီးခ်ိန္ သင့္ရဲ႕ မ်က္နွာဟာ ဝင္းပေနျပီး ကင္မရာထဲ လွေနမွာ အေသအခ်ာပါပဲ ။

၃။စကားစျမည္ေျပာပါ။

ဒီအခ်ိန္ဟာ ကိုယ့္ရဲ႕ လက္တြဲေဖာ္နဲ႔ စကားေျပာဖို႔ အေကာင္းဆံုးအခ်ိန္ဆိုလည္း မမွားပါဘူး။ ဒီလို အျပန္အလွန္ ေျပာဆိုျခင္းဟာ သင္တို႔နွစ္ေယာက္ရဲ႕ ဆက္ဆံေရးကိုလည္း ပိုျပီးေလးနက္ေကာင္းမြန္ေစပါတယ္ ။ ဟာသျဖစ္ေစ ၊ အေၾကာငး္အရာတစ္ခုခုကို တိုင္ပင္ေဆြးေႏြးဖို႔ ေကာင္းတဲ့ အခ်ိန္ေလးတစ္ခုျဖစ္တာေၾကာင့္ အိပ္စက္ျခင္းနဲ႔ အခ်ိန္မကုန္ေစလိုပါဘူး။

၄။ေထြးေပြ႔ဖက္ထားပါ။

ခ်စ္တင္းေနွာျပီးခ်ိန္မွာ တစ္ေယာက္နဲ႔တစ္ေယာက္ ေထြးဖက္ထားျခင္းဟာ နွစ္ဦးစလံုးရင္ကို ေႏြးေထြးေစျပီး စိတ္ေက်နပ္မႈ အမွန္တကယ္ ရရွိေစပါတယ္ ။ ဒီလို ေထြးဖက္ရင္းနွင့္ပင္ ပါး ၊လည္ပင္းတဝိုက္ကို နူးညံ့တဲ့ အနမ္းမ်ားေျခြျပီး မိမိရဲ႕ အခ်စ္ကို တစ္ဖက္သူခံစားနိုင္ေအာင္ ျပသလို႔ ရပါတယ္ ။ ဒီလို ဖက္ထားျခင္းက လိင္ဆက္ဆံျခင္းေၾကာင့္ ျဖစ္တဲ့ ပင္ပန္းမႈေတြကိုလည္း သက္သာသြားေစတယ္လု႔ိ ဆိုပါတယ္ ။

၅။ဇာတ္လမ္းၾကည့္ပါ

ေနာက္တစ္ခ်က္ကေတာ့ ဇာတ္လမ္း အတူတူၾကည့္ျခင္းပါပဲ ။ သရဲ ၊ လူသတ္ကားလို ေၾကာက္စရာေကာင္းတဲ့ ဇာတ္လမ္းထက္ ရိုမတ္တစ္ဆန္တဲ့ အခ်စ္ဇာတ္လမ္း ၊ ဟာသကား လို ေပ်ာ္ရႊင္စရာ ဇာတ္လမ္းအမ်ိဳးအစားကို ပိုျပီး ၾကည့္သင့္ပါတယ္ ။

၆။ရယ္ေမာပါ

ဟာသအေၾကာင္းအရာကိုျဖစ္ျဖစ္ ၊ နွစ္ဦးသား လိင္ဆက္ဆံခဲ့တဲ့ အေၾကာင္းအရာကိုပဲျဖစ္ျဖစ္ ဟာသေနွာကာ အခ်င္းခ်င္းေဝမွ်ရင္း ရယ္ေမာေပ်ာ္ရႊင္စရာမ်ား ဖန္တီးပါ။ ဒီလိုလုပ္ျခင္းက အိပ္ရာေပၚက ကိစၥေတြမွာ နွစ္ဦးသားကို ပိုမိုရင္းနွီးနီးကပ္ေစနိုင္ပါတယ္ ။

၇။အနာဂတ္အေၾကာင္းေဆြးေႏြးပါ

လိင္ဆက္ဆံမႈ ျပီးျပီးခ်င္း ေဆြးေႏြးရမယ္လို႔ မဆိုလုိပါဘူး ။ လိင္ဆက္ဆံမႈအျပီး အနားယူခ်ိန္ အိပ္မေပ်ာ္ခင္အခ်ိန္မွာ နွစ္ဦးသားအနာဂါတ္အတြက္ တိုင္ပင္ေျပာဆိုျခင္းမ်ိုး ျပဳလုပ္နိုင္ပါတယ္ ။ အိပ္ရာေပၚမွာ အတူလွဲရင္း အိပ္မက္ ၊ ရည္မွန္းခ်က္ ၊ အနာဂတ္ေတြကို အေကာင္အထည္ေဖာ္ဖို႔ အစီအစဥ္ေတြကို တိုင္ပင္ေျပာဆိုၾကည့္ပါ ။

