ဒဏ္ခတ္မႈကို စစ္ေၾကညာမႈအျဖစ္ ေျမာက္ကုိရီးယားယူဆ

Published on December 24, 2017

ေျမာက္ကိုရီးယား ႏုိင္ငံ အေပၚ ကုလသမဂၢရဲ႕ အခု ေနာက္ဆံုး ဒဏ္ခတ္ပိတ္ဆို႔မႈေတြဟာဆိုရင္ စီးပြားေရး အရ အလံုးစံု ပိတ္ပင္လုိက္တဲ႔ သေဘာသက္ေရာက္ၿပီး စစ္ေၾကညာမႈ ျဖစ္တယ္လို႔ ေျမာက္ကိုရီးယား ႏုိင္ငံျခားေရး ၀န္ႀကီးဌာနက ေျပာဆိုုလိုက္ပါတယ္။

ကုလသမဂၢရဲ႕ ေျမာက္ကိုရီးယား အေရး ဆံုးျဖတ္ခ်က္ဟာဆိုရင္ ေျမာက္ကိုရီးယားရဲ႕ ႏ်ဴးကလီးယားနဲ႔ ဒံုးက်ည္ အစီအစဥ္ေတြ ေအာင္ျမင္မႈ အေပၚ အေမရိကန္တို႔ရဲ႕ ထိတ္လန္႔ ေၾကာက္ရြံ႔မႈကေန ထြက္ေပၚလာတဲ႔ ရလဒ္ျဖစ္တယ္လို႔ ေျမာက္ကိုရီးယား ႏုိင္ငံျခားေရး ၀န္ႀကီးဌာန ေျပာခြင့္ရက ေျပာဆိုၿပီး ေျမာက္ကိုရီးယား အစိုးရ အေနနဲ႔ ဆံုးျဖတ္ခ်က္ကို အျပင္းအထန္ ဆန္႔က်င္တဲ႔ အေၾကာင္း ေျပာဆိုထားတဲ႔ ေၾကညာခ်က္ကို ႏုိင္ငံပိုင္ သတင္းဌာန KCNA ကေန ေဖာ္ျပခဲ႔ပါတယ္။



ေျမာက္ကိုရီးယားရဲ႕ တရားမ၀င္ လက္နက္ အစီအစဥ္ေတြကို အေထာက္အပံ႔ ျဖစ္ေစတဲ႔ က႑ေတြကို ပစ္မွတ္ထားတဲ႔ ေနာက္ထပ္ တေက်ာ့ ဒဏ္ခတ္ပိ္တ္ဆို႔မႈသစ္ကို ၿပီးခဲ႔တဲ႔ ေသာၾကာေန႔က ကုလသမဂၢ လံုျခံဳေရး ေကာင္စီမွာ တညီတညြတ္တည္း သေဘာတူခဲ႔ၾကတာပါ။ ေျမာက္ကိုရီးယား ေခါင္းေဆာင္ ကင္ဂ်ံဳအြန္း အစိုးရရဲ႕ ရန္လိုတဲ႔ လုပ္ရပ္ေတြနဲ႔ ထပ္တူ ႏုိင္ငံတကာ ဒဏ္ခတ္ပိတ္ဆို႔မႈနဲ႔ ဆက္ၿပီးေဆာင္ရြက္သြားမယ္လို႔ ကုလသမဂၢဆိုင္ရာ အေမရိကန္ သံအမတ္ႀကီး Nikki Haley က ေျပာဆိုခဲ႔တာပါ။

 

