လိႈင္သာယာႏွင့္ ေရႊျပည္သာၿမဳိ႕နယ္တုိ႔မွ ခုိးဆုိးလုယက္သူမ်ားႏွင့္ ျပည့္တန္ဆာ တုိ႔အား ဖမ္းဆီးအေရးယူ

ရန္ကုန္တုိင္းေဒသႀကီးအတြင္းရွိ ခုိးဆုိးလုယက္သူမ်ားႏွင့္ ျပည့္တန္ဆာ တုိ႔အား ဖမ္းဆီးအေရးယူခဲ့ေၾကာင္း ရန္ကုန္တုိင္းေဒသႀကီး ရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ထားသည္။

ရန္ကုန္တိုင္းေဒသႀကီး ရဲတပ္ဖြဲ႕မွ တပ္ဖြဲ႕၀င္မ်ားသည္ လိႈင္သာယာ ၿမိဳ႕နယ္ႏွင့္ ေရႊျပည္သာၿမိဳ႕နယ္မ်ား အတြင္း ဒုစရိုက္မႈ က်ဴးလြန္တတ္ သူမ်ားကို ရန္ကုန္တိုင္းေဒႀကီးရဲတပ္ဖြဲ႔က အရွိန္အဟုန္ျမွင့္ ပိတ္ဆို႔ရွာေဖြ ဖမ္းဆီးျခင္းမ်ား ေဆာင္ရြက္ခ့ဲရာ



လိႈင္သာယာၿမိဳ႕နယ္ ၆ ရပ္ကြက္ အတြင္းႏွင့္ ဆက္စပ္ေသာေနရာမ်ား၊ ေသာင္ႀကီး နယ္ေျမတို႔မွ ခိုးမႈ၊ လုယက္မႈ ႏွင့္ ဆိုးသြမ္းရမ္းကား သူမ်ားျဖစ္သည့္ လိႈင္သာယာၿမိဳ႕ နယ္၊ အမွတ္(၁၅) ရပ္ကြက္ ေန ႏိုင္လင္းညြန္႔(၂၂)ႏွစ္၊ လွမ်ိဳး(၃၅)ႏွစ္၊ အမွတ္(၂)ရပ္ကြက္ေန ေအာင္ေက်ာ္ေက်ာ္(၂၀)ႏွစ္၊ ကစင္(၂၃)၊ ခေရ(၇)လမ္းေန သန္ေဇာ္၀င္း (ခ)ကုလား(၂၉)ႏွစ္၊ ကစင္(၂၃)၊ ခေရ(၆)လမ္းေန ေအာင္ဇင္သန္႔(ခ) ေအာင္ေအာင္၊ ေညာင္ေက်းရြာေန ညြန္႔ေ၀(၄၆)ႏွစ္၊အမွတ္(၇)ရပ္ကြက္ေန အာကာလြင္(၂၃)ႏွစ္၊ ဆိပ္ကမ္း သာလမ္း၊ ဇုန္(၄) ေန ေက်ာ္ရဲေအာင္(ခ) ေက်ာ္ႀကီး၊ အမွတ္(၁၆)ရပ္ ကြက္ေန ဘိုဘိုဇင္(၂၅)ႏွစ္တို႔အား ရဲအက္ဥပေဒျဖင့္ လည္းေကာင္း အေရးယူ ေဆာင္ရြက္ခ့ဲေၾကာင္း သိရသည္။

