သမုဒၵရာအတြင္း လူသူမရွိဘဲ ၃၈ ႏွစ္ၾကာရြက္လႊင့္ေနသည့္ တေစၦသေဘၤာၾကီး

Published on December 19, 2017

ဆီြဒင္ႏိုင္ငံမွသည္ အလက္စကားေဒသကမ္းလြန္ပင္လယ္ျပင္အထိ စီးနင္းလိုက္ပါသူတစ္ဦးမွ် မရွိဘဲ သမုဒၵရာျပင္အတြင္း ၃၈ ႏွစ္ၾကာ ရြက္လႊင့္ေနခဲ့သည့္ ေရေႏြးေငြ႔သံုး ကုန္တင္သေဘၤာၾကီးတစ္စင္းမွာ ကမၻာေပၚရွိ အထူးဆန္းဆံုး တေစၦသေဘၤာမ်ားတြင္ အပါအဝင္ ျဖစ္ခဲ့သည္။

သေဘၤာအမည္မွာ SS Baychimo ျဖစ္ျပီး တန္ခ်ိန္ ၁၃၃၂ တန္ရွိကာ ၁၉၁၄ ခုႏွစ္တြင္ ေရခ်ခဲ့သည္။
မူလက သေဘၤာအမည္ကို ဆြီဒင္ဘာသာအားျဖင့္ အြမ္းဥာဏ္မာနဲလ္ဘန္း (Ångermanelfven) ဟု အမည္ေပးခဲ့ျခင္း ျဖစ္ကာ ဆြီဒင္ႏိုင္ငံ၊ ဂို႔အင္ဘာာ့ခ္ျမိဳ႕၊ လီန္ဟိုးမန္စ္သေဘၤာက်င္းတြင္ ေဆာက္လုပ္ခဲ့သည္။



သေဘၤာ၏အလ်ား ေပ ၂၃၀ ရွိျပီး ေက်ာက္မီးေသြးသံုး ေရေႏြးေငြ႔အင္ဂ်င္ျဖင့္ ေမာင္းႏွင္ကာ အျမန္ဆံုးသြားႏိုင္သည့္ႏႈန္းမွာ တစ္နာရီလွ်င္ ၁၂ မိုင္ႏႈန္း ျဖစ္သည္။

ပထမကမၻာစစ္ၾကီးျပီးေသာအခါ ျဗိတိန္၏ ပ်က္စီးသြားေသာ သေဘၤာမ်ားကို ဂ်ာမနီက ျပန္လည္ျပဳျပင္ေပးရာတြင္ SS Baychimo လည္း အပါအဝင္ျဖစ္ခဲ့သည္။

ဂ်ာမနီက ျပင္ဆင္ေပးျပီးေနာက္ပိုင္း အက္စ္အက္စ္ ေဘးခ်ီမို (SS Baychimo) ဟု အမည္ေျပာင္းလဲလိုက္ျခင္းျဖစ္ကာ စေကာ့တလန္ႏိုင္ငံတြင္ အေျခစိုက္ထားရွိခဲ့သည္။

SS Baychimo သည္ သားေရစိမ္း၊ ေဆးရြက္ၾကီး၊ သၾကား၊ လဘက္ေျခာက္ႏွင့္ လက္နက္မ်ား သယ္ယူပို႔ေဆာင္ေပးျခင္းျဖင့္ ကေနဒါကမ္းရိုးတစ္ေလွ်ာက္ ေႏြရာသီတိုင္းတြင္ လြန္းထိုးသြားလာခဲ့သည္။

ထိုသို႔ ကုန္စည္သယ္ယူပို႔ေဆာင္မႈမ်ား ျပဳလုပ္ေပးေနစဥ္ ၁၉၃၁ ခုႏွစ္တြင္ကား ေရခဲျပင္အတြင္း ပိတ္မိသြားခဲ့၏။
သေဘၤာသားမ်ားသည္ သေဘၤာေပၚမွ ေရခဲေနေသာ ပင္လယ္ေရမ်က္ႏွာျပင္ေပၚသို႔ဆင္းကာ အလက္စကားေဒသ၊ ဘာရိုးျမိဳ႕ကေလးေရာက္ေအာင္ မိုင္ဝက္ခန္႔ လမ္းေလွ်ာက္ခဲ့ၾကရသည္။

