မူႀကိဳ ကေလးမ်ားကို မူးယစ္ေဆးထိုးၿပီး လိင္ ေစာ္ကားမႈျဖစ္ပြား

တ႐ုတ္ နိုင္ငံရွိ နာမည္ႀကီး ေန႔ကေလးထိန္းေက်ာင္းတစ္ခုတြင္ ကေလးငယ္မ်ားအား မူယစ္ထုံထိုင္းေစေသာ ေဆးမ်ားထိုးေပးၿပီး လိင္ပိုင္းဆိုင္ရာ ေစာ္ကားမွုမ်ားရွိေနေၾကာင္း ကေလးမိဘမ်ားက စြပ္စြဲခဲ့ၿပီးေနာက္ အဆိုပါ ေက်ာင္းေရွ႕တြင္ စု႐ုံးဆႏၵျပကာ တာဝန္ရွိသူကို ထုတ္ေပးရန္ ေတာင္းဆိုခဲ့မွုတစ္ခု ၾကာသပေတးေန႔က ျဖစ္ပြားခဲ့သည္။

ကေလးငယ္မ်ား၏ လက္ေမာင္း၊ ေပါင္ႏွင့္ တင္ပါးတို႔ေပၚတြင္ ေဆးထိုးအပ္ရာမ်ားကို မိဘမ်ားေတြ႕ရွိခဲ့ၿပီးေနာက္ ကေလးငယ္မ်ား လိင္ပိုင္းဆိုင္ရာ က်ဴးလြန္ခံထားရဖြယ္ရာရွိသည္ဟု သံသယဝင္ခဲ့ၿပီးေနာက္ ခ်ိဳ႕ယန္ျပည္နယ္တြင္ ရွိေသာ RYB ကိုယ္ပိုင္မူလတန္းေက်ာင္း ေရွ႕တြင္ ေက်ာင္းသားမိဘမ်ား စု႐ုံးခဲ့ၿပီး ေက်ာင္းအုပ္ႀကီးႏွင့္ စကားေျပာခြင့္ေပးရန္၊ ေက်ာင္းထဲရွိ ေစာင့္ၾကည့္ကင္မရာမွ ဗီဒီယိုမ်ားအား စစ္ေဆးခြင့္ျပဳရန္ ေတာင္းဆိုခဲ့ၾကျခင္းျဖစ္သည္။



ကေလးငယ္မ်ား၏ ျပန္ေျပာျပခ်က္အရ ေဆးလုံးအျဖဴမ်ားကို အရည္တစ္မ်ိဳးမ်ိဳးနဲ႔ေရာစပ္ၿပီး ေဆးထိုးေပးခဲ့ေၾကာင္း သိရွိရသည့္အတြက္ မိဘမ်ားက ကေလးမ်ားကို အိပ္ေပ်ာ္သြားေစရန္ ေဆးထိုးျခင္းျဖစ္နိုင္ေၾကာင္း ယူဆမိၾကသည္။

အသက္ ၂ ႏွစ္မွ ၆ ႏွစ္အရြယ္ထိ ကေလးမ်ားကို ေဆးထိုးသည့္နည္းျဖင့္ ထိန္းေက်ာင္း႐ုံမၽွမက လိုက္နာမွုမရွိေသာ ကေလးမ်ားကို အေမွာင္ခန္းထဲတြင္ ကိုယ္လုံးတီးျဖင့္ မတ္တပ္ရပ္ေစကာ ေသာ့ပိတ္ထားေၾကာင္း မိဘတစ္ဦးက ေျပာၾကားခဲ့သည္။

ယင္းအျပင္ ကေလးမ်ားကို ပုံမွန္ေဆးစစ္မွုျပဳလုပ္ရာ၌လည္း ကိုယ္လုံးတီးခၽြတ္ခိုင္းခဲ့ၿပီး ဦးေလးအရြယ္၊ အဖိုးအရြယ္ ဆရာဝန္မ်ားကပါ ကိုယ္လုံးတီးခၽြတ္နဲ႔ စမ္းသပ္ခဲ့ေၾကာင္း ကေလးတစ္ဦး၏ ျပန္ေျပာမွုအရ မိဘမ်ားက သိခဲ့ၿပီး လိင္ပိုင္းဆိုင္ရာက်ဴးလြန္မွုမ်ားပ ရွိနိုင္ေၾကာင္း မိဘမ်ား သံသယဝင္ခဲ့ျခင္းျဖစ္သည္။

RYB ကိုယ္ပိုင္ေက်ာင္းသည္ တ႐ုပ္နိုင္ငံတြင္ အေစာဆုံးနဲ႔ အႀကီးဆုံးကုမၸဏီျဖစ္ၿပီး နိုင္ငံအႏွံ့ ၿမိဳ႕ႀကီးေပါင္း ၃၀၀ တြင္ ပညာေရးစင္တာေပါင္း ၁၃၀၀ နဲ႔ မူႀကိဳေက်ာင္း ၅၀၀ ဖြင့္လွစ္ထားသည္။ စက္တင္ဘာလ ထဲကစတင္က အဆိုပါကုမၸဏီက နယူးေရာ့ခ္စေတာ့ရွယ္ယာေစ်းကြက္ စာရင္းဝင္လာခဲ့တဲ့ထိ ႀကီးမားတဲ့ ကုမၸဏီတစ္ခုျဖစ္ပါတယ္။

