ေရႊတိဂံုဘုရားကို ေနာက္တစ္ေခါက္ ျပန္လာဖို႔ ဆိုတာ မေသျခာ ေတာ့ဘူးဆိုတဲ႕သူနွစ္ေယာက္

Published on December 24, 2017

က်ြန္ေတာ္က ဧည့္လမ္းညႊန္တစ္ေယာက္ပါ။က်ြန္ေတာ္ လူ၂ေယာက္ကို ဧည့္လမ္းညႊန္ ဝန္ေဆာင္မႈ ေပးခဲ႔ရပါတယ္။ အဂၤလန္က သားအမိပါ။အေမက ၇၂ ႏွစ္ , သား ၅၀ ႏွစ္။ သူတို႔ေတြက အဂၤလိပ္လူမ်ိဳးေတြျဖစ္ေပမယ့္ ဗုဒၶဘာသာဝင္အျဖစ္ ခံယူထားသူေတြပါ။ သက္သတ္လြတ္ပဲ စားတယ္။ ေန႔တိုင္း တရားထိုင္တယ္။ သတၱဝါေလးေတြကိုလည္း သနားတတ္တယ္။

ျမန္မာနိုင္ငံကို လာခဲ႔တာ အေမရဲ႕ (၇၂) ႏွစ္ေျမာက္ ေမြးေန႔ကို ဗုဒၶဘာသာထြန္းကားတဲ႔ ျမန္မာနိုင္ငံမွာ က်င္းပခ်င္လို႔ပါတဲ႔။ ဒီမွာလို ဘိုဆန္ဆန္ ဟက္ပီးဘတ္ေဒးတူးယူ မလုပ္။ ဖေယာင္းတိုင္မီးမႈတ္ျပီးလည္း ဂုဏ္မယူ။



ရန္ကုန္ေလဆိပ္မွာ ေတြ႔ေတြ႔ခ်င္း…ေရႊတိဂံုဘုရားကို ေလယာဥ္ေပၚကဖူးရတာ စိတ္ခ်မ္းသာလိုက္တာ။ဗုဒၶဘာသာထြန္းကားတဲ႔ ျမန္မာျပည္မွာ လူလာျဖစ္ရတာ နင္တို႔အရမ္းကံေကာင္းတယ္။သူတို႔ေျပာမွပဲ အနီးနားမွာ ရွိျပီး တန္ဖိုးထားရ ေကာင္းမွန္း မသိ။ နီးလ်ွက္နဲ႔ ေဝးေနခဲ႔တယ္။ငါတို႔ဟိုတယ္မသြားခင္ ေရႊတိဂံုဘုရား အရင္ ဖူးခ်င္တယ္။

ျပည္လမ္းမေပၚမွာ ကားခဏရပ္ေပးေတာ့ . . ကားေပၚက ဆင္း , ဖိနပ္ခ်ြတ္ , ထိျခင္းငါးပါးနဲ႔ ဦးခိုက္တယ္။ ရိုရိုေသေသေလး ခံစားၾကည္နူး ေနၾကတယ္။

“ဒီေလာက္ ၾကည္ညိုစရာေကာင္းတာ ဒီတစ္ခါပဲ ေတြ႔ဖူးတယ္။ ငါတို႔ေတာ့ လူျဖစ္က်ိဳး နပ္သြားျပီ။

ဟိုတယ္ကို လိုက္ပို႔ၿပီး ျပန္ခါနီးမွာ . .

“ဧည့္လမ္းညႊန္ အိပ္ယာမဝင္ခင္ ဗုဒၶျမတ္စြာဘုရားကို ရွိခိုးဖို႔မေမ့နဲ႔ေနာ္”တဲ႔ သူေျပာမွတခါတေလ ဘုရားရွိခိုး ပ်က္ကြက္တတ္တဲ႔ ကိုယ့္ကိုယ္ကို ရွက္မိတယ္။

ေနာက္တစ္ေန႔မနက္ ဟိုတယ္ သြားႀကိဳေတာ့ သားအမိ ႏွစ္ေယာက္စလံုး ႏႈတ္ဆက္ၾကတယ္။

“ဧည့္လမ္းညႊန္ မဂၤလာနံနက္ခင္းပါ ဒီမနက္ တရားထိုင္ ျပီးျပီလား ?