၈။အခ်ိတ္အဆက္ျပန္မိပါေစ

နွစ္ဦးစလံုးဟာ လိင္ဆက္ဆံျပီးခ်ိန္မွာ ေမာပန္းႏြမ္းနယ္မႈေၾကာင့္ တစ္ေယာက္နွင့္တစ္ေယာက္ အနည္းငယ္ ကင္းကြာသြားတတ္ပါတယ္ ။ ဒီလိုအခ်ိန္မွာ ျပန္လည္ နီးနီးကပ္ကပ္ ျဖစ္ေစဖို႔က အထက္ေဖာ္ျပပါ အခ်က္ေတြကို ျပဳလုပ္ဖို႔လည္း လိုပါတယ္ ။ ခပ္တန္းတန္းမေနဘဲ တစ္ေယာက္နွင့္တစ္ေယာက္ စေနာက္ျခင္း ၊ ထိေတြ႕ျခင္းမ်ားျဖင့္ စိတ္ခ်င္း ျပန္လည္နီးစပ္ေအာင္ ျပဳလုပ္သင့္ပါတယ္ ။

CHAN (ေရႊအင္းေလး)

Unicode

ကိုယ်ပိုင်ဆိုင်ထားတဲ့ relationship နဲ့ အချစ်ကို ပျော်ရွှင်စိတ်ကျေနပ်မှုရရှိဖို့ဆိုတာ လိင်ဆက်ဆံပြီးချိန်မှာတောင် နွေးထွေးကြင်နာတတ်ဖို့ လိုပါတယ် ။ လေ့လာမှုတွေအရ စုံတွဲအများစုဟာ လိင်ဆက်ဆံပြီးချိန်တိုင်း တန်းအိပ်သွားတတ်ကြတယ်လို့ ဆိုပါတယ် ။ လူဆယ်ယောက်မှာ ၈ယောက်ဟာ အကောင်းဆုံး လိင်ဆက်ဆံမှု ပြီးဆုံးသွားတာနဲ့ သူ့ရဲ့ လက်တွဲဖော်နဲ့အတူ အိပ်စက်ဖို့ လုပ်ကြတော့တယ်လို ့ ပြောပါတယ် ။

အမှန်တကယ်အားဖြင့် ချစ်တင်းနှောပြီးချိန်မှာ တစ်ယောက်နဲ့တစ်ယောက်ဟာ ပိုမိုရင်းနှီးနွေးထွေးနေမှာဖြစ်ပြီး အဲ့ဒိအချိန်ဟာ မိမိရဲ့ လက်တွဲဖော်နဲ့အတူ ပျော်ရွှင်စရာအချိန်တွေကို ဖန်တီးဖို့ အကောင်းဆုံးပါပဲ ။ ချစ်တင်းနှောပြီးချိန်မှာ ကိုယ့်ရဲ့ partner နဲ့အတူ ပြုလုပ်သင့်တဲ့ အကောင်းဆုံး အကြံပြုချက်တွေကို အောက်မှာ ဖော်ပြပေးထားပါတယ် ။

၁။အစားစားပါ။

လိင်ဆက်ဆံပြီးချိန်မှာ အများအားဖြင့် အားအင်တွေ လျော့နည်းသွားတတ်ပါတယ် ။ ဒီအချိန်မှာ တန်းအိပ်မယ့်အစား နှစ်ယောက်အတူတူ အစားအသောက် ပြုလုပ်စားသောက်တာမျိုး လုပ်သင့်ပါတယ် ။ လိင်ဆက်ဆံချိန် ကယ်လိုရီတွေ အများအပြား လောင်ကျွမ်းပြီးပြီဖြစ်တာကြောင့် တစ်ယောက်နဲ့တစ်ယောက် အစားအသောက် ခွံကျွေးတာမျိုး ပြုလုပ်သင့်ပါတယ် ။ နှစ်ဦးအတွက် အကောင်းဆုံးကတော့ ပန်းသီးစားပါ။

၂။ဓါတ်ပုံရိုက်ပါ။

နောက်ထပ် အကြံပြုချက်တစ်ခုကတော့ အိပ်ရာပေါ်မှာ နှစ်ယောက်အတူတူ ဓါတ်ပုံရိုက်ဖို့ပါ ။ လိင်ဆက်ဆံမှုပြုပြီးချိန် သင့်ရဲ့ မျက်နှာဟာ ဝင်းပနေပြီး ကင်မရာထဲ လှနေမှာ အသေအချာပါပဲ ။

