ေနအိမ္ၿခံတံခါးကို ကားျဖင့္တိုက္၍ ၎၏ကားအား ဖ်က္ဆီးသူမွာ မိတ္ေဆြျဖစ္ေၾကာင္း ေမသန္းႏုေျပာ

ႏိုဝင္ဘာ ၃၀ ရက္ ည ၁၁ နာရီခြဲခန္႔က ၎၏ ေနအိမ္ ၿခံဝင္းတံခါးကုိ ကားျဖင့္တိုက္ဖြင့္ ကာ ၿခံဝင္းအတြင္း ရပ္ထားသည့္ ကားအား ဖ်က္ဆီးခဲ့သည့္ အမ်ိဳး သားသည္ ၎၏ မိတ္ေဆြ၊ အ ေပါင္းအသင္းမ်ားထဲမွ  တစ္ဦး ျဖစ္ေၾကာင္း သ႐ုပ္ေဆာင္ ေမ သန္းႏုက ေျပာသည္။

‘‘ဘာမွေတာ့ မျဖစ္ပါဘူး။ ဒါကေတာ့ ကိုယ့္ရဲ႕မိတ္ေဆြ၊ အ ေပါင္းအသင္းေတြထဲကပါပဲ။ အမႈကေတာ့ အဲဒီေန႔ကဖြင့္ထား တယ္။ မၿပီးေသးဘူး။ ဒီအတုိင္း ပါပဲ။ ဘာမွလည္း မျဖစ္ပါဘူး။ ဘာမွ မခံစားရပါဘူး။ ဒီအတုိင္း ပါပဲ’’ဟု ၎က ေျပာသည္။



ၿခံတံခါးကို ကားျဖင့္တိုက္ ဖြင့္ကာ ဝင္ေရာက္လာသည့္ အ မ်ိဳးသားသည္ သ႐ုပ္ေဆာင္ ေမ သန္းႏု စီးနင္းသည့္ Alphard ခဲေရာင္ယာဥ္ကုိ အုတ္ခဲျဖင့္ထု ျခင္း၊ ကားမွန္ကုိ  ႐ိုက္ခြဲဖ်က္ဆီး ျခင္းမ်ား  ျပဳလုပ္ခဲ့သျဖင့္  က်ပ္ သိန္း ၅၀ ဖိုးခန္႔ ပ်က္စီးဆံုး႐ႈံးခဲ့ရ ေၾကာင္း ရဲမွတ္တမ္းတြင္ ေဖာ္ျပ ထားသည္။

သ႐ုပ္ေဆာင္ ေမသန္းႏု သည္ ဒီဇင္ဘာ ၈ ရက္တြင္ ႐ံုတင္ ျပသေတာ့မည့္ ပါေမာကၡ ေဒါက္ တာခင္ေမာင္ဝင္း (အသည္း)၏ ျဖစ္ရပ္မွန္ဘဝ ဇာတ္လမ္း ‘ထာဝရအေမ’ ႐ုပ္ရွင္ဇာတ္ကားတြင္ ေဒါက္တာခင္ေမာင္ဝင္း၏ မိခင္ ေနရာက ပါဝင္သ႐ုပ္ေဆာင္ထား ၿပီး ယင္းဇာတ္ကားအထူးပြဲကို ဒီဇင္ဘာ ၆ ရက္က ျပသခဲ့သည္။

‘‘ဒီကားက သားက ႐ိုက္ေစ ခ်င္တဲ့ကားပါ။ မ႐ိုက္ခ်င္ဘူးလုိ႔ ေျပာေတာ့ ဆရာႀကီးခင္ေမာင္ ဝင္းဆီက ဖုန္းလာတယ္။ သူ႔ ဝတၳဳကလည္း အရမ္းေကာင္းေန တဲ့အခါက်ေတာ့ ျငင္းစရာအ ေၾကာင္း လံုးဝမရွိဘူး။ ၿပီးေတာ့ သားသားေလးရဲ႕ ဆႏၵလည္းပါေန တဲ့အခါက်ေတာ့ ႐ိုက္ျဖစ္သြား တာပါ’’ဟု သ႐ုပ္ေဆာင္ ေမသန္း ႏုက ေျပာသည္။