ဘုရားေတာ့ ရွိခိုးခဲ႔တယ္။ လာႀကိဳ ေနာက္က်မွာ စိုးလို႔ တရားမထိုင္ခဲ႔ရဘူး။ေနာက္ေန႔မနက္ေတြမွာ လာႀကိဳေနာက္က်ပါေစ တရားေတာ့ ရေအာင္ထိုင္ပါ။

ေၾသာ္ . . . ေလးစားဖို႔ ေကာင္းလိုက္တာ။

မနက္စာ စားဖို႔ ဖိတ္ေတာ့ အတူဝင္စားျဖစ္တယ္။ အတု႔ယူစရာေတြက တစ္ခုျပီးတစ္ခု။ မနက္စာ မစားခင္မွာ အစားအေသာက္ ပန္းကန္ေလးကို တရိုတေသ ကိုင္ျပီး . .

“ဗုဒၶျမတ္စြာဘုရားကို ဆက္ကပ္လွဴဒါန္းပါတယ္ အရွင္ဘုရား”

က်ြန္ေတာ္ကေတာ့ အရင္စားလိုက္မိလို႔ မ်က္ႏွာဘယ္သြားထားရမွန္း မသိဘူး။

ငါတို႔ႏိုင္ငံမွာ တစ္ေယာက္နဲ႔တစ္ေယာက္ ေတြ႔ရင္ . . .

မဂၤလာရွိေသာ နံနက္ခင္း —မဂၤလာရွိေသာ ညေနခင္း . . . လို႔ ဘယ္သူမွ ့ ႏႈတ္မဆက္ၾကေတာ့ဘူး။ “တရားထိုင္ ျပီးျပီလား” ပဲ ေမးၾကေတာ့တယ္။

ေမြးေန႔မနက္ ေရႊတိဂံုဘုရားမွာ ဘုရားပန္းလဲ ေသာက္ေတာ္ေရခ်မ္းကပ္,ဆီမီးပူေဇာ္ျပီး အလွဴခံပံုးေတြထဲ အေမရိကန္ေဒၚလာ ၅၀ စီထည့္ျပီး ဆုေတာင္းၾကတယ္။ ဆုေတာင္းပံုက. .

ေနာင္ဘဝမွာ ဗုဒၶဘာသာ ထြန္းကားတဲ႔ ျမန္မာျပည္မွာ လူလာျဖစ္ျပီး ဗုဒၶဘာသာဝင္ ျဖစ္ပါရေစတဲ႔။

ငွက္ကေလးေတြကို အစာေက်ြးျပန္ေတာ့ . . ငွက္ကေလးေတြ ေန႔စဥ္ေန႔တိုင္း အစာမ်ားမ်ား စားရပါေစ။ ဒီငွက္ဘဝ ကုန္ဆံုးျပီးရင္လည္း လူျပန္ျဖစ္ျပီး ဗုဒၶျမတ္စြာဘုရားကို ရွိခိုးတတ္သူေတြ ျဖစ္ၾကပါေစ။

သူတို႔က ေျပာေသးတယ္။ ေန႔သစ္တစ္ေန႔ စတိုင္း ဗုဒၶျမတ္စြာဘုရားကို မရွိခိုးရေသးရင္ ဘာအလုပ္မွ စမလုပ္ဘူး . .တဲ႔။

ဘုရားေတြကို လွည့္ပတ္ျပတဲ႔အခါမွာလည္း . .ဒီေနရာေလး ေကာင္းတယ္။ ကင္မရာ နဲ႔ ဓါတ္ပံုရိုက္လို႔ရတယ္. . ေျပာေတာ့ငါတို႔ ကင္မရာ မယူလာဘူး။ မ်က္စိနဲ႔ဘဲ ၾကည့္မယ္။

