အလြန္သနားစရာ(၁၀)ႏွစ္သားအရြယ္ကေလးရဲ႕အျဖစ္

ကူညီႏိုင္သူေတြ ကူညီေပးၾကေစခ်င္ပါတယ္ ။

ႀကိဳးေလးနဲ႔ ခ်ည္ထားတာ သနားစရာေလးပါဗ်ာ။



ဌက္ဖ်ားပိုးဦးေႏွာက္ထဲဝင္သြားလို႔ ရူးသလိုလိုျဖစ္ျပီးဟစိတ္ေဝဒနာသည္ေလး ျဖစ္သြားတာတဲ႔။မိခင္ေငြေျကးမတတ္နိုင္၍ ဆင္းရဲမႈေျကာင့္ ေရာဂါေဝဒနာနဲ႔ ႀကိဳးခ်ည္ခံထားရတဲ႔ ကေလးငယ္ေလးရဲ႕ဘဝ ကအလြန္သနားစရာပါ။ရွမ္းေျမာက္ပိုင္း မိုးမိတ္ျမိဳ႕နယ္ မန္အံုေက်းရြာက (၁၀)နွစ္သားအရြယ္ ေဇာ္မိန္းဆိုတဲ႔ ကေလးေလးရဲ႕ပုံေတြျဖစ္ပါတယ္။

ကေလးငယ္ဟာ လြန္ခဲ့တဲ့၂၀၁၂ခုနွစ္က အဖ်ားဝင္ျပီး မိုးမိတ္ျပည္သူ႔ေဆးရံုကိုေဆး တက္ေရာက္ကုသခဲ့တယ္လို႔ ကေလးမိခင္ကေျပာပါတယ္။ ကေလးေရာဂါဟာ ငွက္ဖ်ားပိုး ဦးေနွာက္အာရံုေျကာေရာဂါျဖစ္တဲ့အတြက္မိုးမိတ္ေဆးရံုက ကေလးကို မိုးကုတ္ေဆးရံုကို တက္ေရာက္ကုသဘို႔ေျပာလာတာေျကာင့္ ေငြေျကးမရိွတဲ့ ကေလးမိသားစုမွာ ေဆး ဆက္လက္မကုနိုင္ပဲ ရြာျပန္ျပီး ေဆးမီးတိုနဲ႔ေဆးကုခဲ့ရတယ္လို႔ ဆိုပါတယ္။

၅နွစ္အထိေရာဂါေဝဒနာနဲ႔ အခုလို ထူးခတ္ခံထားရတဲ့ကေလးေလး ဘဝပါ။ မိဘေတြက အလုပ္သြားတဲ့အခါ အဖိုးအဖြားနဲ႔ ကေလးကိုထားခဲ့ရျပီး ကေလးေပ်ာက္သြားမွာ စိုးတဲ့အတြက္ အခုလို ေျခက်င္းအဝတ္စနဲ႔ အိမ္တိုင္မွာသံျကိဳးခ်ည္ျပီး မိဘေတြ အလုပ္ထြက္လုပ္ေနျကတာျဖစ္ပါတယ္။ ဒီလိုမွ မလုပ္ထားရင္ ကေလးဟာ ရြာစဥ္ေလ်ွာက္လည္ျပီး သူမ်ားအိမ္ေတြကို အေနာက္အယွက္ေပးတတ္လို႔ လုပ္ထားရတာဟု သိရပါတယ္။

ေန႔ခင္းဆို ကေလးဟာ ပူအိုက္တတ္တဲ့အတြက္ ဝတ္ေပးတဲ့ အက်ၤ ီေတြ ခၩတ္ပစ္ေလ့ရိွတာေျကာင့္ အခုလို အဝတ္ဗလာနဲ႔ ေဆာ့ကစားေနတာလို႔ဆိုပါတယ္။ကေလးမိဘေတြဟာ ကိုယ္ပိုင္အိမ္မရိွ လယ္မရိွ အဖိုးအဖြားျဖစ္သူအိမ္မွာ မီွခိုကပ္ေနရပါတယ္။ ဧက ဝက္ေလာက္သာရိွတဲ့ ပဲပုတ္ယာခင္းေလးကိုမီွခိုလုပ္ကိုင္ရင္း မိသားစုစားဝတ္ေနေရးကို ေျဖရွင္းေနရတာလို႔ဆိုပါတယ္။ မိသားစုေမာင္နွမ(၃)ဦးအနက္ကေလးဟာအျကီးဆံုးသားဟု ကေလးမိခင္မျမသန္းက ေျပာျပထားပါတယ္။

