‘ခင္’ဆိုတဲ့ နာမည္နဲ႔ ပရိသတ္ၾကား ေရပန္းစားေနတဲ့ နီနီခင္ေဇာ္

Super Red မ်က္ႏွာ ေခ်ေၾကာ္ျငာကို ကိုယ္ပုိင္စိတ္ကူး ျဖင့္ ႐ုိက္ကူးခဲ့ၿပီး ယခုကဲ့သို႔ ပရိ သတ္အားေပးမႈ ရရွိမည္ဟု ထင္မွတ္မထားေၾကာင္း နီနီခင္ေဇာ္ က ေျပာသည္။



‘‘ေၾကာ္ျငာ႐ိုက္ျဖစ္တာက Script က ကိုယ္တုိင္ပဲအရင္ဆုံး အသံဖန္တီးတယ္။ အသံၿပီးမွ အ ႐ုပ္ကို႐ုိက္တာ။ မထင္မွတ္ဘဲ ပရိသတ္ေတြႀကိဳက္သြားတာပါ။ တအားႀကီးေသခ်ာလုပ္ထားတာ ေတာ့ မဟုတ္ပါဘူး’’ဟု ယင္း ေၾကာ္ျငာႏွင့္ပတ္သက္၍ ေျပာ သည္။

အဆုိပါ ေၾကာ္ျငာတြင္ နီနီ ခင္ေဇာ္က ၁၉ ရာစုေႏွာင္းပုိင္း ကာလဖက္ရွင္၀တ္စားဆင္ယင္ မႈျဖင့္ ခင္ဆုိသည့္ မိန္းမပ်ဳိတစ္ဦး အျဖစ္ ပါ၀င္သ႐ုပ္ေဆာင္ထား ကာ ၎၏ခ်စ္သူထံ Super Red  မ်က္ႏွာေခ်ကုိ တယ္လီဖုန္းဆက္ ၍ မွာသည့္ပုံစံ အိုင္ဒီယာဆန္း ဆန္းျဖင့္   ႐ုိက္ကူးထားျခင္းျဖစ္ သည္။

ယင္းေၾကာ္ျငာတြင္ပါ၀င္ သည့္ ခင္ ဇာတ္႐ုပ္ႏွင့္ပတ္သက္ ၍ နီနီခင္ေဇာ္က ‘‘ခင္က မ်က္ႏွာ ေခ်အတြက္ ဖန္တီးထားတာ မဟုတ္ပါဘူး။ နီနီဆုိၿပီး ေခၚလာၾကတာ ၾကာလာေတာ့ ပ်င္းလာလုိ႔ ပရိသတ္ကို စတဲ့အေနနဲ႔ ခင္ဆုိၿပီးေနာက္ လုိက္တာ။ ေခၚလာၾက တာ’’ ဟု ေျပာသည္။

ယင္းမ်က္ႏွာေခ်ကို မႏၲေလး ၿမိဳ႕တြင္ ပ႐ိုမိုးရွင္းပဲြျပဳလုပ္၍ ျဖန္႔ ခ်ိခဲ့ၿပီး ၎ကုိယ္တုိင္ ေၾကာ္ျငာထဲ မွ ခင္ပုံစံ၀တ္ဆင္၍ ပရိသတ္မ်ား ႏွင့္ ရင္းရင္းႏွီးႏွီး ေတြ႕ဆုံခဲ့သည္။

လတ္တေလာ အႏုပညာ လႈပ္ရွားမႈအေနျဖင့္ အႏုပညာ ေမာင္ႏွမျဖစ္သည့္ အဆိုေတာ္ ေက်ာ္သီဟအတြက္ ကိုယ္တုိင္ ေရးစပ္ထားသည့္ သီခ်င္းတစ္ပုဒ္ ကို Music Producer လုပ္၍ ထုတ္ေပးရန္ အစီအစဥ္ရွိေၾကာင္း နီနီခင္ေဇာ္က ေျပာသည္။

