အရေးပေါ်တားဆေးက ကိုယ်ဝန်မရအောင် ဘယ်လို ကာကွယ်ပေးတာလဲ
ကိုယ်ဝန်ရတယ်ဆိုတာ အမျိုးသားနဲ့ အတူတူနေတာနဲ့ ချက်ခြင်းရတာမဟုတ်ပါဘူး။ ဒါကြောင့်မို့ အတူနေပြီး ရက်အနည်းငယ်အတွင်းမှာ ကိုယ်ဝန်မရအောင် တားလို့ ရနိုင်တာပါ။ အားလုံးက အချိန်မှီ၊ အချိန်ကိုက် ဖြစ်နေဖို့ အရေးကြီးပါတယ်။
အတူနေပြီးနောက် အမျိုးသားရဲ့ သုတ်ပိုးက အမျိုးသမီးရဲ့ ကိုယ်ထဲမှာ ခြောက် ရက်လောက်အထိ အသက်ရှင်နိုင်ပါတယ်။ အကယ်၍ ဒီ ခြောက်ရက်အတွင်းမှာ သားဥကြွေခဲ့ရင် သုတ်ပိုးနဲ့ သားဥပေါင်းပြီး သန္ဓေသားလောင်းလေးအဖြစ် သားအိမ်နံရံမှာ တွယ်ကာ တဖြည်းဖြည်းနဲ့ ကြီးလာပါမယ်။ ဒါကို ကိုယ်ဝန်ရှိတယ်လို့ခေါ်တာပါ။
.
အဲဒါကြောင့် အရေးပေါ်တားဆေးကို အရေးပေါ် အခြေအနေမှသာသုံးသင့်ပါတယ်။ မကြာခဏ အတူတူနေဖြစ်မယ့် အခြေအနေမျိုးရှိရင်/ သုံးလေးရက်ဆက်တိုက်အတူနေပြီး အရေးပေါ်တားဆေးပဲ တနေ့ပြီးတနေ့ သောက်နေတာမျိုးက မလုပ်သင့်ပါဘူး။ ပုံမှန်သန္ဓေတားနည်းတမျိုးမျိုး (ဥပမာ နေ့စဉ်သောက်တားဆေး၊ သုံးလခံထိုးဆေး၊ ကွန်ဒုံး၊ သားအိမ်ထဲထည့် ပစ္စည်း၊ လက်မောင်းအရေပြားအောက် ထည့်ပစ္စည်း) ကို သုံးဖို့ တိုက်တွန်းချင်ပါတယ်။
.
နောက်တခုရှင်းပြချင်တာက အရေးပေါ်တားဆေးက တချို့တွေ အမှတ်မှားနေသလို ကိုယ်ဝန်ဖျက်ချတဲ့ဆေး မဟုတ်ပါဘူး။ အကယ်၍သာ ဆေးသောက်တဲ့ အချိန် နောက်ကျလို့ သားလောင်းလေးက သားအိမ်နံရံမှာ တွယ်ကပ်ပြီးသား ဖြစ်ရင်တော့ (ကိုယ်ဝန်ရှိနေပြီလို့ဆိုလိုတာပါ) ကိုယ်ဝန်ဆက်ရှိသွားမှာဖြစ်သလို ဆေးကြောင့် သန္ဓေသားလောင်းပေါ်မှာ ထိခိုက်မှု မဖြစ်စေပါဘူး။
.
References:
#mate #ECpills #OCpills #အရေးပေါ်တားဆေး #ဆေးကဒ် #တားဆေး #စိတ်ချ #ကိုယ်ဝန် #ကိုယ်ဝန်တား #သန္ဓေတား #ကဒ်ဆေး #တားဆေးကဒ်
Unicode
ကိုုယ်ဝန်ရတယ်ဆိုုတာ အမျိုးသားနဲ့ အတူတူနေတာနဲ့ ချက်ခြင်းရတာမဟုုတ်ပါဘူး။ ဒါကြောင့်မိုု့ အတူနေပြီး ရက်အနည်းငယ်အတွင်းမှာ ကိုုယ်ဝန်မရအောင် တားလိုု့ ရနိုုင်တာပါ။ အားလုုံးက အချိန်မှီ၊ အချိန်ကိုုက် ဖြစ်နေဖိုု့ အရေးကြီးပါတယ်။
.