ေမ့က်န္ခဲ႔လို႔လား ? ေမးေတာ့ပိုင္ဆိုင္မႈတစ္ခု ရွိရင္ တစ္ခုအတြက္ စိုးရိမ္ပူပန္ ရတယ္။ ႏွစ္ခုရွိရင္ ႏွစ္ခုအတြက္ ပူပန္ရတယ္။ ဘာမွ မယူလာေတာ့ ဘာအတြက္မွ စိုးရိမ္ပူပန္စရာ မလိုေတာ့ဘူး. . . တဲ႔။

ျပင္ဦးလြင္ ေရာက္လို႔ . . .”ရထားလံုး စီးၾကမယ္ ဆိုေတာ့ . .မစီးဘူး။ ငါတို႔က ဗုဒၶဘာသာဝင္ေတြ။ တိရိစၧာန္ ေတြကို သနားရမယ္။ ညွာတာရမယ္။ မျဖစ္မေန သြားရမယ့္ ခရီးဆိုမွ စီးသင့္မွ စီးမယ္။

လမ္းတေလ်ွာက္ အလႉခံမဏၰပ္ ေတြ႔ေတာ့ ကားေပၚကေန လွမ္းပစ္ျပီး လႉခဲ့တယ္။

“ဧည့္လမ္းညႊန္ ဒါဘာလုပ္တာလဲ”

– လွဴတာေလ–လွဴတယ္ဆိုရင္ . . . ကားကိုရပ္ , ျဖည္းျဖည္းဆင္း , ဖိနပ္ခ်ြတ္ , လက္ႏွစ္ဖက္နဲ႔ ရိုရိုေသေသ လွဴရမွာေပါ့ , ခု နင့္ဟာက လွဴတာနဲ႔ မတူဘူး။ တိရိစၧာန္ရံုထဲ ကားပတ္စီးျပီး ဆင္ေတြ ေမ်ာက္ေတြကို အစာႀကဲခ်ေက်ြးသလို ျဖစ္ေနျပီ။

အျခားဘာသာဝင္ေတြ ျမင္ရင္ အထင္ေသးသြားလိမ့္မယ္။ ငါလွဴျပမယ္ . . ဆိုျပီး ဖိနပ္ခ်ြတ္ လက္ႏွစ္ဖက္နဲ႔ တရိုတေသ လွဴျပသြားတယ္။

အႀကိမ္ႀကိမ္အခါခါ ရွက္လြန္းလို႔ ဘာစကားလံုး သံုးရမွန္း မသိေတာ့ဘူး။ေရွးေဟာင္းပစၥည္းအေရာင္းဆိုင္ထဲ ေရာက္ျပန္ေတာ့ . . ဧည့္လမ္းညႊန္ . .ခဏလာပါဦး။ ဒါ ဆင္စြယ္နဲ႔ လုပ္ထားတဲ႔ ဘီး , ဆံထိုး , ေဆးတံ , အရုပ္ေတြ မဟုတ္လား ?

ဟုတ္တယ္။ ဘာျဖစ္လို႔လဲ .?

တျခားဧည့္သည္ေတြ ဝယ္ခ်င္တယ္ဆိုရင္ သူတို႔ မဝယ္ေအာင္ နင္က တိုက္တြန္းရမယ္။ ပညာေပး ရမယ္။ ဒီဆင္စြယ္ေတြကို ရဖို႔ ဆင္ေတြကို သတ္ရတာ။ ဒါကို ဝယ္ရင္ ဆင္ေတြကို သတ္ခိုင္းတာနဲ႔ အတူတူပဲ။ ျမတ္စြာဘုရား မႀကိဳက္ဘူး လို႔ေျပာ။–ၾကားလား ? က်ြန္ေတာ္ မခ်ီးက်ဴးပဲ မေနနိုင္ေတာ့ပါဘူး။

