လက္မထပ္ခင္ ဘယ္ႏွရက္ ႀကိဳတင္ၿပီး ကုိယ္ဝန္ တားသင့္သလဲ

ခ်စ္သူ သက္တမ္းမွာ တစ္ေယာက္ကုိတစ္ေယာက္ ေလ့လာျပီးလို႕ ႏွစ္ေယာက္အတူတူ ဘ၀တစ္ခုကို တည္ေဆာက္ေတာ့မယ္လို႕ ဆံုးျဖတ္လိုက္ျပီဆုိရင္ ျပင္ရဆင္ရမွာေတြ အမ်ားၾကီးျဖစ္လာပါတယ္။

ဘ၀နဲ႕ပတ္သက္လို႕လည္း အစီအစဥ္ေတြ ခ်ရေတာ့မယ္။ အဲဒီထဲမွာ မပါမျဖစ္ ပါရမွာတစ္ခုကေတာ့ မိသားစုစီမံကိန္းဆြဲတာပါပဲ။ တို႕ႏွစ္ေယာက္ ကေလးဘယ္ေတာ့ယူမယ္၊ ဘယ္ႏွေယာက္ ယူမယ္၊ တစ္ေယာက္နဲ႕တစ္ေယာက္ၾကား ဘယ္လိုနည္းလမ္းေတြသံုးျပီး တားထားမယ္ စသျဖင့္ စဥ္းစားၾကရပါတယ္။ အဲဒီအခါ သတို႕သမီးေလာင္းေတြ အေမးမ်ားဆံုး ေမးခြန္းတစ္ခုကေတာ့ လက္မထပ္ခင္ ဘယ္ႏွရက္ၾကိဳတင္ၿပီး ကုိယ္၀န္တားဖုိ႔ လိုသလဲ ဆုိတာပါပဲ။ ဘာလို႕ဆုိေတာ့ ဒီေဆးေတြ အာနိသင္ျပဖုိ႕က တစ္ပတ္ေစာင့္ရတတ္တယ္လို႕ သိထားၾကတာကိုး။ တခ်ိဳ႕ကေတာ့လည္း ခ်က္ခ်င္းအာနိသင္ျပတယ္လို႕ သိထားၾကျပန္ပါတယ္။ ဒါေၾကာင့္ ဒီေဆာင္းပါးေလးမွာ အဲဒီအေၾကာင္းေလး အရင္ဆံုးရွင္းျပလိုပါတယ္။



ဒီေနရာမွာ ပြင့္ပြင့္လင္းလင္း ေျပာျပခ်င္တာတစ္ခုက တစ္ခ်ိဳ႕စံုတြဲေတြဟာ လက္ထပ္တဲ့ေန႔မွပဲ လင္မယားအရာေျမာက္တယ္ ဆုိေပမယ့္ တခ်ိဳ႕က်ေတာ့ ယူေတာ့မွာပဲေလ ဆုိၿပီး အတူေနထားႏွင့္တာမ်ိဳး ရွိတယ္။ သိပ္ကုိေခတ္ဆန္လြန္းတဲ့သူေတြကေတာ့ ရည္းစားဘ၀မွာကို ပံုမွန္လုိ အတူေနၾကတာေပါ့။ သူတုိ႔ဆုိရင္လည္း အိမ္ေထာင္ေတာ့မရွိေပမယ့္ ပံုမွန္ဆက္ဆံမႈရွိေနတာမို႔ အိမ္ေထာင္သည္လိုပဲ သားဆက္ျခားနည္းတစ္ခုခုေတာ့ သံုးဖုိ႔လိုပါတယ္။ အေရးေပၚကုိယ္၀န္တားေဆးဟာ တစ္ၾကိမ္တစ္ခါ မေတာ္တဆ ျဖစ္သြားတဲ့အခါမွာသာ ေသာက္သင့္တာ ျဖစ္ၿပီး ဒီေဆးရဲ႕ ထိေရာက္မႈဟာ က်န္တဲ့ကုိယ္၀န္တားနည္းေတြနဲ႔ ယွဥ္လိုက္ရင္ နည္းတာမုိ႔လို႔ အတူေနၿပီးတုိင္းသာ ေသာက္ေနမယ္ဆုိရင္ တစ္ၾကိမ္မဟုတ္တစ္ၾကိမ္ ကုိယ္၀န္ရသြားႏုိင္ပါတယ္။ ဒါေၾကာင့္ လက္မထပ္ခင္ ဘယ္ႏွရက္ၾကိဳတင္ၿပီး ကုိယ္၀န္တားရမလဲ ဆုိတာထက္ အတူတူမေနခင္ ဘယ္ႏွရက္ၾကိဳတင္ၿပီး ကုိယ္၀န္တားထားရင္ စိတ္ခ်ရမလဲ၊ ဒီနည္းေတြ အာနိသင္ျပဖို႕ ဘယ္ေလာက္ေစာင့္ရမလဲ ဆုိတာကို ေျပာျပခ်င္တာပါ။