ဒီေျပာဆိုခ်က္ အေပၚ ေျမာက္ကိုရီးယားဘက္က ေၾကညာခ်က္ထုတ္ တုံ႔ျပန္တာမွာေတာ့ အေမရိကန္တို႔ အေနနဲ႔ ေဘးကင္းလံုျခံဳမႈရွိရွိ ရပ္တည္လိုတယ္ဆိုရင္ေတာ့ ရန္လိုတဲ႔ မူ၀ါဒေတြကို စြန္႔လႊတ္ၿပီး ႏ်ဴးကလီးယား လက္နက္ပိုင္ဆိုင္တဲ႔ ႏုိင္ငံတခုနဲ႔ အတူတည္ရွိေရးကို ေလ႔လာပါလို႔ ေျပာဆိုလုိက္တာပါ။ ဒဏ္ခတ္ပိတ္ဆို႔မႈ ဆံုးျဖတ္ခ်က္ကို ေထာက္ခံခဲ႔တဲ႔ ႏုိင္ငံေတြ အေနနဲ႔လည္း ျဖစ္လာမယ့္ အက်ိဳးဆက္ေတြကို အျပည့္အ၀ တာ၀န္ယူရမွာ ျဖစ္ၿပီး ေျမာက္ကိုရီးယား အစိုးရရဲ႕ ျပင္းျပင္းထန္ထန္ လက္တုံ႔ျပန္မယ္လို႔လည္း ဒီကေန႔ ေျမာက္ကိုရီးယားက ထုတ္တဲ႔ ေၾကညာခ်က္မွာ ေျပာဆိုထားပါတယ္။

အခုေနာက္ဆံုး ဆံုးျဖတ္လုိက္တဲ႔ ဒဏ္ခတ္ပိတ္ဆို႔မႈသစ္ကိုသာ အျပည့္အ၀ က်င့္သံုးမယ္ဆိုရင္ေတာ့ ေျမာက္ကိုရီးယားႏုိင္ငံတြင္းကို တင္သြင္းေနတဲ႔ ဓာတ္ဆီနဲ႔ ဒီဇယ္တို႔လို ေရနံကုန္ေခ်ာေတြ တင္သြင္းမႈကို ကန္႔သတ္လိုက္မွာ ျဖစ္ၿပီး ေရနံစည္ေပါင္း ၅ သိန္းေလာက္ ေလ်ာ့က်သြားေစမွာ ျဖစ္ပါတယ္။ လံုျခံဳေရး ေကာင္စီရဲ႕ အတည္ျပဳခ်က္နဲ႔သာ တခုခ်င္းစီကို ခြ်င္းခ်က္နဲ႔ စိစစ္ခြင့္ျပဳသြားမွာ ျဖစ္ပါတယ္။ ဒီဒဏ္ခတ္ပိတ္ဆို႔မႈမွာ ဆိုရင္ေတာ့ ျပည္ပထြက္ အလုပ္လုပ္ခိုင္းေနတဲ႔ ေျမာက္ကိုရီးယား အလုပ္သမားေတြထံက ႏုိင္ငံေတာ္ ဘ႑ာ ရရွိမႈကိုလည္း ျဖတ္ေတာက္ႏုိင္ေရးလည္း ပါ၀င္ပါတယ္။

VOA Burmese News

Unicode

မြောက်ကိုရီးယား နိုင်ငံ အပေါ် ကုလသမဂ္ဂရဲ့ အခု နောက်ဆုံး ဒဏ်ခတ်ပိတ်ဆို့မှုတွေဟာဆိုရင် စီးပွားရေး အရ အလုံးစုံ ပိတ်ပင်လိုက်တဲ့ သဘောသက်ရောက်ပြီး စစ်ကြေညာမှု ဖြစ်တယ်လို့ မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောဆိုလိုက်ပါတယ်။

ကုလသမဂ္ဂရဲ့ မြောက်ကိုရီးယား အရေး ဆုံးဖြတ်ချက်ဟာဆိုရင် မြောက်ကိုရီးယားရဲ့ နျူးကလီးယားနဲ့ ဒုံးကျည် အစီအစဉ်တွေ အောင်မြင်မှု အပေါ် အမေရိကန်တို့ရဲ့ ထိတ်လန့် ကြောက်ရွံ့မှုကနေ ထွက်ပေါ်လာတဲ့ ရလဒ်ဖြစ်တယ်လို့ မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရက ပြောဆိုပြီး မြောက်ကိုရီးယား အစိုးရ အနေနဲ့ ဆုံးဖြတ်ချက်ကို အပြင်းအထန် ဆန့်ကျင်တဲ့ အကြောင်း ပြောဆိုထားတဲ့ ကြေညာချက်ကို နိုင်ငံပိုင် သတင်းဌာန KCNA ကနေ ဖော်ပြခဲ့ပါတယ်။

