အြန္လိုင္းေပၚမွာေၾကာ္ျငာေနတဲ့ မိန္းမကိုယ္က်ဥ္းေဆးေတြရဲ႕ အႏၱရာယ္

Published on December 17, 2017

အမ်ိဳးသမီးေတြရဲ႕ခႏၶာကိုယ္မွာ မိန္းမကိုယ္ရဲ႕က်ံဳ႕ဆန္႔နိုင္အားကို ေလ်ာ့နည္းေစတာက ကေလးမီးဖြားျခင္းတစ္ခုတည္းေၾကာင့္မဟုတ္ပါဘူး။အသက္အရြယ္ေၾကာင့္ ဒါမွမဟုတ္ လိင္ဆက္ဆံမႈေၾကာင့္ ဒါမွမဟုတ္ ခႏၶာကိုယ္ပံုပန္းသ႑ာန္ေျပာင္းလဲမႈေၾကာင့္ျဖစ္တတ္ပါတယ္။ မိန္းမကိုယ္၊ သားဖြားလမ္းေၾကာင္းမွာ မတင္းရင္းေတာ့တဲ့အခါ အိမ္ေထာင္ေရးသုခကို မရရွိနိုင္ဘဲ မိသားစုျပႆနာေတြျဖစ္လာႏုိင္တယ္လို႔ ယူဆၾကတာေၾကာင့္ အိမ္ေထာင္သည္အမ်ိဳးသမီးေတြအေတာ္မ်ားမ်ားက ဒီအတြက္ ေျဖရွင္းဖို႔ နည္းလမ္းရွာၾကပါတယ္။

ဒါေပမယ့္ သဘာဝတရားအရျဖစ္လာတာမို႔ အားနည္းခ်က္လိုမ်ိဳး စိုးရိမ္ေနဖို႔ေတာ့မလိုပါဘူး။ ေယာက်ာ္းပစ္သြားမွာ၊ အိမ္ေထာင္အဆင္မေျပမွာစိုးျပီး ျပန္လည္နုပ်ိဳတင္းရင္းမႈကိုျပန္ရနိုင္ဖို႔ နည္းလမ္းမွားေတြကို လိုက္လုပ္မိရင္ ဒုကၡေရာက္နုိင္ပါတယ္။ မိန္းမကိုယ္ျပန္လည္တင္းရင္းလာဖို႔အတြက္ မိန္းမကိုယ္က်ဥ္းေဆးခရင္မ္ သံုးတာအပါအဝင္ နည္းလမ္းေတြအမ်ားၾကီးရွိပါတယ္။ အာရွမွာ ဒီအတြက္ သီးသန္႕ အျဖစ္ သဘာဝေဆးဖက္ဝင္ေတြနဲ႔ထုတ္လုပ္ထားတဲ့ ေဆးနည္းေတြကိုသံုးၾကပါတယ္။



အာရွမွာ ျပီးခဲ့တဲ့ႏွစ္ေတြအတြင္း မိန္းမကိုယ္က်ဥ္းေဆးေတြကို ခရင္မ္၊ ေဆးေတာင့္ နဲ႔ medicate stick၊ ဆပ္ျပာ၊ စတဲ့ ပံုစံအမ်ိဳး်မ်ိဳးနဲ႔ဝင္လာၾကပါတယ္။ အရည္အေသြးကေတာ့ တခ်ိဳ႕မွာပဲရလဒ္ေကာင္းျပီး တခ်ိဳ႕မွာမေကာငး္ပါဘူး။

Varginal tightening cream ေတြဟာ ေဆးဖက္ဝင္သဘာဝပစၥည္းေတြကေနထုတ္လုပ္ထားလို႔ ၁၀၀ ရာခိုင္ႏႈန္းေဘးကင္းတယ္လို႔ ေတာ္ေတာ္မ်ားမ်ားကထင္ၾကပါတယ္။ အခုဆိုရင္ vaginal tightening cream အျဖစ္နဲ႔ေၾကာ္္ျငာေနတဲဲ့ အြန္လိုင္းေစ်းကြက္ထဲက မိန္းမကိုယ္က်ဥ္းေဆး ကုန္ပစၥည္းေတြလည္းအမ်ားၾကီးရွိေနပါတယ္။ ဒါေပမယ့္ ေဘးကင္းတယ္လို႔ ေၾကာ္ျငာထားၾကတဲ့ပစၥည္းေတြအကုန္လံုးက ေဘးမကင္းနုိင္ပါဘူး။