အၾကမ္းအားၿဖင့္ ကေလးတစ္ခါမွ မေမြးဖူးေသးတဲ့ အမ်ိဳးသမီးတစ္ေယာက္အေနနဲ႔ ပံုမွန္အသံုးၿပဳလို႔ ရတဲ့ သားဆက္ျခားနည္း (၅)နည္းရွိပါတယ္။ ကြန္ဒံုး၊ ေန႔စဥ္ေသာက္ေဆးကဒ္၊ ထိုးေဆး၊ လက္ေမာင္းတြင္းထည္႔ပစၥည္းနဲ႕ သားအိမ္တြင္းထည္႕ပစၥည္းေတြပါ။

အဲဒီ (၅)နည္းထဲမွာ ကြန္ဒံုးက အတူေနၿပီဆုိမွ အသံုးျပဳရင္ရပါတယ္။ မွားတတ္တာေလးေတြ ေျပာရရင္ ကြန္ဒံုးက အတူစေနကတည္းက သံုးရမယ္။ ျပီးခါနီးမွ စြပ္လို႕မရဘူး။ ဒီနည္းက ကုိယ္၀န္တင္မကဘဲ ေရာဂါေတြ မကူးစက္ေအာင္ပါ ကာကြယ္ေပးတယ္။ သို႕ေသာ္ အမ်ိဳးသားသံုးကြန္ဒံုးေတြသာ ၀ယ္ရလြယ္တာမို႕ အမ်ိဳးသားရဲ႕ ပူးေပါင္းပါ၀င္မႈ အေရးၾကီးတယ္။ သူသံုးခ်င္ဖုိ႕ သံုးတတ္ဖုိ႕ လိုတယ္ေပါ့။ ေနာက္တစ္နည္း၊ သားအိမ္ထဲပစၥည္းထည္႕တာကလည္း ေဟာ္မုန္းမပါဘူး။ ဒီေတာ့ ထည္႕လိုက္တာနဲ႕ ခ်က္ခ်င္းအာနိသင္ျပတယ္။ ဘယ္ေလာက္ေတာင္လဲဆုိ အေရးေပၚကိုယ္၀န္တားတဲ့အေနနဲ႕ေတာင္ လိင္ဆက္ဆံမိျပီး ၅ ရက္အတြင္း ထည္႕လို႕ရေသးတယ္။ ဒီနည္းက အိမ္ေထာင္ခုုမွက်စ အမ်ိဳးသမီးေတြေတာ့ သိပ္သံုးေလ့မရွိဘူး။ အရင္ကေတာ့ ကေလးမေမြးဖူးေသးရင္ ထည္႕ရခက္တာမို႕ မထည္႕ေပးၾကေပမယ့္ ေနာက္ပုိင္းမွာ အင္မတန္ေသးငယ္တဲ့ ပစၥည္းေတြ ေပၚလာတာမို႕ ထည္႕မယ္ဆုိလည္း ထည္႕လုိ႕ရပါတယ္။

က်န္တဲ့ (၃)နည္းကေတာ့ ဘယ္ႏွရက္ၾကိဳသံုးရမလဲဆုိတာဟာ မိန္းကေလးရဲ႕ ရာသီလာတဲ့ရက္ေပၚ မူတည္ပါတယ္။