ရဲေတြအေနနဲ႔ အဆိုပါမူလတန္းေက်ာင္းကို ထိန္းခ်ဳပ္လိုက္ၿပီး ေစာင့္ၾကည့္ကင္မရာမ်ားကိုလည္း စစ္ေဆးသြားမည္ျဖစ္ေၾကာင္း အတည္ျပဳေျပာၾကားခဲ့သည္။ လတ္တေလာမွာ ေက်ာင္းမွ သင္ၾကားေရးဝန္ထမ္း ၃ ဦးကို ရာထူးမွ ဖယ္ရွားခဲ့ၿပီျဖစ္ေၾကာင္း သတင္းရရွိသည္။

Credit:Popolay

Unicode

တရုတ် နိုင်ငံရှိ နာမည်ကြီး နေ့ကလေးထိန်းကျောင်းတစ်ခုတွင် ကလေးငယ်များအား မူယစ်ထုံထိုင်းစေသော ဆေးများထိုးပေးပြီး လိင်ပိုင်းဆိုင်ရာ စော်ကားမှုများရှိနေကြောင်း ကလေးမိဘများက စွပ်စွဲခဲ့ပြီးနောက် အဆိုပါ ကျောင်းရှေ့တွင် စုရုံးဆန္ဒပြကာ တာဝန်ရှိသူကို ထုတ်ပေးရန် တောင်းဆိုခဲ့မှုတစ်ခု ကြာသပတေးနေ့က ဖြစ်ပွားခဲ့သည်။

ကလေးငယ်များ၏ လက်မောင်း၊ ပေါင်နှင့် တင်ပါးတို့ပေါ်တွင် ဆေးထိုးအပ်ရာများကို မိဘများတွေ့ရှိခဲ့ပြီးနောက် ကလေးငယ်များ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံထားရဖွယ်ရာရှိသည်ဟု သံသယဝင်ခဲ့ပြီးနောက် ချို့ယန်ပြည်နယ်တွင် ရှိသော RYB ကိုယ်ပိုင်မူလတန်းကျောင်း ရှေ့တွင် ကျောင်းသားမိဘများ စုရုံးခဲ့ပြီး ကျောင်းအုပ်ကြီးနှင့် စကားပြောခွင့်ပေးရန်၊ ကျောင်းထဲရှိ စောင့်ကြည့်ကင်မရာမှ ဗီဒီယိုများအား စစ်ဆေးခွင့်ပြုရန် တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။

ကလေးငယ်များ၏ ပြန်ပြောပြချက်အရ ဆေးလုံးအဖြူများကို အရည်တစ်မျိုးမျိုးနဲ့ရောစပ်ပြီး ဆေးထိုးပေးခဲ့ကြောင်း သိရှိရသည့်အတွက် မိဘများက ကလေးများကို အိပ်ပျော်သွားစေရန် ဆေးထိုးခြင်းဖြစ်နိုင်ကြောင်း ယူဆမိကြသည်။

အသက် ၂ နှစ်မှ ၆ နှစ်အရွယ်ထိ ကလေးများကို ဆေးထိုးသည့်နည်းဖြင့် ထိန်းကျောင်းရုံမျှမက လိုက်နာမှုမရှိသော ကလေးများကို အမှောင်ခန်းထဲတွင် ကိုယ်လုံးတီးဖြင့် မတ်တပ်ရပ်စေကာ သော့ပိတ်ထားကြောင်း မိဘတစ်ဦးက ပြောကြားခဲ့သည်။

ယင်းအပြင် ကလေးများကို ပုံမှန်ဆေးစစ်မှုပြုလုပ်ရာ၌လည်း ကိုယ်လုံးတီးချွတ်ခိုင်းခဲ့ပြီး ဦးလေးအရွယ်၊ အဖိုးအရွယ် ဆရာဝန်များကပါ ကိုယ်လုံးတီးချွတ်နဲ့ စမ်းသပ်ခဲ့ကြောင်း ကလေးတစ်ဦး၏ ပြန်ပြောမှုအရ မိဘများက သိခဲ့ပြီး လိင်ပိုင်းဆိုင်ရာကျူးလွန်မှုများပ ရှိနိုင်ကြောင်း မိဘများ သံသယဝင်ခဲ့ခြင်းဖြစ်သည်။

RYB ကိုယ်ပိုင်ကျောင်းသည် တရုပ်နိုင်ငံတွင် အစောဆုံးနဲ့ အကြီးဆုံးကုမ္ပဏီဖြစ်ပြီး နိုင်ငံအနှံ့ မြို့ကြီးပေါင်း ၃၀ဝ တွင် ပညာရေးစင်တာပေါင်း ၁၃၀ဝ နဲ့ မူကြိုကျောင်း ၅၀ဝ ဖွင့်လှစ်ထားသည်။ စက်တင်ဘာလ ထဲကစတင်က အဆိုပါကုမ္ပဏီက နယူးရော့ခ်စတော့ရှယ်ယာဈေးကွက် စာရင်းဝင်လာခဲ့တဲ့ထိ ကြီးမားတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။

ရဲတွေအနေနဲ့ အဆိုပါမူလတန်းကျောင်းကို ထိန်းချုပ်လိုက်ပြီး စောင့်ကြည့်ကင်မရာများကိုလည်း စစ်ဆေးသွားမည်ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။ လတ်တလောမှာ ကျောင်းမှ သင်ကြားရေးဝန်ထမ်း ၃ ဦးကို ရာထူးမှ ဖယ်ရှားခဲ့ပြီဖြစ်ကြောင်း သတင်းရရှိသည်။

Credit:Popolay


Leave a Reply

Your email address will not be published. Required fields are marked *