ကေလာသြားတဲ႔ လမ္းမွာ . . .ဧည့္လမ္းညႊန္ ငါအေပါ့ သြားခ်င္လို႔ အိမ္သာေတြ႔ရင္ ရပ္ေပးဦး။ၿခံဳထူျပီး လမ္းရွင္းတဲ႔ ေနရာ ေရာက္ရင္ ရပ္ေပးမယ္။ လမ္းေဘးမွာ သြားလို႔ရတယ္။ ၿမိဳ႕နဲ႔ ေဝးေနေသးတယ္။ငါလမ္းေဘးမွာ အေပါ့မသြားဘူး။ ငါတို႔အခု ေရာက္ေနတာ ယဥ္ေက်းတဲ႔ႏိုင္ငံ။ ေလးစားရမယ္။

ေနာက္တစ္ေန႔ညေနမွာ ေလယာဥ္နဲ႔ ဘန္ေကာက္ကို သြားၾကတယ္။ အဲ့ဒီကတဆင့္ အဂၤလန္ကို ျပန္ၾကမွာပါ။ ရန္ကုန္ေလဆိပ္ကို အသြား ေရႊတိဂံုဘုရားကို အေနာက္မုခ္ကေန ဦးခ်ကန္ေတာ့သြားၾကတယ္။

ေရႊတိဂံုဘုရားေရ . . .က်ြန္မတို႔ ျပန္သြားၾကပါျပီ။ က်ြန္မအသက္ ႀကီးေနလို႔ ေနာက္တစ္ေခါက္ ျပန္လာဖို႔ ဆိုတာ မေသျခာ ေတာ့ဘူး။ ေနာင္ဘဝမွာ လူျဖစ္ခဲ႔ရင္ ျမန္မာနိုင္ငံမွာ လူျဖစ္ရၿပီး ဗုဒၶဘာသာဝင္ ျဖစ္ခ်င္ပါတယ္။ က်ြန္မ ဧည့္လမ္းညႊန္နဲ႔လည္း အေဆြအမ်ိဳး ျဖစ္ခ်င္ပါတယ္ ဘုရား။

မ်က္ရည္ေတြနဲ႔ စိုရႊဲေနတဲ႔ အေမကို သားျဖစ္သူက ေဖးကူမျပီး ကားေပၚ ၾကင္ၾကင္နာနာ ေခၚသြားတယ္။

သူတို႔သားအမိ ႏွစ္ေယာက္နဲ႔ သြားခဲ႔ရတဲ႔ (၁၄) ရက္ ခရီးဟာ က်ြန္ေတာ့အတြက္ေတာ့ ရလိုက္တဲ႔ သင္ခန္းစာ ေတြက တစ္ပံုတစ္ပင္။ တကယ့္ တန္ဖိုး မျဖတ္နိုင္တဲ႔ အရာေတြခ်ည္းပါပဲ။

Donated by ဓမၼႏွစ္သက္သူ။
Credit: ( တင္လႈိင္ျမင့္ – ေၾကးမံု- စာ- ၆ )

# Unicode Version ျဖင့္ ဖတ္ပါ #

ကျွန်တော်က ဧည့်လမ်းညွှန်တစ်ယောက်ပါ။ကျွန်တော် လူ၂ယောက်ကို ဧည့်လမ်းညွှန် ဝန်ဆောင်မှု ပေးခဲ့ရပါတယ်။ အင်္ဂလန်က သားအမိပါ။အမေက ၇၂ နှစ် , သား ၅၀ နှစ်။ သူတို့တွေက အင်္ဂလိပ်လူမျိုးတွေဖြစ်ပေမယ့် ဗုဒ္ဓဘာသာဝင်အဖြစ် ခံယူထားသူတွေပါ။ သက်သတ်လွတ်ပဲ စားတယ်။ နေ့တိုင်း တရားထိုင်တယ်။ သတ္တဝါလေးတွေကိုလည်း သနားတတ်တယ်။မြန်မာနိုင်ငံကို လာခဲ့တာ အမေရဲ့ (၇၂) နှစ်မြောက် မွေးနေ့ကို ဗုဒ္ဓဘာသာထွန်းကားတဲ့ မြန်မာနိုင်ငံမှာ ကျင်းပချင်လို့ပါတဲ့။ ဒီမှာလို ဘိုဆန်ဆန် ဟက်ပီးဘတ်ဒေးတူးယူ မလုပ်။ ဖယောင်းတိုင်မီးမှုတ်ပြီးလည်း ဂုဏ်မယူ။

