စပြန္ဆာေပးခ်င္ေၾကာင္း သူမရဲ႕ မိခင္ထံ တိုက္ရိုက္ဆုိေျပာျခင္းခံခဲ့ရတဲ႔ ေမပန္းခ်ီ

သ႐ုပ္ေဆာင္ေမပန္းခ်ီကို စပြန္ဆာေပးမည့္သူက သူ၏ မိခင္ျဖစ္သူထံ တိုက္ရိုက္ေျပာဆိုၾကသည္အထိ ႀကံဳခဲ့ရေၾကာင္း၊ အမုန္းမပြားဘဲ ျငင္းဆိုလိုက္ရသည့္အျပင္ လက္ရိွ မိမိ၏ တင္သားအလွကို ႀကိဳက္ႏွစ္သက္သည္ဟု ေမပန္းခ်ီက သူမ၏အတြင္းေရးကို ထုတ္ေဖာ္ေျပာၾကားလိုက္သည္။

“အဲလိုမ်ိဳး စပြန္ဆာေပးမယ္ဆိုၿပီး ေျပာတာေတြ အမ်ားႀကီးႀကံဳခဲ့ဖူးပါတယ္။ ေမပန္းခ်ီတို႔ မိဘေတြကလည္း ရိုးၾကတယ္ေလ။ တခိ်ဳ႕ေတြဆိုရင္ ဒီအႏုပညာအလုပ္ ေအာင္ျမင္ေအာင္လုပ္ေပးမယ္။ ဒီေတာ့ ဘယ္ေလာက္ေပးမယ္၊ ဘာလုပ္ေပးမယ္ဆိုၿပီး ကမ္းလွမ္းလာတာေတြရိွတယ္။ မိဘေတြကလည္း ေတာသူေတြဆိုေတာ့ ရိုးၾကတယ္။ အဲလို လာေျပာရင္ ဘာကိုဆိုတာကို မသိၾကတာ။ တစ္ခါတေလ အေမ့ကိုေတာင္ တုိက္ရိုက္လာေျပာၾကတာရိွတယ္။ ကုမၸဏီဖြင့္ေပးမယ္။ အန္တီ့သမီးကို ပံ့ပိုးေပးမယ္ေပါ့ေလ။



အဲဒီလိုၾကံဳေတာ့ အေမက ငါ့ကိုဘာလို႔မ်ား အဲေလာက္ထိ ပိုက္ဆံထုတ္ေခ်းခ်င္ေနရတာလဲေပါ့ေလ။ မိဘေတြက ရိုးသားၾကေတာ့ လက္မခံၾကဘူး။ ေမပန္းခ်ီ မိဘေတြက ကိုယ့္သမီး မႀကိဳက္မႏွစ္သက္တာကို လက္မခံၾကဘူး။ အဲလိုမ်ိဳးလည္း သူတို႔ မခံစား၊ မစံစား၊ မႏွစ္သက္ၾကပါဘူး။ ကိုယ္ဆိုရင္လည္း တစ္ေယာက္ဆိုတစ္ေယာက္ပဲ ယံုယံုၾကည္ၾကည္နဲ႔ ခ်စ္ခ်င္တယ္။ ကိုယ္ယူလို႔ရမဲ့ သူလိုမ်ိဳး ကိုယ္လည္း ခ်စ္တဲ့သူမ်ိဳးကိုသာ ရွာေနလို႔ အခုလိုမ်ိဳး ျဖစ္ေနတာေပါ့ေနာ္။

စပြန္ဆာေပးမဲ့ကိစၥက အခုထိကို အမ်ားႀကီးပဲ ႀကံဳေနရတုန္းပါ။ ပတ္၀န္းက်င္ကဆိုရင္ ကုိယ္က ဗီဒီယိုရုိက္ရင္ ညဘက္ရိုက္ရတာေတြဆုိ ညမိုးခ်ဳပ္မွျပန္လာရတယ္။ ရိုက္ၿပီးသား ကားေတြကလည္း ငါးလ၊ ေျခာက္လၾကာမွ ထြက္တာ။ ခ်က္ခ်င္း မထြက္ႏိုင္ဘူးေလ။ ဒီေတာ့ လူေတြက ဘာေျပာလဲဆိုရင္ စားေသာက္ဆိုင္မွာ သီခ်င္းသြားဆိုေနတာ။ KTV မွာ အလုပ္လုပ္ေနတာေတြေရာ၊ ေနာက္ဆံုး မေကာင္းတဲ့မိန္းမျဖစ္တဲ့အထိကို အေျပာခံခဲ့ရတာ။