တကယ္ေတာ့ Vaginal tightening cream ေတြ ၊ gel ေတြဆိုတာ ဓာတုပစၥည္းေတြအျပည့္ပါဝင္ေနတာျဖစ္ျပီး  အသံုးျပဳသူနဲ႔ ဓာတ္မတည့္တာေတြ၊ နီရဲေရာင္ရမ္းတာေတြျဖစ္ေစနိုင္ပါတယ္။ ဓာတုပစၥည္းေတြေၾကာင့္မိန္းမကိုယ္ထဲက ဘက္တီးရီးယားထိန္းညွိမႈကို ေျပာင္းလဲေစခဲ့ရင္ မိန္းမကိုယ္ေရာင္ရမ္းျခင္း သို႔မဟုတ္ မိႈပိုးဝင္ျခင္း ျဖစ္လာေစနိုင္ပါတယ္။ အမ်ိဳးသမီးသံုးပစၥည္းေတြဟာ ေဟာ္မုန္းကေမာက္ကမျဖစ္ျခင္းအႏၱရာယ္လည္း ရွိ္လာနုိင္ပါတယ္။ ဒါ့အျပင္ ကိုယ့္မွာ လိင္ကတဆင့္ကူးစက္တဲ့ေရာဂါ STD တစ္မ်ိဳးမ်ိဳးရွိေနတယ္ဆိုရင္ ဒီေဆးေတြေၾကာင့္ လကၡဏာပိုဆိုးလာနိုင္ပါတယ္။

မိန္းမကိုယ္ဟာ ခႏၶာကိုယ္မွာ နုနယ္ျပီးထိခိုက္လြယ္တဲ့အစိတ္အပိုင္းျဖစ္လို႔ ဂရုတစိုက္ရွိဖို႔လိုပါတယ္။ ကေလးေမြးဖြားျပီးေနာက္ပိုင္း နဂိုမူလအတိုင္းနီးပါးျပန္တင္းရင္းခ်င္တယ္ဆိုရင္ ဒီလိုေဆးေတြ၊ ပစၥည္းေတြဝယ္သံုးဖို႔က လြယ္သလုိ ေစ်းေပါတဲ့ ပစၥည္းေတြလည္းရွိေနပါတယ္။ ဒါေပမယ့္ သူတို႔က ေဖာ္ျပထားသလို တကယ္ေဘးကင္းပါ့မလား။ ခံစားရနိုင္တဲ့အႏၱရာယ္ေတြထဲမွာ အမ်ားအားျဖင့္ေအာက္ပါေဘးထြက္ဆိုးက်ိဳး ၅ ခုပါဝင္နိုင္ပါတယ္။

နီရဲေရာင္ရမ္းျခင္း

မိန္းမကိုယ္က်ဥ္းေဆးေတြက ဓာတုပစၥည္းေတြအမ်ားၾကီးပါဝင္ေနပါတယ္။ Manjakani အဆီအႏွစ္နဲ႔ထုတ္လုပ္ထားတယ္ဆိုရင္ေတာင္မွ ဒီလိုပါေနနိုင္ပါတယ္။ Manjakani  ဟာ ကေလးမီးဖြားျပီးေနာက္ပိုင္း မိန္းမကိုယ္ကိုျပန္လည္တင္းရင္းေစဖို႔  သံုးၾကတဲ့ေရွးေခတ္ေဆးနည္းတစ္ခုျဖစ္ပါတယ္။

ဒီလို ဓာတုပစၥည္းေတြေၾကာင့္ မိန္းမကိုယ္ကို အတြင္းေရာအျပင္ပါ နီရဲေရာင္ရမ္း္ေစနိုင္ပါတယ္။ ဒါ့ေၾကာင့္ပဲ ဆီးသြားရင္၊လမ္းေလွ်ာက္ရင္၊ ထိုင္ရင္ နာက်င္ရတတ္ပါတယ္။

