အသက်ရှည်ချင်ရင် လိင်များများဆက်ဆံပါ

Published on December 14, 2017

လေ့လာချက်တစ်ခုကတော့ လိင်ပုံမှန်ဆက်ဆံသည့် အမျိုးသမီးတွေဟာ အသက်ပိုရှည်ကြောင်းတွေ့ရပါသတဲ့။ သိပ္ပံပညာရှင်တွေကတော့ အိပ်ယာပေါ်မှာ အလုပ်များများလုပ်လေ ၊ အသက်ပိုရည်လေ လို့ဆိုပါတယ်။ ဇီဝဘေဒဆိုင်ရာ သက်သေတစ်ခုက ကျနော်တို့ရဲ့ DNA ကို ကာကွယ်ထားလို့ဖြစ်ပါတယ်။

သို့ပေမယ့် အမျိုးသမီးတစ်ယောက်ရဲ့ relationship အရည်အသွေးကလဲ အသက်ကြီးရင့်မှုအပေါ်အကျိုးသက်ရောက်မှုအနည်းငယ်ရှိပါသေးသတဲ့။ သုတေသနပြုလုပ်သူတွေဟာ အသက် ၂၀ ကနေ ၅၀ ကြား အမျိုးသမီးပေါင်း ၁၂၉ ယောက်ကို သူတို့ရဲ့ ချစ်ရေးချစ်ရာတွေနဲ့ ပတ်သက်ပြီး မေးခွန်းတွေထုတ်ခဲ့ကြတာပါ။



ရေရှည်ကျန်းမာရေးနဲ့ပတ်သက်သည့် ဖြစ်နိုင်ချေတွေကို ဆုံးဖြတ်ပေးဖို့ သွေးနမူနာတွေကိုလဲ ထုတ်ယူခဲ့ပြီး ဆဲလ်တွေ၊ DNA တွေကိုလဲ အသေးစိပ်လေ့လာခဲ့ကြပြီး ပုံမှန်လိင်ဆက်ဆံသည့် အမျိုးသမီးတွေက အသက်ပိုရှည်ဖို့ အလားအလာများကြောင်းတွေ့ရှိခဲ့ကြပါတယ်။

University of California မှ သုတေသနပညာရှင်တွေက အခုလိုပြောပါတယ်။
“ဒါက အရေးကြီးတဲ့ ရှာဖွေတွေ့ရှိမှုပါ၊ လိင်နဲ့ပတ်သတ်သည့် ရင်းရင်းနှီးနှီး ဆက်ဆံရေးမျိုးတွေက ကျန်းမာရေးအကျိုးကျေးဇူးတွေအများကြီးရှိကြောင်းသက်သေပြလိုက်လို့ပါ”။

သူတို့ဟာ အမျိုးသမီးတွေရဲ့ သွေးနမူနာတွေကို ဖောက်ယူပြီး အဆိုပါအမျိုးသမီးတွေရဲ့ telomeres ရဲ့ အရှည်ပမာဏကို တိုင်းတာခဲ့ကြတာပါ။

ပိုတိုသည့် Telomeres တွေဟာ အသက်ကြီးရင့်ခြင်း၊ ရောဂါများခြင်းနဲ့ သေခြင်းတရားရဲ့ မြင့်မားသည့် အန္တရယ်တွေနဲ့ ဆက်စပ်မှုရှိနေပါသတဲ့။

နောက်တစ်ခုက တစ်ပတ်ကြာသည့် လေ့လာမှုအတွင်း လိင်ဆက်ဆံသည့် အမျိုးသမီးတွေကတော့ ၃၀ ရာခိုင်နှုန်းပိုရှည်သည့် telomeres ရှိကြောင်းတွေ့ရပါတယ်။ သို့ပေမယ့် relationship အရည်အသွေးတွေကတော့ သူတို့အပေါ်သက်ရောက်မှုမရှိပါဘူး။

သိပ္ပံပညာရှင်တွေကတော့ အမျိုးသားတွေကို လေ့လာမှုမလုပ်ခဲ့ကြပါဘူး။ သို့ပေမယ့် လိင်ဆက်ဆံမှုမကြာခဏပြုလုပ်တတ်သည့် အမျိုးသားတွေဟာလဲ အသက်ပိုရှည်လိမ့်မယ်လို့ ယုံကြည်ရပါတယ်။

လိင်ဆက်ဆံတာက အသက်ရှည်တာနဲ့ ဘယ်လို အကျိုးသက်ရောက်မှုရှိသလဲ ဆိုတာကတော့ မထင်ရှားပေမယ့် ဖြစ်နိုင်ချေ ရှိတာကတော့ လိင်ဆက်ဆံခြင်းဟာ စိတ်ဖိစီးမှုကိုလျော့ချပေးနိုင်လို့ပါတဲ့။ စိတ်ဖိစီးမှုကလဲ ပိုတိုသည့် telomeres တွေနဲ့ ချိတ်ဆက်နေလို့ပါပဲ။

University of California မှ သုတေသနပညာရှင် Dr. Aric Prather ကတော့ အခုလိုရှင်းပြပါတယ်။ “ပြီးခဲ့တဲ့ အပတ်က လိင်ပုံမှန်ဆက်ဆံတဲ့ အမျိုးသမီးတွေနဲ့ ပုံမှန်မဆက်ဆံတဲ့ အမျိုးသမီးတွေကို နှိုင်းယှဉ်လေ့လာကြည့်တာပါ”။

“ဖြစ်နိုင်တာကတော့ လိင်မကြာခဏဆက်ဆံလေ၊ အကျိုးသက်ရောက်မှုပိုအားကောင်းလေပါပဲ၊ Telomeres ဆဲလ်တွေရဲ့ ပမာဏဟာ အသက်ရှည်ခြင်း၊မရှည်ခြင်းနဲ့ ချိတ်ဆက်မှုရှိနေပါတယ်”။

“အမျိုးသားတွေမှာလဲအတူတူဖြစ်မလားဆိုတာတော့ မသိသေးပါဘူး၊ အမျိုးသားတွေကိုလဲ အကျိုးသက်ရောက်မှုရှိနိုင်ပါတယ်၊ ထင်ရှားတဲ့ အကြောင်းပြချက်ကတော့ မရှိသေးဘူးပေါ့”။

Credit – Hello Myanmar