ကေလးမိသားစုဟာ အရိုးခံလြန္းျကပါတယ္။သူတို႔ဟာ ရွမ္းတိုင္းရင္းသားလူမ်ိဳးစုေတြပါ။ ကေလးေရာဂါကုသနိုင္ဖို႔အေရး ေသာကေရာက္ေနရပါတယ္။ တဖက္ကျကည့္ရင္ လူတန္းစားမညီမ်ွတဲ့ အေျခခံဆင္းရဲႏြမ္းပါးမႈၾကားထဲမွာ အရြယ္မမယ္ လူ႔စြမ္းအားအရင္းအျမစ္ေတြရိွေန ျကပါတယ္။ သူတို႔မွာ ဘဝေတြ အနာဂတ္ေတြ ရိွေနျကတာမို႔ ျပည္သူအားလံုးပါဝင္ကူညီေစခ်င္ပါတယ္။

ဆင္းရဲမႈေျကာင့္ ဘဝေတြ မတိမ္းေမွာက္ေစခ်င္ဘူး။သနားဖြယ္ကလးငယ္ေလးရဲ႕အေရး တတ္ႏိုင္သူေတြအားလံုး ဝိုင္းဝန္း ကူညီေပးၾကေစခ်င္ပါသည္။လွဴ ဒါန္းခ်င္သူေတြ ဆက္သြယ္ႏိုင္တဲ႔ဖုန္းက 09 256239510   – ေဒၚျမျမေထြး  ဥကၠဌ မိုးမိတ္ျမိဳ႕ပါရမီရွင္ လူမႈကူညီေရးအသင္း လို႔ သိရပါတယ္။

Photo – Myathet Cho / Kotunlso

Zin Moe

Unicode

ကူညီနိုင်သူတွေ ကူညီပေးကြစေချင်ပါတယ် ။

ကြိုးလေးနဲ့ ချည်ထားတာ သနားစရာလေးပါဗျာ။

ဌက်ဖျားပိုးဦးနှောက်ထဲဝင်သွားလို့ ရူးသလိုလိုဖြစ်ပြီးဟစိတ်ဝေဒနာသည်လေး ဖြစ်သွားတာတဲ့။မိခင်ငွေကြေးမတတ်နိုင်၍ ဆင်းရဲမှုကြောင့် ရောဂါဝေဒနာနဲ့ ကြိုးချည်ခံထားရတဲ့ ကလေးငယ်လေးရဲ့ဘဝ ကအလွန်သနားစရာပါ။ရှမ်းမြောက်ပိုင်း မိုးမိတ်မြို့နယ် မန်အုံကျေးရွာက (၁၀)နှစ်သားအရွယ် ဇော်မိန်းဆိုတဲ့ ကလေးလေးရဲ့ပုံတွေဖြစ်ပါတယ်။

ကလေးငယ်ဟာ လွန်ခဲ့တဲ့၂၀၁၂ခုနှစ်က အဖျားဝင်ပြီး မိုးမိတ်ပြည်သူ့ဆေးရုံကိုဆေး တက်ရောက်ကုသခဲ့တယ်လို့ ကလေးမိခင်ကပြောပါတယ်။ ကလေးရောဂါဟာ ငှက်ဖျားပိုး ဦးနှောက်အာရုံကြောရောဂါဖြစ်တဲ့အတွက်မိုးမိတ်ဆေးရုံက ကလေးကို မိုးကုတ်ဆေးရုံကို တက်ရောက်ကုသဘို့ပြောလာတာကြောင့် ငွေကြေးမရှိတဲ့ ကလေးမိသားစုမှာ ဆေး ဆက်လက်မကုနိုင်ပဲ ရွာပြန်ပြီး ဆေးမီးတိုနဲ့ဆေးကုခဲ့ရတယ်လို့ ဆိုပါတယ်။

