ႏိုင္ငံကာကြယ္ေရးလုပ္ေဆာင္ျခင္းျဖစ္လို႔ ကန္အေရးယူမႈ မွတ္ခ်က္မေပးလိုဟု တပ္မေတာ္တုံ႔ျပန္

Published on December 23, 2017

ရခိုင္ေျမာက္ပိုင္းအေရး လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြရွိေနတယ္ဆိုၿပီး အေမရိကန္က ဒဏ္ခတ္အေရးယူမႈဟာ အေမရိကန္အစိုးရရဲ႕ မူဝါဒသာျဖစ္တဲ့အတြက္ တပ္ဘက္က မွတ္ခ်က္မေပးလိုဘူးလို႔ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႔ကတုံ႔ျပန္ပါတယ္။ အစြမ္းေရာက္ေတြရဲ႕ အၾကမ္းဖက္တိုက္ခိုက္မႈေတြအေပၚ နယ္ေျမရွင္းလင္းတာကို ခိုင္လံုတဲ့အေထာက္အထားမရွိပဲစြပ္စြဲေျပာဆိုမႈ တရပ္သာျဖစ္တယ္လို႔ ရခိုင္ျပည္သူ႔လႊတ္ေတာ္အမတ္တဦးကလည္း ေဝဖန္လိုက္ပါတယ္။

ဒါေပမဲ့လို႔ စစ္ဗို္လ္ခ်ဳပ္တဦးတည္းကိုပဲ ဒီကိစၥေတြ အားလံုးမွာ တာဝန္ရွိတယ္ဆိုၿပီး ဒဏ္ခတ္ အေရးယူ လိုက္တာဟာ ျမန္မာ့ႏိုင္ငံေရး အေနအထားအေပၚ သတိေပးတဲ့ သေဘာ ခ်င့္ခ်င့္ခ်ိန္ခ်ိန္ ဆံုးျဖတ္ခ်က္ခ်လိုက္တာျဖစ္တယ္လို႔ ျမန္မာ့ႏိုင္ငံေရး အကဲခတ္ကလည္းသံုးသပ္ပါတယ္။သံုးသပ္ခ်က္အျမင္ေတြကို မဆုမြန္ စုစည္းတင္ျပထားပါတယ္။



ကမာၻတဝွမ္းက လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြနဲ႔ ဆက္ႏြယ္ၿပီး အေမရိကန္အစိုးရက အေရးယူဒဏ္ခတ္မႈအသစ္ေတြ ခ်မွတ္လိုက္တဲ့ လူပုဂၢိဳလ္(၁၃)ေယာက္အနက္ ျမန္မာႏုိင္ငံက ရခုိင္ျပည္နယ္ စစ္ဆင္ေရးေတြမွာ ၾကီးၾကပ္တာဝန္ယူခဲ့တဲ့ အေနာက္ပိုင္းတုိင္း စစ္ဌာနခ်ဳပ္တိုင္းမွဴးေဟာင္း ဗိုလ္ခ်ဳပ္ေမာင္ေမာင္စိုးကို လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြမွာ တာဝန္ရွိသူအျဖစ္ ဒဏ္ခတ္အေရးယူတဲ့စာရင္းထဲ ထည့္သြင္းလိုက္တာပါ။

အခုလို အေမရိကန္ဘက္က စစ္ဗိုလ္ခ်ဳပ္တဦးအေပၚ ဒဏ္ခတ္အေရးယူမႈနဲ႔ပတ္သက္ၿပီး တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႔က ဗိုလ္ခ်ဳပ္ထြန္းထြန္းညီကေတာ့ အေမရိကန္အစိုးရဘက္က သူတို႔ရဲ႕ မူဝါဒအတုိင္း ေဆာင္ရြက္လုပ္ေဆာင္မႈျဖစ္တဲ့အတြက္ တစံုတရာ မွတ္ခ်က္ေပးရန္မရွိဘူးလို႔ ဗြီအိုေအျမန္မာပိုင္းကို အခုလိုေျပာပါတယ္။

