သမီးျဖစ္သူအတြက္စဥ္းစားလို႔ ေနာက္အိမ္ေထာင္ မျပဳေသးဘူးဆိုတဲ႔ ေမကဗ်ာ

ကမ္းလွမ္းလာသည့္ သူမ်ားရိွေသာ္လည္း သမီးျဖစ္သူအတြက္စဥ္းစားခဲ့ျခင္းေၾကာင့္ ေနာက္အိမ္ေထာင္ မျပဳေသးသည့္ ေမကဗ်ာ

အိမ္ေထာင္ေရးၿပိဳကြဲမႈ ၾကာျမင့္ေနၿပီျဖစ္သည့္ ေမကဗ်ာ က သမီးျဖစ္သူႏွင့္ အတူ တစ္ခုလပ္ မိခင္အေနျဖင့္ ျဖတ္သန္းလ်က္ရိွၿပီး ေနာက္ထပ္အိမ္ေထာင္ထူေထာင္ရန္ ကမ္းလွမ္းလာသည့္ လက္မ်ား ရိွေသာ္လည္းအိမ္ေထာင္



ထပ္မံမျပဳျခင္းသည္ သမီးျဖစ္သူအတြက္ ထည့္သြင္းစဥ္းစားျခင္း ေၾကာင့္ျဖစ္သည္ဟု ပြင့္လင္းစြာေျပာၾကားခဲ့သည္။

“အိမ္ေထာင္ ထပ္မျပဳေတာ့ပါဘူး။ အသက္အရြယ္လည္း ရလာၿပီဆိုေတာ့ေလ။ ေနာက္ၿပီး သမီးကို စိတ္ဆင္းရဲ မခံေစခ်င္ဘူး။ လက္ရိွသမီးနဲ႔အတူ ဘ၀ကို ေအးေအးခ်မ္းခ်မ္းေလးပဲ ျဖတ္သန္း ခ်င္တယ္။

သမီးကို လူတန္းေစ့ထားႏိုင္ေအာင္ ႀကိဳးစားေပးတယ္။ သမီးကလည္း ပညာေရး အရမ္းေတာ္တယ္။

ပညာေတာ္သင္လည္း သြားရတာဆိုေတာ့ မိခင္တစ္ေယာက္ အေနနဲ႔ေတာ့ သမီးျဖစ္သူအတြက္ ပင္ပန္းရက်ိဳး နပ္ပါတယ္။ သူျဖစ္ေစခ်င္တာမွန္သမ်ွ အကုန္ျဖည့္စြမ္းေပးတယ္။

ေမကဗ်ာ အသက္က အခုမွ ၃၀ ေက်ာ္ပဲရိွေသးေတာ့ ကိုယ့္အေနနဲ႔ အသက္အရမ္းမႀကီးေသး ဘူးလို႔ ထင္ပါတယ္။ အိမ္ေထာင္ထပ္မံမျပဳေတာ့ဘူးလို႔ အျပတ္ေျပာရင္ရပါတယ္။ ဘယ္ဟာမွ ႀကိဳျမင္လို႔ မရဘူးေလ။

စကားအကုန္မေျပာခ်င္ပါဘူး။ မေကာင္းဘူးေလ။ ကိုယ့္ကိုလာၿပီး ကမ္းလွမ္းတဲ့ လက္ေတြရိွပါတယ္။ ဘာလုပ္မလဲေနာ့့့္။ ပူေလာင္တယ္။ ဘုရားတရား အလုပ္ေလး တစ္ဖက္က လုပ္တယ္။

တရားစခန္းေတြလည္း ၀င္တယ္။ သမီးေလးနဲ႔အတူ ဘ၀ကို အက်ိဳးရိွရိွျဖတ္သန္းတာ အေကာင္းဆံုးလို႔ ထင္ပါတယ္”ဟုေျပာသည္။

အႏုပညာအလုပ္မ်ားကို ယခင္ကထက္ ခပ္စိပ္စိပ္လုပ္ကိုင္းျခင္းမရိွေတာ့သည့္ ေမကဗ်ာက အႏုပညာ အလုပ္မ်ားကို

ေအးေဆးစြာျဖင့္ ဆက္လက္လုပ္ကိုင္ေနၿပီး မင္းသမီးထက္ သရုပ္ေဆာင္ကို ခံယူထားျခင္းေၾကာင့္ ဇာတ္ေကာင္ စရိုက္မေရြးဘဲ က်ရာအခန္းတြင္ ပါ၀င္သရုပ္ေဆာင္လ်က္ရိွသည္ဟု သိရသည္။

