မိန္းမရဲ ႔ေဒၚလာ ၁၆ဝဝဝတန္ စိန္လက္စြပ္ကို႐ွာဖို႔ ၁၃တန္႐ွိတဲ့အမႈိက္ေတြ တူးေဖာ္ခဲ့တဲ့ အမ်ဳိးသား

Published on December 24, 2017

၂နာရီေလာက္ နံေစာ္ေနတဲ့ အမိႈက္ထဲေမႊေႏွာက္ျပီးေနာက္ သူ႔မိန္းမရဲ႕ စိန္လက္စြပ္ကို႐ွာေဖြေတြ႔႐ွိခဲ့ပါတယ္။ တနလၤာေန႔က တ႐ုတ္ႏုိင္ငံ Yangzhou, Jiangsu မွာေနထိုင္တဲ့ သူ႔တို႔လင္မယားဟာ မေတာ္တဆ အမိႈက္ထဲထိုစိန္လက္စြပ္ကို လႊင့္ပစ္ခဲ့မိေၾကာင္း ေျပာခဲ့တယ္။
Beijing Times သတင္းအရ Xiaအမည္႐ွိ အမ်ဳိးသမီးက သူမအိမ္ကိုဒီဇင္ဘာ (၁၈)ရက္ေန႔က သန္႔႐ွင္းေနရင္း ယြမ္၁၁ဝဝဝဝ(ေဒၚလာ ၁၆၇ဝဝ) တန္ စိန္လပ္စြပ္ၾကီးကို မေတာ္တဆ အမိႈက္ထဲလႊင့္ပစ္ခဲ့မိတယ္။ သူမလက္စြပ္ေပ်ာက္ေနတာကို သတိထားမိတဲ့အခ်ိန္မွာေတာ့ အရမ္းကုိေနာက္က်သြားပါျပီ။

အမိႈက္သိမ္းဌာနေတြနဲ႔ လိုက္ဆက္သြယ္ျပီး သူမအိမ္ကယူသြားတဲ့ အမိႈက္႐ွိတဲ့ေနရာကုိ မရရေအာင္လုိက္စံုစမ္းခဲ့တယ္။ အမိႈက္ေတြကနည္းတာမဟုတ္ဘူး။ ဒီလိုိ႐ွာေနရင္ မိုးလင္းသြားမယ္လို႔ တာဝန္႐ွိသူကေဖ်ာင္းဖ်ေပမယ့္လည္း လင္မယားႏွစ္ေယာက္လံုး အျပင္းထန္ေတာင္းဆိုေနတာမို႔ ခြင့္ျပဳလိုက္ရပါတယ္။



ဒါေပမယ့္ သူတို႔လင္မယားႏွစ္ေယာက္တည္းကို မ႐ွာေဖြေစခဲ့ပါဘူး။ အျခားလုပ္သားေတြလည္း ဝိုင္းကူျပီး႐ွာေပးခဲ့တာပါ။ကံေကာင္းလို႔ ျပီးခဲ့တဲ့ အဂၤါေန႔မနက္ပိုင္းမွာ ၁၃တန္ရွိတဲ့ အမႈိက္ေတြထဲကို သူမလက္စြပ္ၾကီးကို လုုပ္သား (၈)ေယာက္ရဲ႕အကူညီနဲ႔ေတြ႔႐ွိခဲ့ပါတယ္။ Xia ရဲ႕လက္စြပ္ထက္ ထိုလုပ္သား (၈)ေယာက္က ပိုျပီးတန္ဖိုး႐ွိေၾကာင္း သူမက အင္တာဗ်ဳးမွာေျပာခဲ့ပါတယ္။

Credit: Buzzy.com.mm

# Unicode Version ျဖင့္ ဖတ္ပါ #

၂နာရီလောက် နံစော်နေတဲ့ အမှိုက်ထဲမွှေနှောက်ပြီးနောက် သူ့မိန်းမရဲ့ စိန်လက်စွပ်ကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။ တနင်္လာနေ့က တရုတ်နိုင်ငံ Yangzhou, Jiangsu မှာနေထိုင်တဲ့ သူ့တို့လင်မယားဟာ မတော်တဆ အမှိုက်ထဲထိုစိန်လက်စွပ်ကို လွှင့်ပစ်ခဲ့မိကြောင်း ပြောခဲ့တယ်။
Beijing Times သတင်းအရ Xiaအမည်ရှိ အမျိုးသမီးက သူမအိမ်ကိုဒီဇင်ဘာ (၁၈)ရက်နေ့က သန့်ရှင်းနေရင်း ယွမ်၁၁ဝဝဝဝ(ဒေါ်လာ ၁၆၇ဝဝ) တန် စိန်လပ်စွပ်ကြီးကို မတော်တဆ အမှိုက်ထဲလွှင့်ပစ်ခဲ့မိတယ်။ သူမလက်စွပ်ပျောက်နေတာကို သတိထားမိတဲ့အချိန်မှာတော့ အရမ်းကိုနောက်ကျသွားပါပြီ။

အမှိုက်သိမ်းဌာနတွေနဲ့ လိုက်ဆက်သွယ်ပြီး သူမအိမ်ကယူသွားတဲ့ အမှိုက်ရှိတဲ့နေရာကို မရရအောင်လိုက်စုံစမ်းခဲ့တယ်။ အမှိုက်တွေကနည်းတာမဟုတ်ဘူး။ ဒီလိုရှာနေရင် မိုးလင်းသွားမယ်လို့ တာဝန်ရှိသူကဖျောင်းဖျပေမယ့်လည်း လင်မယားနှစ်ယောက်လုံး အပြင်းထန်တောင်းဆိုနေတာမို့ ခွင့်ပြုလိုက်ရပါတယ်။

ဒါပေမယ့် သူတို့လင်မယားနှစ်ယောက်တည်းကို မရှာဖွေစေခဲ့ပါဘူး။ အခြားလုပ်သားတွေလည်း ဝိုင်းကူပြီးရှာပေးခဲ့တာပါ။ကံကောင်းလို့ ပြီးခဲ့တဲ့ အင်္ဂါနေ့မနက်ပိုင်းမှာ ၁၃တန်ရှိတဲ့ အမှိုက်တွေထဲကို သူမလက်စွပ်ကြီးကို လုုပ်သား (၈)ယောက်ရဲ့အကူညီနဲ့တွေ့ရှိခဲ့ပါတယ်။ Xia ရဲ့လက်စွပ်ထက် ထိုလုပ်သား (၈)ယောက်က ပိုပြီးတန်ဖိုးရှိကြောင်း သူမက အင်တာဗျုးမှာပြောခဲ့ပါတယ်။

Credit: Buzzy.com.mm