ဓာတ္မတည့္မႈ

ပိုဆိုးတာက ေဆးရဲ႕ပါဝင္ပစၥည္းတစ္ခုခုကို ဓာတ္မတည့္တာမ်ိဳးျဖစ္နုိင္ပါတယ္။ ဓာတ္မတည့္ခဲ့ရင္ ယားယံတာ၊ နီရဲလာတာ၊ အကြက္ေတြျဖစ္တာ စတဲ့လကၡဏာေတြျဖစ္လာနိုင္ပါတယ္။ဒီလကၡဏာမ်ိဳးေတြက အေရျပားမွာျဖစ္တာေတာင္ အေတာ္ခံစားရတတ္တာ၊ မိန္းမကိုယ္အထဲမွာဆိုရင္ မေတြးရဲစရာပါ။ အရမ္းကို ခံရခက္ျပီး နာက်င္ရမွာအေသအခ်ာပဲ။

ေရာဂါပိုးဝင္ျခင္း

ဒီလိုအမ်ိဳးသမီးပစၥည္းေတြ၊ေဆးေတြက ဘက္တီးရီးယားေၾကာင့္ မိန္းမကိုယ္ေရာင္ရမ္းျခင္း(BV) နဲ႔ မိႈပိုးဝင္ျခင္း ျဖစ္နို္င္ေျခပိုမ်ားေစပါတယ္။ ခရင္မ္နဲ႔တင္မကဘဲ မိန္းမကိုယ္ထဲကို ျပင္ပအရာဝတၳဳတစ္ခုခု(ဥပမာ medicate stick)ထည့္သြင္းျခင္းက မိန္းမကိုယ္အတြင္း pH ထိန္းညွိမႈကို ပ်က္ယြင္းေစပါတယ္။ မိန္းမကိုယ္အတြင္းကဘက္တီးရီးယားထိန္းညွိမႈကိုေျပာင္းလဲေစတာေၾကာင့္ ေရာဂါပိုးဝင္လြယ္ေစတာျဖစ္ပါတယ္။

ေဟာ္မုန္းကေမာက္ကမျဖစ္ျခင္း

မိန္းမကိုယ္က်ဥ္းေဆးေတြက endocrine  ေဟာ္မုန္းစနစ္ကိုလည္း အေႏွာင့္အယွက္ေပးနိုင္ပါတယ္။ ဒီစနစ္မွာ သားဥအိမ္၊ သိုင္းရိြဳက္ဂလင္းနဲ႔ pituitary  ဂလင္းတို႔ပါဝင္ပါတယ္။

ဒီဂလင္းေတြက ေဟာ္မုန္းထုတ္ေပးတာျဖစ္ျပီး သူတို႔မွာအေျပာင္းအလဲျဖစ္လာတာ ဒါမွမဟုတ္ ထိခိုက္ပ်က္စီးလာရင္ ေဟာ္မုန္းေတြအတြက္ စိုးရိမ္စရာရွိလာပါတယ္။

STD ေနာက္ဆက္တြဲဆိုးက်ိဳးမ်ား

ဒီေဆးေတြက လိင္မွတဆင့္ကူးစက္တတ္တဲ့ STD ေရာဂါလကၡဏာေတြကို ဖံုးကြယ္သလိုျဖစ္ေစနိုင္ပါတယ္။ မိန္းမကိုယ္တင္းရင္းေစတဲ့ခရင္မ္ေတြက အနံ႔အသက္ကင္းေစတဲ့အာနိသင္ပါရွိတာေၾကာင့္ STD ေၾကာင့္ျဖစ္လာတဲ့အနံ႔ကို ေလ်ာ့က်ေစပါတယ္။ရလဒ္အေနနဲ႔က ကိုယ့္မွာ STD ေတြရွိေနရင္ေတာင္ ရွိမွန္းမသိနိုင္ေလာက္ေတာ့ပါဘူး။

ဒါနဲ႔ပဲ ကုသမႈခံယူဖို႔ ေနွာင့္ေႏွးေစပါတယ္။ ေသခ်ာမကုသရင္ STD တစ္မ်ိဳးမ်ိဳးေၾကာင့္ ေယာနိမွာ ထိခိုက္မႈပိုမ်ားေစနိုင္ပါတယ္။ ဒါ့အျပင္ တျခားသူနဲ႔လိင္ဆက္ဆံရင္းလည္း ေရာဂါကူးစက္ျပန္႔ပြားနိုင္ပါေသးတယ္။

မိန္းမကိုယ္ တင္းရင္းေစမယ့္ သဘာဝနည္းလမ္း

ေစ်းၾကီးျပီး ကုန္က်စရိတ္မ်ားတဲ့ ေဆးေတြ၊ ခရင္မ္ေတြသံုးမယ့္အစား ခါးေအာက္ပိုင္းေလ့က်င့္ခန္းေတြ လုပ္လို႔ရပါတယ္။ ဒီေလ႔က်င့္ခန္းေတြက ေယာနိလမ္းေၾကာင္းက နံရံေတြကို က်ံု႔ဆန္႔အားပိုေကာင္းေစပါလိမ့္မယ္။