ယင္းျမိဳ႕ကေလးတြင္ေခတၱေနထုိင္ကာ ေရခဲမ်ားအရည္ေပ်ာ္သြားပါက သေဘၤာကိုဆက္လက္ထြက္ခြာၾကရန္ ရည္ရြယ္ၾကျခင္းျဖစ္သည္။

သို႔ရာတြင္ ကာလအတန္ၾကာသည္အထိ ေရခဲမ်ားအရည္ေပ်ာ္ျခင္းမရွိေသာေၾကာင့္ သေဘၤာသားမ်ားကို ေလယာဥ္ျဖင့္ သက္ဆိုင္ရာႏိုင္ငံမ်ားသို႔ ျပန္လည္ေပးပို႔ခဲ့သည္။

သေဘၤာသားအခ်ဳိ႕မွာမူ သေဘၤာကိုေဆာင္းရာသီတစ္ေလွ်ာက္လံုး ေစာင့္ၾကပ္ၾကည့္ရႈရန္ ေနထုိင္ခဲ့ၾက၏။
က်န္ခဲ့သည့္ သေဘၤာသားမ်ားသည္ ကမ္းေျခတြင္ တဲမ်ားေဆာက္ကာ ေနထိုင္ေစာင့္ၾကည့္ခဲ့ၾကသည္။ SS Baychimo သည္ ကမ္းေျခမွ မိုင္ဝက္ခန္႔သာ ေဝးကြာ၏။

ႏိုဝင္ဘာလ ၂၄ ရက္တြင္ကား အပူခ်ိန္မွာ အံ့အားသင့္ဖြယ္ရုတ္ခ်ည္းျမင့္တက္လာရာ ေရခဲမွတ္ေအာက္ အႏႈတ္ ၆၀ ဒီဂရီရွိခဲ့ရာမွ သုညဒီဂရီအထိ ျမင့္တက္သြားခဲ့သည္။

ထိုသို႔အပူခ်ိန္ျမင့္တက္လာျပီးေနာက္ ၃ ရက္ခန္႔ ႏွင္းမုန္တိုင္းၾကီးက်ေရာက္ရာ မည္သည့္သေဘၤာသားတစ္ဦးမွ် တဲအတြင္းမွ မထြက္ဝံ့ခဲ့ၾကေခ်။

ႏွင္းမုန္တိုင္းၾကီးျငိမ္သက္သြားခ်ိန္တြင္ကား ေဘးခ်ီမိုသေဘၤာၾကီးမွာ ေပ်ာက္ခ်င္းမလွ ေပ်ာက္ဆံုးသြားခဲ့ျပီ ျဖစ္သည္။
သေဘၤာရွိခဲ့သည့္ေနရာတြင္ ေရခဲစိုင္ၾကီးတစ္ခုကိုသာ ေတြ႔ရေတာ့သည္။

သေဘၤာသားမ်ားက ယူဆသည္မွာ သေဘၤာၾကီးနစ္ျမွဳပ္သြားျပီဟု ယူဆခဲ့ၾကသည္။
ရက္အနည္းငယ္ၾကာေသာအခါ အလက္စကားေဒသခံတိုင္းရင္းသားလူမ်ဳိးစုတစ္ခုျဖစ္ေသာ အင္းညဴဝစ္လူမ်ဳိး ပင္လယ္ဖ်ံမုဆိုးမ်ား၏ ေျပာၾကားခ်က္အရ မုန္တိုင္းတိုက္ေနစဥ္အတြင္း သေဘၤာၾကီးသည္ ေရခဲျပင္အတြင္း ပိတ္မိေနရာမွ လြတ္ေျမာက္သြားခဲ့ကာ ၄၅ မိုင္ခန္႔ ေဝးကြာေသာေနရာအထိ ေျမာပါသြားခဲ့ျပီျဖစ္ေၾကာင္း ေျပာၾကားၾကသည္။
လေပါင္းမ်ားစြာအၾကာတြင္ ေဘးခ်ီမိုကုိ အေရွ႕ဘက္ မိုင္ေပါင္း ၂၅၀ ခန္႔ ေဝးကြာေသာေနရာတြင္ ထပ္မံေတြ႔ခဲ့ၾကသူမ်ား ရွိလာသည္။

ယင္းေနာက္ တစ္ႏွစ္ခန္႔ၾကာေသာအခါ အလက္စကားျပည္နယ္၊ ႏိုမီျမိဳ႕ကေလးအနီးတြင္ အမဲလိုက္ေခြးမ်ားႏွင့္ ခရီးထြက္ေနသူ လက္စ္လီ မယ္လ္ဗင္ဆိုသူက အဆိုပါသေဘၤာၾကီးကို ကမ္းေျခအနီးတြင္ ေျမာပါေနသည္ကို ေတြ႔ခဲ့ရသည္ဟု ဆိုသည္။

