ေလ့က်င့္ခန္းလုပ္စရာမလိုဘဲ ဗိုက္အဆီခ်နည္း

Published on December 23, 2017

ဗိုက္အဆီခ်တ့ဲအခါမွာ ေလ့က်င့္ခန္းျပဳလုပ္ျခင္းက အေကာင္းဆံုးနည္းလမ္းျဖစ္ေသာ္လည္းပဲ အေၾကာင္း အမ်ိဳးမ်ိဳးေၾကာင့္ ေလ့က်င့္ခန္းလုပ္ဖို႔ မအားလပ္ၾကတဲ့သူမ်ားအတြက္ ေလ့က်င့္ခန္းလုပ္စရာမလိုဘဲ အဆီက် သြားေစမယ့္ နည္းလမ္းေကာင္းေလးမ်ားကို ေဖာ္ျပေပးလိုက္ပါတယ္ရွင့္။

(၁)ခ်င္း(ဂ်င္း)ၿပဳတ္ရည္ေသာက္ပါ။



ဂ်င္းျပဳတ္ရည္တစ္ခြက္ကို ေန႔စဥ္ပုံမွန္ေသာက္ျခင္းျဖင့္လည္း ဗိုက္ေခါက္အဆီေတြကို ေလ်ာ့က်ေစႏိုင္ပါတယ္။ ထို႔ျပင္ ဂ်င္းျပဳတ္ရည္က က်န္းမာေရးအတြက္ မ်ားစြာ အေထာက္အကူျပဳပါတယ္။ အထူးသျဖင့္ ဂ်င္းဟာ အမ်ိဳးသမီးမ်ားအတြက္ သင့္ေလ်ာ္တဲ့ ေဆးေကာင္းတစ္လက္ပါပဲ။

(၂)သံပရိုေရေႏြးေသာက္ပါ။

ေရေႏြးထဲသို႔ သံပရိုသီးတစ္စိတ္ ညွစ္ထည့္ၿပီး မနက္အိပ္ရာထခ်ိန္မွာ ေသာက္သံုးေပးပါ။ မနက္စာမစားခင္ မိနစ္(၃၀)အလိုမွာ ေသာက္သံုးေပးျခင္းက ပိုမိုထိေရာက္တဲ့ အက်ိဳးအာနိသင္ကို ခံစားရမွာပဲ ျဖစ္ပါတယ္။ သံပရိုေရေႏြးကို ေန႔စဥ္မနက္တိုင္းေသာက္ျခင္းျဖင့္ ၃လ အတြင္းဗိုက္အဆီမ်ားကို သိသိသာသာက်ေစမွာပါ။

(၃)သဘာဝသစ္သီးေဖ်ာ္ရည္ေသာက္ပါ။

အမွ်င္ဓာတ္မ်ားၾကြယ္ဝစြာ ပါဝင္တဲ့ သဘာဝသစ္သီးမ်ားကို ေဖ်ာ္ရည္လုပ္ေသာက္ႏိုင္ပါတယ္။ သၾကား၊ အဆီမ်ားပါဝင္တဲ့ အသင့္ေသာက္ ေဖ်ာ္ရည္ေတြကို ဝယ္ေသာက္မည့္အစား သဘာဝအခ်ိဳဓာတ္မ်ားပါဝင္တဲ့ သစ္သီးမ်ားကိုသာ ကိုယ္တိုင္ေဖ်ာ္ေသာက္ပါ။ လတ္ဆတ္တဲ့ သဘာဝသစ္သီးမ်ားက ခႏၶာကိုယ္တြင္းမွ အဆီပိုေတြမ်ားကို ဖယ္ရွာေပးႏုိင္တဲ့အျပင္ ဗုိက္အဆီမ်ားကိုလည္း ေလ်ာ့ခ်ေပးႏုိင္ပါတယ္။

(၄)ေရမ်ားမ်ားေသာက္ပါ။

ေရေသာက္ျခင္းရဲ႕ ေကာင္းက်ိဳးမ်ားစြာကို သိရွိၿပီးသားျဖစ္မွာပါ။ ဒါ့ေၾကာင့္ ေဖ်ာ္ရည္ကို ေသာက္သံုးမည့္အစား ေရမ်ားမ်ားေသာက္သံုးဖို႔ အႀကံျပဳပါရေစ။ ေရမ်ားမ်ားေသာက္သံုးပါက က်န္းမာေရးအတြက္လည္း အေထာက္အပံ့ေပးႏိုင္သလို ဗိုက္ေခါက္အဆီမ်ားကိုလည္း က်ေစပါတယ္။

(၅)အိပ္ခ်ိန္မွန္ပါေစ။

အိပ္ခိ်န္မမွန္ျခင္းက ဝိတ္တက္ေစႏုိင္တဲ့အျပင္ ဗိုက္အဆီမ်ားထြက္ေပၚေစႏိုင္တဲ့ အေၾကာင္းအရင္း မ်ားထဲမွ တစ္ခုအပါအဝင္ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ အခ်ိန္မွန္အိပ္စက္အနားယူၿပီး အိပ္ေရးဝမွ က်န္းမာလွပတဲ့ ခႏၶာကိုယ္ေလးကို ပိုင္ဆိုင္ႏိုင္မွာပါ။

