၂၄ နှစ်လုံးလုံး ဖခင်အရင်းရဲ့ မုဒိန်းကျင့်ခံခဲ့ရလို့ ကလေး ၇ ယောက်ရခဲ့သူ နှင့် သာမာန်မဟုတ်သော မိသားစုများ

Published on December 13, 2017

၎ နှစ်လုံးလုံး ဖခင်အရင်းရဲ့ မုဒိန်းကျင့်ခံခဲ့ရလို့ ကလေး ၇ ယောက်ရခဲ့သူ နှင့် သာမာန်မဟုတ်သော မိသားစုများ

ကမ္ဘာပေါ်မှာ မိသားစုတွေအများကြီှးိပါတယ်။အခု ဖော်ပြမယ့်မိသားစုတွေလို ထူးထူးဆန်းဆန်းနဲ့ စိတ်တူကိုယ်တူရှိတဲ့ မိသားစုမျိုးတွေရှာပါတယ်။ဒါကိုဖတ်ပြီးရင် ဒီလိုတွေရော ရှိတာလားလို့ ပြောရလောက်အောင် မယုံနိုင်ဖွယ်ရာတွေပါပဲ။



10.The Duggar family (1 Couple 19 Children

Jim Bob နဲ့ Michelle Duggar ဆိုတဲ့ မိဘနှစ်ပါးက မိန်းကလေး 9 ယောက်နဲ့ ယောက်ျားလေး 10 ယောက် မွေးဖွားလာတဲ့ ရှင်မွေးလွန်းမိသားစုဖြစ်ပါတယ်။သူတို့ဟာ သားသမီး 19 ယောက်ရှိပြီး တီဗီအစီအစဉ်တွေက မေးမြန်းတဲ့အခါတိုင်း ဘုရားက လက်ဆောင်ပေးဦးမယ်ဆိုရင် ထပ်ယူဦးမှာပါလို့ ပြောခဲ့ပါတယ်။

 

9.The Chana Family (1 Man 39 Wives)

Ziona Chana ဆိုတဲ့ လယ်သမားကြီးဟာ သူ့ကိုယ်သူ ဘုရင် အထင်ရောက်ခဲ့လေသလားမသိ။မိဖုရား 39 ယောက် တင်မြှောက်ထားတာဖြစ်ပါတယ်။သာမာန် လယ်သမားတစ်ဦးရဲ့ ဇနီးသယ်တွေ အနေနဲ့ အတူနေကြပေမယ့် ဘာပြဿနာမှ မရှိခဲ့ဘူးလို့ ဆိုပါတယ်။သူဟာ မိန်းမ 39 ယောက်နဲ့ ကလေး 94 ရထားတာဖြစ်ပါတယ်။

Ziona Chana ရဲ့ သားတွေက ချွေးမ 14 ယောက် အိမ်ပေါ်ထပ်ခေါ်လာပြီး Ziona Chana ဟာ မြေး 34 ယောက် ထပ်ရလာပါတယ်။သူ့မှာ မိသားစုဝင် စုစုပေါင်းက 180 ရှိနေပြီး ရွာငယ်လေး တည်လို့ရနေပါပြီ။

 

8.The Marshall Family (Fake Boob Family)

Marshall မိသားစုဆိုတာ သူတို့ရဲ့ ရင်သားတွေကြောင့် နာမည်ကြီးတဲ့ မိသားစုဖြစ်ပါတယ်။သူ့အမေကစပြီး သမီးတွေကို ဆီလီကွန်စီမံကိန်းချခဲ့တာဖြစ်ပါတယ်။အမျိုးသမီးတွေမှာ ရင်သားဟာ အရေးကြီးတယ်လို့ ယူဆပြီး သူတို့ရဲ့ ဝင်ငွေတဝက်ဟာ ရင်သားခွဲစိတ်မှုအတွက် ကုန်ကျနေတာဖြစ်ပါတယ်။

 

7.The Manson Family (Family Of Psychopaths)

Manson မိသားစုဆိုတာ သမိုင်းတလျှောက်မှာ စိတ္တဇလူသတ်သမားမိသားစုအဖြစ်နာမည်ကြီးခဲ့တာဖြစ်ပါတယ်။သူတို့ဟာ 1969 ကနေ 1971 အထိ ပြစ်မှုတွေပေါင်းစုံကျူးလွန်ခဲ့ပြီး လူသတ်မှုတွေပါ လုပ်ခဲ့တာဖြစ်ပါတယ်။သူတို့ဟာ တစ်မိသားလုံးဆေးစွဲနေတာဖြစ်ပြီး ဒီလိုဖြစ်အောင် Charles Manson ကပဲ စတင်လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

 

6.Lia and Aro (Vempire Couple)

Lia နဲ့ Aro ဆိုတာ သွေးစုပ်ဖုတ်ကောင် စုံတွဲလို့ နာမည်ကြီးပါတယ်။သူတို့အချင်းချင်းလဲသွေးပြန်စုပ်နေတာပါ။သူတို့ထင်တာက ဒီလို အပြန်အလှန်သွေးစုပ်တာ သူတို့ချစ်ခြင်းမေတ္တာပိုခိုင်မြဲစေပြီး သူများသွေးသောက်ရင်တော့ အင်အားကြီးမားစေတယ်ဆိုပြီး သူတို့သောက်နေတဲ့ ဗီဒီယိုတွေ You Tube ပေါ်တင်ခဲ့တာဖြစ်ပါတယ်။

