သ႐ုပ္ေဆာင္ ေမသန္းႏု၏ ၿခံတံခါးကို ကားျဖင့္တိုက္ၿပီး ပိုင္နက္က်ဴးလြန္ရမ္းကားသည္ဟုဆိုသူကို အာမခံေပး

သ႐ုပ္ေဆာင္ေမသန္းႏု၏ ၿခံတံခါးကို ကားျဖင့္တိုက္ၿပီး ပိုင္နက္က်ဴးလြန္ ရမ္းကားသည္ဟု စြပ္စြဲခံရသူကို အာမခံေပးထားေၾကာင္း ေျမာက္ဒဂုံၿမိဳ႕မရဲစခန္းမွ သိရသည္။



“သူ႔ကိုဖြင့္ထားတဲ့ ပုဒ္မက အာမခံေပးလို႔ရတဲ့ ပုဒ္မျဖစ္ေနလို႔ ခိုင္လုံတဲ့ အေထာက္အထားေတြနဲ႔ စခန္းမွဴးကို တင္ျပၿပီး အာမခံေပးထားပါတယ္။ က်န္တဲ့သက္ေသေတြ စစ္ၿပီးတာနဲ႔ ကြ်န္ေတာ္တို႔အျမန္ဆုံး တရားစြဲသြားမွာပါ” ဟု ေျမာက္ဒဂုံၿမိဳ႕မရဲစခန္းမွ တာ၀န္က် ရဲအရာရိွတစ္ဦးက အကုန္သိသတင္းဌာနသို႔ ဒီဇင္ဘာ ၃ ရက္ ညေနပိုင္းတြင္ ေျပာသည္။

ရန္ကုန္တိုင္းေဒသႀကီး ေျမာက္ဒဂုံၿမိဳ႕နယ္ ၂၇ ရပ္ကြက္ ေရႊပင္လံုအိမ္ရာ အပိုင္း (၁) ေရႊႏွင္းဆီလမ္းရိွ ႐ုပ္ရွင္သ႐ုပ္ေဆာင္ ေမသန္းႏု(ခ) ေဒၚသန္းသန္းဆင့္၏ ေနအိမ္တံခါးကို ႏိုဝင္ဘာလ ၃၀ ရက္ ည ၁၁ နာရီခြဲခန္႔က အမ်ိဳးသားတစ္ဦးက မာစီဒီးယာဥ္ျဖင့္ ဝင္တိုက္ၿပီး ေနအိမ္ၿခံဝင္းအတြင္း ဝင္ေရာက္၍ ေမသန္းႏုပိုင္ Alphard အျဖဴေရာင္ယာဥ္ကို ခဲ၊ ပန္းအိုးတို႔ျဖင့္ ထု႐ိုက္ဖ်က္ဆီးၿပီး ေနအိမ္ထဲဝင္ေရာက္ရန္ ႀကံစည္ခဲ့သည္ဟုဆိုကာ ႐ုပ္ရွင္သ႐ုပ္ေဆာင္ေမသန္းႏုက ဒီဇင္ဘာ ၁ ရက္ ညေနပိုင္းက ေျမာက္ဒဂုံၿမိဳ႕မရဲစခန္းတြင္ လာေရာက္အမႈဖြင့္ခဲ့ေၾကာင္း သိရသည္။

အဆိုပါတိုင္တမ္းခ်က္အရ စြပ္စြဲခံရသူကို ေျမာက္ဂံုၿမိဳ႕မရဲစခန္းတြင္ ေခၚယူစစ္ေဆးခဲ့ေသာ္လည္း တရားစြဲဆိုထားသည့္ ပုဒ္မမွာ အာမခံေပးႏိုင္သည့္ ပုဒ္မျဖစ္ေနသျဖင့္ ဖမ္းဆီးခ်ဳပ္ေႏွာင္ျခင္းမျပဳဘဲ အာမခံေပးထားျခင္းျဖစ္ေၾကာင္း ယင္းရဲစခန္းမွ သိရသည္။