ေန႔စဥ္ေသာက္ေဆးကဒ္က ရာသီစေပၚၿပီး (၅)ရက္အတြင္း (ရာသီျပီးတဲ့ရက္ မဟုတ္ပါ၊ စေပၚတဲ့ရက္ပါ) ေသာက္ရင္ ခ်က္ခ်င္းအာနိသင္ျပပါတယ္။ ထုိးေဆးနဲ႔ လက္ေမာင္းတြင္းထည္႔ပစၥည္းက ရာသီစေပၚၿပီး (၇)ရက္အတြင္း သံုးရင္ ခ်က္ခ်င္းအာနိသင္ျပပါတယ္။ ဒါေၾကာင့္ အဲဒီရက္ေတြအတြင္းမွာ စသံုးမယ္ဆုိရင္ ဘယ္ႏွရက္မွ ၾကိဳလုပ္စရာ မလိုပါဘူး။ နက္ျဖန္မဂၤလာေဆာင္ဆိုရင္ ဒီေန႔ေဆးကဒ္စေသာက္လုိ႔ ရပါတယ္။ ထုိးေဆးထုိးလို႔ ရပါတယ္။

အကယ္၍မ်ား ရာသီစေပၚၿပီး (၅) ရက္ေနာက္ပိုင္းမွ ေဆးကဒ္ကုိ စေသာက္မယ္၊ (၇) ရက္ေနာက္ပိုင္းမွ ထုိးေဆးထိုးမယ္ ဒါမွမဟုတ္ လက္ေမာင္းထဲပစၥည္းထည့္မယ္ဆုိရင္ေတာ့ အာနိသင္ ခ်က္ခ်င္းမၿပေတာ့ဘူး။ (၇) ရက္ေစာင့္ရမယ္။ ဒီေတာ့ အမ်ိဳးသားနဲ႔ (၇)ရက္ေရွာင္၊ ေရွာင္ဖုိ႔အဆင္မေၿပရင္ ကြန္ဒံုးသံုးဖုိ႔ လိုလာပါၿပီ။ အိမ္ေထာင္သက္ၾကာေနသူေတြကို အမ်ိဳးသားနဲ႔ (၇)ရက္ေရွာင္ပါ လုိ႔ေၿပာလိုက္ရတာ လြယ္ေပမဲ့ ခုမွလက္ထပ္မယ့္ ေမာင္ႏွံေတြအေနနဲ႔က် အဆင္မေၿပႏုိင္ပါဘူး။ ကြန္ဒံုးသံုးရင္ေတာ့ ရႏုိင္ေပမယ့္ အမ်ိဳးသားကမ်ား အမွတ္တရ မဂၤလာဦးညမွာ ဒါမ်ိဳးေတြ မသံုးခ်င္ဘူးဆုိ အခက္ေတြ႕ႏုိင္ပါတယ္။

ဒါေၾကာင့္ အဲဒီလိုအေနအထားမ်ိဳးမွာ ရွိေနမယ္ဆုိရင္ေတာ့ လက္မထပ္ခင္ (၇) ရက္ၾကိဳတင္ၿပီး သားဆက္ျခားနည္းတစ္ခုခုကို ၾကိဳတင္အသံုးၿပဳထားဖုိ႔ လိုပါလိမ့္မယ္။ ဒါမွ မဂၤလာဦးညအတြက္ အကာအကြယ္ရၿပီးသား ျဖစ္ေနမွာပါ။

ပိုနားလည္သြားေအာင္ ဥပမာေပးပါ့မယ္။

ကုိယ္ ရာသီစေပၚတဲ့ရက္ (ထပ္ေျပာပါရေစ၊ ၿပီးတဲ့ရက္ မဟုတ္ပါ၊ စေပၚတဲ့ရက္ပါ) က ဒီဇင္ဘာ (၄)ရက္ေန႔။ လက္ထပ္မယ့္ေန႔က ဒီဇင္ဘာ (၉)ရက္ေန႔ ဆုိပါစို႔။ ဒါဆုိ ဒီေန႔ ဒီဇင္ဘာ (၇)ရက္ေန႔ေလာက္မွာ ေဆးကဒ္စေသာက္လိုက္ပါ။ ရာသီစေပၚၿပီး (၅)ရက္အတြင္းမွာ စေသာက္တာ ၿဖစ္တဲ့အတြက္ ခ်က္ခ်င္းအာနိသင္ၿပပါတယ္။ (၇)ရက္ေရွာင္စရာ မလိုသလို ကြန္ဒံုးလည္း သံုးစရာ မလုိပါဘူး။