“ဒီ Sanction နဲ႔ ပတ္သက္လို႔ေတာ့ ေျပာစရာမရွိဘူးနဲ႔တူပါတယ္။ ဘာလို႔ဆိုေတာ့ သူတို႔ ေပၚလစီက ၊ ေပၚလစီအတိုင္းပဲ သူတို႔လည္း ေပၚလစီအတိုင္းပဲ သူတို႔သြားၾကမွာေပါ့ေနာ္ ဒါကေတာ့ သူတို႔ႏိုင္ငံေပၚလစီအတိုင္းပဲ ျဖစ္မွာေပါ့။ သူတို႔ရည္ရြယ္ခ်က္ကို က်ေနာ္တို႔က ဘာမွ မသိရေသးတာေလ။ သူတို႔က ဘာရည္ရြယ္ခ်က္နဲ႔ လုပ္သလဲ ဆိုတာေတာ့ ရွိဦးမွာေပါ့ေနာ္။

က်ေနာ္တို႔ကေတာ့ တပ္မေတာ္သားဆိုေတာ့ တာ၀န္ေပးတဲ့အခ်ိန္မွာ တာဝန္ေပးတာကိုပဲ လုပ္ရတာပဲေလ တာဝန္ေပးတဲ့အေပၚမွာ လုပ္ရကိုင္ရတာပဲေလ။ တာ၀န္ေပးတဲ့အေပၚမွာ လုပ္ရကိုင္ရတာက က်ေနာ္တို႔က အလုပ္လုပ္တဲ့ေနရာမွာ Personal မွ မပါတာေလ ။ က်ေနာ္တို႔ အလုပ္လုပ္ေနတာက ႏိုင္ငံနဲ႔ တပ္မေတာ္အတြက္ အထက္ကေပးတဲ့ အမိန္႔အတိုင္း အလုပ္လုပ္ေနၾကတာေလ။”

ရခိုင္ေျမာက္ပိုင္းအေရး လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြရွိေနတယ္ဆိုၿပီး အေမရိကန္က ဒဏ္ခတ္အေရးယူတာဟာ အစြမ္းေရာက္ေတြရဲ႕ အၾကမ္းဖက္တိုက္ခိုက္မႈေတြအတြင္း နယ္ေျမ ရွင္းလင္းေရးလုပ္တာကို ႏို္င္ငံၾကီးတႏုိင္ငံျဖစ္ၿပီး ခိုင္လံုတဲ့အေထာက္အထားမရွိပဲစြပ္စြဲေျပာဆိုမႈ တရပ္သာျဖစ္တယ္လို႔ ရခိုင္ျပည္နယ္ ေျမပံုၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္တဦးျဖစ္တဲ့ ဦးေဖသန္းကေတာ့ ေဝဖန္လိုက္ပါတယ္။

“ အေထာက္အထားမဲ႔ စြပ္စြဲၿပီးေတာ့ Sanction လုပ္တယ္ဆိုတာကေတာ့ ႏိုင္ငံတႏိုင္ငံအေနနဲ႔ ႏိုင္ငံႀကီးတႏိုင္ငံအေနနဲ႔ အဲလိုလုပ္တယ္ဆိုတာကေတာ့ ေတာ္ေတာ္ကို အဓိပၸါယ္မရွိဘူးလို႔ ျမင္တယ္။ အဲဒါေၾကာင့္ က်ေနာ့္အေနနဲ႔ ေ၀ဖန္လိုတာကေတာ့ ဒီအေပၚမွာက်ေနာ္တို႔ ဘာမွ မထူးဆန္းဘူး သူတို႔လုပ္ေနၾကအတိုင္းပဲ လုပ္တယ္လို႔ ျမင္တယ္။ ဒါေပမယ့္ အဲဒီအေပၚမွာ သူ႔ကို ဘယ္လိုက်ဴးလြန္မႈနဲ႔ ဘယ္လို တာ၀န္ေပးသလဲ ၊ ႏိုင္ငံေတာ္က တပ္မေတာ္က တာ၀န္ေပးရင္ေတာ့ သူ႔အေနနဲ႔ လုပ္ရမွာပဲ ။