ရန်ကုန်လေဆိပ်မှာ တွေ့တွေ့ချင်း…ရွှေတိဂုံဘုရားကို လေယာဉ်ပေါ်ကဖူးရတာ စိတ်ချမ်းသာလိုက်တာ။ဗုဒ္ဓဘာသာထွန်းကားတဲ့ မြန်မာပြည်မှာ လူလာဖြစ်ရတာ နင်တို့အရမ်းကံကောင်းတယ်။သူတို့ပြောမှပဲ အနီးနားမှာ ရှိပြီး တန်ဖိုးထားရ ကောင်းမှန်း မသိ။ နီးလျှက်နဲ့ ဝေးနေခဲ့တယ်။ငါတို့ဟိုတယ်မသွားခင် ရွှေတိဂုံဘုရား အရင် ဖူးချင်တယ်။

ပြည်လမ်းမပေါ်မှာ ကားခဏရပ်ပေးတော့ . . ကားပေါ်က ဆင်း , ဖိနပ်ချွတ် , ထိခြင်းငါးပါးနဲ့ ဦးခိုက်တယ်။ ရိုရိုသေသေလေး ခံစားကြည်နူး နေကြတယ်။

“ဒီလောက် ကြည်ညိုစရာကောင်းတာ ဒီတစ်ခါပဲ တွေ့ဖူးတယ်။ ငါတို့တော့ လူဖြစ်ကျိုး နပ်သွားပြီ။

ဟိုတယ်ကို လိုက်ပို့ပြီး ပြန်ခါနီးမှာ . .

“ဧည့်လမ်းညွှန် အိပ်ယာမဝင်ခင် ဗုဒ္ဓမြတ်စွာဘုရားကို ရှိခိုးဖို့မမေ့နဲ့နော်”တဲ့ သူပြောမှတခါတလေ ဘုရားရှိခိုး ပျက်ကွက်တတ်တဲ့ ကိုယ့်ကိုယ်ကို ရှက်မိတယ်။

နောက်တစ်နေ့မနက် ဟိုတယ် သွားကြိုတော့ သားအမိ နှစ်ယောက်စလုံး နှုတ်ဆက်ကြတယ်။

“ဧည့်လမ်းညွှန် မင်္ဂလာနံနက်ခင်းပါ ဒီမနက် တရားထိုင် ပြီးပြီလား ?

ဘုရားတော့ ရှိခိုးခဲ့တယ်။ လာကြို နောက်ကျမှာ စိုးလို့ တရားမထိုင်ခဲ့ရဘူး။နောက်နေ့မနက်တွေမှာ လာကြိုနောက်ကျပါစေ တရားတော့ ရအောင်ထိုင်ပါ။

သြော် . . . လေးစားဖို့ ကောင်းလိုက်တာ။

မနက်စာ စားဖို့ ဖိတ်တော့ အတူဝင်စားဖြစ်တယ်။ အတု့ယူစရာတွေက တစ်ခုပြီးတစ်ခု။ မနက်စာ မစားခင်မှာ အစားအသောက် ပန်းကန်လေးကို တရိုတသေ ကိုင်ပြီး . .

“ဗုဒ္ဓမြတ်စွာဘုရားကို ဆက်ကပ်လှူဒါန်းပါတယ် အရှင်ဘုရား”

ကျွန်တော်ကတော့ အရင်စားလိုက်မိလို့ မျက်နှာဘယ်သွားထားရမှန်း မသိဘူး။

ငါတို့နိုင်ငံမှာ တစ်ယောက်နဲ့တစ်ယောက် တွေ့ရင် . . .

မင်္ဂလာရှိသော နံနက်ခင်း —မင်္ဂလာရှိသော ညနေခင်း . . . လို့ ဘယ်သူမှ့ နှုတ်မဆက်ကြတော့ဘူး။ “တရားထိုင် ပြီးပြီလား” ပဲ မေးကြတော့တယ်။

မွေးနေ့မနက် ရွှေတိဂုံဘုရားမှာ ဘုရားပန်းလဲ သောက်တော်ရေချမ်းကပ်,ဆီမီးပူဇော်ပြီး အလှူခံပုံးတွေထဲ အမေရိကန်ဒေါ်လာ ၅၀ စီထည့်ပြီး ဆုတောင်းကြတယ်။ ဆုတောင်းပုံက. .