ကုိယ္ ရာသီစေပၚတဲ့ရက္က ဒီဇင္ဘာ (၄)ရက္ေန႔။ လက္ထပ္မယ့္ေန႔က ဒီဇင္ဘာ (၁၇)ရက္ေန႔။ အဲဒါဆုိ (၁၆)ရက္ေန႔က်မွ ေဆးကဒ္စေသာက္ခဲ့မယ္ဆုိရင္ ရာသီစေပၚတဲ့ရက္ကတြက္ရင္ (၅)ရက္ေက်ာ္ေနၿပီ ျဖစ္တဲ့အတြက္ ခ်က္ခ်င္းအာနိသင္မၿပေတာ့ဘူး။ (၇)ရက္ေရွာင္ရလိမ့္မယ္၊ အနည္းဆံုးေတာ့ ကြန္ဒံုးသံုးရေတာ့မယ္။ ဒါေၾကာင့္ ဒီလုိအေနအထားမွာဆုိ လက္မထပ္ခင္တစ္ပတ္အလို ဒီဇင္ဘာ (၁၀)ရက္ေန႔ကတည္းက ေဆးစေသာက္ထားမွ အဆင္ေၿပပါလိမ့္မယ္။

ဒီေလာက္ဆုိ နားလည္ၾကမယ္ ေမွ်ာ္လင့္ပါတယ္။ အႏွစ္ခ်ဳပ္ၿပန္ေၿပာရရင္ ေဟာ္မုန္းပါတဲ့ နည္းေတြကို ဘယ္ႏွရက္ၾကိဳသံုးရမယ္ ဆုိတာက ရာသီလာတဲ့ရက္ေပၚ မူတည္ပါတယ္။ ရာသီစလာၿပီး (၅)ရက္အတြင္း ေဆးစေသာက္မယ္၊ (၇)ရက္အတြင္း ေဆးထုိးမယ္၊ လက္ေမာင္းထဲ ပစၥည္းထည္႔မယ္ဆုိရင္ ခ်က္ခ်င္းအာနိသင္ၿပတဲ့အတြက္ တစ္ရက္ၾကိဳအသံုးၿပဳမယ္ဆုိ ရပါၿပီ။ အဲဒီအခ်ိန္ကာလေနာက္ပုိင္းမွာမွ ကုိယ့္မဂၤလာပြဲက လုပ္မယ္ဆုိရင္ေတာ့ မဂၤလာပြဲမတုိင္မီ တစ္ပတ္အလိုမွာကတည္းက ၾကိဳတင္အသံုးၿပဳထားဖုိ႔ လိုပါလိမ့္မယ္။ ပိုျပီး ျပည္႕စံုေအာင္ ေျပာရရင္ေတာ့ မဂၤလာပြဲကလည္း ေသခ်ာေနျပီဆုိ မဂၤလာပြဲမတုိင္မီ လအနည္းငယ္ ၾကိဳသံုးထားဖို႕ေတာင္ တခ်ိဳ႕ဆရာ၀န္ေတြက အၾကံေပးပါတယ္။ ဘာလုိ႕ဆုိေတာ့ ေဟာ္မုန္းပါတဲ့နည္းေတြသံုးရင္ ေဟာ္မုန္းရဲ႕ ေဘးထြက္ဆုိးက်ိဳးအေနနဲ႕ ေခါင္းမူးတာ၊ ပ်ိဳ႕အန္တာ၊ ေနာက္ ရာသီမမွန္တာေတြ ျဖစ္တတ္တယ္။ အဲဒီေတာ့ မဂၤလာေဆာင္ခါနီးမွ ကပ္သံုးလိုက္ရင္ ဒါေတြၾကံဳရတဲ့အခါ ဟန္းနီးမြန္းထြက္ေတာ့ အေႏွာင့္အယွက္ျဖစ္မယ္။ ေအးေဆးမေပ်ာ္ရဘူးေပါ့။ လအနည္းငယ္ကတည္းက ၾကိဳသံုးထားရင္ေတာ့ အသားက်ေနလိမ့္မွာမို႕ ဒီလိုေဘးထြက္ဆုိးက်ိဳး ခံစားရတာေတြ အထိုက္အလုိက္ နည္းေကာင္းနည္းႏုိင္မွာ ျဖစ္ပါတယ္။