Kegel လို႔ေခၚတဲ့ ေလ့က်င့္ခန္းေတြက အထိေရာက္ဆံုးပါပဲ။ Kegel လုပ္ရင္ တင္ပါးဆံုေအာက္ပိုင္းၾကြက္သားေတြကို ညွစ္လိုက္ ေျဖေလွ်ာ့လိုက္ လုပ္ရတာေၾကာင့္ ဒီေလ့က်င့္ခန္းကို မ်ားမ်ားလုပ္ေလ မိန္းမကိုယ္ ပိုတင္းရင္းေလျဖစ္ပါတယ္။

ဒီေလ့က်င့္ခန္းကိုလုပ္မယ္ဆိုရင္ ဆီးကိုေအာင့္ထားသလို ေယာနိဝနဲ႔ တင္ပါးဆံုေအာက္ပိုင္းၾကြက္သားေတြကုိစကၠန္႔ပိုင္းေလာက္ ညွစ္ထားျပီး ျဖည္းျဖည္းျပန္ေျဖေလွ်ာ့ရပါမယ္။ တစ္ေန႔ သံုးၾကိမ္ေလာက္ လုပ္ေပးနုိင္ပါတယ္။ လွဲေနရင္း၊ ထိုင္ေနရင္း၊ မတ္တပ္ရပ္ေနရင္း ပံုစံသံုးမ်ိဳး တစ္လွည့္စီလုပ္နိုင္ပါတယ္။

ေနာက္ထပ္သတိထားသင့္တာက မိန္းမကိုယ္မွာ ဘယ္ေဆး၊ ဘယ္ပစၥည္းကိုမွ ဆရာဝန္ညႊန္ၾကားခ်က္မပါဘဲ မလိမ္း မသံုးသင့္ပါဘူး။ ဒီလိုမွမဟုတ္ရင္ နုနယ္တဲ့ ဒီဧရိယာမွာ ေနာက္ဆက္တြဲထိခိုက္မႈေတြရွိလာနိုင္ပါတယ္။ ဒီေတာ့ လိမ္းေဆးခရင္မ္ေတြ၊ ဂ်ယ္လ္ေတြရဲ႕ ဆိုးက်ိဳးေတြကို ေရွာင္နိုင္ေစဖို႔ သဘာဝနည္းနဲ႔သာ ၾကိဳးစားၾကည့္ၾကပါ။

Hello Health Group သည္ေဆးပညာအၾကံျပဳခ်က္မ်ား၊ေရာဂါရွာေဖြအတည္ျပဳခ်က္မ်ားႏွင့္ ကုသမႈမ်ားမျပဳလုပ္ေပးပါ။

Credit – Hello Health Group

Unicode

အမျိုးသမီးတွေရဲ့ခန္ဓာကိုယ်မှာ မိန်းမကိုယ်ရဲ့ကျုံ့ဆန့်နိုင်အားကို လျော့နည်းစေတာက ကလေးမီးဖွားခြင်းတစ်ခုတည်းကြောင့်မဟုတ်ပါဘူး။အသက်အရွယ်ကြောင့် ဒါမှမဟုတ် လိင်ဆက်ဆံမှုကြောင့် ဒါမှမဟုတ် ခန္ဓာကိုယ်ပုံပန်းသဏ္ဍာန်ပြောင်းလဲမှုကြောင့်ဖြစ်တတ်ပါတယ်။ မိန်းမကိုယ်၊ သားဖွားလမ်းကြောင်းမှာ မတင်းရင်းတော့တဲ့အခါ အိမ်ထောင်ရေးသုခကို မရရှိနိုင်ဘဲ မိသားစုပြဿနာတွေဖြစ်လာနိုင်တယ်လို့ ယူဆကြတာကြောင့် အိမ်ထောင်သည်အမျိုးသမီးတွေအတော်များများက ဒီအတွက် ဖြေရှင်းဖို့ နည်းလမ်းရှာကြပါတယ်။