အတူနေပြီးနောက် အမျိုးသားရဲ့ သုုတ်ပိုုးက အမျိူးသမီးရဲ့ ကိုုယ်ထဲမှာ ခြောက် ရက်လောက်အထိ အသက်ရှင်နိုုင်ပါတယ်။ အကယ်၍ ဒီ ခြောက်ရက်အတွင်းမှာ သားဥကြွေခဲ့ရင် သုုတ်ပိုုးနဲ့ သားဥပေါင်းပြီး သန္ဓေသားလောင်းလေးအဖြစ် သားအိမ်နံရံမှာ တွယ်ကာ တဖြည်းဖြည်းနဲ့ ကြီးလာပါမယ်။ ဒါကိုု ကိုုယ်ဝန်ရှိတယ်လိုု့ခေါ်တာပါ။
.
အရေးပေါ်တားဆေးကမမျိုးဥကနေ သားဥမကြွေအောင် ဟန့်တားပေးပါတယ်။ အကယ်၍သာ သားဥကြွေပြီးဖြစ်ရင်တော့ သုုတ်ပိုုးနဲ့ သားဥလေးနဲ့ မပေါင်းနိုုင်အောင် ဟန့်တားပေးနိုုင်စွမ်း က တနေ့တလုုံးသောက်ဆေးတွေလောက် အာနိသင်မရှိပါဘူး။ ရာသီခွင်ရဲ့ ဘယ်ရက်မှာဆေးသောက်လဲ ဆိုုတာရယ်၊ အတူနေပြီး ဘယ်လောက်မြန်မြန်ဆေးသောက်ဖြစ်လဲ ဆိုုတာတွေက ကိုုယ်ဝန်မရအောင် ဘယ်လောက်ထိ ကာကွယ်ပေးနိုုင်လဲဆိုုတာကိုု ဆုုံူးဖြတ်ပေးတဲ့ အရေးကြီး အချက်တွေဖြစ်သွားပါတယ်။
.
အဲဒါကြောင့် အရေးပေါ်တားဆေးကိုု အရေးပေါ် အခြေအနေမှသာသုုံးသင့်ပါတယ်။ မကြာခဏ အတူတူနေဖြစ်မယ့် အခြေအနေမျိုးရှိရင်/ သုုံးလေးရက်ဆက်တိုုက်အတူနေပြီး အရေးပေါ်တားဆေးပဲ တနေ့ပြီးတနေ့ သောက်နေတာမျိုးက မလုုပ်သင့်ပါဘူး။ ပုုံမှန်သန္ဓေတားနည်းတမျိုးမျိုး (ဥပမာ နေ့စဉ်သောက်တားဆေး၊ သုုံးလခံထိုုးဆေး၊ ကွန်ဒုုံး၊ သားအိမ်ထဲထည့် ပစ္စည်း၊ လက်မောင်းအရေပြားအောက် ထည့်ပစ္စည်း) ကိုု သုုံးဖိုု့ တိုုက်တွန်းချင်ပါတယ်။
.
နောက်တခုုရှင်းပြချင်တာက အရေးပေါ်တားဆေးက တချိုု့တွေ အမှတ်မှားနေသလိုု ကိုုယ်ဝန်ဖျက်ချတဲ့ဆေး မဟုုတ်ပါဘူး။ အကယ်၍သာ ဆေးသောက်တဲ့ အချိန် နောက်ကျလိုု့ သားလောင်းလေးက သားအိမ်နံရံမှာ တွယ်ကပ်ပြီးသား ဖြစ်ရင်တော့ (ကိုုယ်ဝန်ရှိနေပြီလိုု့ဆိုုလိုုတာပါ) ကိုုယ်ဝန်ဆက်ရှိသွားမှာဖြစ်သလိုု ဆေးကြောင့် သန္ဓေသားလောင်းပေါ်မှာ ထိခိုုက်မှုု မဖြစ်စေပါဘူး။
.
References:
1. WHO: Family Planning, Global Handbook for providers 2011 update
2. Emergency Contraception_How do you take EC. Family Planning NSW Fact Sheet. NSW. Australia.
3. Emergency Contraception (Morning after pill and IUD) NHS Choices Health A-Z. Contraceptive Choices. UK.
#mate #ECpills #OCpills #အရေးပေါ်တားဆေး #ဆေးကဒ် #တားဆေး #စိတ်ချ #ကိုုယ်ဝန် #ကိုုယ်ဝန်တား #သန္ဓေတား #ကဒ်ဆေး #တားဆေးကဒ်
Leave a Reply
Your email address will not be published. Required fields are marked *