ဒီနည္းလမ္းတစ္ခုခ်င္းစီရဲ႕ အားသာခ်က္၊ အားနည္းခ်က္ေတြကိုေတာ့ ေနာက္တစ္ပတ္ တနလာၤေန႕မွာ တင္မယ့္ေဆာင္းပါးမွာ ဖတ္ရႈႏုိင္ပါတယ္။

ေရးသားသူ Dr. Phio Thiha
Credit – hellosayarwon

Unicode

ချစ်သူ သက်တမ်းမှာ တစ်ယောက်ကိုတစ်ယောက် လေ့လာပြီးလို့ နှစ်ယောက်အတူတူ ဘဝတစ်ခုကို တည်ဆောက်တော့မယ်လို့ ဆုံးဖြတ်လိုက်ပြီဆိုရင် ပြင်ရဆင်ရမှာတွေ အများကြီးဖြစ်လာပါတယ်။

ဘဝနဲ့ပတ်သက်လို့လည်း အစီအစဉ်တွေ ချရတော့မယ်။ အဲဒီထဲမှာ မပါမဖြစ် ပါရမှာတစ်ခုကတော့ မိသားစုစီမံကိန်းဆွဲတာပါပဲ။ တို့နှစ်ယောက် ကလေးဘယ်တော့ယူမယ်၊ ဘယ်နှယောက် ယူမယ်၊ တစ်ယောက်နဲ့တစ်ယောက်ကြား ဘယ်လိုနည်းလမ်းတွေသုံးပြီး တားထားမယ် စသဖြင့် စဉ်းစားကြရပါတယ်။ အဲဒီအခါ သတို့သမီးလောင်းတွေ အမေးများဆုံး မေးခွန်းတစ်ခုကတော့ လက်မထပ်ခင် ဘယ်နှရက်ကြိုတင်ပြီး ကိုယ်ဝန်တားဖို့ လိုသလဲ ဆိုတာပါပဲ။ ဘာလို့ဆိုတော့ ဒီဆေးတွေ အာနိသင်ပြဖို့က တစ်ပတ်စောင့်ရတတ်တယ်လို့ သိထားကြတာကိုး။ တချို့ကတော့လည်း ချက်ချင်းအာနိသင်ပြတယ်လို့ သိထားကြပြန်ပါတယ်။ ဒါကြောင့် ဒီဆောင်းပါးလေးမှာ အဲဒီအကြောင်းလေး အရင်ဆုံးရှင်းပြလိုပါတယ်။

ဒီနေရာမှာ ပွင့်ပွင့်လင်းလင်း ပြောပြချင်တာတစ်ခုက တစ်ချို့စုံတွဲတွေဟာ လက်ထပ်တဲ့နေ့မှပဲ လင်မယားအရာမြောက်တယ် ဆိုပေမယ့် တချို့ကျတော့ ယူတော့မှာပဲလေ ဆိုပြီး အတူနေထားနှင့်တာမျိုး ရှိတယ်။ သိပ်ကိုခေတ်ဆန်လွန်းတဲ့သူတွေကတော့ ရည်းစားဘဝမှာကို ပုံမှန်လို အတူနေကြတာပေါ့။ သူတို့ဆိုရင်လည်း အိမ်ထောင်တော့မရှိပေမယ့် ပုံမှန်ဆက်ဆံမှုရှိနေတာမို့ အိမ်ထောင်သည်လိုပဲ သားဆက်ခြားနည်းတစ်ခုခုတော့ သုံးဖို့လိုပါတယ်။ အရေးပေါ်ကိုယ်ဝန်တားဆေးဟာ တစ်ကြိမ်တစ်ခါ မတော်တဆ ဖြစ်သွားတဲ့အခါမှာသာ သောက်သင့်တာ ဖြစ်ပြီး ဒီဆေးရဲ့ ထိရောက်မှုဟာ ကျန်တဲ့ကိုယ်ဝန်တားနည်းတွေနဲ့ ယှဉ်လိုက်ရင် နည်းတာမို့လို့ အတူနေပြီးတိုင်းသာ သောက်နေမယ်ဆိုရင် တစ်ကြိမ်မဟုတ်တစ်ကြိမ် ကိုယ်ဝန်ရသွားနိုင်ပါတယ်။ ဒါကြောင့် လက်မထပ်ခင် ဘယ်နှရက်ကြိုတင်ပြီး ကိုယ်ဝန်တားရမလဲ ဆိုတာထက် အတူတူမနေခင် ဘယ်နှရက်ကြိုတင်ပြီး ကိုယ်ဝန်တားထားရင် စိတ်ချရမလဲ၊ ဒီနည်းတွေ အာနိသင်ပြဖို့ ဘယ်လောက်စောင့်ရမလဲ ဆိုတာကို ပြောပြချင်တာပါ။