ဒါပေမယ့် သဘာဝတရားအရဖြစ်လာတာမို့ အားနည်းချက်လိုမျိုး စိုးရိမ်နေဖို့တော့မလိုပါဘူး။ ယောကျာ်းပစ်သွားမှာ၊ အိမ်ထောင်အဆင်မပြေမှာစိုးပြီး ပြန်လည်နုပျိုတင်းရင်းမှုကိုပြန်ရနိုင်ဖို့ နည်းလမ်းမှားတွေကို လိုက်လုပ်မိရင် ဒုက္ခရောက်နိုင်ပါတယ်။ မိန်းမကိုယ်ပြန်လည်တင်းရင်းလာဖို့အတွက် မိန်းမကိုယ်ကျဉ်းဆေးခရင်မ် သုံးတာအပါအဝင် နည်းလမ်းတွေအများကြီးရှိပါတယ်။ အာရှမှာ ဒီအတွက် သီးသန့် အဖြစ် သဘာဝဆေးဖက်ဝင်တွေနဲ့ထုတ်လုပ်ထားတဲ့ ဆေးနည်းတွေကိုသုံးကြပါတယ်။

အာရှမှာ ပြီးခဲ့တဲ့နှစ်တွေအတွင်း မိန်းမကိုယ်ကျဉ်းဆေးတွေကို ခရင်မ်၊ ဆေးတောင့် နဲ့ medicate stick၊ ဆပ်ပြာ၊ စတဲ့ ပုံစံအမျိုးျမျိုးနဲ့ဝင်လာကြပါတယ်။ အရည်အသွေးကတော့ တချို့မှာပဲရလဒ်ကောင်းပြီး တချို့မှာမကောငး်ပါဘူး။

Varginal tightening cream တွေဟာ ဆေးဖက်ဝင်သဘာဝပစ္စည်းတွေကနေထုတ်လုပ်ထားလို့ ၁၀၀ ရာခိုင်နှုန်းဘေးကင်းတယ်လို့ တော်တော်များများကထင်ကြပါတယ်။ အခုဆိုရင် vaginal tightening cream အဖြစ်နဲ့ကြော််ငြာနေတဲဲ့ အွန်လိုင်းစျေးကွက်ထဲက မိန်းမကိုယ်ကျဉ်းဆေး ကုန်ပစ္စည်းတွေလည်းအများကြီးရှိနေပါတယ်။ ဒါပေမယ့် ဘေးကင်းတယ်လို့ ကြော်ငြာထားကြတဲ့ပစ္စည်းတွေအကုန်လုံးက ဘေးမကင်းနိုင်ပါဘူး။

တကယ်တော့ Vaginal tightening cream တွေ ၊ gel တွေဆိုတာ ဓာတုပစ္စည်းတွေအပြည့်ပါဝင်နေတာဖြစ်ပြီး  အသုံးပြုသူနဲ့ ဓာတ်မတည့်တာတွေ၊ နီရဲရောင်ရမ်းတာတွေဖြစ်စေနိုင်ပါတယ်။ ဓာတုပစ္စည်းတွေကြောင့်မိန်းမကိုယ်ထဲက ဘက်တီးရီးယားထိန်းညှိမှုကို ပြောင်းလဲစေခဲ့ရင် မိန်းမကိုယ်ရောင်ရမ်းခြင်း သို့မဟုတ် မှိုပိုးဝင်ခြင်း ဖြစ်လာစေနိုင်ပါတယ်။ အမျိုးသမီးသုံးပစ္စည်းတွေဟာ ဟော်မုန်းကမောက်ကမဖြစ်ခြင်းအန္တရာယ်လည်း ရှိ်လာနိုင်ပါတယ်။ ဒါ့အပြင် ကိုယ့်မှာ လိင်ကတဆင့်ကူးစက်တဲ့ရောဂါ STD တစ်မျိုးမျိုးရှိနေတယ်ဆိုရင် ဒီဆေးတွေကြောင့် လက္ခဏာပိုဆိုးလာနိုင်ပါတယ်။

