ပရိသတ္ေတြေပးတဲ့ အကယ္ဒမီ ရေနၿပီျဖစ္တဲ့ မမတာနဲ႔ အေ၀း

ဒါရိုက္တာ ဝိုင္း ရိုက္ကူးထားတဲ့ “တာေတႀကီး” ဇာတ္ကားနဲ႕ “ရင္ဘက္ထဲကဓား ” ရုပ္ရွင္ဇာတ္ကားႏွစ္ကား စလံုးဟာ ပရိသတ္အားေပးမႈ ရရွိထားတဲ့ ဇာတ္ကားေတြပဲ ျဖစ္ပါတယ္။ အဲ့ဒီဇာတ္ကားေတြမွာ ပါဝင္ထားတဲ့ ေနတိုး ၊ အိျႏၵာေက်ာ္ဇင္တို႕ကေတာ့ ပရိသတ္ေတြရဲ႕ အားေပးမႈကို တခဲနက္ ရရွိထားတဲ့ သရုပ္ေဆာင္မ်ား ျဖစ္ပါတယ္။



ေနတိုးကေတာ့ တာေတႀကီး ရုပ္ရွင္ဇာတ္ကားမွာ သရုပ္ေဆာင္မႈနဲ႕ ပတ္သက္ၿပီး အကယ္ဒမီရလိမ့္မယ္ဆိုၿပီး ပရိသတ္ေတြက ခန္႕မွန္းထား ပါတယ္။ အဲ့လိုပဲ အိျႏၵာေက်ာ္ဇင္ဟာလည္း  “ရင္ဘက္ထဲကဓား” ရုပ္ရွင္ဇာတ္ကားနဲ႕ ပရိသတ္ေတြေပးတဲ့ အကယ္ဒမီကို ရရွိေနသူျဖစ္ပါတယ္။

တာေတႀကီး ဇာတ္ကားမွာ ေနတိုးဟာ မမတာဇာတ္ရုပ္နဲ႕ ပရိသတ္ေတြကို ဆြဲေဆာင္ထားႏိုင္ခဲ့သူပါ။ မိန္းမလ်ာတစ္ေယာက္အျဖစ္ ဘဝကို ႀကိဳးစားရုန္းကန္ရင္း မသာမာသူေတြရဲ႕ ယုတ္မာမႈကို ခံရၿပီး မိသားစုလိုက္ ေသသြားခဲ့ရာက အစြဲအလမ္းႀကီးသူတစ္ဦးျဖစ္ၿပီး မကၽြတ္မလြတ္ပဲ သရဲဘဝကို ေရာက္ရွိသြားခဲ့ရပါတယ္။

မမတာဇာတ္ရုပ္ကို ပီျပင္စြာ သရုပ္ေဆာင္ႏိုင္ရံုသာမက မိသားစု သံုးေယာက္စလံုး သရဲဝင္ပူးခ်ိန္မွာ တစ္ေယာက္တည္း ပံုေဖာ္ထားပံုက ေနတိုးရဲ႕ သရုပ္ေဆာင္ ပိုင္ဆိုင္မႈကို ထင္ဟတ္ေစတာလည္း ျဖစ္ပါတယ္။

အဲ့ဇာတ္ကားၾကည့္ၿပီးေနာက္ ပရိသတ္ေတြအားလံုးဟာလည္း မမတာကို အကယ္ဒမီဆုရေစခ်င္ၾကပါတယ္။ ပရိသတ္ေတြကလည္း တာေတႀကီး ဇာတ္ကားနဲ႕ ပတ္သက္ၿပီး ေနတိုးရဲ႕ ကာရိုက္တာအေပၚ ယခုလို မွတ္ခ်က္မ်ားလည္း ေပးထားၾကပါေသးတယ္။