မြောက်ကိုရီးယားရဲ့ တရားမဝင် လက်နက် အစီအစဉ်တွေကို အထောက်အပံ့ ဖြစ်စေတဲ့ ကဏ္ဍတွေကို ပစ်မှတ်ထားတဲ့ နောက်ထပ် တကျော့ ဒဏ်ခတ်ပိ်တ်ဆို့မှုသစ်ကို ပြီးခဲ့တဲ့ သောကြာနေ့က ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ တညီတညွတ်တည်း သဘောတူခဲ့ကြတာပါ။ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်း အစိုးရရဲ့ ရန်လိုတဲ့ လုပ်ရပ်တွေနဲ့ ထပ်တူ နိုင်ငံတကာ ဒဏ်ခတ်ပိတ်ဆို့မှုနဲ့ ဆက်ပြီးဆောင်ရွက်သွားမယ်လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး Nikki Haley က ပြောဆိုခဲ့တာပါ။

ဒီပြောဆိုချက် အပေါ် မြောက်ကိုရီးယားဘက်က ကြေညာချက်ထုတ် တုံ့ပြန်တာမှာတော့ အမေရိကန်တို့ အနေနဲ့ ဘေးကင်းလုံခြုံမှုရှိရှိ ရပ်တည်လိုတယ်ဆိုရင်တော့ ရန်လိုတဲ့ မူဝါဒတွေကို စွန့်လွှတ်ပြီး နျူးကလီးယား လက်နက်ပိုင်ဆိုင်တဲ့ နိုင်ငံတခုနဲ့ အတူတည်ရှိရေးကို လေ့လာပါလို့ ပြောဆိုလိုက်တာပါ။ ဒဏ်ခတ်ပိတ်ဆို့မှု ဆုံးဖြတ်ချက်ကို ထောက်ခံခဲ့တဲ့ နိုင်ငံတွေ အနေနဲ့လည်း ဖြစ်လာမယ့် အကျိုးဆက်တွေကို အပြည့်အဝ တာဝန်ယူရမှာ ဖြစ်ပြီး မြောက်ကိုရီးယား အစိုးရရဲ့ ပြင်းပြင်းထန်ထန် လက်တုံ့ပြန်မယ်လို့လည်း ဒီကနေ့ မြောက်ကိုရီးယားက ထုတ်တဲ့ ကြေညာချက်မှာ ပြောဆိုထားပါတယ်။

အခုနောက်ဆုံး ဆုံးဖြတ်လိုက်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုသစ်ကိုသာ အပြည့်အဝ ကျင့်သုံးမယ်ဆိုရင်တော့ မြောက်ကိုရီးယားနိုင်ငံတွင်းကို တင်သွင်းနေတဲ့ ဓာတ်ဆီနဲ့ ဒီဇယ်တို့လို ရေနံကုန်ချောတွေ တင်သွင်းမှုကို ကန့်သတ်လိုက်မှာ ဖြစ်ပြီး ရေနံစည်ပေါင်း ၅ သိန်းလောက် လျော့ကျသွားစေမှာ ဖြစ်ပါတယ်။ လုံခြုံရေး ကောင်စီရဲ့ အတည်ပြုချက်နဲ့သာ တခုချင်းစီကို ချွင်းချက်နဲ့ စိစစ်ခွင့်ပြုသွားမှာ ဖြစ်ပါတယ်။ ဒီဒဏ်ခတ်ပိတ်ဆို့မှုမှာ ဆိုရင်တော့ ပြည်ပထွက် အလုပ်လုပ်ခိုင်းနေတဲ့ မြောက်ကိုရီးယား အလုပ်သမားတွေထံက နိုင်ငံတော် ဘဏ္ဍာ ရရှိမှုကိုလည်း ဖြတ်တောက်နိုင်ရေးလည်း ပါဝင်ပါတယ်။

VOA Burmese News