မိန်းမကိုယ်ဟာ ခန္ဓာကိုယ်မှာ နုနယ်ပြီးထိခိုက်လွယ်တဲ့အစိတ်အပိုင်းဖြစ်လို့ ဂရုတစိုက်ရှိဖို့လိုပါတယ်။ ကလေးမွေးဖွားပြီးနောက်ပိုင်း နဂိုမူလအတိုင်းနီးပါးပြန်တင်းရင်းချင်တယ်ဆိုရင် ဒီလိုဆေးတွေ၊ ပစ္စည်းတွေဝယ်သုံးဖို့က လွယ်သလို စျေးပေါတဲ့ ပစ္စည်းတွေလည်းရှိနေပါတယ်။ ဒါပေမယ့် သူတို့က ဖော်ပြထားသလို တကယ်ဘေးကင်းပါ့မလား။ ခံစားရနိုင်တဲ့အန္တရာယ်တွေထဲမှာ အများအားဖြင့်အောက်ပါဘေးထွက်ဆိုးကျိုး ၅ ခုပါဝင်နိုင်ပါတယ်။

နီရဲရောင်ရမ်းခြင်း

မိန်းမကိုယ်ကျဉ်းဆေးတွေက ဓာတုပစ္စည်းတွေအများကြီးပါဝင်နေပါတယ်။ Manjakani အဆီအနှစ်နဲ့ထုတ်လုပ်ထားတယ်ဆိုရင်တောင်မှ ဒီလိုပါနေနိုင်ပါတယ်။ Manjakani  ဟာ ကလေးမီးဖွားပြီးနောက်ပိုင်း မိန်းမကိုယ်ကိုပြန်လည်တင်းရင်းစေဖို့  သုံးကြတဲ့ရှေးခေတ်ဆေးနည်းတစ်ခုဖြစ်ပါတယ်။

ဒီလို ဓာတုပစ္စည်းတွေကြောင့် မိန်းမကိုယ်ကို အတွင်းရောအပြင်ပါ နီရဲရောင်ရမ်း်စေနိုင်ပါတယ်။ ဒါ့ကြောင့်ပဲ ဆီးသွားရင်၊လမ်းလျှောက်ရင်၊ ထိုင်ရင် နာကျင်ရတတ်ပါတယ်။

ဓာတ်မတည့်မှု

ပိုဆိုးတာက ဆေးရဲ့ပါဝင်ပစ္စည်းတစ်ခုခုကို ဓာတ်မတည့်တာမျိုးဖြစ်နိုင်ပါတယ်။ ဓာတ်မတည့်ခဲ့ရင် ယားယံတာ၊ နီရဲလာတာ၊ အကွက်တွေဖြစ်တာ စတဲ့လက္ခဏာတွေဖြစ်လာနိုင်ပါတယ်။ဒီလက္ခဏာမျိုးတွေက အရေပြားမှာဖြစ်တာတောင် အတော်ခံစားရတတ်တာ၊ မိန်းမကိုယ်အထဲမှာဆိုရင် မတွေးရဲစရာပါ။ အရမ်းကို ခံရခက်ပြီး နာကျင်ရမှာအသေအချာပဲ။

ရောဂါပိုးဝင်ခြင်း

ဒီလိုအမျိုးသမီးပစ္စည်းတွေ၊ဆေးတွေက ဘက်တီးရီးယားကြောင့် မိန်းမကိုယ်ရောင်ရမ်းခြင်း(BV) နဲ့ မှိုပိုးဝင်ခြင်း ဖြစ်နို်င်ခြေပိုများစေပါတယ်။ ခရင်မ်နဲ့တင်မကဘဲ မိန်းမကိုယ်ထဲကို ပြင်ပအရာဝတ္ထုတစ်ခုခု(ဥပမာ medicate stick)ထည့်သွင်းခြင်းက မိန်းမကိုယ်အတွင်း pH ထိန်းညှိမှုကို ပျက်ယွင်းစေပါတယ်။ မိန်းမကိုယ်အတွင်းကဘက်တီးရီးယားထိန်းညှိမှုကိုပြောင်းလဲစေတာကြောင့် ရောဂါပိုးဝင်လွယ်စေတာဖြစ်ပါတယ်။

ဟော်မုန်းကမောက်ကမဖြစ်ခြင်း

မိန်းမကိုယ်ကျဉ်းဆေးတွေက endocrine  ဟော်မုန်းစနစ်ကိုလည်း အနှောင့်အယှက်ပေးနိုင်ပါတယ်။ ဒီစနစ်မှာ သားဥအိမ်၊ သိုင်းရွိုက်ဂလင်းနဲ့ pituitary  ဂလင်းတို့ပါဝင်ပါတယ်။

ဒီဂလင်းတွေက ဟော်မုန်းထုတ်ပေးတာဖြစ်ပြီး သူတို့မှာအပြောင်းအလဲဖြစ်လာတာ ဒါမှမဟုတ် ထိခိုက်ပျက်စီးလာရင် ဟော်မုန်းတွေအတွက် စိုးရိမ်စရာရှိလာပါတယ်။