ဒါေပမယ့္ သူ႔အေနနဲ႔ ဘယ္ေလာက္အထိ ကိုယ္ထိလက္ေရာက္ အဲဒီအေပၚမွာ က်ဴးက်ဴးလြန္လြန္လုပ္ခဲ့သလဲ။ အဲဒီ သူတို႔ ရထားတဲ့ သတင္းေတြကေရာ တကယ့္စိတ္ခ်ရတဲ့ မွန္ကန္တဲ့ သတင္းေတြလား ။ အဲဒီလို အေထာက္အထား မျပႏိုင္ပဲနဲ႔ တဖက္သတ္ လူ ပုဂၢိဳလ္ တေယာက္ကို တာ၀န္ရွိတယ္ဆိုၿပီးေတာ့ အေရးယူျခင္း Sanction လုပ္တယ္ဆိုတာကေတာ့ မရွိသင့္ဘူးေပါ့။”

အေမရိကန္အစိုးရဘက္ကေတာ့ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြရွိေနတယ္ဆိုတဲ့ ရခုိင္ေျမာက္ပိုင္းအေရး သတိေပးတဲ့သေဘာမ်ိဳးေလာက္ပဲ စတိသေဘာ ဒဏ္ခတ္အေရးယူလိုက္တာျဖစ္ၿပီး အခုလို ဗိုလ္ခ်ဳပ္ေမာင္ေမာင္စိုးလို အထက္က အမိန္႔ကို နာခံရတဲ့ စစ္ဗို္လ္ခ်ဳပ္တဦးတည္းကိုပဲ ဒီကိစၥေတြ အားလံုးမွာ တာဝန္ရွိတယ္ဆိုၿပီး ဒဏ္ခတ္ အေရးယူ လိုက္တာဟာ အာဏာလက္ကိုင္ရရွိႏိုင္မႈ အက်ပ္အတည္းနဲ႔ရင္ဆုိင္ေနရတဲ့ ျမန္မာ့ႏိုင္ငံေရး အေနအထားအေပၚ ခ်င့္ခ်င့္ခ်ိန္ခ်ိန္ ဆံုးျဖတ္ခ်က္ခ်လိုက္တာျဖစ္တယ္လို႔ ျမန္မာ့ႏိုင္ငံေရး အကဲခတ္ေဒါက္တာရန္မ်ိဳးသိမ္းကလည္းသံုးသပ္ပါတယ္။

“အေမရိကန္ရဲ႕ Targeted Sanction က တကယ္တမ္းေျပာမယ္ဆိုရင္ သူက စတိေလာက္ ခ်မွတ္လိုက္တဲ့ အေနအထားလို႔ က်ေနာ္ျမင္ပါတယ္။ အဲဒီေတာ့ တကယ္တမ္းကေတာ့ အေမရိကန္အစိုးရအေနနဲ႔ ဒီျမန္မာႏိုင္ငံရဲ႕ လက္ရွိဒီမိုကေရစီ အေျပာင္းအလဲအေပၚမွာ တကယ့္ကို ႏႈိင္းႏိႈင္းခ်ိန္ခ်ိန္နဲ႔ ဒဏ္ခတ္ပိတ္ဆို႔ အေရးယူမႈကို လုပ္လိုက္တယ္လို႔ ျမင္ပါတယ္။ ေနာက္တဖက္ကလည္း ျမန္မာႏုိင္ငံနဲ႔ တရုတ္ျပည္သူ႔ သမၼတႏိုင္ငံရဲ႕ ဆက္ဆံေရး ပိုၿပီးေတာ့ နီးကပ္သြားႏိုင္တဲ့ အေျခအေနေပၚမွာ ခ်င့္ခ်င့္ခ်ိန္ခ်ိန္စဥ္းစားၿပီးေတာ့ Targeted Sanction ကို လုပ္လိုက္တာလို႔ ျမင္ပါတယ္။”