စပြန္ဆာကိစၥေျပာရရင္လည္း သူက ဘယ္သူ႔ရဲ႕ စပြန္ဆာေပါ့။ ဘာလုပ္ေပးမယ္ေပါ့။ အဲဒီေလာက္ထိကို ေျပာဆိုမႈဒဏ္ကိုခံခဲ့ရတယ္။ ေမပန္းခ်ီ ဒီလို လက္မခံခဲ့လို႔သာ ဒီေနရာ ဒီလိုေနရာမွာပဲရိွေနတာ။ ေရာက္ေနတာ။ လက္ခံခဲ့ရင္ ေမပန္းခ်ီ ထိပ္ဆံုးလည္း ေရာက္ရင္ေရာက္ေနမွာေလ။

ဒါက ထိပ္ဆံုးကိုေရာက္ေနတဲ့သူေတြကို ဒီလို လက္ခံထားလို႔ ေရာက္ေနတာလို႔ ေျပာေနတာမဟုတ္ဘူး။ ကိုယ့္ကို အမ်ားႀကီးပံ့ပိုးေပးႏိုင္တဲ့သူကို လက္ခံခဲ့ရင္ ကုိယ္လည္း ေရရွည္မွာ တစ္ခုခုျဖစ္ေနၿပီ။ ဒါေပမဲ့ ေမပန္းခ်ီ အခုလက္ရိွဘ၀ကို ေက်နပ္တယ္။

ေမပန္းခ်ီဆိုရင္ ကုိယ့္ဘာသာ ဓာတ္ပံုရိုက္ရင္ ေဘးတိုက္ကိုပဲရိုက္တယ္။ ေဘးတိုက္ရိုက္မွသာ ကိုယ္က လွတယ္လို႔ ခံစားရတယ္။ ေဘးတိုက္ဆိုရင္ ေမပန္းခ်ီရဲ႕ ခႏၶာကိုယ္ ေဘာ္ဒီေကာက္ေၾကာင္းက ေပၚတယ္ေလ။ အဲလို အၿမဲရိုက္ျဖစ္ပါတယ္

တခ်ဳိ႕ေတြ တခ်ဳိ႕ေတြက ေမပန္းခ်ီေဟ့ဆိုရင္ မ်က္ႏွာၾကည့္ၿပီးရင္ တင္သားအလွကိုၾကည့္ၾကတယ္။ အျပင္ထြက္ရင္လည္း အဲဒီေနရာကိုပဲၾကည့္ၾကတယ္။ အထဲမွာျမင္ေနၾကေတာ့ အတုလို႔ ထင္ၾကတယ္ေလ။ အျပင္မွာက အစစ္ဟုတ္မဟုတ္ ခြဲျခားသိႏိုင္တယ္။ မိန္းမေတြကအစ မေကာင္းတာေျပာတာ ၾကံဳေနရတယ္။ ဘယ္သူမွ မေကာင္းတဲ့ ေဖာ္ေလွာ္ေနတဲ့ပံု မတင္ပါဘူး။ ဒီေတာ့ ကိုယ့္တင္သားအလွကုိ သေဘာက်တယ္”ဟုေျပာသည္။

မိန္းမတစ္ေယာက္၏ ဂုဏ္သိကၡာႏွင့္ပတ္သက္ၿပီး ဗမာဆန္ဆန္၀တ္ၿပီး မေကာင္းမႈကို လုပ္စားေနၾကသည့္သူမ်ားရိွသလို ေခတ္မီၿပီး ပြင့္လင္းေနသူေတြကိုလည္း ေခတ္မီမီေနထိုင္ျခင္းေၾကာင့္ အထင္အျမင္ မလြဲေစခ်င္ဘူးဟု ထုတ္ေဖာ္ေျပာျပခဲ့သည္။