STD နောက်ဆက်တွဲဆိုးကျိုးများ

ဒီဆေးတွေက လိင်မှတဆင့်ကူးစက်တတ်တဲ့ STD ရောဂါလက္ခဏာတွေကို ဖုံးကွယ်သလိုဖြစ်စေနိုင်ပါတယ်။ မိန်းမကိုယ်တင်းရင်းစေတဲ့ခရင်မ်တွေက အနံ့အသက်ကင်းစေတဲ့အာနိသင်ပါရှိတာကြောင့် STD ကြောင့်ဖြစ်လာတဲ့အနံ့ကို လျော့ကျစေပါတယ်။ရလဒ်အနေနဲ့က ကိုယ့်မှာ STD တွေရှိနေရင်တောင် ရှိမှန်းမသိနိုင်လောက်တော့ပါဘူး။

ဒါနဲ့ပဲ ကုသမှုခံယူဖို့ နှောင့်နှေးစေပါတယ်။ သေချာမကုသရင် STD တစ်မျိုးမျိုးကြောင့် ယောနိမှာ ထိခိုက်မှုပိုများစေနိုင်ပါတယ်။ ဒါ့အပြင် တခြားသူနဲ့လိင်ဆက်ဆံရင်းလည်း ရောဂါကူးစက်ပြန့်ပွားနိုင်ပါသေးတယ်။

မိန်းမကိုယ် တင်းရင်းစေမယ့် သဘာဝနည်းလမ်း

စျေးကြီးပြီး ကုန်ကျစရိတ်များတဲ့ ဆေးတွေ၊ ခရင်မ်တွေသုံးမယ့်အစား ခါးအောက်ပိုင်းလေ့ကျင့်ခန်းတွေ လုပ်လို့ရပါတယ်။ ဒီလေ့ကျင့်ခန်းတွေက ယောနိလမ်းကြောင်းက နံရံတွေကို ကျုံ့ဆန့်အားပိုကောင်းစေပါလိမ့်မယ်။

Kegel လို့ခေါ်တဲ့ လေ့ကျင့်ခန်းတွေက အထိရောက်ဆုံးပါပဲ။ Kegel လုပ်ရင် တင်ပါးဆုံအောက်ပိုင်းကြွက်သားတွေကို ညှစ်လိုက် ဖြေလျှော့လိုက် လုပ်ရတာကြောင့် ဒီလေ့ကျင့်ခန်းကို များများလုပ်လေ မိန်းမကိုယ် ပိုတင်းရင်းလေဖြစ်ပါတယ်။

ဒီလေ့ကျင့်ခန်းကိုလုပ်မယ်ဆိုရင် ဆီးကိုအောင့်ထားသလို ယောနိဝနဲ့ တင်ပါးဆုံအောက်ပိုင်းကြွက်သားတွေကိုစက္ကန့်ပိုင်းလောက် ညှစ်ထားပြီး ဖြည်းဖြည်းပြန်ဖြေလျှော့ရပါမယ်။ တစ်နေ့ သုံးကြိမ်လောက် လုပ်ပေးနိုင်ပါတယ်။ လှဲနေရင်း၊ ထိုင်နေရင်း၊ မတ်တပ်ရပ်နေရင်း ပုံစံသုံးမျိုး တစ်လှည့်စီလုပ်နိုင်ပါတယ်။

နောက်ထပ်သတိထားသင့်တာက မိန်းမကိုယ်မှာ ဘယ်ဆေး၊ ဘယ်ပစ္စည်းကိုမှ ဆရာဝန်ညွှန်ကြားချက်မပါဘဲ မလိမ်း မသုံးသင့်ပါဘူး။ ဒီလိုမှမဟုတ်ရင် နုနယ်တဲ့ ဒီဧရိယာမှာ နောက်ဆက်တွဲထိခိုက်မှုတွေရှိလာနိုင်ပါတယ်။ ဒီတော့ လိမ်းဆေးခရင်မ်တွေ၊ ဂျယ်လ်တွေရဲ့ ဆိုးကျိုးတွေကို ရှောင်နိုင်စေဖို့ သဘာဝနည်းနဲ့သာ ကြိုးစားကြည့်ကြပါ။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

Credit – Hello Health Group