“ေနတိုးဇာတ္ဝင္ခန္းေတြမွာ အမွတ္တရေျပာရရင္ သရဲဝင္ပူးတဲ႕အခန္းတကယ့္အျပစ္အပ်က္နဲ႕တူလြန္းတယ္ ဒါေျကာင့္စစ္မွန္တဲ႕ သရုပ္ေဆာင္မႈ႕နဲ႕အတူ အမွန္တရားေတြ ဥာဏ္မမ်ားဘဲ အစစ္မွန္ေသာ အကယ္ဒမီရပါေစလို႕ ဂုဏ္ျပဳစကားေျပာျကားလိုက္ပါတယ္။ အကယ္ဒမီေရ” ဆိုတဲ့ မွတ္ခ်က္ေတြကေတာ့ ေဝေဝဆာဆာကို ေတြ႕ရတာပါ။

“ရင္ဘက္ထဲကဓား” ဇာတ္ကားမွာ အိျႏၵာေက်ာ္ဇင္ဟာ အေဝးဆိုတဲ့ ဇာတ္ရုပ္နဲ႕ ပရိသတ္ေတြရဲ႕ အားေပးမႈကို ရရွိထားသူ ျဖစ္ပါတယ္။ ဝတၳဳလမင္းမိုမိုရဲ႕ အေမွာင္ထဲမွာဆိုတဲ့ ဇာတ္ကို ရင္ဘက္ထဲကဓား ရုပ္ရွင္အျဖစ္ ပရိသတ္ေတြကို ဆြဲေဆာင္ႏုိင္ေအာင္ ဖန္တီးထားတဲ့ ပါဝင္တဲ့ အႏုပညာရွင္ေတြရဲ႕ လုပ္ေဆာင္ခ်က္ကေတာ့ အံ့မခန္းပါပဲ။

အဲ့ဒီဇာတ္ကားမွာ အေဝးအျဖစ္ သရုပ္ေဆာင္ထားတဲ့ အိျႏၵာေက်ာ္ဇင္အတြက္ ပင္ပန္းတဲ့ ကားတစ္ကားလို႕ ဆုိရမွာပါ။ ကိုယ့္ထက္ အသက္ငယ္ တဲ့ ေဆးေက်ာင္းသားေလးကို အခ်စ္တစ္ခုတည္းကိုးကြယ္ၿပီး ယူထားကာ အိမ္ေထာင္တစ္ခုကို ကိုယ္တိုင္ ဦးေဆာင္ေနရသူ အျဖစ္ သရုပ္ေဆာင္ထားပါတယ္။

အဲ့လိုပဲ ခင္ပြန္းျဖစ္သူရဲ႕ မသိတတ္မႈ မိဘနဲ႕ အမျဖစ္သူရဲ႕ ေသြးထိုးမႈေတြကို နားေယာင္ကာ မိန္းမျဖစ္သူအေပၚ မၾကင္နာ အျပင္မွာ ၾကင္ရာရွာခဲ့တဲ့အေပၚ သိသိႀကီးနဲ႕ ႏွိပ္စက္ခံေနရတဲ့ အေဝးရဲ႕ ဇာတ္ရုပ္ကို ပင္ပန္းႀကီးစြာ ပီျပင္စြာ သရုပ္ေဆာင္ႏုိင္ခဲ့ပါတယ္။

အဲ့လိုကာရိုက္တာအေပၚ တာဝန္ေက်ခဲ့မႈေၾကာင့္လည္း သူမရဲ႕ ပရိသတ္ေတြကေတာ့ သူမကို အကယ္ဒမီေရႊစင္ရုပ္တုကို ပိုင္ဆိုင္ေစခ်င္ ေနၾကတာ ျဖစ္ပါတယ္။

၂၀၁၇ခုႏွစ္အတြက္ အကယ္ဒမီဆုေပးပြဲႀကီးမွာ ပရိသတ္ေတြ အကယ္ဒမီေပးထားတဲ့ သူတို႕ႏွစ္ဦးကေတာ့ ပရိသတ္ေတြရဲ႕ ဆႏၵနဲ႕ ထပ္တူ အကယ္ဒမီေရႊစင္ရုပ္တုကို ပိုင္ဆိုင္ႏိုင္မလားဆိုတာကေတာ့ ၂၀၁၈ခုႏွစ္ထဲမွာ ျပဳလုပ္ေတာ့မယ့္ အကယ္ဒမီဆုေပးပြဲမွာ ေတြ႕ျမင္ရေတာ့ မွာျဖစ္ပါတယ္။