‘‘တစ္လပိုင္းေလာက္ ျဖန္႔ ျဖစ္မွာပါ။ ေနာက္ထပ္သီခ်င္းေတြ လည္း ဖန္တီးဖို႔ ရွိပါတယ္။ နီနီဆို ဖုိ႔ေတာ့ မဟုတ္ဘူး။ နီနီရဲ႕ Generation ေတြဆိုဖုိ႔အတြက္ သီခ်င္းေတြထပ္လုပ္ဖို႔ ရွိပါတယ္’’ ဟု နီနီခင္ေဇာ္က ေျပာသည္။

နီနီခင္ေဇာ္က ၎၏တတိ ယတစ္ကိုယ္ေတာ္အေခြ ယူစီးရီးကုိ ေအာက္တိုဘာလကုန္ပုိင္းက ျဖန္႔ ခ်ိခဲ့ၿပီး ယင္းအေခြတြင္ ၎ ကိုယ္တုိင္ေရးစပ္ထားသည့္ သီ ခ်င္းမ်ားလည္း ပါ၀င္သည္။

‘‘ယူအေခြထဲမွာ ပရိသတ္ ေတြက    သီခ်င္းေလးႏွစ္ပုဒ္ကုိ ေတာ့ႀကိဳက္ၾကတယ္လုိ႔ ၾကားပါ တယ္။ ေတာ္ေတာ္မ်ားမ်ား တုိက္ ဆုိင္တဲ့သီခ်င္းေပါ့။ အလကားပဲ နဲ႔ Stand By Me သီခ်င္း။ Stand By Me ကေတာ့ ခင္ေၾကာ္ျငာ ေလးေနာက္ပိုင္းက်မွ ပရိသတ္ ေတြ ေတာ္ေတာ္မ်ားမ်ား သိသြား တာ’’ဟု တတိယတစ္ကိုယ္ေတာ္ အေခြႏွင့္ပတ္သက္၍ ေျပာသည္။ ယင္းအေခြတြင္ ထူးထူးျခားျခား အေနျဖင့္ နီနီခင္ေဇာ္က ၎၏ ပရိသတ္မ်ားထဲမွ တစ္ဦးကို ေရြး ခ်ယ္၍ သီခ်င္းတစ္ပုဒ္ကို အတူ တဲြသီဆုိထားသည္။

Credit: 7daydaily

#Unicode Version#

Super Red မျက်နှာ ချေကြော်ငြာကို ကိုယ်ပိုင်စိတ်ကူး ဖြင့် ရိုက်ကူးခဲ့ပြီး ယခုကဲ့သို့ ပရိ သတ်အားပေးမှု ရရှိမည်ဟု ထင်မှတ်မထားကြောင်း နီနီခင်ဇော် က ပြောသည်။

‘‘ကြော်ငြာရိုက်ဖြစ်တာက Script က ကိုယ်တိုင်ပဲအရင်ဆုံး အသံဖန်တီးတယ်။ အသံပြီးမှ အ ရုပ်ကိုရိုက်တာ။ မထင်မှတ်ဘဲ ပရိသတ်တွေကြိုက်သွားတာပါ။ တအားကြီးသေချာလုပ်ထားတာ တော့ မဟုတ်ပါဘူး’’ဟု ယင်း ကြော်ငြာနှင့်ပတ်သက်၍ ပြော သည်။

အဆိုပါ ကြော်ငြာတွင် နီနီ ခင်ဇော်က ၁၉ ရာစုနှောင်းပိုင်း ကာလဖက်ရှင်ဝတ်စားဆင်ယင် မှုဖြင့် ခင်ဆိုသည့် မိန်းမပျိုတစ်ဦး အဖြစ် ပါဝင်သရုပ်ဆောင်ထား ကာ ၎င်း၏ချစ်သူထံ Super Red  မျက်နှာချေကို တယ်လီဖုန်းဆက် ၍ မှာသည့်ပုံစံ အိုင်ဒီယာဆန်း ဆန်းဖြင့်   ရိုက်ကူးထားခြင်းဖြစ် သည်။

