
Published on December 23, 2017






Unicode

သီလရှင် ဘဝခံယူလိုက်တဲ့ ထက်ထက်မိုးဦး

တစ်ခေတ်တစ်ခါက ကြော်ငြာ ဘုရင်မ .. အခုနောက်ပိုင်း အနုပညာ အလုပ်တွေ ပြန်လည် လုပ်ကိုင်လာတဲ့ အကယ်ဒမီ ထက်ထက်မိုးဦး ဟာ အခုရက်ပိုင်းမှာ
မွှေးတောင်ကြီး မိသားစု ရှင်ပြု ရဟန်းခံ ပွဲမှာ သီလရှင်ဝတ် ကုသိုလ်ယူခဲ့တယ် လို့ သိရပါတယ်။

အရင်ရက်ပိုင်းက တော့ အင်တာဗျူး မဖြေတော့ဘူး သီလရှင်ဝတ်တော့မယ် လို့ မီဒီယာတွေ အမေးကို
အရွှန်းဖောက် ဖြေဆိုခဲ့ပါသေးတယ်။ ဆရာလေး ရဲ့ ဘွဲ့ အမည်က ဒေါ် နန္ဒာမာလာ ဖြစ်ကြောင်း သိရပါတယ် ။