အေမ ဇာတ္႐ုပ္မ်ားစြာ သ႐ုပ္ေဆာင္ဖူးေသာ္လည္း ယခုဇာတ္ ကားထဲမွ ဇာတ္႐ုပ္သည္ အမွတ္ တရအရွိဆံုးျဖစ္ၿပီး ႀကိဳးစားရက်ိဳးနပ္ေၾကာင္း ဆုိသည္။

‘‘မဆင့္ အရင္ကေတာ့ ေအာင္ျမင္ခဲ့တာေတြ အမ်ားႀကီး ပဲ။ ဒါေပမဲ့ ဒီၾကားမွာလည္း မဆင့္တုိ႔ ဟသြားတာေတြ အမ်ားႀကီး ပဲ။ အေမအခန္းကို ေရာက္တဲ့အ ခါမွာ အေမဇာတ္ဆိုတာ သတ္ သတ္မွတ္မွတ္ရွိမလာဘူး။ မ်ား ေသာအားျဖင့္ ဇာတ္ေကာင္ေတြ က မင္းသား၊ မင္းသမီးအေပၚ မူတည္ၿပီးပဲ သြားတာေလ။ အေမ ဆုိတာ က႑တစ္ခုအေနနဲ႔ နည္း နည္းေလးပဲပါတာေလ။ ဒီအ တြက္ ၁၅ ႏွစ္ေနာက္ပိုင္းမွာ ဒီ ကားေလးက ကိုုယ့္အတြက္ျဖစ္ လာမယ့္ ဇာတ္ကားတစ္ကားျဖစ္ တဲ့အတြက္ ကိုယ့္အတြက္လည္း ထူးျခားမယ္၊  ဇာတ္ကားအေနနဲ႔ လည္း ထူးျခားလိမ့္မယ္လို႔ထင္ တယ္။ သ႐ုပ္ေဆာင္ရတာလည္း အရမ္းေက်နပ္ပါတယ္’’ဟု ေမ သန္းႏုက ေျပာသည္။

Credit: 7DayDaily

#Unicode Version#

နိုဝင်ဘာ ၃၀ ရက် ည ၁၁ နာရီခွဲခန့်က ၎င်း၏ နေအိမ် ခြံဝင်းတံခါးကို ကားဖြင့်တိုက်ဖွင့် ကာ ခြံဝင်းအတွင်း ရပ်ထားသည့် ကားအား ဖျက်ဆီးခဲ့သည့် အမျိုး သားသည် ၎င်း၏ မိတ်ဆွေ၊ အ ပေါင်းအသင်းများထဲမှ  တစ်ဦး ဖြစ်ကြောင်း သရုပ်ဆောင် မေ သန်းနုက ပြောသည်။

‘‘ဘာမှတော့ မဖြစ်ပါဘူး။ ဒါကတော့ ကိုယ့်ရဲ့မိတ်ဆွေ၊ အ ပေါင်းအသင်းတွေထဲကပါပဲ။ အမှုကတော့ အဲဒီနေ့ကဖွင့်ထား တယ်။ မပြီးသေးဘူး။ ဒီအတိုင်း ပါပဲ။ ဘာမှလည်း မဖြစ်ပါဘူး။ ဘာမှ မခံစားရပါဘူး။ ဒီအတိုင်း ပါပဲ’’ဟု ၎င်းက ပြောသည်။