အကြမ်းအားဖြင့် ကလေးတစ်ခါမှ မမွေးဖူးသေးတဲ့ အမျိုးသမီးတစ်ယောက်အနေနဲ့ ပုံမှန်အသုံးပြုလို့ ရတဲ့ သားဆက်ခြားနည်း (၅)နည်းရှိပါတယ်။ ကွန်ဒုံး၊ နေ့စဉ်သောက်ဆေးကဒ်၊ ထိုးဆေး၊ လက်မောင်းတွင်းထည့်ပစ္စည်းနဲ့ သားအိမ်တွင်းထည့်ပစ္စည်းတွေပါ။

အဲဒီ (၅)နည်းထဲမှာ ကွန်ဒုံးက အတူနေပြီဆိုမှ အသုံးပြုရင်ရပါတယ်။ မှားတတ်တာလေးတွေ ပြောရရင် ကွန်ဒုံးက အတူစနေကတည်းက သုံးရမယ်။ ပြီးခါနီးမှ စွပ်လို့မရဘူး။ ဒီနည်းက ကိုယ်ဝန်တင်မကဘဲ ရောဂါတွေ မကူးစက်အောင်ပါ ကာကွယ်ပေးတယ်။ သို့သော် အမျိုးသားသုံးကွန်ဒုံးတွေသာ ဝယ်ရလွယ်တာမို့ အမျိုးသားရဲ့ ပူးပေါင်းပါဝင်မှု အရေးကြီးတယ်။ သူသုံးချင်ဖို့ သုံးတတ်ဖို့ လိုတယ်ပေါ့။ နောက်တစ်နည်း၊ သားအိမ်ထဲပစ္စည်းထည့်တာကလည်း ဟော်မုန်းမပါဘူး။ ဒီတော့ ထည့်လိုက်တာနဲ့ ချက်ချင်းအာနိသင်ပြတယ်။ ဘယ်လောက်တောင်လဲဆို အရေးပေါ်ကိုယ်ဝန်တားတဲ့အနေနဲ့တောင် လိင်ဆက်ဆံမိပြီး ၅ ရက်အတွင်း ထည့်လို့ရသေးတယ်။ ဒီနည်းက အိမ်ထောင်ခုုမှကျစ အမျိုးသမီးတွေတော့ သိပ်သုံးလေ့မရှိဘူး။ အရင်ကတော့ ကလေးမမွေးဖူးသေးရင် ထည့်ရခက်တာမို့ မထည့်ပေးကြပေမယ့် နောက်ပိုင်းမှာ အင်မတန်သေးငယ်တဲ့ ပစ္စည်းတွေ ပေါ်လာတာမို့ ထည့်မယ်ဆိုလည်း ထည့်လို့ရပါတယ်။

ကျန်တဲ့ (၃)နည်းကတော့ ဘယ်နှရက်ကြိုသုံးရမလဲဆိုတာဟာ မိန်းကလေးရဲ့ ရာသီလာတဲ့ရက်ပေါ် မူတည်ပါတယ်။