ရခုိင္ျပည္နယ္တြင္းက ရိုဟင္ဂ်ာေတြအေပၚ ဥပေဒမဲ့သတ္ျဖတ္မႈ လိင္ပိုင္းဆိုင္ရာ အႏုိင္က်င့္ေစာ္ကားမႈ ဖမ္းဆီးမႈေတြအပါအဝင္ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြမွာ တာဝန္ရွိေၾကာင္း ခိုင္လံုတဲ့အေထာက္အထားေတြ ေတြ႔ရွိခဲ့တာေၾကာင့္ ဆိုၿပီး ဒီကေန႔ အိမ္ျဖဴေတာ္က ထုတ္ျပန္တဲ့ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။ အထူးသျဖင့္ကေတာ့ ၾသဂုတ္လအတြင္း ARSA အစြမ္းေရာက္အဖြဲ႔ေတြကို လိုက္လံရွင္းလင္းတဲ့ ျမန္မာစစ္တပ္ရဲ႕ စစ္ဆင္ေရးေတြမွာ အေနာက္ပိုင္းတုိင္းစစ္ဌာနခ်ဳပ္က စစ္သားေတြဟာ ရိုဟင္ဂ်ာေက်းရြာေတြကို ဝင္ေရာက္ၿပီး ပစ္ခတ္သတ္ျဖတ္တာ အဓမၼျပဳက်င့္တာေတြ ရွိခဲ့ေၾကာင္း မ်က္ျမင္ကိုယ္ေတြ႔ၾကံဳေတြ႔ခဲ့ရသူေတြဆီက သက္ေသအေထာက္အထားေတြရတယ္လို႔ ထုတ္ျပန္ခ်က္ထဲ ေျပာဆိုထားပါတယ္။

ရခုိင္အမတ္ေတြနဲ႔ ရခိုင္ေဒသခံေတြဘက္ကေတာ့ၿပီးခဲ့တဲ့ ၾသဂုတ္လမွာျဖစ္ခဲ့တဲ့ ရခုိင္ေျမာက္ပိုင္း ဘူးသီးေတာင္ ေမာင္ေတာေဒသတြင္း ARSA အၾကမ္းဖက္သမားေတြရဲ႕ အၾကမ္းဖက္တုိက္ခိုက္မႈေတြကို ျပန္ကာကြယ္တဲ့ စစ္တပ္ဘက္က နယ္ေျမလံုျခံဳေရးအရ အခ်ဳပ္အျခာကို ေစာင့္ေရွာက္ကာကြယ္မႈအျဖစ္ပဲ ျမင္တယ္လို႔ ရခုိင္အမတ္ ဦးေဖသန္းက ေျပာပါတယ္။

“အခုက်ေနာ္တို႔ ရခိုင္ေဒသခံေတြအေနနဲ႕ကေတာ့ ဒီစစ္ဆင္ေရးမွာ တဖက္က က်ဴးလြန္လာလို႔ ျပန္ၿပီးေတာ့ တိုက္ထုတ္ရတဲ့ စစ္ဆင္ေရးျဖစ္တဲ့အတြက္ က်ေနာ္တို႔လည္း တပ္မေတာ္အေပၚမွာ အဲဒီလို မေတာ္မတရားလုပ္တယ္၊ အၾကမ္းဖက္ၿဖိဳခြဲတယ္ ဆိုတဲ့ အျမင္မ်ိဳးမျမင္ပါဘူး။”

အခုလို စစ္ဗိုလ္ခ်ဳပ္အေပၚ ဒဏ္ခတ္အေရးယူမႈေတြ ကို အေမရိကန္ဘက္က ေဆာင္ရြက္ေပမဲ့လို႔ ျမန္မာအစိုးရ၊ တပ္မေတာ္နဲ႔ လႊတ္ေတာ္တာဝန္ရွိသူေတြဘက္ကေတာ့ အေမရိကန္လို အေနာက္ႏုိင္ငံေတြက ျမန္မာျပည္လူ႔အခြင့္အေရးအေပၚစိုးရိမ္မႈေတြအေပၚ ရွင္းလင္းနုိင္ဖို႔ ေျမျပင္ ပကတိ အေျခအေနခိုင္လံုတဲ့ သတင္းအခ်က္အလက္ေတြ မွ်ေဝေပးႏုိင္ဖို႔ ဒီ့ထက္က်ယ္က်ယ္ျပန္႔ျပန္႔ သံတမန္ေရးအရ ေဆာင္ရြက္သင့္တယ္လို႔လည္း ေဒါက္တာရန္မ်ိဳးသိမ္းက အၾကံျပဳပါတယ္။