၁၉၃၂ ခုႏွစ္တြင္ အက္စ္ကီးမိုးလူမ်ဳိးတစ္စုသည္ အဆိုပါသေဘၤာၾကီးကို ေတြ႔ရွိျပီး သေဘၤာရွိရာသြားေရာက္ခဲ့ၾကရာ မေမွ်ာ္လင့္ဘဲ မုန္တိုင္းမိျပီး သေဘၤာေပၚတြင္ ၁၀ ရက္ခန္႔ ပိတ္မိေနခဲ့ၾကသည္။

၁၉၃၅ ခုႏွစ္တြင္ ကပၸတိန္ ဟုခ်္ ပိုလ္ဆန္က ေဘးခ်ီမိုကို ဆယ္ယူရန္စီစဥ္ခဲ့ေသးေသာ္လည္း ေရခဲျပင္မ်ားေၾကာင့္ အထမေျမာက္ခဲ့ျပန္။

၁၉၆၉ ခုႏွစ္တြင္ကား အလက္စကားျပည္နယ္၊ ခ်ဳခ်ီပင္လယ္ျပင္အတြင္း ေရခဲျပင္တြင္းပိတ္မိေနသည္ကို ေတြ႔ခဲ့ၾကရသည္။

ထိုစဥ္က ေတြ႔ရွိခဲ့သည္မွာ ေနာက္ဆံုးအၾကိမ္ေတြ႔ျမင္ခဲ့ျခင္းျဖစ္ျပီး ေနာင္တြင္ မည္သည့္ေနရာတြင္မွ် ေတြ႔ရွိခဲ့ၾကေတာ့ျခင္းမရွိေခ်။

လြန္ခဲ့ေသာ ၁၀ ႏွစ္ခန္႔က အလက္စကားျပည္နယ္ အုပ္ခ်ဳပ္ေရးအဖြဲ႔က ေဘးခ်ီမိုသေဘၤာၾကီးကို ပင္လယ္ျပင္တြင္ ေရေပၚ၊ ေရေအာက္ရွာေဖြမႈမ်ားလုပ္ရန္ စီမံခ်က္ေရးဆြဲကာ ရွာေဖြမႈမ်ားလုပ္ခဲ့ေသာ္လည္း ယေန႔တိုင္မေတြ႔ရွိရေသးေခ်။

ယေန႔အခါတြင္ ေဘးခ်ီမိုသေဘၤာၾကီးသည္ မည္သည့္အရပ္သို႔ ဆိုက္ေရာက္ေနျပီဟူသည္ကို မည္သူမွ် မသိၾကေတာ့ေခ်။

Cherie(ShweInnlay)

Unicode

ဆွီဒင်နိုင်ငံမှသည် အလက်စကားဒေသကမ်းလွန်ပင်လယ်ပြင်အထိ စီးနင်းလိုက်ပါသူတစ်ဦးမျှ မရှိဘဲ သမုဒ္ဒရာပြင်အတွင်း ၃၈ နှစ်ကြာ ရွက်လွှင့်နေခဲ့သည့် ရေနွေးငွေ့သုံး ကုန်တင်သင်္ဘောကြီးတစ်စင်းမှာ ကမ္ဘာပေါ်ရှိ အထူးဆန်းဆုံး တစ္ဆေသင်္ဘောများတွင် အပါအဝင် ဖြစ်ခဲ့သည်။

သင်္ဘောအမည်မှာ SS Baychimo ဖြစ်ပြီး တန်ချိန် ၁၃၃၂ တန်ရှိကာ ၁၉၁၄ ခုနှစ်တွင် ရေချခဲ့သည်။
မူလက သင်္ဘောအမည်ကို ဆွီဒင်ဘာသာအားဖြင့် အွမ်းဉာဏ်မာနဲလ်ဘန်း (Ångermanelfven) ဟု အမည်ပေးခဲ့ခြင်း ဖြစ်ကာ ဆွီဒင်နိုင်ငံ၊ ဂို့အင်ဘာ့ခ်မြို့၊ လီန်ဟိုးမန်စ်သင်္ဘောကျင်းတွင် ဆောက်လုပ်ခဲ့သည်။

