စံျပအိမ္ေထာင္ေရးမ်ိဳးျဖစ္ခ်င္တယ္ဆိုတဲ့ ညီညီေမာင္(စမ္းေခ်ာင္း)

Published on December 24, 2017

နာမည္ေက်ာ္ မိတ္ကပ္ပညာရွင္ညီညီေမာင္ (စမ္းေခ်ာင္း) က သူ႕ရဲ့အိမ္ေထာင္ေရးကို စံျပအိမ္ေထာင္ေရးမ်ိဳးျဖစ္ခ်င္တယ္လို႔ ေျပာပါတယ္။

“ အိမ္ေထာင္ျပဳမယ္ဆိုကတည္းက အိမ္ေထာင္က်ရင္ စံျပအိမ္ေထာင္ေရးမ်ိဳးျဖစ္ခ်င္တယ္။ သာသာယာယာေပ်ာ္ေပ်ာ္ရႊင္ရႊင္ေလးျဖစ္ခ်င္တယ္။ အေမလိုမ်ိဳးအမ်ိဳးသမီးလည္း ျဖစ္ခ်င္တယ္” လို႔ ညီညီေမာင္(စမ္းေခ်ာင္း)က ေျပာပါတယ္။



အိမ္ေထာင္သက္တမ္း ၂ ႏွစ္အတြင္းမွာလည္း ညွိယူခဲ့ရတဲ့အပိုင္းေတြ အမ်ားႀကီးရွိတယ္လို႔ ညီညီေမာင္က ေျပာပါတယ္။

“ သူ႔ကို ခ်စ္တယ္ဆိုတာ အေမတစ္ေယာက္က သားသမီးတစ္ေယာက္ကို ခ်စ္တဲ့အခ်စ္မ်ိဳးနဲ႔လည္း ခ်စ္တာ။ အခ်ိန္မေရြး သူဘာလိုအပ္လဲ ဘာျဖစ္ခ်င္လဲ သူ႔စိတ္မွာျဖစ္ေနတာမွန္သမွ်ကို စိတ္ခ်င္းနီးစပ္လို႔ထင္တယ္ သိေနတယ္။ ၂ ႏွစ္ဆိုေတာ့ ေတာ္ေတာ္ေလးကို ညွိခဲ့ရတာေတြလည္း အမ်ားႀကီးေပါ့” လို႔ သူက ေျပာပါတယ္။

ေဖစ့္ဘြတ္ေပၚမွာ တင္ထားတဲ့ စံုတြဲပံုေတြနဲ႔ ပတ္သက္ၿပီး ႐ိုင္း႐ိုင္းစိုင္းစိုင္းေျပာဆိုမႈေတြရွိတယ္လို႔ သူကေျပာပါတယ္။

“ သူကက်ေတာ့ လူငယ္ဆိုေတာ့ ႐ိုင္း႐ိုင္းစိုင္းစိုင္းေျပာဆို ဆဲတဲ့ဒဏ္ေတြကို မခံႏိုင္ဘူး။ ကိုယ္ကေတာ့ ဘာမွမျဖစ္ဘူး၊ ထုသားေပသားက်ေနလို႔လားေတာ့မသိဘူး။ ကိုယ္က သိပ္ဂ႐ုမစိုက္ဘူး။ တခ်ိဳ႕ထင္တာေတာ့ နာမည္ႀကီးခ်င္လို႔ တင္တာလို႔ ထင္ခ်င္ထင္ၾကမယ္” လို႔ ညီညီေမာင္က ေျပာပါတယ္။

အရင္ဘဝက သူမ်ားသားမယားကို ေစာ္ကားခဲ့လို႔ ဝဋ္ေၾကြးပါလို႔ ခုလိုျဖစ္ေနျဖစ္ေနတာျဖစ္ၿပီး ကိုယ့္ပိုက္ဆံကိုယ္ ရွာစားေနတ့ဲ သူတစ္ေယာက္အေနနဲ႔ေတာ့ အေစာ္ကားမခံႏိုင္ဘူးလို႔ သူက ေျပာပါတယ္။