အႏုပညာေလာကျဖစ္ျဖစ္၊ အျပင္ေလာက ျဖစ္ျဖစ္ ေအာင္ျမင္မႈႏွင့္ က်ရႈံးမႈေတြလည္း ရိွေနျခင္းေၾကာင့္ ကိုယ့္ဂုဏ္သိကၡာကို ကိုယ္တိုင္ ထိန္းသိမ္းႏိုင္ရန္ အေရးႀကီးသည္ဟုဆိုသည္။

Source- Shwe Myanmar

Unicode

သရုပ်ဆောင်မေပန်းချီကို စပွန်ဆာပေးမည့်သူက သူ၏ မိခင်ဖြစ်သူထံ တိုက်ရိုက်ပြောဆိုကြသည်အထိ ကြုံခဲ့ရကြောင်း၊ အမုန်းမပွားဘဲ ငြင်းဆိုလိုက်ရသည့်အပြင် လက်ရှိ မိမိ၏ တင်သားအလှကို ကြိုက်နှစ်သက်သည်ဟု မေပန်းချီက သူမ၏အတွင်းရေးကို ထုတ်ဖော်ပြောကြားလိုက်သည်။

“အဲလိုမျိုး စပွန်ဆာပေးမယ်ဆိုပြီး ပြောတာတွေ အများကြီးကြုံခဲ့ဖူးပါတယ်။ မေပန်းချီတို့ မိဘတွေကလည်း ရိုးကြတယ်လေ။ တချို့တွေဆိုရင် ဒီအနုပညာအလုပ် အောင်မြင်အောင်လုပ်ပေးမယ်။ ဒီတော့ ဘယ်လောက်ပေးမယ်၊ ဘာလုပ်ပေးမယ်ဆိုပြီး ကမ်းလှမ်းလာတာတွေရှိတယ်။ မိဘတွေကလည်း တောသူတွေဆိုတော့ ရိုးကြတယ်။ အဲလို လာပြောရင် ဘာကိုဆိုတာကို မသိကြတာ။ တစ်ခါတလေ အမေ့ကိုတောင် တိုက်ရိုက်လာပြောကြတာရှိတယ်။ ကုမ္ပဏီဖွင့်ပေးမယ်။ အန်တီ့သမီးကို ပံ့ပိုးပေးမယ်ပေါ့လေ။

အဲဒီလိုကြုံတော့ အမေက ငါ့ကိုဘာလို့များ အဲလောက်ထိ ပိုက်ဆံထုတ်ချေးချင်နေရတာလဲပေါ့လေ။ မိဘတွေက ရိုးသားကြတော့ လက်မခံကြဘူး။ မေပန်းချီ မိဘတွေက ကိုယ့်သမီး မကြိုက်မနှစ်သက်တာကို လက်မခံကြဘူး။ အဲလိုမျိုးလည်း သူတို့ မခံစား၊ မစံစား၊ မနှစ်သက်ကြပါဘူး။ ကိုယ်ဆိုရင်လည်း တစ်ယောက်ဆိုတစ်ယောက်ပဲ ယုံယုံကြည်ကြည်နဲ့ ချစ်ချင်တယ်။ ကိုယ်ယူလို့ရမဲ့ သူလိုမျိုး ကိုယ်လည်း ချစ်တဲ့သူမျိုးကိုသာ ရှာနေလို့ အခုလိုမျိုး ဖြစ်နေတာပေါ့နော်။

စပွန်ဆာပေးမဲ့ကိစ္စက အခုထိကို အများကြီးပဲ ကြုံနေရတုန်းပါ။ ပတ်ဝန်းကျင်ကဆိုရင် ကိုယ်က ဗီဒီယိုရိုက်ရင် ညဘက်ရိုက်ရတာတွေဆို ညမိုးချုပ်မှပြန်လာရတယ်။ ရိုက်ပြီးသား ကားတွေကလည်း ငါးလ၊ ခြောက်လကြာမှ ထွက်တာ။ ချက်ချင်း မထွက်နိုင်ဘူးလေ။ ဒီတော့ လူတွေက ဘာပြောလဲဆိုရင် စားသောက်ဆိုင်မှာ သီချင်းသွားဆိုနေတာ။ KTV မှာ အလုပ်လုပ်နေတာတွေရော၊ နောက်ဆုံး မကောင်းတဲ့မိန်းမဖြစ်တဲ့အထိကို အပြောခံခဲ့ရတာ။