5.Theresa Knorr And Children (Psycho Mother)

Theresa Knorr ဆိုတဲ့ မိခင်ဟာ ကလေး 6 ယောက်ရှိပြီး သူ့ရဲ့ စိတ္တဇကြောင့် ကလေးတွေကို ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခဲ့ပါတယ်။သူဟာ အိမ်ထောင်ကျဖူးပြီးတော့ ရတဲ့ကလေးဖြစ်ပါတယ်။အားလုံးက ကလေးရတာနဲ့ ကွာရှင်းသွာပြီး သူမကို အတည်မကြံခဲ့ရကာလေ ကလေးတွေကို သတ်ပစ်လိုက်တာဖြစ်ပါတယ်။

4.The Podkopaev Family (Family Of Serial Killers)

Podkopaev ဆိုတာ ရုရှားမိသားစုဖြစ်ပြီးတော့ လင်မယားနှစ်ယောက်ရယ် သမီး နှစ်ယောက်ရှိတဲ့မိသားစုငယ်လေးပါ။ဒါပေမယ့် သူတို့က လူ အယောက် 30 လောက်ကို အကြမ်းဖက်ခဲ့တာဖြစ်ပါတယ်။သူတို့ဆီကို လမ်းမှားလာတဲ့ ခရီးသွားတွေကိုလဲ သတ်ခဲ့ပါတယ်။သူတို့မိသားစု တစုလုံးကို သေဒဏ်ပေးခဲ့ပါတယ်။

3.The Fritzl Family (The Psycho Father, Foolish Mother and Unlucky Daughter)

Fritzl ဆိုတဲ့ မိသားစုအမှုကို 2008 ခုနှစ်က တစ်ကမ္ဘာလုံး စိတ်ဝင်စားခဲ့တာဖြစ်ပြီး Josef Fritzl ရဲ့ ဖခင်ဟာ သူမကို 24 နှစ်တိတိ သူမကို ချုပ်နှောင်ထားတာဖြစ်ပါတယ်။သူမကို ဖခင်မဆန်စွာ နှစ်ပေါင်းများစွာ မုဒိန်းကျင့်ခဲ့တာဖြစ်ပြီး ဖခင်ကြောင့် ကလေးခုနှစ်ယောက် အိမ်မှာမွေးခဲ့ပါတယ်။သုံးယောက်ကတော့ သေခဲ့ပြီး သူမအကြီးဆုံးသမီးလေး နေမကောင်းဖြစ်လို့ ဆေးရုံကို တင်ခိုင်းရမှာ အပြင်လောကကို ရောက်လာခဲ့တာဖြစ်ပါတယ်။

2.The Gray Clan (Outlaw Family)

တောတွင်းလူသားတွေလို့ ပြောရတဲ့ မိသားစုဟာ သူတို့နယ်ပယ်လေးထဲမှာ သူတို့နေထိုင်ပြီး သေနတ်တွေအသီးသီးကိုင်ဆောင်ကာ အစိုးရဥပဒေကို ကန့်ကွက်ပြီး ကိုယ့်ဟာကိုယ် သီးသန့်ကာကွယ်နေထိုင်သူတွေဖြစ်ပါတယ်။ John Joe Gray ဆိုတဲ့ အဖိုးကြီးနဲ့ သူ့မိသားစုဟာ ဘာကိုမှ အကြောက်အလန့်မရှိပါဘူး။ဒါကြောင့် Gray Clan လို့ ခေါ်ပြီး မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး ဥပဒေကို လိုက်နာပြီး သူတို့ကို ထိခိုက်အောင်လုပ်ရင် ပြန်နာကျင်အောင် လုပ်မှာပဲလို့ ပြောပါတယ်။သူတို့ထဲမှာ ဝန်ထမ်းတွေမပါဝင်ပဲ လွတ်လပ်သူတွေအဖြစ် သတ်မှတ်ထားတာဖြစ်ပါတယ်။

1.Colt Clan (Incest Family)

လူတော်များများဟာ ဆွေမျိုးခြင်း မင်္ဂလာဆောင်တဲ့ ကိစ္စကို လက်မခံကြပါဘူး။အထူးသဖြင့် မောင်နှမအရင်းတွေနဲ့ အဖေနဲ့ သမီးပြန်ယူတာဟာ လက်ခံနိုင်ဖွယ်မရှိပါဘူး။ဒါပေမယ့် သြစတေးလျက မိသားစုက အဖိုး၊အဖွား၊အဖေ၊အမေ၊အဒေါ်၊ဦးလေး တွေ အားလုံးဟာ မိသားစုဝင်ချင်းပြန်ယူရာကနေပေါက်ဖွားလာတာ မိသားစုဝင် အယောက် 40 လောက် ပွားလာပြီး သူတို့ချင်း ပြန်ယူခဲ့ကြပါတယ်။

Credit – cantwait2say