Credit: myanmaplatform

# Unicode Version ျဖင့္ ဖတ္ပါ #
ဗိုက်အဆီချတဲ့အခါမှာ လေ့ကျင့်ခန်းပြုလုပ်ခြင်းက အကောင်းဆုံးနည်းလမ်းဖြစ်သော်လည်းပဲ အကြောင်း အမျိုးမျိုးကြောင့် လေ့ကျင့်ခန်းလုပ်ဖို့ မအားလပ်ကြတဲ့သူများအတွက် လေ့ကျင့်ခန်းလုပ်စရာမလိုဘဲ အဆီကျ သွားစေမယ့် နည်းလမ်းကောင်းလေးများကို ဖော်ပြပေးလိုက်ပါတယ်ရှင့်။

(၁)ချင်း(ဂျင်း)ပြုတ်ရည်သောက်ပါ။

ဂျင်းပြုတ်ရည်တစ်ခွက်ကို နေ့စဉ်ပုံမှန်သောက်ခြင်းဖြင့်လည်း ဗိုက်ခေါက်အဆီတွေကို လျော့ကျစေနိုင်ပါတယ်။ ထို့ပြင် ဂျင်းပြုတ်ရည်က ကျန်းမာရေးအတွက် များစွာ အထောက်အကူပြုပါတယ်။ အထူးသဖြင့် ဂျင်းဟာ အမျိုးသမီးများအတွက် သင့်လျော်တဲ့ ဆေးကောင်းတစ်လက်ပါပဲ။

(၂)သံပရိုရေနွေးသောက်ပါ။

ရေနွေးထဲသို့ သံပရိုသီးတစ်စိတ် ညှစ်ထည့်ပြီး မနက်အိပ်ရာထချိန်မှာ သောက်သုံးပေးပါ။ မနက်စာမစားခင် မိနစ်(၃၀)အလိုမှာ သောက်သုံးပေးခြင်းက ပိုမိုထိရောက်တဲ့ အကျိုးအာနိသင်ကို ခံစားရမှာပဲ ဖြစ်ပါတယ်။ သံပရိုရေနွေးကို နေ့စဉ်မနက်တိုင်းသောက်ခြင်းဖြင့် ၃လ အတွင်းဗိုက်အဆီများကို သိသိသာသာကျစေမှာပါ။

(၃)သဘာဝသစ်သီးဖျော်ရည်သောက်ပါ။

အမျှင်ဓာတ်များကြွယ်ဝစွာ ပါဝင်တဲ့ သဘာဝသစ်သီးများကို ဖျော်ရည်လုပ်သောက်နိုင်ပါတယ်။ သကြား၊ အဆီများပါဝင်တဲ့ အသင့်သောက် ဖျော်ရည်တွေကို ဝယ်သောက်မည့်အစား သဘာဝအချိုဓာတ်များပါဝင်တဲ့ သစ်သီးများကိုသာ ကိုယ်တိုင်ဖျော်သောက်ပါ။ လတ်ဆတ်တဲ့ သဘာဝသစ်သီးများက ခန္ဓာကိုယ်တွင်းမှ အဆီပိုတွေများကို ဖယ်ရှာပေးနိုင်တဲ့အပြင် ဗိုက်အဆီများကိုလည်း လျော့ချပေးနိုင်ပါတယ်။

(၄)ရေများများသောက်ပါ။

ရေသောက်ခြင်းရဲ့ ကောင်းကျိုးများစွာကို သိရှိပြီးသားဖြစ်မှာပါ။ ဒါ့ကြောင့် ဖျော်ရည်ကို သောက်သုံးမည့်အစား ရေများများသောက်သုံးဖို့ အကြံပြုပါရစေ။ ရေများများသောက်သုံးပါက ကျန်းမာရေးအတွက်လည်း အထောက်အပံ့ပေးနိုင်သလို ဗိုက်ခေါက်အဆီများကိုလည်း ကျစေပါတယ်။

(၅)အိပ်ချိန်မှန်ပါစေ။

အိပ်ချိန်မမှန်ခြင်းက ဝိတ်တက်စေနိုင်တဲ့အပြင် ဗိုက်အဆီများထွက်ပေါ်စေနိုင်တဲ့ အကြောင်းအရင်း များထဲမှ တစ်ခုအပါအဝင် ဖြစ်ပါတယ်။ ဒါ့ကြောင့် အချိန်မှန်အိပ်စက်အနားယူပြီး အိပ်ရေးဝမှ ကျန်းမာလှပတဲ့ ခန္ဓာကိုယ်လေးကို ပိုင်ဆိုင်နိုင်မှာပါ။

Credit: myanmaplatform