ခြံတံခါးကို ကားဖြင့်တိုက် ဖွင့်ကာ ဝင်ရောက်လာသည့် အ မျိုးသားသည် သရုပ်ဆောင် မေ သန်းနု စီးနင်းသည့် Alphard ခဲရောင်ယာဉ်ကို အုတ်ခဲဖြင့်ထု ခြင်း၊ ကားမှန်ကို  ရိုက်ခွဲဖျက်ဆီး ခြင်းများ  ပြုလုပ်ခဲ့သဖြင့်  ကျပ် သိန်း ၅၀ ဖိုးခန့် ပျက်စီးဆုံးရှုံးခဲ့ရ ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြ ထားသည်။

သရုပ်ဆောင် မေသန်းနု သည် ဒီဇင်ဘာ ၈ ရက်တွင် ရုံတင် ပြသတော့မည့် ပါမောက္ခ ဒေါက် တာခင်မောင်ဝင်း (အသည်း)၏ ဖြစ်ရပ်မှန်ဘဝ ဇာတ်လမ်း ‘ထာဝရအမေ’ ရုပ်ရှင်ဇာတ်ကားတွင် ဒေါက်တာခင်မောင်ဝင်း၏ မိခင် နေရာက ပါဝင်သရုပ်ဆောင်ထား ပြီး ယင်းဇာတ်ကားအထူးပွဲကို ဒီဇင်ဘာ ၆ ရက်က ပြသခဲ့သည်။

‘‘ဒီကားက သားက ရိုက်စေ ချင်တဲ့ကားပါ။ မရိုက်ချင်ဘူးလို့ ပြောတော့ ဆရာကြီးခင်မောင် ဝင်းဆီက ဖုန်းလာတယ်။ သူ့ ဝတ္ထုကလည်း အရမ်းကောင်းနေ တဲ့အခါကျတော့ ငြင်းစရာအ ကြောင်း လုံးဝမရှိဘူး။ ပြီးတော့ သားသားလေးရဲ့ ဆန္ဒလည်းပါနေ တဲ့အခါကျတော့ ရိုက်ဖြစ်သွား တာပါ’’ဟု သရုပ်ဆောင် မေသန်း နုက ပြောသည်။

အမေ ဇာတ်ရုပ်များစွာ သရုပ်ဆောင်ဖူးသော်လည်း ယခုဇာတ် ကားထဲမှ ဇာတ်ရုပ်သည် အမှတ် တရအရှိဆုံးဖြစ်ပြီး ကြိုးစားရကျိုးနပ်ကြောင်း ဆိုသည်။

‘‘မဆင့် အရင်ကတော့ အောင်မြင်ခဲ့တာတွေ အများကြီး ပဲ။ ဒါပေမဲ့ ဒီကြားမှာလည်း မဆင့်တို့ ဟသွားတာတွေ အများကြီး ပဲ။ အမေအခန်းကို ရောက်တဲ့အ ခါမှာ အမေဇာတ်ဆိုတာ သတ် သတ်မှတ်မှတ်ရှိမလာဘူး။ များ သောအားဖြင့် ဇာတ်ကောင်တွေ က မင်းသား၊ မင်းသမီးအပေါ် မူတည်ပြီးပဲ သွားတာလေ။ အမေ ဆိုတာ ကဏ္ဍတစ်ခုအနေနဲ့ နည်း နည်းလေးပဲပါတာလေ။ ဒီအ တွက် ၁၅ နှစ်နောက်ပိုင်းမှာ ဒီ ကားလေးက ကိုုယ့်အတွက်ဖြစ် လာမယ့် ဇာတ်ကားတစ်ကားဖြစ် တဲ့အတွက် ကိုယ့်အတွက်လည်း ထူးခြားမယ်၊  ဇာတ်ကားအနေနဲ့ လည်း ထူးခြားလိမ့်မယ်လို့ထင် တယ်။ သရုပ်ဆောင်ရတာလည်း အရမ်းကျေနပ်ပါတယ်’’ဟု မေ သန်းနုက ပြောသည်။

Credit: 7DayDaily


Leave a Reply

Your email address will not be published. Required fields are marked *