Photo: တာေတႀကီး ေဖ့စ္ဘြတ္၊ ရင္ဘက္ထဲကဓား ေဖ့စ္ဘြတ္

Credit: duwun

# Unicode Version ျဖင့္ ဖတ္ပါ #

ဒါရိုက်တာ ဝိုင်း ရိုက်ကူးထားတဲ့ “တာတေကြီး” ဇာတ်ကားနဲ့ “ရင်ဘက်ထဲကဓား ” ရုပ်ရှင်ဇာတ်ကားနှစ်ကား စလုံးဟာ ပရိသတ်အားပေးမှု ရရှိထားတဲ့ ဇာတ်ကားတွေပဲ ဖြစ်ပါတယ်။ အဲ့ဒီဇာတ်ကားတွေမှာ ပါဝင်ထားတဲ့ နေတိုး ၊ အိန္ဒြာကျော်ဇင်တို့ကတော့ ပရိသတ်တွေရဲ့ အားပေးမှုကို တခဲနက် ရရှိထားတဲ့ သရုပ်ဆောင်များ ဖြစ်ပါတယ်။

နေတိုးကတော့ တာတေကြီး ရုပ်ရှင်ဇာတ်ကားမှာ သရုပ်ဆောင်မှုနဲ့ ပတ်သက်ပြီး အကယ်ဒမီရလိမ့်မယ်ဆိုပြီး ပရိသတ်တွေက ခန့်မှန်းထား ပါတယ်။ အဲ့လိုပဲ အိန္ဒြာကျော်ဇင်ဟာလည်း  “ရင်ဘက်ထဲကဓား” ရုပ်ရှင်ဇာတ်ကားနဲ့ ပရိသတ်တွေပေးတဲ့ အကယ်ဒမီကို ရရှိနေသူဖြစ်ပါတယ်။

တာတေကြီး ဇာတ်ကားမှာ နေတိုးဟာ မမတာဇာတ်ရုပ်နဲ့ ပရိသတ်တွေကို ဆွဲဆောင်ထားနိုင်ခဲ့သူပါ။ မိန်းမလျာတစ်ယောက်အဖြစ် ဘဝကို ကြိုးစားရုန်းကန်ရင်း မသာမာသူတွေရဲ့ ယုတ်မာမှုကို ခံရပြီး မိသားစုလိုက် သေသွားခဲ့ရာက အစွဲအလမ်းကြီးသူတစ်ဦးဖြစ်ပြီး မကျွတ်မလွတ်ပဲ သရဲဘဝကို ရောက်ရှိသွားခဲ့ရပါတယ်။

မမတာဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်နိုင်ရုံသာမက မိသားစု သုံးယောက်စလုံး သရဲဝင်ပူးချိန်မှာ တစ်ယောက်တည်း ပုံဖော်ထားပုံက နေတိုးရဲ့ သရုပ်ဆောင် ပိုင်ဆိုင်မှုကို ထင်ဟတ်စေတာလည်း ဖြစ်ပါတယ်။

အဲ့ဇာတ်ကားကြည့်ပြီးနောက် ပရိသတ်တွေအားလုံးဟာလည်း မမတာကို အကယ်ဒမီဆုရစေချင်ကြပါတယ်။ ပရိသတ်တွေကလည်း တာတေကြီး ဇာတ်ကားနဲ့ ပတ်သက်ပြီး နေတိုးရဲ့ ကာရိုက်တာအပေါ် ယခုလို မှတ်ချက်များလည်း ပေးထားကြပါသေးတယ်။