နေ့စဉ်သောက်ဆေးကဒ်က ရာသီစပေါ်ပြီး (၅)ရက်အတွင်း (ရာသီပြီးတဲ့ရက် မဟုတ်ပါ၊ စပေါ်တဲ့ရက်ပါ) သောက်ရင် ချက်ချင်းအာနိသင်ပြပါတယ်။ ထိုးဆေးနဲ့ လက်မောင်းတွင်းထည့်ပစ္စည်းက ရာသီစပေါ်ပြီး (၇)ရက်အတွင်း သုံးရင် ချက်ချင်းအာနိသင်ပြပါတယ်။ ဒါကြောင့် အဲဒီရက်တွေအတွင်းမှာ စသုံးမယ်ဆိုရင် ဘယ်နှရက်မှ ကြိုလုပ်စရာ မလိုပါဘူး။ နက်ဖြန်မင်္ဂလာဆောင်ဆိုရင် ဒီနေ့ဆေးကဒ်စသောက်လို့ ရပါတယ်။ ထိုးဆေးထိုးလို့ ရပါတယ်။

အကယ်၍များ ရာသီစပေါ်ပြီး (၅) ရက်နောက်ပိုင်းမှ ဆေးကဒ်ကို စသောက်မယ်၊ (၇) ရက်နောက်ပိုင်းမှ ထိုးဆေးထိုးမယ် ဒါမှမဟုတ် လက်မောင်းထဲပစ္စည်းထည့်မယ်ဆိုရင်တော့ အာနိသင် ချက်ချင်းမပြတော့ဘူး။ (၇) ရက်စောင့်ရမယ်။ ဒီတော့ အမျိုးသားနဲ့ (၇)ရက်ရှောင်၊ ရှောင်ဖို့အဆင်မပြေရင် ကွန်ဒုံးသုံးဖို့ လိုလာပါပြီ။ အိမ်ထောင်သက်ကြာနေသူတွေကို အမျိုးသားနဲ့ (၇)ရက်ရှောင်ပါ လို့ပြောလိုက်ရတာ လွယ်ပေမဲ့ ခုမှလက်ထပ်မယ့် မောင်နှံတွေအနေနဲ့ကျ အဆင်မပြေနိုင်ပါဘူး။ ကွန်ဒုံးသုံးရင်တော့ ရနိုင်ပေမယ့် အမျိုးသားကများ အမှတ်တရ မင်္ဂလာဦးညမှာ ဒါမျိုးတွေ မသုံးချင်ဘူးဆို အခက်တွေ့နိုင်ပါတယ်။

ဒါကြောင့် အဲဒီလိုအနေအထားမျိုးမှာ ရှိနေမယ်ဆိုရင်တော့ လက်မထပ်ခင် (၇) ရက်ကြိုတင်ပြီး သားဆက်ခြားနည်းတစ်ခုခုကို ကြိုတင်အသုံးပြုထားဖို့ လိုပါလိမ့်မယ်။ ဒါမှ မင်္ဂလာဦးညအတွက် အကာအကွယ်ရပြီးသား ဖြစ်နေမှာပါ။

ပိုနားလည်သွားအောင် ဥပမာပေးပါ့မယ်။

ကိုယ် ရာသီစပေါ်တဲ့ရက် (ထပ်ပြောပါရစေ၊ ပြီးတဲ့ရက် မဟုတ်ပါ၊ စပေါ်တဲ့ရက်ပါ) က ဒီဇင်ဘာ (၄)ရက်နေ့။ လက်ထပ်မယ့်နေ့က ဒီဇင်ဘာ (၉)ရက်နေ့ ဆိုပါစို့။ ဒါဆို ဒီနေ့ ဒီဇင်ဘာ (၇)ရက်နေ့လောက်မှာ ဆေးကဒ်စသောက်လိုက်ပါ။ ရာသီစပေါ်ပြီး (၅)ရက်အတွင်းမှာ စသောက်တာ ဖြစ်တဲ့အတွက် ချက်ချင်းအာနိသင်ပြပါတယ်။ (၇)ရက်ရှောင်စရာ မလိုသလို ကွန်ဒုံးလည်း သုံးစရာ မလိုပါဘူး။