အေမရိကန္သမၼတ Donald Trump ၾကာသပေတးေန႔က လက္မွတ္ေရးထိုးၿပီး အေမရိကန္ ဘ႑ာေရးဝန္ႀကီးဌာနက ထုတ္ျပန္လိုက္တဲ့ အမိန္႔အရ ဒီလို အေရးယူ ဒဏ္ခတ္မႈ ခ်မွတ္ခံလိုက္ရသူေတြအေနနဲ႔ အေမရိကန္မွာ ပိုင္ဆိုင္မႈေတြရွိရင္ ခ်ိတ္ပိတ္ ထိန္းခ်ဳပ္ခံရမွာ ျဖစ္တဲ့အျပင္ အေမရိကန္နဲ႔ ႏုိင္ငံတကာ ေငြေၾကးစနစ္ ဘ႑ာေရးအသုံးျပဳမႈ မွာလည္း ကန္႔သတ္ခံရမွာ ျဖစ္ပါတယ္။

မဆုမြန္ / ဗြီအိုေအ (ျမန္မာပုိင္း)

Unicode

ရခိုင်မြောက်ပိုင်းအရေး လူ့အခွင့်အရေး ချိုးဖောက်မှုတွေရှိနေတယ်ဆိုပြီး အမေရိကန်က ဒဏ်ခတ်အရေးယူမှုဟာ အမေရိကန်အစိုးရရဲ့ မူဝါဒသာဖြစ်တဲ့အတွက် တပ်ဘက်က မှတ်ချက်မပေးလိုဘူးလို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကတုံ့ပြန်ပါတယ်။ အစွမ်းရောက်တွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေအပေါ် နယ်မြေရှင်းလင်းတာကို ခိုင်လုံတဲ့အထောက်အထားမရှိပဲစွပ်စွဲပြောဆိုမှု တရပ်သာဖြစ်တယ်လို့ ရခိုင်ပြည်သူ့လွှတ်တော်အမတ်တဦးကလည်း ဝေဖန်လိုက်ပါတယ်။

ဒါပေမဲ့လို့ စစ်ဗိ်ုလ်ချုပ်တဦးတည်းကိုပဲ ဒီကိစ္စတွေ အားလုံးမှာ တာဝန်ရှိတယ်ဆိုပြီး ဒဏ်ခတ် အရေးယူ လိုက်တာဟာ မြန်မာ့နိုင်ငံရေး အနေအထားအပေါ် သတိပေးတဲ့ သဘော ချင့်ချင့်ချိန်ချိန် ဆုံးဖြတ်ချက်ချလိုက်တာဖြစ်တယ်လို့ မြန်မာ့နိုင်ငံရေး အကဲခတ်ကလည်းသုံးသပ်ပါတယ်။သုံးသပ်ချက်အမြင်တွေကို မဆုမွန် စုစည်းတင်ပြထားပါတယ်။

ကမ္ဘာတဝှမ်းက လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ဆက်နွယ်ပြီး အမေရိကန်အစိုးရက အရေးယူဒဏ်ခတ်မှုအသစ်တွေ ချမှတ်လိုက်တဲ့ လူပုဂ္ဂိုလ်(၁၃)ယောက်အနက် မြန်မာနိုင်ငံက ရခိုင်ပြည်နယ် စစ်ဆင်ရေးတွေမှာ ကြီးကြပ်တာဝန်ယူခဲ့တဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးဟောင်း ဗိုလ်ချုပ်မောင်မောင်စိုးကို လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ တာဝန်ရှိသူအဖြစ် ဒဏ်ခတ်အရေးယူတဲ့စာရင်းထဲ ထည့်သွင်းလိုက်တာပါ။

အခုလို အမေရိကန်ဘက်က စစ်ဗိုလ်ချုပ်တဦးအပေါ် ဒဏ်ခတ်အရေးယူမှုနဲ့ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်ချုပ်ထွန်းထွန်းညီကတော့ အမေရိကန်အစိုးရဘက်က သူတို့ရဲ့ မူဝါဒအတိုင်း ဆောင်ရွက်လုပ်ဆောင်မှုဖြစ်တဲ့အတွက် တစုံတရာ မှတ်ချက်ပေးရန်မရှိဘူးလို့ ဗွီအိုအေမြန်မာပိုင်းကို အခုလိုပြောပါတယ်။