ဆက္လက္၍ အမ်ားျပည္သူ သြားလာရာလမ္းေပၚတြင္ ျပည့္တန္ဆာကိစၥ ေဆာင္ရြက္ေနသူမ်ားျဖစ္သည့္ အမွတ္ (၁)ရပ္ကြက္ေန မေဌးေဌး (၃၂)ႏွစ္၊ အမွတ္(၅)ရပ္ကြက္ေန မေအးမာ(၃၅)ႏွစ္၊ အမွတ္(၆)ရပ္ကြက္ ေန မေအးခိုင္၀င္း (၂၈)ႏွစ္တို႔အား ျပည့္တန္ဆာ အက္ဥပေဒပုဒ္မ ၃(ခ)ျဖင့္ လည္းေကာင္း ၊ အမွတ္(တ/၁၅)ရပ္ကြက္ေန ၀င္းေဇာ္ထြန္း(ခ) ဘိန္းစား(၃၉)ႏွစ္အား တရားခံေျပးျဖင့္လည္းေကာင္း၊ ကုလားႀကီးေက်း ရြာ စံပယ္(၁)လမ္းေန စိန္ထြန္း(ခ)အထြန္း (၄၀)ႏွစ္အား ရာဇသတ္ႀကီး ပုဒ္မ ၃၇၉/က်င့္၅၄ျဖင့္လည္းေကာင္း၊ အင္းစိန္ၿမိဳ႕နယ္၊ ရြာမအေနာက္ရပ္ ကြက္ေန ၀င္းေဇာ္(၂၉)ႏွစ္ႏွင့္ ေက်ာ္မင္းေအာင္(ခ)ၿငိမ္းခ်မ္း(၁၈)ႏွစ္အား မူးယစ္ေဆး၀ါး ႏွင့္ စိတ္ကိုေျပာင္းလဲေစေသာ ေဆး၀ါးမ်ားဆိုင္ ရာဥပေဒပုဒ္မ ၁၅/၁၆(ဂ)/၂၁ ျဖင့္လည္းေကာင္း၊

အတြင္းပဒံ ေက်းရြာေနရဲျမင့္ႏိုင္(၂၉)ႏွစ္ႏွင့္အမွတ္(၁၈)ရပ္ကြက္ေန စန္း၀င္း(၃၉)ႏွစ္တို႔အား ယစ္မ်ိဳးဥပေဒျဖင့္လည္း ေကာင္း၊ အမွတ္(၁၁)ရပ္ကြက္ေန ေလးႏိုင္(ခ) ျမင့္ေဆြ (၅၄)ႏွစ္အား ၁၉၆၁ခုႏွစ္ ျပစ္မႈက်ဴးလြန္တတ္သူမ်ား ေျခခ်ဳပ္ႏွင့္ ခံ၀န္အက္ဥပေဒျဖင့္ လည္းေကာင္း၊ အမွတ္(၁၈)ရပ္ကြက္ေန ေဇာ္လင္းထြန္း (၃၃)ႏွစ္အား တရားခံ ေျပးျဖင့္ လည္းေကာင္း၊ အတြင္းပဒံ ေက်းရြာေန ရန္ေနာင္စိုး(၃၅)ႏွစ္အား စစ္ေျပးျဖင့္ လည္းေကာင္း အေရးယူ ေဆာင္ရြက္ခ့ဲေၾကာင္း သိရသည္။

အလားတူ ေရႊျပည္သာၿမိဳ႕နယ္အတြင္း၌လည္း အမွတ္(၁၈)ရပ္ကြက္ေန ေ၀လင္းထက္ (ခ)အသစ္(၂၂)ႏွစ္ႏွင့္ အမွတ္(၈)ရပ္ကြက္ေန ေက်ာ္ခိုင္(၃၆)ႏွစ္တို႔အား ၁၉၆၁ခုႏွစ္ ျပစ္မႈက်ဴးလြန္တတ္သူမ်ား ေျခခ်ဳပ္ႏွင့္ ခံ၀န္ အက္ဥပေဒျဖင့္ လည္းေကာင္း၊ အမွတ္(၈)ရပ္ကြက္ေန ညီညီထြန္း (၃၈)ႏွစ္ႏွင့္ ဇီးကုန္းေက်းရြာေန မ်ိဳးလိႈင္ဦး (၂၇)ႏွစ္တို႔အား ရဲအက္ဥပေဒျဖင့္ လည္ေကာင္း၊ အမွတ္(၉) ရပ္ကြက္ေန ေအာင္ဗိုလ္၀င္း(၃၄)ႏွစ္အား တရားခံ ေျပးျဖင့္ လည္းေကာင္း အေရးယူ ေဆာင္ရြက္ခ့ဲေၾကာင္း သိရသည္။