ကိုယ် ရာသီစပေါ်တဲ့ရက်က ဒီဇင်ဘာ (၄)ရက်နေ့။ လက်ထပ်မယ့်နေ့က ဒီဇင်ဘာ (၁၇)ရက်နေ့။ အဲဒါဆို (၁၆)ရက်နေ့ကျမှ ဆေးကဒ်စသောက်ခဲ့မယ်ဆိုရင် ရာသီစပေါ်တဲ့ရက်ကတွက်ရင် (၅)ရက်ကျော်နေပြီ ဖြစ်တဲ့အတွက် ချက်ချင်းအာနိသင်မပြတော့ဘူး။ (၇)ရက်ရှောင်ရလိမ့်မယ်၊ အနည်းဆုံးတော့ ကွန်ဒုံးသုံးရတော့မယ်။ ဒါကြောင့် ဒီလိုအနေအထားမှာဆို လက်မထပ်ခင်တစ်ပတ်အလို ဒီဇင်ဘာ (၁၀)ရက်နေ့ကတည်းက ဆေးစသောက်ထားမှ အဆင်ပြေပါလိမ့်မယ်။

ဒီလောက်ဆို နားလည်ကြမယ် မျှော်လင့်ပါတယ်။ အနှစ်ချုပ်ပြန်ပြောရရင် ဟော်မုန်းပါတဲ့ နည်းတွေကို ဘယ်နှရက်ကြိုသုံးရမယ် ဆိုတာက ရာသီလာတဲ့ရက်ပေါ် မူတည်ပါတယ်။ ရာသီစလာပြီး (၅)ရက်အတွင်း ဆေးစသောက်မယ်၊ (၇)ရက်အတွင်း ဆေးထိုးမယ်၊ လက်မောင်းထဲ ပစ္စည်းထည့်မယ်ဆိုရင် ချက်ချင်းအာနိသင်ပြတဲ့အတွက် တစ်ရက်ကြိုအသုံးပြုမယ်ဆို ရပါပြီ။ အဲဒီအချိန်ကာလနောက်ပိုင်းမှာမှ ကိုယ့်မင်္ဂလာပွဲက လုပ်မယ်ဆိုရင်တော့ မင်္ဂလာပွဲမတိုင်မီ တစ်ပတ်အလိုမှာကတည်းက ကြိုတင်အသုံးပြုထားဖို့ လိုပါလိမ့်မယ်။ ပိုပြီး ပြည့်စုံအောင် ပြောရရင်တော့ မင်္ဂလာပွဲကလည်း သေချာနေပြီဆို မင်္ဂလာပွဲမတိုင်မီ လအနည်းငယ် ကြိုသုံးထားဖို့တောင် တချို့ဆရာဝန်တွေက အကြံပေးပါတယ်။ ဘာလို့ဆိုတော့ ဟော်မုန်းပါတဲ့နည်းတွေသုံးရင် ဟော်မုန်းရဲ့ ဘေးထွက်ဆိုးကျိုးအနေနဲ့ ခေါင်းမူးတာ၊ ပျို့အန်တာ၊ နောက် ရာသီမမှန်တာတွေ ဖြစ်တတ်တယ်။ အဲဒီတော့ မင်္ဂလာဆောင်ခါနီးမှ ကပ်သုံးလိုက်ရင် ဒါတွေကြုံရတဲ့အခါ ဟန်းနီးမွန်းထွက်တော့ အနှောင့်အယှက်ဖြစ်မယ်။ အေးဆေးမပျော်ရဘူးပေါ့။ လအနည်းငယ်ကတည်းက ကြိုသုံးထားရင်တော့ အသားကျနေလိမ့်မှာမို့ ဒီလိုဘေးထွက်ဆိုးကျိုး ခံစားရတာတွေ အထိုက်အလိုက် နည်းကောင်းနည်းနိုင်မှာ ဖြစ်ပါတယ်။

ဒီနည်းလမ်းတစ်ခုချင်းစီရဲ့ အားသာချက်၊ အားနည်းချက်တွေကိုတော့ နောက်တစ်ပတ် တနလာင်္နေ့မှာ တင်မယ့်ဆောင်းပါးမှာ ဖတ်ရှုနိုင်ပါတယ်။

ရေးသားသူ Dr. Phio Thiha
Credit – hellosayarwon


Leave a Reply

Your email address will not be published. Required fields are marked *