“ဒီ Sanction နဲ့ ပတ်သက်လို့တော့ ပြောစရာမရှိဘူးနဲ့တူပါတယ်။ ဘာလို့ဆိုတော့ သူတို့ ပေါ်လစီက ၊ ပေါ်လစီအတိုင်းပဲ သူတို့လည်း ပေါ်လစီအတိုင်းပဲ သူတို့သွားကြမှာပေါ့နော် ဒါကတော့ သူတို့နိုင်ငံပေါ်လစီအတိုင်းပဲ ဖြစ်မှာပေါ့။ သူတို့ရည်ရွယ်ချက်ကို ကျနော်တို့က ဘာမှ မသိရသေးတာလေ။ သူတို့က ဘာရည်ရွယ်ချက်နဲ့ လုပ်သလဲ ဆိုတာတော့ ရှိဦးမှာပေါ့နော်။

ကျနော်တို့ကတော့ တပ်မတော်သားဆိုတော့ တာဝန်ပေးတဲ့အချိန်မှာ တာဝန်ပေးတာကိုပဲ လုပ်ရတာပဲလေ တာဝန်ပေးတဲ့အပေါ်မှာ လုပ်ရကိုင်ရတာပဲလေ။ တာဝန်ပေးတဲ့အပေါ်မှာ လုပ်ရကိုင်ရတာက ကျနော်တို့က အလုပ်လုပ်တဲ့နေရာမှာ Personal မှ မပါတာလေ ။ ကျနော်တို့ အလုပ်လုပ်နေတာက နိုင်ငံနဲ့ တပ်မတော်အတွက် အထက်ကပေးတဲ့ အမိန့်အတိုင်း အလုပ်လုပ်နေကြတာလေ။”

ရခိုင်မြောက်ပိုင်းအရေး လူ့အခွင့်အရေး ချိုးဖောက်မှုတွေရှိနေတယ်ဆိုပြီး အမေရိကန်က ဒဏ်ခတ်အရေးယူတာဟာ အစွမ်းရောက်တွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေအတွင်း နယ်မြေ ရှင်းလင်းရေးလုပ်တာကို နိ်ုင်ငံကြီးတနိုင်ငံဖြစ်ပြီး ခိုင်လုံတဲ့အထောက်အထားမရှိပဲစွပ်စွဲပြောဆိုမှု တရပ်သာဖြစ်တယ်လို့ ရခိုင်ပြည်နယ် မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်တဲ့ ဦးဖေသန်းကတော့ ဝေဖန်လိုက်ပါတယ်။

“ အထောက်အထားမဲ့ စွပ်စွဲပြီးတော့ Sanction လုပ်တယ်ဆိုတာကတော့ နိုင်ငံတနိုင်ငံအနေနဲ့ နိုင်ငံကြီးတနိုင်ငံအနေနဲ့ အဲလိုလုပ်တယ်ဆိုတာကတော့ တော်တော်ကို အဓိပ္ပါယ်မရှိဘူးလို့ မြင်တယ်။ အဲဒါကြောင့် ကျနော့်အနေနဲ့ ဝေဖန်လိုတာကတော့ ဒီအပေါ်မှာကျနော်တို့ ဘာမှ မထူးဆန်းဘူး သူတို့လုပ်နေကြအတိုင်းပဲ လုပ်တယ်လို့ မြင်တယ်။ ဒါပေမယ့် အဲဒီအပေါ်မှာ သူ့ကို ဘယ်လိုကျူးလွန်မှုနဲ့ ဘယ်လို တာဝန်ပေးသလဲ ၊ နိုင်ငံတော်က တပ်မတော်က တာဝန်ပေးရင်တော့ သူ့အနေနဲ့ လုပ်ရမှာပဲ ။