“နေတိုးဇာတ်ဝင်ခန်းတွေမှာ အမှတ်တရပြောရရင် သရဲဝင်ပူးတဲ့အခန်းတကယ့်အပြစ်အပျက်နဲ့တူလွန်းတယ် ဒါကြောင့်စစ်မှန်တဲ့ သရုပ်ဆောင်မှု့နဲ့အတူ အမှန်တရားတွေ ဉာဏ်မများဘဲ အစစ်မှန်သော အကယ်ဒမီရပါစေလို့ ဂုဏ်ပြုစကားပြောကြားလိုက်ပါတယ်။ အကယ်ဒမီရေ” ဆိုတဲ့ မှတ်ချက်တွေကတော့ ဝေဝေဆာဆာကို တွေ့ရတာပါ။

“ရင်ဘက်ထဲကဓား” ဇာတ်ကားမှာ အိန္ဒြာကျော်ဇင်ဟာ အဝေးဆိုတဲ့ ဇာတ်ရုပ်နဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားသူ ဖြစ်ပါတယ်။ ဝတ္ထုလမင်းမိုမိုရဲ့ အမှောင်ထဲမှာဆိုတဲ့ ဇာတ်ကို ရင်ဘက်ထဲကဓား ရုပ်ရှင်အဖြစ် ပရိသတ်တွေကို ဆွဲဆောင်နိုင်အောင် ဖန်တီးထားတဲ့ ပါဝင်တဲ့ အနုပညာရှင်တွေရဲ့ လုပ်ဆောင်ချက်ကတော့ အံ့မခန်းပါပဲ။

အဲ့ဒီဇာတ်ကားမှာ အဝေးအဖြစ် သရုပ်ဆောင်ထားတဲ့ အိန္ဒြာကျော်ဇင်အတွက် ပင်ပန်းတဲ့ ကားတစ်ကားလို့ ဆိုရမှာပါ။ ကိုယ့်ထက် အသက်ငယ် တဲ့ ဆေးကျောင်းသားလေးကို အချစ်တစ်ခုတည်းကိုးကွယ်ပြီး ယူထားကာ အိမ်ထောင်တစ်ခုကို ကိုယ်တိုင် ဦးဆောင်နေရသူ အဖြစ် သရုပ်ဆောင်ထားပါတယ်။

အဲ့လိုပဲ ခင်ပွန်းဖြစ်သူရဲ့ မသိတတ်မှု မိဘနဲ့ အမဖြစ်သူရဲ့ သွေးထိုးမှုတွေကို နားယောင်ကာ မိန်းမဖြစ်သူအပေါ် မကြင်နာ အပြင်မှာ ကြင်ရာရှာခဲ့တဲ့အပေါ် သိသိကြီးနဲ့ နှိပ်စက်ခံနေရတဲ့ အဝေးရဲ့ ဇာတ်ရုပ်ကို ပင်ပန်းကြီးစွာ ပီပြင်စွာ သရုပ်ဆောင်နိုင်ခဲ့ပါတယ်။

အဲ့လိုကာရိုက်တာအပေါ် တာဝန်ကျေခဲ့မှုကြောင့်လည်း သူမရဲ့ ပရိသတ်တွေကတော့ သူမကို အကယ်ဒမီရွှေစင်ရုပ်တုကို ပိုင်ဆိုင်စေချင် နေကြတာ ဖြစ်ပါတယ်။

၂၀၁၇ခုနှစ်အတွက် အကယ်ဒမီဆုပေးပွဲကြီးမှာ ပရိသတ်တွေ အကယ်ဒမီပေးထားတဲ့ သူတို့နှစ်ဦးကတော့ ပရိသတ်တွေရဲ့ ဆန္ဒနဲ့ ထပ်တူ အကယ်ဒမီရွှေစင်ရုပ်တုကို ပိုင်ဆိုင်နိုင်မလားဆိုတာကတော့ ၂၀၁၈ခုနှစ်ထဲမှာ ပြုလုပ်တော့မယ့် အကယ်ဒမီဆုပေးပွဲမှာ တွေ့မြင်ရတော့ မှာဖြစ်ပါတယ်။

Photo: တာတေကြီး ဖေ့စ်ဘွတ်၊ ရင်ဘက်ထဲကဓား ဖေ့စ်ဘွတ်

Credit: duwun


Leave a Reply

Your email address will not be published. Required fields are marked *