ဂ်က္စတင္ဘီဘာ ဆိုတဲ႕ နာမည္ေတာင္ မၾကားခ်င္တဲ႕ ဆယ္လီနာဂိုးမက္ အေမ

Published on December 24, 2017

ဆယ္လီနာဂိုးမက္ဇ္ နဲ႕ သူ႕အေမ Mandy Teefey တို႕ ႏွစ္ေယာက္ ဂ်က္စတင္ဘီဘာနဲ႕ ပတ္သက္ျပီး စကားအေခ်အတင္မ်ားခဲ႕ျပီးေနာက္မွာ ဆယ္လီနာဂိုးမက္ဇ္က သူ႕အေမကို ဂ်က္စတင္နဲ႕ ပတ္သက္ျပီး ယံုၾကည္ေပးဖို႔ အသနားခံ ေတာင္းဆိုေနပါတယ္။ ဆယ္လီနာ က သူ႕ ခ်စ္သူ ဂ်က္စတင္ဘီဘာ ဟာ ဆိုးသြမ္းတဲ႕သူမဟုတ္ေတာ့ဘူး ဆိုတာကို သူ႕အေမ ယံုၾကည္လာေအာင္ ေျပာဆိုေနတာပါ။


“ဆယ္လီနာ က သူနဲ႕ ဂ်က္စတင္ တို႔ ႏွစ္ေယာက္ျပန္တြဲတာကို သူ႕အေမ ျပန္လက္ခံလိမ့္မယ္ ဆိုတဲ႕ ယံုၾကည္ခ်က္ ရွိတယ္။ သူ႕အေမ အတြက္ လက္ခံဖို႕ အခ်ိန္ေတာ့လိုတယ္။ Mandy က ဆယ္လီနာ နဲ႕ ပတ္သက္ရင္ ဆတ္ဆတ္ထိ မခံဘူးေလ။ ဆယ္လီနာ ေနာက္ထပ္ နာက်င္တာေတြ မျဖစ္ေစခ်င္ဘူး။ ဒါေပမယ့္လည္း ဆယ္လီနာက စဥ္းစားတတ္တဲ႕ အရြယ္ေရာက္ေေနျပီေလ။ သူခ်စ္ခ်င္တဲ႕သူနဲ႕ ခ်စ္မွာပဲ။ ဆယ္လီနာက ဂ်က္စတင္ဘီဘာ ဟာ အရင္ကနဲ႕ မတူေတာ့တဲ႕ အေၾကာင္း နဲ႕ သူဆိုးခဲ႕ မိုက္ခဲ့့တာေတြကို အသိတရားေတြရ အလုပ္ေတြလုပ္ေနျပီ ဆိုတာကို သူ႕အေမ Mandy ကို တတြတ္တြတ္ ေျပာဆိုေနတယ္ေလ။ ဒါေပမယ့္ Mandy က လံုးဝ မယံုဘူး။ ဂ်က္စတင္ ကို မျမင္ခ်င္ဘူးလို႕ ေျပာတုန္းပဲ။” လို႔ ဆယ္လီနာ့ အတြင္းသိ တစ္ေယာက္က ေျပာပါတယ္။



ဆယ္လီနာ အေနနဲ႕ သူ႕အေမက ဂ်က္စတင္ကို လူဆိုးလို႕ ထင္ေနတာကို အျမင္ရွင္းေအာင္ လုပ္ဖို႕ေတာ့ လိုတာေပါ့။ Mandy က ဂ်က္စတင္ဘီဘာ ဆိုတဲ႕ နာမည္ေတာင္ မၾကားခ်င္ဘူးတဲ႕။ ဆယ္လီနာကေတာ့ ဂ်က္စတင္ကို အခြင့္အေရး ထပ္ေပးဖို႕ Mandy ကို အတင္းအက်ပ္ ေျပာဆိုေနတာပဲ။ ဒါေပမယ့္ အခုေတာ့ ေမွ်ာ္လင့္ခ်က္ သိပ္မရွိပါဘူး။ ဆယ္လီနာ ေခါင္းရႈပ္ေနရတုန္းေပါ့ေလ။”