ဒါပေမယ့် သူ့အနေနဲ့ ဘယ်လောက်အထိ ကိုယ်ထိလက်ရောက် အဲဒီအပေါ်မှာ ကျူးကျူးလွန်လွန်လုပ်ခဲ့သလဲ။ အဲဒီ သူတို့ ရထားတဲ့ သတင်းတွေကရော တကယ့်စိတ်ချရတဲ့ မှန်ကန်တဲ့ သတင်းတွေလား ။ အဲဒီလို အထောက်အထား မပြနိုင်ပဲနဲ့ တဖက်သတ် လူ ပုဂ္ဂိုလ် တယောက်ကို တာဝန်ရှိတယ်ဆိုပြီးတော့ အရေးယူခြင်း Sanction လုပ်တယ်ဆိုတာကတော့ မရှိသင့်ဘူးပေါ့။”

အမေရိကန်အစိုးရဘက်ကတော့ လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိနေတယ်ဆိုတဲ့ ရခိုင်မြောက်ပိုင်းအရေး သတိပေးတဲ့သဘောမျိုးလောက်ပဲ စတိသဘော ဒဏ်ခတ်အရေးယူလိုက်တာဖြစ်ပြီး အခုလို ဗိုလ်ချုပ်မောင်မောင်စိုးလို အထက်က အမိန့်ကို နာခံရတဲ့ စစ်ဗိ်ုလ်ချုပ်တဦးတည်းကိုပဲ ဒီကိစ္စတွေ အားလုံးမှာ တာဝန်ရှိတယ်ဆိုပြီး ဒဏ်ခတ် အရေးယူ လိုက်တာဟာ အာဏာလက်ကိုင်ရရှိနိုင်မှု အကျပ်အတည်းနဲ့ရင်ဆိုင်နေရတဲ့ မြန်မာ့နိုင်ငံရေး အနေအထားအပေါ် ချင့်ချင့်ချိန်ချိန် ဆုံးဖြတ်ချက်ချလိုက်တာဖြစ်တယ်လို့ မြန်မာ့နိုင်ငံရေး အကဲခတ်ဒေါက်တာရန်မျိုးသိမ်းကလည်းသုံးသပ်ပါတယ်။

“အမေရိကန်ရဲ့ Targeted Sanction က တကယ်တမ်းပြောမယ်ဆိုရင် သူက စတိလောက် ချမှတ်လိုက်တဲ့ အနေအထားလို့ ကျနော်မြင်ပါတယ်။ အဲဒီတော့ တကယ်တမ်းကတော့ အမေရိကန်အစိုးရအနေနဲ့ ဒီမြန်မာနိုင်ငံရဲ့ လက်ရှိဒီမိုကရေစီ အပြောင်းအလဲအပေါ်မှာ တကယ့်ကို နှိုင်းနှိုင်းချိန်ချိန်နဲ့ ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုကို လုပ်လိုက်တယ်လို့ မြင်ပါတယ်။ နောက်တဖက်ကလည်း မြန်မာနိုင်ငံနဲ့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံရဲ့ ဆက်ဆံရေး ပိုပြီးတော့ နီးကပ်သွားနိုင်တဲ့ အခြေအနေပေါ်မှာ ချင့်ချင့်ချိန်ချိန်စဉ်းစားပြီးတော့ Targeted Sanction ကို လုပ်လိုက်တာလို့ မြင်ပါတယ်။”

ရခိုင်ပြည်နယ်တွင်းက ရိုဟင်ဂျာတွေအပေါ် ဥပဒေမဲ့သတ်ဖြတ်မှု လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်စော်ကားမှု ဖမ်းဆီးမှုတွေအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ တာဝန်ရှိကြောင်း ခိုင်လုံတဲ့အထောက်အထားတွေ တွေ့ရှိခဲ့တာကြောင့် ဆိုပြီး ဒီကနေ့ အိမ်ဖြူတော်က ထုတ်ပြန်တဲ့ကြေညာချက်မှာ ဖော်ပြထားပါတယ်။ အထူးသဖြင့်ကတော့ သြဂုတ်လအတွင်း ARSA အစွမ်းရောက်အဖွဲ့တွေကို လိုက်လံရှင်းလင်းတဲ့ မြန်မာစစ်တပ်ရဲ့ စစ်ဆင်ရေးတွေမှာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်က စစ်သားတွေဟာ ရိုဟင်ဂျာကျေးရွာတွေကို ဝင်ရောက်ပြီး ပစ်ခတ်သတ်ဖြတ်တာ အဓမ္မပြုကျင့်တာတွေ ရှိခဲ့ကြောင်း မျက်မြင်ကိုယ်တွေ့ကြုံတွေ့ခဲ့ရသူတွေဆီက သက်သေအထောက်အထားတွေရတယ်လို့ ထုတ်ပြန်ချက်ထဲ ပြောဆိုထားပါတယ်။