စပွန်ဆာကိစ္စပြောရရင်လည်း သူက ဘယ်သူ့ရဲ့ စပွန်ဆာပေါ့။ ဘာလုပ်ပေးမယ်ပေါ့။ အဲဒီလောက်ထိကို ပြောဆိုမှုဒဏ်ကိုခံခဲ့ရတယ်။ မေပန်းချီ ဒီလို လက်မခံခဲ့လို့သာ ဒီနေရာ ဒီလိုနေရာမှာပဲရှိနေတာ။ ရောက်နေတာ။ လက်ခံခဲ့ရင် မေပန်းချီ ထိပ်ဆုံးလည်း ရောက်ရင်ရောက်နေမှာလေ။

ဒါက ထိပ်ဆုံးကိုရောက်နေတဲ့သူတွေကို ဒီလို လက်ခံထားလို့ ရောက်နေတာလို့ ပြောနေတာမဟုတ်ဘူး။ ကိုယ့်ကို အများကြီးပံ့ပိုးပေးနိုင်တဲ့သူကို လက်ခံခဲ့ရင် ကိုယ်လည်း ရေရှည်မှာ တစ်ခုခုဖြစ်နေပြီ။ ဒါပေမဲ့ မေပန်းချီ အခုလက်ရှိဘဝကို ကျေနပ်တယ်။

မေပန်းချီဆိုရင် ကိုယ့်ဘာသာ ဓာတ်ပုံရိုက်ရင် ဘေးတိုက်ကိုပဲရိုက်တယ်။ ဘေးတိုက်ရိုက်မှသာ ကိုယ်က လှတယ်လို့ ခံစားရတယ်။ ဘေးတိုက်ဆိုရင် မေပန်းချီရဲ့ ခန္ဓာကိုယ် ဘော်ဒီကောက်ကြောင်းက ပေါ်တယ်လေ။ အဲလို အမြဲရိုက်ဖြစ်ပါတယ်

တချို့တွေ တချို့တွေက မေပန်းချီဟေ့ဆိုရင် မျက်နှာကြည့်ပြီးရင် တင်သားအလှကိုကြည့်ကြတယ်။ အပြင်ထွက်ရင်လည်း အဲဒီနေရာကိုပဲကြည့်ကြတယ်။ အထဲမှာမြင်နေကြတော့ အတုလို့ ထင်ကြတယ်လေ။ အပြင်မှာက အစစ်ဟုတ်မဟုတ် ခွဲခြားသိနိုင်တယ်။ မိန်းမတွေကအစ မကောင်းတာပြောတာ ကြုံနေရတယ်။ ဘယ်သူမှ မကောင်းတဲ့ ဖော်လှော်နေတဲ့ပုံ မတင်ပါဘူး။ ဒီတော့ ကိုယ့်တင်သားအလှကို သဘောကျတယ်”ဟုပြောသည်။

မိန်းမတစ်ယောက်၏ ဂုဏ်သိက္ခာနှင့်ပတ်သက်ပြီး ဗမာဆန်ဆန်ဝတ်ပြီး မကောင်းမှုကို လုပ်စားနေကြသည့်သူများရှိသလို ခေတ်မီပြီး ပွင့်လင်းနေသူတွေကိုလည်း ခေတ်မီမီနေထိုင်ခြင်းကြောင့် အထင်အမြင် မလွဲစေချင်ဘူးဟု ထုတ်ဖော်ပြောပြခဲ့သည်။

အနုပညာလောကဖြစ်ဖြစ်၊ အပြင်လောက ဖြစ်ဖြစ် အောင်မြင်မှုနှင့် ကျရှုံးမှုတွေလည်း ရှိနေခြင်းကြောင့် ကိုယ့်ဂုဏ်သိက္ခာကို ကိုယ်တိုင် ထိန်းသိမ်းနိုင်ရန် အရေးကြီးသည်ဟုဆိုသည်။

Source- Shwe Myanmar


Leave a Reply

Your email address will not be published. Required fields are marked *