ရန္ကုန္တိုင္းေဒသႀကီး ရဲတပ္ဖြဲ႕အေနျဖင့္ လိႈင္သာယာၿမိဳ႕နယ္ႏွင့္ ေရႊျပည္သာၿမိဳ႕နယ္မ်ားတြင္ ရဲတပ္ဖြဲ႕၀င္ မ်ားက မႈခင္းပညာေပး ေဆာင္ရြက္ျခင္း၊ ခိုးမႈ၊ လုယက္မႈ၊ ခါးပိုက္ႏိႈက္မႈ က်ဴးလြန္သူမ်ားအား ဖမ္းဆီးအေရးယူ ေဆာင္ရြက္ျခင္းႏွင့္ မႈခင္းႀကိဳတင္ ကာကြယ္ေရး လုပ္ငန္းမ်ားကိုလည္း အရွိန္အဟုန္ျမွင့္ ေဆာင္ရြက္လ်က္ရွိ ေၾကာင္း သိရသည္။

The Ladies News

Unicode

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခိုးဆိုးလုယက်သူများနှင့် ပြည့်တန်ဆာ တို့အား ဖမ်းဆီးအရေးယူခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် လှိုင်သာယာ မြို့နယ်နှင့် ရွှေပြည်သာမြို့နယ်များ အတွင်း ဒုစရိုက်မှု ကျူးလွန်တတ် သူများကို ရန်ကုန်တိုင်းဒေကြီးရဲတပ်ဖွဲ့က အရှိန်အဟုန်မြှင့် ပိတ်ဆို့ရှာဖွေ ဖမ်းဆီးခြင်းများ ဆောင်ရွက်ခဲ့ရာ

လှိုင်သာယာမြို့နယ် ၆ ရပ်ကွက် အတွင်းနှင့် ဆက်စပ်သောနေရာများ၊ သောင်ကြီး နယ်မြေတို့မှ ခိုးမှု၊ လုယက်မှု နှင့် ဆိုးသွမ်းရမ်းကား သူများဖြစ်သည့် လှိုင်သာယာမြို့ နယ်၊ အမှတ်(၁၅) ရပ်ကွက် နေ နိုင်လင်းညွန့်(၂၂)နှစ်၊ လှမျိုး(၃၅)နှစ်၊ အမှတ်(၂)ရပ်ကွက်နေ အောင်ကျော်ကျော်(၂၀)နှစ်၊ ကစင်(၂၃)၊ ခရေ(၇)လမ်းနေ သန်ဇော်ဝင်း (ခ)ကုလား(၂၉)နှစ်၊ ကစင်(၂၃)၊ ခရေ(၆)လမ်းနေ အောင်ဇင်သန့်(ခ) အောင်အောင်၊ ညောင်ကျေးရွာနေ ညွန့်ဝေ(၄၆)နှစ်၊အမှတ်(၇)ရပ်ကွက်နေ အာကာလွင်(၂၃)နှစ်၊ ဆိပ်ကမ်း သာလမ်း၊ ဇုန်(၄) နေ ကျော်ရဲအောင်(ခ) ကျော်ကြီး၊ အမှတ်(၁၆)ရပ် ကွက်နေ ဘိုဘိုဇင်(၂၅)နှစ်တို့အား ရဲအက်ဥပဒေဖြင့် လည်းကောင်း အရေးယူ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ အများပြည်သူ သွားလာရာလမ်းပေါ်တွင် ပြည့်တန်ဆာကိစ္စ ဆောင်ရွက်နေသူများဖြစ်သည့် အမှတ် (၁)ရပ်ကွက်နေ မဌေးဌေး (၃၂)နှစ်၊ အမှတ်(၅)ရပ်ကွက်နေ မအေးမာ(၃၅)နှစ်၊ အမှတ်(၆)ရပ်ကွက် နေ မအေးခိုင်ဝင်း (၂၈)နှစ်တို့အား ပြည့်တန်ဆာ အက်ဥပဒေပုဒ်မ ၃(ခ)ဖြင့် လည်းကောင်း ၊ အမှတ်(တ/၁၅)ရပ်ကွက်နေ ဝင်းဇော်ထွန်း(ခ) ဘိန်းစား(၃၉)နှစ်အား တရားခံပြေးဖြင့်လည်းကောင်း၊ ကုလားကြီးကျေး ရွာ စံပယ်(၁)လမ်းနေ စိန်ထွန်း(ခ)အထွန်း (၄၀)နှစ်အား ရာဇသတ်ကြီး ပုဒ်မ ၃၇၉/ကျင့်၅၄ဖြင့်လည်းကောင်း၊ အင်းစိန်မြို့နယ်၊ ရွာမအနောက်ရပ် ကွက်နေ ဝင်းဇော်(၂၉)နှစ်နှင့် ကျော်မင်းအောင်(ခ)ငြိမ်းချမ်း(၁၈)နှစ်အား မူးယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင် ရာဥပဒေပုဒ်မ ၁၅/၁၆(ဂ)/၂၁ ဖြင့်လည်းကောင်း၊