၃။စကားစမြည်ပြောပါ။

ဒီအချိန်ဟာ ကိုယ့်ရဲ့ လက်တွဲဖော်နဲ့ စကားပြောဖို့ အကောင်းဆုံးအချိန်ဆိုလည်း မမှားပါဘူး။ ဒီလို အပြန်အလှန် ပြောဆိုခြင်းဟာ သင်တို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကိုလည်း ပိုပြီးလေးနက်ကောင်းမွန်စေပါတယ် ။ ဟာသဖြစ်စေ ၊ အကြောငး်အရာတစ်ခုခုကို တိုင်ပင်ဆွေးနွေးဖို့ ကောင်းတဲ့ အချိန်လေးတစ်ခုဖြစ်တာကြောင့် အိပ်စက်ခြင်းနဲ့ အချိန်မကုန်စေလိုပါဘူး။

၄။ထွေးပွေ့ဖက်ထားပါ။

ချစ်တင်းနှောပြီးချိန်မှာ တစ်ယောက်နဲ့တစ်ယောက် ထွေးဖက်ထားခြင်းဟာ နှစ်ဦးစလုံးရင်ကို နွေးထွေးစေပြီး စိတ်ကျေနပ်မှု အမှန်တကယ် ရရှိစေပါတယ် ။ ဒီလို ထွေးဖက်ရင်းနှင့်ပင် ပါး ၊လည်ပင်းတဝိုက်ကို နူးညံ့တဲ့ အနမ်းများခြွေပြီး မိမိရဲ့ အချစ်ကို တစ်ဖက်သူခံစားနိုင်အောင် ပြသလို့ ရပါတယ် ။ ဒီလို ဖက်ထားခြင်းက လိင်ဆက်ဆံခြင်းကြောင့် ဖြစ်တဲ့ ပင်ပန်းမှုတွေကိုလည်း သက်သာသွားစေတယ်လို့ ဆိုပါတယ် ။

၅။ဇာတ်လမ်းကြည့်ပါ

နောက်တစ်ချက်ကတော့ ဇာတ်လမ်း အတူတူကြည့်ခြင်းပါပဲ ။ သရဲ ၊ လူသတ်ကားလို ကြောက်စရာကောင်းတဲ့ ဇာတ်လမ်းထက် ရိုမတ်တစ်ဆန်တဲ့ အချစ်ဇာတ်လမ်း ၊ ဟာသကား လို ပျော်ရွှင်စရာ ဇာတ်လမ်းအမျိုးအစားကို ပိုပြီး ကြည့်သင့်ပါတယ် ။

၆။ရယ်မောပါ

ဟာသအကြောင်းအရာကိုဖြစ်ဖြစ် ၊ နှစ်ဦးသား လိင်ဆက်ဆံခဲ့တဲ့ အကြောင်းအရာကိုပဲဖြစ်ဖြစ် ဟာသနှောကာ အချင်းချင်းဝေမျှရင်း ရယ်မောပျော်ရွှင်စရာများ ဖန်တီးပါ။ ဒီလိုလုပ်ခြင်းက အိပ်ရာပေါ်က ကိစ္စတွေမှာ နှစ်ဦးသားကို ပိုမိုရင်းနှီးနီးကပ်စေနိုင်ပါတယ် ။

၇။အနာဂတ်အကြောင်းဆွေးနွေးပါ

လိင်ဆက်ဆံမှု ပြီးပြီးချင်း ဆွေးနွေးရမယ်လို့ မဆိုလိုပါဘူး ။ လိင်ဆက်ဆံမှုအပြီး အနားယူချိန် အိပ်မပျော်ခင်အချိန်မှာ နှစ်ဦးသားအနာဂါတ်အတွက် တိုင်ပင်ပြောဆိုခြင်းမျိုး ပြုလုပ်နိုင်ပါတယ် ။ အိပ်ရာပေါ်မှာ အတူလှဲရင်း အိပ်မက် ၊ ရည်မှန်းချက် ၊ အနာဂတ်တွေကို အကောင်အထည်ဖော်ဖို့ အစီအစဉ်တွေကို တိုင်ပင်ပြောဆိုကြည့်ပါ ။

၈။အချိတ်အဆက်ပြန်မိပါစေ

နှစ်ဦးစလုံးဟာ လိင်ဆက်ဆံပြီးချိန်မှာ မောပန်းနွမ်းနယ်မှုကြောင့် တစ်ယောက်နှင့်တစ်ယောက် အနည်းငယ် ကင်းကွာသွားတတ်ပါတယ် ။ ဒီလိုအချိန်မှာ ပြန်လည် နီးနီးကပ်ကပ် ဖြစ်စေဖို့က အထက်ဖော်ပြပါ အချက်တွေကို ပြုလုပ်ဖို့လည်း လိုပါတယ် ။ ခပ်တန်းတန်းမနေဘဲ တစ်ယောက်နှင့်တစ်ယောက် စနောက်ခြင်း ၊ ထိတွေ့ခြင်းများဖြင့် စိတ်ချင်း ပြန်လည်နီးစပ်အောင် ပြုလုပ်သင့်ပါတယ် ။

CHAN (ရွှေအင်းလေး)


Leave a Reply

Your email address will not be published. Required fields are marked *