နောင်ဘဝမှာ ဗုဒ္ဓဘာသာ ထွန်းကားတဲ့ မြန်မာပြည်မှာ လူလာဖြစ်ပြီး ဗုဒ္ဓဘာသာဝင် ဖြစ်ပါရစေတဲ့။

ငှက်ကလေးတွေကို အစာကျွေးပြန်တော့ . . ငှက်ကလေးတွေ နေ့စဉ်နေ့တိုင်း အစာများများ စားရပါစေ။ ဒီငှက်ဘဝ ကုန်ဆုံးပြီးရင်လည်း လူပြန်ဖြစ်ပြီး ဗုဒ္ဓမြတ်စွာဘုရားကို ရှိခိုးတတ်သူတွေ ဖြစ်ကြပါစေ။

သူတို့က ပြောသေးတယ်။ နေ့သစ်တစ်နေ့ စတိုင်း ဗုဒ္ဓမြတ်စွာဘုရားကို မရှိခိုးရသေးရင် ဘာအလုပ်မှ စမလုပ်ဘူး . .တဲ့။

ဘုရားတွေကို လှည့်ပတ်ပြတဲ့အခါမှာလည်း . .ဒီနေရာလေး ကောင်းတယ်။ ကင်မရာ နဲ့ ဓါတ်ပုံရိုက်လို့ရတယ်. . ပြောတော့ငါတို့ ကင်မရာ မယူလာဘူး။ မျက်စိနဲ့ဘဲ ကြည့်မယ်။

မေ့ကျန်ခဲ့လို့လား ? မေးတော့ပိုင်ဆိုင်မှုတစ်ခု ရှိရင် တစ်ခုအတွက် စိုးရိမ်ပူပန် ရတယ်။ နှစ်ခုရှိရင် နှစ်ခုအတွက် ပူပန်ရတယ်။ ဘာမှ မယူလာတော့ ဘာအတွက်မှ စိုးရိမ်ပူပန်စရာ မလိုတော့ဘူး. . . တဲ့။

ပြင်ဦးလွင် ရောက်လို့ . . .”ရထားလုံး စီးကြမယ် ဆိုတော့ . .မစီးဘူး။ ငါတို့က ဗုဒ္ဓဘာသာဝင်တွေ။ တိရိစ္ဆာန် တွေကို သနားရမယ်။ ညှာတာရမယ်။ မဖြစ်မနေ သွားရမယ့် ခရီးဆိုမှ စီးသင့်မှ စီးမယ်။

လမ်းတလျှောက် အလှူခံမဏ္ဏပ် တွေ့တော့ ကားပေါ်ကနေ လှမ်းပစ်ပြီး လှူခဲ့တယ်။

“ဧည့်လမ်းညွှန် ဒါဘာလုပ်တာလဲ”

– လှူတာလေ–လှူတယ်ဆိုရင် . . . ကားကိုရပ် , ဖြည်းဖြည်းဆင်း , ဖိနပ်ချွတ် , လက်နှစ်ဖက်နဲ့ ရိုရိုသေသေ လှူရမှာပေါ့ , ခု နင့်ဟာက လှူတာနဲ့ မတူဘူး။ တိရိစ္ဆာန်ရုံထဲ ကားပတ်စီးပြီး ဆင်တွေ မျောက်တွေကို အစာကြဲချကျွေးသလို ဖြစ်နေပြီ။

အခြားဘာသာဝင်တွေ မြင်ရင် အထင်သေးသွားလိမ့်မယ်။ ငါလှူပြမယ် . . ဆိုပြီး ဖိနပ်ချွတ် လက်နှစ်ဖက်နဲ့ တရိုတသေ လှူပြသွားတယ်။

အကြိမ်ကြိမ်အခါခါ ရှက်လွန်းလို့ ဘာစကားလုံး သုံးရမှန်း မသိတော့ဘူး။ရှေးဟောင်းပစ္စည်းအရောင်းဆိုင်ထဲ ရောက်ပြန်တော့ . . ဧည့်လမ်းညွှန် . .ခဏလာပါဦး။ ဒါ ဆင်စွယ်နဲ့ လုပ်ထားတဲ့ ဘီး , ဆံထိုး , ဆေးတံ , အရုပ်တွေ မဟုတ်လား ?