အႏုပညာအလုပ္မ်ား စတင္လုပ္ကိုင္စဥ္ကတည္းက ဘ၀ေနာင္ေရး အတြက္ တစ္ဖက္တစ္လမ္းကေနၿပီး စီးပြားေရးလုပ္ငန္းမ်ား လုပ္ကိုင္ခဲ့ျခင္းေၾကာင့္ ယခုလိုရပ္ တည္ေနႏိုင္ျခင္းျဖစ္သည္ ဟုေျပာသည္။

Source: Shwe Myanmar

UNICODE

ကမ်းလှမ်းလာသည့် သူများရှိသော်လည်း သမီးဖြစ်သူအတွက်စဉ်းစားခဲ့ခြင်းကြောင့် နောက်အိမ်ထောင် မပြုသေးသည့် မေကဗျာ

၇၊ ဒီဇင်ဘာ၊ ၂၀၁၇

အိမ်ထောင်ရေးပြိုကွဲမှု ကြာမြင့်နေပြီဖြစ်သည့် မေကဗျာ က သမီးဖြစ်သူနှင့် အတူ တစ်ခုလပ် မိခင်အနေဖြင့် ဖြတ်သန်းလျက်ရှိပြီး နောက်ထပ်အိမ်ထောင်ထူထောင်ရန် ကမ်းလှမ်းလာသည့် လက်များ

ရှိသော်လည်းအိမ်ထောင် ထပ်မံမပြုခြင်းသည် သမီးဖြစ်သူအတွက် ထည့်သွင်းစဉ်းစားခြင်း ကြောင့်ဖြစ်သည်ဟု ပွင့်လင်းစွာပြောကြားခဲ့သည်။

“အိမ်ထောင် ထပ်မပြုတော့ပါဘူး။ အသက်အရွယ်လည်း ရလာပြီဆိုတော့လေ။ နောက်ပြီး သမီးကို စိတ်ဆင်းရဲ မခံစေချင်ဘူး။ လက်ရှိသမီးနဲ့အတူ ဘဝကို အေးအေးချမ်းချမ်းလေးပဲ ဖြတ်သန်း ချင်တယ်။

သမီးကို လူတန်းစေ့ထားနိုင်အောင် ကြိုးစားပေးတယ်။ သမီးကလည်း ပညာရေး အရမ်းတော်တယ်။

ပညာတော်သင်လည်း သွားရတာဆိုတော့ မိခင်တစ်ယောက် အနေနဲ့တော့ သမီးဖြစ်သူအတွက် ပင်ပန်းရကျိုး နပ်ပါတယ်။ သူဖြစ်စေချင်တာမှန်သမျှ အကုန်ဖြည့်စွမ်းပေးတယ်။

မေကဗျာ အသက်က အခုမှ ၃၀ ကျော်ပဲရှိသေးတော့ ကိုယ့်အနေနဲ့ အသက်အရမ်းမကြီးသေး ဘူးလို့ ထင်ပါတယ်။ အိမ်ထောင်ထပ်မံမပြုတော့ဘူးလို့ အပြတ်ပြောရင်ရပါတယ်။

ဘယ်ဟာမှ ကြိုမြင်လို့ မရဘူးလေ။ စကားအကုန်မပြောချင်ပါဘူး။ မကောင်းဘူးလေ။ ကိုယ့်ကိုလာပြီး ကမ်းလှမ်းတဲ့ လက်တွေရှိပါတယ်။ ဘာလုပ်မလဲနော့့်။ ပူလောင်တယ်။

ဘုရားတရား အလုပ်လေး တစ်ဖက်က လုပ်တယ်။ တရားစခန်းတွေလည်း ဝင်တယ်။ သမီးလေးနဲ့အတူ ဘဝကို အကျိုးရှိရှိဖြတ်သန်းတာ အကောင်းဆုံးလို့ ထင်ပါတယ်”ဟုပြောသည်။

အနုပညာအလုပ်များကို ယခင်ကထက် ခပ်စိပ်စိပ်လုပ်ကိုင်းခြင်းမရှိတော့သည့် မေကဗျာက အနုပညာ

အလုပ်များကို အေးဆေးစွာဖြင့် ဆက်လက်လုပ်ကိုင်နေပြီး မင်းသမီးထက် သရုပ်ဆောင်ကို ခံယူထားခြင်းကြောင့် ဇာတ်ကောင် စရိုက်မရွေးဘဲ ကျရာအခန်းတွင် ပါဝင်သရုပ်ဆောင်လျက်ရှိသည်ဟု သိရသည်။

အနုပညာအလုပ်များ စတင်လုပ်ကိုင်စဉ်ကတည်းက ဘဝနောင်ရေး အတွက် တစ်ဖက်တစ်လမ်းကနေပြီး စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခဲ့ခြင်းကြောင့် ယခုလိုရပ် တည်နေနိုင်ခြင်းဖြစ်သည် ဟုပြောသည်။

 


Leave a Reply

Your email address will not be published. Required fields are marked *