Ref : hollywoodlife
Credit: millionlike

# Unicode Version ျဖင့္ ဖတ္ပါ #

ဆယ်လီနာဂိုးမက်ဇ် နဲ့ သူ့အမေ Mandy Teefey တို့ နှစ်ယောက် ဂျက်စတင်ဘီဘာနဲ့ ပတ်သက်ပြီး စကားအချေအတင်များခဲ့ပြီးနောက်မှာ ဆယ်လီနာဂိုးမက်ဇ်က သူ့အမေကို ဂျက်စတင်နဲ့ ပတ်သက်ပြီး ယုံကြည်ပေးဖို့ အသနားခံ တောင်းဆိုနေပါတယ်။ ဆယ်လီနာ က သူ့ ချစ်သူ ဂျက်စတင်ဘီဘာ ဟာ ဆိုးသွမ်းတဲ့သူမဟုတ်တော့ဘူး ဆိုတာကို သူ့အမေ ယုံကြည်လာအောင် ပြောဆိုနေတာပါ။

“ဆယ်လီနာ က သူနဲ့ ဂျက်စတင် တို့ နှစ်ယောက်ပြန်တွဲတာကို သူ့အမေ ပြန်လက်ခံလိမ့်မယ် ဆိုတဲ့ ယုံကြည်ချက် ရှိတယ်။ သူ့အမေ အတွက် လက်ခံဖို့ အချိန်တော့လိုတယ်။ Mandy က ဆယ်လီနာ နဲ့ ပတ်သက်ရင် ဆတ်ဆတ်ထိ မခံဘူးလေ။ ဆယ်လီနာ နောက်ထပ် နာကျင်တာတွေ မဖြစ်စေချင်ဘူး။ ဒါပေမယ့်လည်း ဆယ်လီနာက စဉ်းစားတတ်တဲ့ အရွယ်ရောက်ေနေပြီလေ။ သူချစ်ချင်တဲ့သူနဲ့ ချစ်မှာပဲ။ ဆယ်လီနာက ဂျက်စတင်ဘီဘာ ဟာ အရင်ကနဲ့ မတူတော့တဲ့ အကြောင်း နဲ့ သူဆိုးခဲ့ မိုက်ခဲ့တာတွေကို အသိတရားတွေရ အလုပ်တွေလုပ်နေပြီ ဆိုတာကို သူ့အမေ Mandy ကို တတွတ်တွတ် ပြောဆိုနေတယ်လေ။ ဒါပေမယ့် Mandy က လုံးဝ မယုံဘူး။ ဂျက်စတင် ကို မမြင်ချင်ဘူးလို့ ပြောတုန်းပဲ။” လို့ ဆယ်လီနာ့ အတွင်းသိ တစ်ယောက်က ပြောပါတယ်။

ဆယ်လီနာ အနေနဲ့ သူ့အမေက ဂျက်စတင်ကို လူဆိုးလို့ ထင်နေတာကို အမြင်ရှင်းအောင် လုပ်ဖို့တော့ လိုတာပေါ့။ Mandy က ဂျက်စတင်ဘီဘာ ဆိုတဲ့ နာမည်တောင် မကြားချင်ဘူးတဲ့။ ဆယ်လီနာကတော့ ဂျက်စတင်ကို အခွင့်အရေး ထပ်ပေးဖို့ Mandy ကို အတင်းအကျပ် ပြောဆိုနေတာပဲ။ ဒါပေမယ့် အခုတော့ မျှော်လင့်ချက် သိပ်မရှိပါဘူး။ ဆယ်လီနာ ခေါင်းရှုပ်နေရတုန်းပေါ့လေ။”

Ref : hollywoodlife
Credit: millionlike