သင်္ဘော၏အလျား ပေ ၂၃၀ ရှိပြီး ကျောက်မီးသွေးသုံး ရေနွေးငွေ့အင်ဂျင်ဖြင့် မောင်းနှင်ကာ အမြန်ဆုံးသွားနိုင်သည့်နှုန်းမှာ တစ်နာရီလျှင် ၁၂ မိုင်နှုန်း ဖြစ်သည်။

ပထမကမ္ဘာစစ်ကြီးပြီးသောအခါ ဗြိတိန်၏ ပျက်စီးသွားသော သင်္ဘောများကို ဂျာမနီက ပြန်လည်ပြုပြင်ပေးရာတွင် SS Baychimo လည်း အပါအဝင်ဖြစ်ခဲ့သည်။

ဂျာမနီက ပြင်ဆင်ပေးပြီးနောက်ပိုင်း အက်စ်အက်စ် ဘေးချီမို (SS Baychimo) ဟု အမည်ပြောင်းလဲလိုက်ခြင်းဖြစ်ကာ စကော့တလန်နိုင်ငံတွင် အခြေစိုက်ထားရှိခဲ့သည်။

SS Baychimo သည် သားရေစိမ်း၊ ဆေးရွက်ကြီး၊ သကြား၊ လဘက်ခြောက်နှင့် လက်နက်များ သယ်ယူပို့ဆောင်ပေးခြင်းဖြင့် ကနေဒါကမ်းရိုးတစ်လျှောက် နွေရာသီတိုင်းတွင် လွန်းထိုးသွားလာခဲ့သည်။

ထိုသို့ ကုန်စည်သယ်ယူပို့ဆောင်မှုများ ပြုလုပ်ပေးနေစဉ် ၁၉၃၁ ခုနှစ်တွင်ကား ရေခဲပြင်အတွင်း ပိတ်မိသွားခဲ့၏။
သင်္ဘောသားများသည် သင်္ဘောပေါ်မှ ရေခဲနေသော ပင်လယ်ရေမျက်နှာပြင်ပေါ်သို့ဆင်းကာ အလက်စကားဒေသ၊ ဘာရိုးမြို့ကလေးရောက်အောင် မိုင်ဝက်ခန့် လမ်းလျှောက်ခဲ့ကြရသည်။

ယင်းမြို့ကလေးတွင်ခေတ္တနေထိုင်ကာ ရေခဲများအရည်ပျော်သွားပါက သင်္ဘောကိုဆက်လက်ထွက်ခွာကြရန် ရည်ရွယ်ကြခြင်းဖြစ်သည်။

သို့ရာတွင် ကာလအတန်ကြာသည်အထိ ရေခဲများအရည်ပျော်ခြင်းမရှိသောကြောင့် သင်္ဘောသားများကို လေယာဉ်ဖြင့် သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်ပေးပို့ခဲ့သည်။

သင်္ဘောသားအချို့မှာမူ သင်္ဘောကိုဆောင်းရာသီတစ်လျှောက်လုံး စောင့်ကြပ်ကြည့်ရှုရန် နေထိုင်ခဲ့ကြ၏။
ကျန်ခဲ့သည့် သင်္ဘောသားများသည် ကမ်းခြေတွင် တဲများဆောက်ကာ နေထိုင်စောင့်ကြည့်ခဲ့ကြသည်။ SS Baychimo သည် ကမ်းခြေမှ မိုင်ဝက်ခန့်သာ ဝေးကွာ၏။

နိုဝင်ဘာလ ၂၄ ရက်တွင်ကား အပူချိန်မှာ အံ့အားသင့်ဖွယ်ရုတ်ချည်းမြင့်တက်လာရာ ရေခဲမှတ်အောက် အနှုတ် ၆၀ ဒီဂရီရှိခဲ့ရာမှ သုညဒီဂရီအထိ မြင့်တက်သွားခဲ့သည်။

ထိုသို့အပူချိန်မြင့်တက်လာပြီးနောက် ၃ ရက်ခန့် နှင်းမုန်တိုင်းကြီးကျရောက်ရာ မည်သည့်သင်္ဘောသားတစ်ဦးမျှ တဲအတွင်းမှ မထွက်ဝံ့ခဲ့ကြချေ။

