ေရႊရင္ေက်ာ္ဆရာမွ ေဆးကုသေပးမည္ဟုဆိုကာ ေခၚေဆာင္သြားျပီး ျပန္ေရာက္မလာေတာ႔တဲ႔ ၁၇ႏွစ္ သမီးေလး

Published on December 23, 2017

ေရႊရင္ေက်ာ္ဆရာမွ ေဆးကုသေပးမည္ဟုဆိုကာ ေခၚေဆာင္သြားျပီး ျပန္ေရာက္မလာေတာ႔တဲ႔ ၁၇ႏွစ္ သမီးေလး

ကသာျမိဳ႕နယ္ဟဲနားေက်းရြာအုပ္စု ဟဲနားေက်း ရြာတြင္ အဖ ဦးစုိးဝင္း -အမိ ေဒၚလုံးတို႔၏သမီးလတ္ မသန္းသန္းေအးအသက္ (၁၇)ႏွစ္ သည္ မိုးတားႀကီးေက်းရြာရိွ အထက္တန္းေက်ာင္းတြင္ ပညာသင္ႀကားေနရာ က်န္းမာေရးမေကာင္း၍ ေနအိမ္တြင္ေနထိုင္စဥ္ ဟုမၼလင္းျမိဳ႕မွ ေနထိုင္သူဟုဆိုသူ ေရႊရင္ေက်ာ္ ေဆးကုသေပးသူ လာေရာက္၍ဆိုင္ကယ္ျဖင့္ ၁၆.၁၂.၂၀၁၇ ရက္ေန႔တြင္ ေခၚေဆာင္သြားရာ ျပန္ေရာက္မလာ သျဖင္႔ ကသာျမိဳ႕မရဲစခန္းႏွင့္ မိုးတားေလးနယ္ေျမရဲကင္းစခန္းတြင္ အမႈဖြင့္တိုင္တန္းထားရိွပါသည္။



သို႔ျဖစ္ပါ၍ မသန္းသန္းေအးအား မိဘေဆြမ်ဳိးတို႔မွ ျပန္လည္ေတြ႔ရိွနိုင္ေရး လိုလာေနႀကျပီး ေတြ႔ရိွပါက ဟဲနားေက်းရြာေနသူအဘ ဦးစိုးဝင္း ၀၉၄၄၀၆၉၉၁၄၄ဦးသန္းေထြး ၀၉၇၈၅၁၆၁၉၈၆ထံသို႔ ဆက္သြယ္အေႀကာင္းႀကားေပးပါရန္ ေမတၱာရပ္ခံအပ္ပါသည္။

မသန္းသန္းေအး ယခုအခါ ဆံပင္ရွည္ျဖစ္ျပီး ေခၚေဆာင္သူ ဓါတ္ပုံႏွင့္တကြ အသိေပးအပ္ပါသည္။

ေငြအိုး(ကသာ)

ရွှေရင်ကျော်ဆရာမှ ဆေးကုသပေးမည်ဟုဆိုကာ ခေါ်ဆောင်သွားပြီး ပြန်ရောက်မလာတော့တဲ့ ၁၇နှစ် သမီးလေး

ကသာမြို့နယ်ဟဲနားကျေးရွာအုပ်စု ဟဲနားကျေး ရွာတွင် အဖ ဦးစိုးဝင်း -အမိ ဒေါ်လုံးတို့၏သမီးလတ် မသန်းသန်းအေးအသက် (၁၇)နှစ် သည် မိုးတားကြီးကျေးရွာရှိ အထက်တန်းကျောင်းတွင် ပညာသင်ကြားနေရာ ကျန်းမာရေးမကောင်း၍ နေအိမ်တွင်နေထိုင်စဉ် ဟုမ္မလင်းမြို့မှ နေထိုင်သူဟုဆိုသူ ရွှေရင်ကျော် ဆေးကုသပေးသူ လာရောက်၍ဆိုင်ကယ်ဖြင့် ၁၆.၁၂.၂၀၁၇ ရက်နေ့တွင် ခေါ်ဆောင်သွားရာ ပြန်ရောက်မလာ သဖြင့် ကသာမြို့မရဲစခန်းနှင့် မိုးတားလေးနယ်မြေရဲကင်းစခန်းတွင် အမှုဖွင့်တိုင်တန်းထားရှိပါသည်။

 

သို့ဖြစ်ပါ၍ မသန်းသန်းအေးအား မိဘဆွေမျိုးတို့မှ ပြန်လည်တွေ့ရှိနိုင်ရေး လိုလာနေကြပြီး တွေ့ရှိပါက ဟဲနားကျေးရွာနေသူအဘ ဦးစိုးဝင်း ၀၉၄၄၀၆၉၉၁၄၄ဦးသန်းထွေး ၀၉၇၈၅၁၆၁၉၈၆ထံသို့ ဆက်သွယ်အကြောင်းကြားပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

မသန်းသန်းအေး ယခုအခါ ဆံပင်ရှည်ဖြစ်ပြီး ခေါ်ဆောင်သူ ဓါတ်ပုံနှင့်တကွ အသိပေးအပ်ပါသည်။

ငွေအိုး(ကသာ)