ဟုတ်တယ်။ ဘာဖြစ်လို့လဲ .?

တခြားဧည့်သည်တွေ ဝယ်ချင်တယ်ဆိုရင် သူတို့ မဝယ်အောင် နင်က တိုက်တွန်းရမယ်။ ပညာပေး ရမယ်။ ဒီဆင်စွယ်တွေကို ရဖို့ ဆင်တွေကို သတ်ရတာ။ ဒါကို ဝယ်ရင် ဆင်တွေကို သတ်ခိုင်းတာနဲ့ အတူတူပဲ။ မြတ်စွာဘုရား မကြိုက်ဘူး လို့ပြော။–ကြားလား ? ကျွန်တော် မချီးကျူးပဲ မနေနိုင်တော့ပါဘူး။

ကလောသွားတဲ့ လမ်းမှာ . . .ဧည့်လမ်းညွှန် ငါအပေါ့ သွားချင်လို့ အိမ်သာတွေ့ရင် ရပ်ပေးဦး။ခြုံထူပြီး လမ်းရှင်းတဲ့ နေရာ ရောက်ရင် ရပ်ပေးမယ်။ လမ်းဘေးမှာ သွားလို့ရတယ်။ မြို့နဲ့ ဝေးနေသေးတယ်။ငါလမ်းဘေးမှာ အပေါ့မသွားဘူး။ ငါတို့အခု ရောက်နေတာ ယဉ်ကျေးတဲ့နိုင်ငံ။ လေးစားရမယ်။

နောက်တစ်နေ့ညနေမှာ လေယာဉ်နဲ့ ဘန်ကောက်ကို သွားကြတယ်။ အဲ့ဒီကတဆင့် အင်္ဂလန်ကို ပြန်ကြမှာပါ။ ရန်ကုန်လေဆိပ်ကို အသွား ရွှေတိဂုံဘုရားကို အနောက်မုခ်ကနေ ဦးချကန်တော့သွားကြတယ်။

ရွှေတိဂုံဘုရားရေ . . .ကျွန်မတို့ ပြန်သွားကြပါပြီ။ ကျွန်မအသက် ကြီးနေလို့ နောက်တစ်ခေါက် ပြန်လာဖို့ ဆိုတာ မသေခြာ တော့ဘူး။ နောင်ဘဝမှာ လူဖြစ်ခဲ့ရင် မြန်မာနိုင်ငံမှာ လူဖြစ်ရပြီး ဗုဒ္ဓဘာသာဝင် ဖြစ်ချင်ပါတယ်။ ကျွန်မ ဧည့်လမ်းညွှန်နဲ့လည်း အဆွေအမျိုး ဖြစ်ချင်ပါတယ် ဘုရား။

မျက်ရည်တွေနဲ့ စိုရွှဲနေတဲ့ အမေကို သားဖြစ်သူက ဖေးကူမပြီး ကားပေါ် ကြင်ကြင်နာနာ ခေါ်သွားတယ်။

သူတို့သားအမိ နှစ်ယောက်နဲ့ သွားခဲ့ရတဲ့ (၁၄) ရက် ခရီးဟာ ကျွန်တော့အတွက်တော့ ရလိုက်တဲ့ သင်ခန်းစာ တွေက တစ်ပုံတစ်ပင်။ တကယ့် တန်ဖိုး မဖြတ်နိုင်တဲ့ အရာတွေချည်းပါပဲ။

Donated by ဓမ္မနှစ်သက်သူ။
Credit: ( တင်လှိုင်မြင့် – ကြေးမုံ- စာ- ၆ )