“ အဲဒီအတြက္ တစ္ခါတေလ ေဝဖန္မႈေတြအေပၚကိုေတာ့ ျပန္ေျပာျဖစ္တယ္။ တစ္ခါတေလက်ရင္လည္း မ်ိဳသိပ္လိုက္တယ္။ ဒါေပမဲ့ မ်ိဳသိပ္လိုက္တာက မ်ားပါတယ္” လို႔ မိတ္ကပ္ညီညီေမာင္ (စမ္းေခ်ာင္း)က ေျပာပါတယ္။

AKon Thi

Unicode

နာမည်ကျော် မိတ်ကပ်ပညာရှင်ညီညီမောင် (စမ်းချောင်း) က သူ့ရဲ့အိမ်ထောင်ရေးကို စံပြအိမ်ထောင်ရေးမျိုးဖြစ်ချင်တယ်လို့ ပြောပါတယ်။

“ အိမ်ထောင်ပြုမယ်ဆိုကတည်းက အိမ်ထောင်ကျရင် စံပြအိမ်ထောင်ရေးမျိုးဖြစ်ချင်တယ်။ သာသာယာယာပျော်ပျော်ရွှင်ရွှင်လေးဖြစ်ချင်တယ်။ အမေလိုမျိုးအမျိုးသမီးလည်း ဖြစ်ချင်တယ်” လို့ ညီညီမောင်(စမ်းချောင်း)က ပြောပါတယ်။

အိမ်ထောင်သက်တမ်း ၂ နှစ်အတွင်းမှာလည်း ညှိယူခဲ့ရတဲ့အပိုင်းတွေ အများကြီးရှိတယ်လို့ ညီညီမောင်က ပြောပါတယ်။

“ သူ့ကို ချစ်တယ်ဆိုတာ အမေတစ်ယောက်က သားသမီးတစ်ယောက်ကို ချစ်တဲ့အချစ်မျိုးနဲ့လည်း ချစ်တာ။ အချိန်မရွေး သူဘာလိုအပ်လဲ ဘာဖြစ်ချင်လဲ သူ့စိတ်မှာဖြစ်နေတာမှန်သမျှကို စိတ်ချင်းနီးစပ်လို့ထင်တယ် သိနေတယ်။ ၂ နှစ်ဆိုတော့ တော်တော်လေးကို ညှိခဲ့ရတာတွေလည်း အများကြီးပေါ့” လို့ သူက ပြောပါတယ်။

ဖေစ့်ဘွတ်ပေါ်မှာ တင်ထားတဲ့ စုံတွဲပုံတွေနဲ့ ပတ်သက်ပြီး ရိုင်းရိုင်းစိုင်းစိုင်းပြောဆိုမှုတွေရှိတယ်လို့ သူကပြောပါတယ်။

“ သူကကျတော့ လူငယ်ဆိုတော့ ရိုင်းရိုင်းစိုင်းစိုင်းပြောဆို ဆဲတဲ့ဒဏ်တွေကို မခံနိုင်ဘူး။ ကိုယ်ကတော့ ဘာမှမဖြစ်ဘူး၊ ထုသားပေသားကျနေလို့လားတော့မသိဘူး။ ကိုယ်က သိပ်ဂရုမစိုက်ဘူး။ တချို့ထင်တာတော့ နာမည်ကြီးချင်လို့ တင်တာလို့ ထင်ချင်ထင်ကြမယ်” လို့ ညီညီမောင်က ပြောပါတယ်။

အရင်ဘဝက သူများသားမယားကို စော်ကားခဲ့လို့ ဝဋ်ကြွေးပါလို့ ခုလိုဖြစ်နေဖြစ်နေတာဖြစ်ပြီး ကိုယ့်ပိုက်ဆံကိုယ် ရှာစားနေတဲ့ သူတစ်ယောက်အနေနဲ့တော့ အစော်ကားမခံနိုင်ဘူးလို့ သူက ပြောပါတယ်။

“ အဲဒီအတွက် တစ်ခါတလေ ဝေဖန်မှုတွေအပေါ်ကိုတော့ ပြန်ပြောဖြစ်တယ်။ တစ်ခါတလေကျရင်လည်း မျိုသိပ်လိုက်တယ်။ ဒါပေမဲ့ မျိုသိပ်လိုက်တာက များပါတယ်” လို့ မိတ်ကပ်ညီညီမောင် (စမ်းချောင်း)က ပြောပါတယ်။

AKon Thi