အခက်အခဲများကို ပြောပြလာတဲ့ လူကြမ်းသရုပ်ဆောင်ကိုကိုဦး

Published on December 22, 2017

လူကြမ်းသရုပ်ဆောင် ကိုကိုဦးက ခံစားချက်တွေ အခက်အခဲ့တွေကိုအခုလိုပြောပြခဲ့ပါတယ်။

ငယ်ငယ်တုန်းဒီအနုပညာကို ခပ်စိပ်စိပ်လေးလုပ်ရတယ် ဒါပေမဲ့ အခုနောင်ပိုင်းမှာအနပညာသိပ်ရိုက်ရတာသိပ်မရှိဘူးပေါ့နော် အမြဲတမ်းမျှော်နေရတယ်



ပြင်ဦးလွင်မှာတော့ ဘယ်အဖွဲတော့ရိုက်နေပြီ ဘယ်သူကတော့ရိုက်နေပြီဘယ်မင်းသားနဲ့ ဒါတွေကြာနေရတယ်..ကိုကအနုပညာသမားဆိုတော့ ဒီအလုပ်ကိုပဲလုပ်ချင်တယ်လေ ကိုကမလုပ်ရဘဲနဲ့ငုတ်တုတ်ကြီးထိုင်နေရတဲ့နှစ်ပေါင်းလေးငါနှစ်ရှိပြီ တခါတလေလည်း အနုပညာနဲ့ပက်သက်ပြီးတော့ ၀မ်းနည်းစရာအကြောင်းလေးတွေပေါ့..

ငါကပြီးဆုံးသွားပြီလား ဒီအနုပညာအပေါ်ငါဒီလောက်နဲ့ရပ်သွားပြီလား ငါကိုဘယ်သူမှမခေါ်တော့ဘူးလား မသုံးတော့ဘူးလား အဲ့လိုလေးတွေခံစားမိတယ်.. တချို့ပရိသတ်တွေကလည်းနားမလည်းဘူး အရင်တုန်းကတော့ ကိုကိုဦးလာရင်သတ်မယ်ဖြတ်မယ်ဆိုတာချည်းပဲလေ ဒါပေမဲ့လို တကယ်တမ်းရောက်လာတဲ့အခါကြတော့ ကျနော်နဲ့စကားပြောဖြစ်တဲ့အခါမှာ အပြင်နဲ့အတွင်းစရိုက်နဲ့မတူဘူးဆိုတာ အားလုံးလဲ ခင်မင်သွားကြပါတယ်။

ဇာတ်ဝင်ခန်းတစ်ခုကိုရိုက်ပြီဆိုရင် သူ့အုပ်စုနဲ့သူရိုက်နေကြတာ ဥပမာ ဒီဒါရိုက်တာဆိုရင် ဒီအုပ်စုဒီလူတွေပဲပါတယ် ဟိုဘက်ဒါရိုက်တာဆိုလဲ အဲ့အုပ်စုအဲ့လူတွေပဲပါတယ်..

နောက်ပြီးတော့လဲ အခုခေတ်က အက်ရှင်ခေတ် မဟုတ်တော့ဘူး ဟာသတွေခေတ်ဆိုတော့ ကျနော်တို့က သူငယ်ချင်းငါ့ကိုခေါ်ပါအုံးကွာ သုံးပါအုံးဆိုတော့ ကျနော်တို့နဲ့တည့်မယ့် ဇာတ်လမ်းဇာတ်ကွက်ဆိုတာမရှိဘူး နိုင်ငံခြားမှာဆိုရင်တော့ အသက် (၆၀) (၇၀) အထိလောက်က အဆင်ပြေတယ်လေ ကျနောတို့ဒီဘက်မှာကျတော့ ကျနော်တို့ကဘေးကိုတဖြည်းဖြည်းရောက်သွားတယ်..

Source – myanmar celebrity