ဖြစ်နေတဲ့မုဒိန်းမှုလျော့ကျဖို့ သူ့ရဲ့ အမျိုးသမီးအင်္ဂါကို သူစိမ်းတွေအား ပေးကိုင်ခဲ့တဲ့ အမျိုးသမီး

Published on December 24, 2017

မုဒိန်းမှုလျော့ကျဖို့ သူ့ရဲ့ အမျိုးသမီးအင်္ဂါကို သူစိမ်းတွေအား ပေးကိုင်ခဲ့တဲ့ အနုပညာရှင်အမျိုးသမီး

အနောက်တိုင်း အနုပညာဟာ လိင်နဲ့ ဆက်စပ်မှုရှိပါတယ်။



သူတို့ဆီမှာ ဟိုးအရင်ထဲက လိင်ပိုင်းဆိုင်ရာ ပွင့်လင်းခဲ့တာဖြစ်ပြီး ပန်းချီ ပန်းပုတွေနဲ့ အခြားအနုပညာတွေမှာ လိင်းပိုင်းဆိုင်ရာနဲ့ ပတ်သတ်တဲ့ဟာတွေကို ပွင့်လင်းစွာ ထည့်သွင်းရေးဆွဲ ဖန်တီးခဲ့တာဖြစ်ပါတယ်။

ဒီလိုသာ ပွင့်လင်းမှုရှိနေရင် မုဒိန်းမှု နည်းမှာဖြစ်တယ်လို့ လေ့လာတွေ့ရှိခဲ့ရတာဖြစ်ပါတယ်။လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်မှုဆိုတာ မရဖူး မမြင်ဖူုးတဲ့ အရာကို လိုချင်တပ်မက်မှုကြောင့်ဖြစ်ပြီး ကိုယ်ကသာ ပုံမှန်ရရှိနေတဲ့အရာဆို လူရဲ့ ဆန္ဒက 50% လောက် လျော့နည်းနိုင်တယ်လို့ ဆရာဝန်တွေက သုံးသပ်ထားတာဖြစ်ပါတယ်။

အခုလဲ လမ်းတကာကို လှည့်ပတ်ပြီး အရှက်ကို သေတ္တာပုံးကို ကွယ်ပြီး လိုက်ကာလေးနဲ့ ဖုံးထားတာဖြစ်ပါတယ်။

ဒီလိုက်ကာလေးထဲ လက်နှိုက်လိုက်မယ်ဆိုရင် သူမရဲ့ အင်္ဂါကို ထိကိုင်မိမှာဖြစ်ပါတယ်။ဒါကို လူမြင်ကွင်းမှာ ကြေငြာပြီး စိတ်ပါတဲ့သူကို ကိုင်ခိုင်းခဲ့တဲ့ ပန်းချီဆရာမဖြစ်ပါတယ်။

သူမရဲ့ ရည်ရွယ်ကတော့ မုဒိန်းမှုတွေ လျောါနည်းဖို့ ထိကိုင်ခြင်းကို လုပ်ခိုင်းခဲ့တာဖြစ်ပြီး လူတွေက ဝိုင်းအုံ့ ကြည့်နေတဲ့အတွက် အမျိုးသားတစ်ဦးဟာ ကြာကြာတော့ လက်တည့်မဆန်းပါဘူး။

Milo Moiré ဆိုတဲ့ ဒီအမျိုးသမီးဟာ အသက် 32 နှစ်ရှိပြီး ဖြစ်ပြီး ဆွဇ်ဇာလန်နိုင်ငံသူဖြစ်ပါတယ်။သူမဟာ အမျိုးသမီးတစ်ယောက်ဟာ ကွယ်ရာမှာ ခိုးကြောင်ခိုးဝှက်ဖောက်ပြန်တာထက်စာရင် ဒီလို လမ်းပေါ်မှာ ရဲတင်းပွင့်လင်းမှုက တဖက်က ချစ်သူရည်းစားကို မြန်မြန်ဆန်ဆန် စိတ်သက်သာရစေမှာဖြစ်သလို ဒီလို ကိုင်တွယ်ပွတ်သပ်သူတွေလို တချို့အမျိုးသားတွေရဲ့ မစောင့်စည်းနိုင်တဲ့ စိတ်ဓာတ်ကိုလည်း ပတ်ဝန်းကျင် ရှုတ်ချနိုင်အောင်ဖြစ်တယ်လို့ ဆိုပါတယ်။

သူမဟာ ဒီလို ပြပွဲကို လမ်းပေါ်မှာ သုံးရက်တိုင်ပြုလုပ်ခဲ့ပြီး အမျိုးသား အမျိုးသမီးပေါင်း ထောင်ကျော်ဟာ သူမရဲ့ အင်္ဂါအစိတ်အပိုင်းကို လာရောက် ပွတ်သပ်ကိုင်တွယ်သွားတာဖြစ်ပါတယ်။တချို့ကတော့ ဒါဟာ အဓိပ္ပာယ်မဲ့လုပ်ရပ်လို့ ဝေဖန်ခဲ့ကြပြီး တချို့ကတော့ ကိုင်တွယ်ပွတ်သပ်လိုက်ရတဲ့ အမျိုးသားဟာ သူ့ကိုယ်သူ ကံကောင်းသူလို့ ထင်ကာ နောက်တကြိမ်ကံကောင်းမှုမျိုးကို စောင့်ဆိုင်းမှာ ဖြစ်ပြီးမုဒိန်းမှု ကျူးလွန်ဖို့ စိတ်မရောက်တော့ဘူးလို့ အမျိုးမျိုးသော ဝေဖန်သံတွေ ထွက်ခဲ့တာဖြစ်ပါတယ်။

Source – cantwait2say