ယင်းကြော်ငြာတွင်ပါဝင် သည့် ခင် ဇာတ်ရုပ်နှင့်ပတ်သက် ၍ နီနီခင်ဇော်က ‘‘ခင်က မျက်နှာ ချေအတွက် ဖန်တီးထားတာ မဟုတ်ပါဘူး။ နီနီဆိုပြီး ခေါ်လာကြတာ ကြာလာတော့ ပျင်းလာလို့ ပရိသတ်ကို စတဲ့အနေနဲ့ ခင်ဆိုပြီးနောက် လိုက်တာ။ ခေါ်လာကြ တာ’’ ဟု ပြောသည်။

ယင်းမျက်နှာချေကို မန္တလေး မြို့တွင် ပရိုမိုးရှင်းပွဲပြုလုပ်၍ ဖြန့် ချိခဲ့ပြီး ၎င်းကိုယ်တိုင် ကြော်ငြာထဲ မှ ခင်ပုံစံဝတ်ဆင်၍ ပရိသတ်များ နှင့် ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့သည်။

လတ်တလော အနုပညာ လှုပ်ရှားမှုအနေဖြင့် အနုပညာ မောင်နှမဖြစ်သည့် အဆိုတော် ကျော်သီဟအတွက် ကိုယ်တိုင် ရေးစပ်ထားသည့် သီချင်းတစ်ပုဒ် ကို Music Producer လုပ်၍ ထုတ်ပေးရန် အစီအစဉ်ရှိကြောင်း နီနီခင်ဇော်က ပြောသည်။

‘‘တစ်လပိုင်းလောက် ဖြန့် ဖြစ်မှာပါ။ နောက်ထပ်သီချင်းတွေ လည်း ဖန်တီးဖို့ ရှိပါတယ်။ နီနီဆို ဖို့တော့ မဟုတ်ဘူး။ နီနီရဲ့ Generation တွေဆိုဖို့အတွက် သီချင်းတွေထပ်လုပ်ဖို့ ရှိပါတယ်’’ ဟု နီနီခင်ဇော်က ပြောသည်။

နီနီခင်ဇော်က ၎င်း၏တတိ ယတစ်ကိုယ်တော်အခွေ ယူစီးရီးကို အောက်တိုဘာလကုန်ပိုင်းက ဖြန့် ချိခဲ့ပြီး ယင်းအခွေတွင် ၎င်း ကိုယ်တိုင်ရေးစပ်ထားသည့် သီ ချင်းများလည်း ပါဝင်သည်။

‘‘ယူအခွေထဲမှာ ပရိသတ် တွေက    သီချင်းလေးနှစ်ပုဒ်ကို တော့ကြိုက်ကြတယ်လို့ ကြားပါ တယ်။ တော်တော်များများ တိုက် ဆိုင်တဲ့သီချင်းပေါ့။ အလကားပဲ နဲ့ Stand By Me သီချင်း။ Stand By Me ကတော့ ခင်ကြော်ငြာ လေးနောက်ပိုင်းကျမှ ပရိသတ် တွေ တော်တော်များများ သိသွား တာ’’ဟု တတိယတစ်ကိုယ်တော် အခွေနှင့်ပတ်သက်၍ ပြောသည်။ ယင်းအခွေတွင် ထူးထူးခြားခြား အနေဖြင့် နီနီခင်ဇော်က ၎င်း၏ ပရိသတ်များထဲမှ တစ်ဦးကို ရွေး ချယ်၍ သီချင်းတစ်ပုဒ်ကို အတူ တွဲသီဆိုထားသည်။

Credit: 7daydaily


Leave a Reply

Your email address will not be published. Required fields are marked *