အတွင်းပဒံ ကျေးရွာနေရဲမြင့်နိုင်(၂၉)နှစ်နှင့်အမှတ်(၁၈)ရပ်ကွက်နေ စန်းဝင်း(၃၉)နှစ်တို့အား ယစ်မျိုးဥပဒေဖြင့်လည်း ကောင်း၊ အမှတ်(၁၁)ရပ်ကွက်နေ လေးနိုင်(ခ) မြင့်ဆွေ (၅၄)နှစ်အား ၁၉၆၁ခုနှစ် ပြစ်မှုကျူးလွန်တတ်သူများ ခြေချုပ်နှင့် ခံဝန်အက်ဥပဒေဖြင့် လည်းကောင်း၊ အမှတ်(၁၈)ရပ်ကွက်နေ ဇော်လင်းထွန်း (၃၃)နှစ်အား တရားခံ ပြေးဖြင့် လည်းကောင်း၊ အတွင်းပဒံ ကျေးရွာနေ ရန်နောင်စိုး(၃၅)နှစ်အား စစ်ပြေးဖြင့် လည်းကောင်း အရေးယူ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အလားတူ ရွှေပြည်သာမြို့နယ်အတွင်း၌လည်း အမှတ်(၁၈)ရပ်ကွက်နေ ဝေလင်းထက် (ခ)အသစ်(၂၂)နှစ်နှင့် အမှတ်(၈)ရပ်ကွက်နေ ကျော်ခိုင်(၃၆)နှစ်တို့အား ၁၉၆၁ခုနှစ် ပြစ်မှုကျူးလွန်တတ်သူများ ခြေချုပ်နှင့် ခံဝန် အက်ဥပဒေဖြင့် လည်းကောင်း၊ အမှတ်(၈)ရပ်ကွက်နေ ညီညီထွန်း (၃၈)နှစ်နှင့် ဇီးကုန်းကျေးရွာနေ မျိုးလှိုင်ဦး (၂၇)နှစ်တို့အား ရဲအက်ဥပဒေဖြင့် လည်ကောင်း၊ အမှတ်(၉) ရပ်ကွက်နေ အောင်ဗိုလ်ဝင်း(၃၄)နှစ်အား တရားခံ ပြေးဖြင့် လည်းကောင်း အရေးယူ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့အနေဖြင့် လှိုင်သာယာမြို့နယ်နှင့် ရွှေပြည်သာမြို့နယ်များတွင် ရဲတပ်ဖွဲ့ဝင် များက မှုခင်းပညာပေး ဆောင်ရွက်ခြင်း၊ ခိုးမှု၊ လုယက်မှု၊ ခါးပိုက်နှိုက်မှု ကျူးလွန်သူများအား ဖမ်းဆီးအရေးယူ ဆောင်ရွက်ခြင်းနှင့် မှုခင်းကြိုတင် ကာကွယ်ရေး လုပ်ငန်းများကိုလည်း အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

The Ladies News


Leave a Reply

Your email address will not be published. Required fields are marked *