နှင်းမုန်တိုင်းကြီးငြိမ်သက်သွားချိန်တွင်ကား ဘေးချီမိုသင်္ဘောကြီးမှာ ပျောက်ချင်းမလှ ပျောက်ဆုံးသွားခဲ့ပြီ ဖြစ်သည်။
သင်္ဘောရှိခဲ့သည့်နေရာတွင် ရေခဲစိုင်ကြီးတစ်ခုကိုသာ တွေ့ရတော့သည်။

သင်္ဘောသားများက ယူဆသည်မှာ သင်္ဘောကြီးနစ်မြှုပ်သွားပြီဟု ယူဆခဲ့ကြသည်။
ရက်အနည်းငယ်ကြာသောအခါ အလက်စကားဒေသခံတိုင်းရင်းသားလူမျိုးစုတစ်ခုဖြစ်သော အင်းညူဝစ်လူမျိုး ပင်လယ်ဖျံမုဆိုးများ၏ ပြောကြားချက်အရ မုန်တိုင်းတိုက်နေစဉ်အတွင်း သင်္ဘောကြီးသည် ရေခဲပြင်အတွင်း ပိတ်မိနေရာမှ လွတ်မြောက်သွားခဲ့ကာ ၄၅ မိုင်ခန့် ဝေးကွာသောနေရာအထိ မြောပါသွားခဲ့ပြီဖြစ်ကြောင်း ပြောကြားကြသည်။
လပေါင်းများစွာအကြာတွင် ဘေးချီမိုကို အရှေ့ဘက် မိုင်ပေါင်း ၂၅၀ ခန့် ဝေးကွာသောနေရာတွင် ထပ်မံတွေ့ခဲ့ကြသူများ ရှိလာသည်။

ယင်းနောက် တစ်နှစ်ခန့်ကြာသောအခါ အလက်စကားပြည်နယ်၊ နိုမီမြို့ကလေးအနီးတွင် အမဲလိုက်ခွေးများနှင့် ခရီးထွက်နေသူ လက်စ်လီ မယ်လ်ဗင်ဆိုသူက အဆိုပါသင်္ဘောကြီးကို ကမ်းခြေအနီးတွင် မြောပါနေသည်ကို တွေ့ခဲ့ရသည်ဟု ဆိုသည်။

၁၉၃၂ ခုနှစ်တွင် အက်စ်ကီးမိုးလူမျိုးတစ်စုသည် အဆိုပါသင်္ဘောကြီးကို တွေ့ရှိပြီး သင်္ဘောရှိရာသွားရောက်ခဲ့ကြရာ မမျှော်လင့်ဘဲ မုန်တိုင်းမိပြီး သင်္ဘောပေါ်တွင် ၁၀ ရက်ခန့် ပိတ်မိနေခဲ့ကြသည်။

၁၉၃၅ ခုနှစ်တွင် ကပ္ပတိန် ဟုချ် ပိုလ်ဆန်က ဘေးချီမိုကို ဆယ်ယူရန်စီစဉ်ခဲ့သေးသော်လည်း ရေခဲပြင်များကြောင့် အထမမြောက်ခဲ့ပြန်။

၁၉၆၉ ခုနှစ်တွင်ကား အလက်စကားပြည်နယ်၊ ချုချီပင်လယ်ပြင်အတွင်း ရေခဲပြင်တွင်းပိတ်မိနေသည်ကို တွေ့ခဲ့ကြရသည်။

ထိုစဉ်က တွေ့ရှိခဲ့သည်မှာ နောက်ဆုံးအကြိမ်တွေ့မြင်ခဲ့ခြင်းဖြစ်ပြီး နောင်တွင် မည်သည့်နေရာတွင်မျှ တွေ့ရှိခဲ့ကြတော့ခြင်းမရှိချေ။

လွန်ခဲ့သော ၁၀ နှစ်ခန့်က အလက်စကားပြည်နယ် အုပ်ချုပ်ရေးအဖွဲ့က ဘေးချီမိုသင်္ဘောကြီးကို ပင်လယ်ပြင်တွင် ရေပေါ်၊ ရေအောက်ရှာဖွေမှုများလုပ်ရန် စီမံချက်ရေးဆွဲကာ ရှာဖွေမှုများလုပ်ခဲ့သော်လည်း ယနေ့တိုင်မတွေ့ရှိရသေးချေ။

ယနေ့အခါတွင် ဘေးချီမိုသင်္ဘောကြီးသည် မည်သည့်အရပ်သို့ ဆိုက်ရောက်နေပြီဟူသည်ကို မည်သူမျှ မသိကြတော့ချေ။

Cherie(ShweInnlay)