အွန်လိုင်းမှာ လူပြောအများဆုံး ဖြစ်နေတဲ့ ဖိုးလပြည့်ရဲ့ စုံတွဲ ဓာတ်ပုံ

Published on December 22, 2017






Credit: cantwait2say

# Unicode Version ဖြင့် ဖတ်ပါ #

လတ်တလောမှာပဲ MTV သီချင်းနဲ့ လူပြောများနေတဲ့ ဖိုးလပြည့် တစ်ယောက် နောက်ထပ် Hit ဖြစ်မယ့်ကိစ္စတစ်ခုကိုလုပ်လိုက်ပြန်ပါပြီ။ အဲ့ဒါကတော့ သူတင်လိုက်တဲ့ ဓာတ်ပုံတစ်ပုံပဲ ဖြစ်ပါတယ်။

Chillies တွေရဲ့ အသည်းစွဲ နေခြည်ဦးနဲ့ ပုရိသတွေ သည်းသည်းစွဲ ကြွေကြတဲ့ မေပြည့်စုံအောင်တို့ နှစ်ယောက်နဲ့ အတူ တွဲရိုက်ထားတဲ့ ဓာတ်ပုံကို တင်လိုက်တာပါ။ နေခြည်ဦးရော မေပြည့်စုံအောင်ပါ အပြာရောင်ဝတ်စုံတွေ ဝတ်ဆင်ထားပြီး ဖိုးလပြည့် ရေးထားတဲ့ Caption ကတော့ Hold me in your arms… tonight ပါတဲ့။

Check in ကိုတော့ Aureum Palace Hotel & Resort – Inle လို့ထားတဲ့အတွက် Ah Boy နဲ့ မြတ်ရတနာကျော်တို့ရဲ့ မင်္ဂလာ ညစာစားပွဲမှာ ရိုက်ထားတဲ့ ဓာတ်ပုံလို့ ထင်ပါတယ်။ လက်ရှိအချိန်မှာတောင် အဆိုပါ ဓာတ်ပုံကို မျှဝေသူပေါင်း ၁၆၉၈ ဦး ရှိနေပြီပဲ ဖြစ်ပါတယ်။

Credit: cantwait2say