၅နှစ်အထိရောဂါဝေဒနာနဲ့ အခုလို ထူးခတ်ခံထားရတဲ့ကလေးလေး ဘဝပါ။ မိဘတွေက အလုပ်သွားတဲ့အခါ အဖိုးအဖွားနဲ့ ကလေးကိုထားခဲ့ရပြီး ကလေးပျောက်သွားမှာ စိုးတဲ့အတွက် အခုလို ခြေကျင်းအဝတ်စနဲ့ အိမ်တိုင်မှာသံကြိုးချည်ပြီး မိဘတွေ အလုပ်ထွက်လုပ်နေကြတာဖြစ်ပါတယ်။ ဒီလိုမှ မလုပ်ထားရင် ကလေးဟာ ရွာစဉ်လျှောက်လည်ပြီး သူများအိမ်တွေကို အနောက်အယှက်ပေးတတ်လို့ လုပ်ထားရတာဟု သိရပါတယ်။

နေ့ခင်းဆို ကလေးဟာ ပူအိုက်တတ်တဲ့အတွက် ဝတ်ပေးတဲ့ အင်္ကျ ီတွေ ခ္ဈတ်ပစ်လေ့ရှိတာကြောင့် အခုလို အဝတ်ဗလာနဲ့ ဆော့ကစားနေတာလို့ဆိုပါတယ်။ကလေးမိဘတွေဟာ ကိုယ်ပိုင်အိမ်မရှိ လယ်မရှိ အဖိုးအဖွားဖြစ်သူအိမ်မှာ မှီခိုကပ်နေရပါတယ်။ ဧက ဝက်လောက်သာရှိတဲ့ ပဲပုတ်ယာခင်းလေးကိုမှီခိုလုပ်ကိုင်ရင်း မိသားစုစားဝတ်နေရေးကို ဖြေရှင်းနေရတာလို့ဆိုပါတယ်။ မိသားစုမောင်နှမ(၃)ဦးအနက်ကလေးဟာအကြီးဆုံးသားဟု ကလေးမိခင်မမြသန်းက ပြောပြထားပါတယ်။

ကလေးမိသားစုဟာ အရိုးခံလွန်းကြပါတယ်။သူတို့ဟာ ရှမ်းတိုင်းရင်းသားလူမျိုးစုတွေပါ။ ကလေးရောဂါကုသနိုင်ဖို့အရေး သောကရောက်နေရပါတယ်။ တဖက်ကကြည့်ရင် လူတန်းစားမညီမျှတဲ့ အခြေခံဆင်းရဲနွမ်းပါးမှုကြားထဲမှာ အရွယ်မမယ် လူ့စွမ်းအားအရင်းအမြစ်တွေရှိနေ ကြပါတယ်။ သူတို့မှာ ဘဝတွေ အနာဂတ်တွေ ရှိနေကြတာမို့ ပြည်သူအားလုံးပါဝင်ကူညီစေချင်ပါတယ်။

ဆင်းရဲမှုကြောင့် ဘဝတွေ မတိမ်းမှောက်စေချင်ဘူး။သနားဖွယ်ကလးငယ်လေးရဲ့အရေး တတ်နိုင်သူတွေအားလုံး ဝိုင်းဝန်း ကူညီပေးကြစေချင်ပါသည်။လှူ ဒါန်းချင်သူတွေ ဆက်သွယ်နိုင်တဲ့ဖုန်းက 09 256239510   – ဒေါ်မြမြထွေး  ဥက္ကဌ မိုးမိတ်မြို့ပါရမီရှင် လူမှုကူညီရေးအသင်း လို့ သိရပါတယ်။

Photo – Myathet Cho / Kotunlso

Zin Moe


Leave a Reply

Your email address will not be published. Required fields are marked *