ရခိုင်အမတ်တွေနဲ့ ရခိုင်ဒေသခံတွေဘက်ကတော့ပြီးခဲ့တဲ့ သြဂုတ်လမှာဖြစ်ခဲ့တဲ့ ရခိုင်မြောက်ပိုင်း ဘူးသီးတောင် မောင်တောဒေသတွင်း ARSA အကြမ်းဖက်သမားတွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကို ပြန်ကာကွယ်တဲ့ စစ်တပ်ဘက်က နယ်မြေလုံခြုံရေးအရ အချုပ်အခြာကို စောင့်ရှောက်ကာကွယ်မှုအဖြစ်ပဲ မြင်တယ်လို့ ရခိုင်အမတ် ဦးဖေသန်းက ပြောပါတယ်။

“အခုကျနော်တို့ ရခိုင်ဒေသခံတွေအနေနဲ့ကတော့ ဒီစစ်ဆင်ရေးမှာ တဖက်က ကျူးလွန်လာလို့ ပြန်ပြီးတော့ တိုက်ထုတ်ရတဲ့ စစ်ဆင်ရေးဖြစ်တဲ့အတွက် ကျနော်တို့လည်း တပ်မတော်အပေါ်မှာ အဲဒီလို မတော်မတရားလုပ်တယ်၊ အကြမ်းဖက်ဖြိုခွဲတယ် ဆိုတဲ့ အမြင်မျိုးမမြင်ပါဘူး။”

အခုလို စစ်ဗိုလ်ချုပ်အပေါ် ဒဏ်ခတ်အရေးယူမှုတွေ ကို အမေရိကန်ဘက်က ဆောင်ရွက်ပေမဲ့လို့ မြန်မာအစိုးရ၊ တပ်မတော်နဲ့ လွှတ်တော်တာဝန်ရှိသူတွေဘက်ကတော့ အမေရိကန်လို အနောက်နိုင်ငံတွေက မြန်မာပြည်လူ့အခွင့်အရေးအပေါ်စိုးရိမ်မှုတွေအပေါ် ရှင်းလင်းနိုင်ဖို့ မြေပြင် ပကတိ အခြေအနေခိုင်လုံတဲ့ သတင်းအချက်အလက်တွေ မျှဝေပေးနိုင်ဖို့ ဒီ့ထက်ကျယ်ကျယ်ပြန့်ပြန့် သံတမန်ရေးအရ ဆောင်ရွက်သင့်တယ်လို့လည်း ဒေါက်တာရန်မျိုးသိမ်းက အကြံပြုပါတယ်။

အမေရိကန်သမ္မတ Donald Trump ကြာသပတေးနေ့က လက်မှတ်ရေးထိုးပြီး အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်တဲ့ အမိန့်အရ ဒီလို အရေးယူ ဒဏ်ခတ်မှု ချမှတ်ခံလိုက်ရသူတွေအနေနဲ့ အမေရိကန်မှာ ပိုင်ဆိုင်မှုတွေရှိရင် ချိတ်ပိတ် ထိန်းချုပ်ခံရမှာ ဖြစ်တဲ့အပြင် အမေရိကန်နဲ့ နိုင်ငံတကာ ငွေကြေးစနစ် ဘဏ္ဍာရေးအသုံးပြုမှု မှာလည်း ကန့်သတ်ခံရမှာ ဖြစ်ပါတယ်။

မဆုမွန် / ဗွီအိုအေ (မြန်မာပိုင်း)