အဆိုပါ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ ေျမာက္ဒဂုံၿမိဳ႕မရဲစခန္း (ပ) ၁၈၁၈/၂၀၁၇၊ ရာဇသတ္ႀကီးပုဒ္မ ၄၅၀/ ၄၂၇ ျဖင့္ အမႈဖြင့္စစ္ေဆးလ်က္ရွိေၾကာင္း သိရသည္။

Credit: Akonthi

Unicode

သရုပ်ဆောင်မေသန်းနု၏ ခြံတံခါးကို ကားဖြင့်တိုက်ပြီး ပိုင်နက်ကျူးလွန် ရမ်းကားသည်ဟု စွပ်စွဲခံရသူကို အာမခံပေးထားကြောင်း မြောက်ဒဂုံမြို့မရဲစခန်းမှ သိရသည်။

“သူ့ကိုဖွင့်ထားတဲ့ ပုဒ်မက အာမခံပေးလို့ရတဲ့ ပုဒ်မဖြစ်နေလို့ ခိုင်လုံတဲ့ အထောက်အထားတွေနဲ့ စခန်းမှူးကို တင်ပြပြီး အာမခံပေးထားပါတယ်။ ကျန်တဲ့သက်သေတွေ စစ်ပြီးတာနဲ့ ကျွန်တော်တို့အမြန်ဆုံး တရားစွဲသွားမှာပါ” ဟု မြောက်ဒဂုံမြို့မရဲစခန်းမှ တာဝန်ကျ ရဲအရာရှိတစ်ဦးက အကုန်သိသတင်းဌာနသို့ ဒီဇင်ဘာ ၃ ရက် ညနေပိုင်းတွင် ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး မြောက်ဒဂုံမြို့နယ် ၂၇ ရပ်ကွက် ရွှေပင်လုံအိမ်ရာ အပိုင်း (၁) ရွှေနှင်းဆီလမ်းရှိ ရုပ်ရှင်သရုပ်ဆောင် မေသန်းနု(ခ) ဒေါ်သန်းသန်းဆင့်၏ နေအိမ်တံခါးကို နိုဝင်ဘာလ ၃၀ ရက် ည ၁၁ နာရီခွဲခန့်က အမျိုးသားတစ်ဦးက မာစီဒီးယာဉ်ဖြင့် ဝင်တိုက်ပြီး နေအိမ်ခြံဝင်းအတွင်း ဝင်ရောက်၍ မေသန်းနုပိုင် Alphard အဖြူရောင်ယာဉ်ကို ခဲ၊ ပန်းအိုးတို့ဖြင့် ထုရိုက်ဖျက်ဆီးပြီး နေအိမ်ထဲဝင်ရောက်ရန် ကြံစည်ခဲ့သည်ဟုဆိုကာ ရုပ်ရှင်သရုပ်ဆောင်မေသန်းနုက ဒီဇင်ဘာ ၁ ရက် ညနေပိုင်းက မြောက်ဒဂုံမြို့မရဲစခန်းတွင် လာရောက်အမှုဖွင့်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုင်တမ်းချက်အရ စွပ်စွဲခံရသူကို မြောက်ဂုံမြို့မရဲစခန်းတွင် ခေါ်ယူစစ်ဆေးခဲ့သော်လည်း တရားစွဲဆိုထားသည့် ပုဒ်မမှာ အာမခံပေးနိုင်သည့် ပုဒ်မဖြစ်နေသဖြင့် ဖမ်းဆီးချုပ်နှောင်ခြင်းမပြုဘဲ အာမခံပေးထားခြင်းဖြစ်ကြောင်း ယင်းရဲစခန်းမှ သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ မြောက်ဒဂုံမြို့မရဲစခန်း (ပ) ၁၈၁၈/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၄၅၀/ ၄၂၇ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Credit: Akonthi


Leave a Reply

Your email address will not be published. Required fields are marked *