ရင္ထဲဆို႔မိသြားခဲ့ရတဲ႔ ျမင္ကြင္းတစ္ခု

ဒီမနက္ မနက္စာ ေခါက္ ဆြဲ သြား စား ရင္းနဲ႔ မထင္မွတ္တယ့္ ျမင္ကြင္းေလး တစ္ခု ေၾကာင့္ ရင္ ထဲ ဆို႔ မိသြား ခဲ့တယ္.

ဆိုင္ထဲ သား အမိ၂ ေယာက္၀င္လာတယ္.. သူ႔သမီးေလးက ဆိုင္ ထဲ ၀င္ လာတည္းက အေမ သမီး အမ်ား ႀကီးစား ခ်င္တယ္ေနာ္လို႔ ေျပာ ၿပီး ၀င္လာ ခဲ့တယ္.. တကယ္စားေတာ့ ပြဲေသးတစ္ပြဲ ကို တစ္ေယာက္ မ်က္ နွာတစ္ေယာက္ ၾကည့္ ၿပီး တိတ္တိ္တ္ ဆိပ္ဆိပ္ေလးစားေနၾကတယ္..



ကေလးေလးက ေမေမသမီး ၀က္ ေခါက္စား ခ်င္တယ္ ေျပာေတာ့ သူ႔ အေမက မစာ…း ပါ နဲ႔ သမီးရယ္ ၀က္ ေခါက္ တစ္ ထုပ္ တန္ဖိုးက ထမင္းျဖဴတစ္ပြဲ ၀ယ္ လို႔ ရတယ္တယ့္ .ကြၽန္ေတာ္ ဘယ္လိုမွမ်ိဳမက် နိုင္ေတာ့ဘူး.. ကုိယ့္ စားမယ့္ ၀က္ ေခါက္ ထုတ္ေလး ေတြ၀က္သား ခ်ဥ္ေလး ေတြ ကုိ ကေလးေလး ကိုသြား ေပး ၿပီး ထ ထြက္ ခဲ့မိတယ္..

ခု ထိ ရင္ ထဲ က်န္ေနတယ္.. ငါေျဖရွင္းေပး လိုက္တယ့္ ၀က္ ေခါက္တစ္ ထုပ္ က သူ႔ တစ္မ နက္စာ ကို ပဲ လံု ေလာက္သြား ေစ နို္င္တယ္.. သူ႔တစ္ဘ၀လံုး ၀က္ ေခါက္စား နိုင္ဖို႔ ဆို သူပညာ တတ္မွ ပိုက္ဆံ ရွာ နိုင္ မွ ေကာင္းေကာင္းစား နိုင္မယ္ ဆိုတာပဲ

ကြၽန္ေတာ္ တို႔ပတ္၀န္းက်င္မွာ မနက္စာ ၁ေထာင္ အတြက္ ခက္ခဲ ေနတယ့္သူ ေတြ ရွိေနတယ္ .. ကြၽန္ေတာ္တို႔ေတြကေတာ့ ဆိုင္ ဆို အေကာင္း ဆံုး ဆိုင္ပဲ ထိုင္ ခ်င္တယ္.. စားရင္ အရသာ အရွိဆံုး ပဲ စား ေနၾကေပမယ့္ ထမင္း တစ္နပ္ အတြက္ ခက္ ခဲ ေနၾကတယ့္ ကေလးေလး ေတြ မိသားစု ေတြ ျမန္မာနိုင္ ငံ မွာ အမ်ား ႀကီး ဗ်

Credit: Mg Htet Myat

Search Myanmar

Unicode

ဒီမနက် မနက်စာ ခေါက် ဆွဲ သွား စား ရင်းနဲ့ မထင်မှတ်တယ့် မြင်ကွင်းလေး တစ်ခု ကြောင့် ရင် ထဲ ဆို့ မိသွား ခဲ့တယ်.

ဆိုင်ထဲ သား အမိ၂ ယောက်ဝင်လာတယ်.. သူ့သမီးလေးက ဆိုင် ထဲ ဝင် လာတည်းက အမေ သမီး အများ ကြီးစား ချင်တယ်နော်လို့ ပြော ပြီး ဝင်လာ ခဲ့တယ်.. တကယ်စားတော့ ပွဲသေးတစ်ပွဲ ကို တစ်ယောက် မျက် နှာတစ်ယောက် ကြည့် ပြီး တိတ်တိ်တ် ဆိပ်ဆိပ်လေးစားနေကြတယ်..

ကလေးလေးက မေမေသမီး ဝက် ခေါက်စား ချင်တယ် ပြောတော့ သူ့ အမေက မစာ…း ပါ နဲ့ သမီးရယ် ဝက် ခေါက် တစ် ထုပ် တန်ဖိုးက ထမင်းဖြူတစ်ပွဲ ဝယ် လို့ ရတယ်တယ့် .ကျွန်တော် ဘယ်လိုမှမျိုမကျ နိုင်တော့ဘူး.. ကိုယ့် စားမယ့် ဝက် ခေါက် ထုတ်လေး တွေဝက်သား ချဉ်လေး တွေ ကို ကလေးလေး ကိုသွား ပေး ပြီး ထ ထွက် ခဲ့မိတယ်..

ခု ထိ ရင် ထဲ ကျန်နေတယ်.. ငါဖြေရှင်းပေး လိုက်တယ့် ဝက် ခေါက်တစ် ထုပ် က သူ့ တစ်မ နက်စာ ကို ပဲ လုံ လောက်သွား စေ နိ်ုင်တယ်.. သူ့တစ်ဘဝလုံး ဝက် ခေါက်စား နိုင်ဖို့ ဆို သူပညာ တတ်မှ ပိုက်ဆံ ရှာ နိုင် မှ ကောင်းကောင်းစား နိုင်မယ် ဆိုတာပဲ

ကျွန်တော် တို့ပတ်ဝန်းကျင်မှာ မနက်စာ ၁ထောင် အတွက် ခက်ခဲ နေတယ့်သူ တွေ ရှိနေတယ် .. ကျွန်တော်တို့တွေကတော့ ဆိုင် ဆို အကောင်း ဆုံး ဆိုင်ပဲ ထိုင် ချင်တယ်.. စားရင် အရသာ အရှိဆုံး ပဲ စား နေကြပေမယ့် ထမင်း တစ်နပ် အတွက် ခက် ခဲ နေကြတယ့် ကလေးလေး တွေ မိသားစု တွေ မြန်မာနိုင် ငံ မှာ အများ ကြီး ဗျ

Credit: Mg Htet Myat

Search Myanmar


Leave a Reply

Your email address will not be published. Required fields are marked *