လူမှု ကွန်ယက်မှာဝေဖန်မှုများ ပြင်းထန်လာတဲ့ ဇာတ်ဝင်ခန်း ပုံရိပ်

Published on December 24, 2017

တပ်မတော် နေ့ဂုဏ်ပြုဇာတ်လမ်းဖြစ်တဲ့ စစ်ကိုမုန်း တိုက်ခဲ့သည် ဆိုတဲ့ ဇာတ်ကားရိုက်ကူးမှုမှာ သရုပ်ဆောင်ထားတဲ့ အကယ်ဒမီ စိုးမြတ်နန္ဒာရဲ့ ပုံရိပ်တွေ ထွက်လာတဲ့ အချိန်မှာ ဝေဖန်မှုတွေ ပြင်းထန်ခဲ့ပါတယ်။



ပုံထဲမှာ ယောဂီဝတ်စုံတွေကို ၀တ်ဆင်ထားတဲ့ စစ်သည် အိမ်ထောင်ဖက်တွေဟာ သေနတ်တွေ ကျောမှာ လွယ်ထားရတဲ့ အသွင်ကို တွေ့ရတဲ့အတွက် ဝေဖန်မှုတွေ ပြင်းထန်နေပါတယ်။

ဘာသာတရားရှုထောင့်က ကြည့်ရင် လူသတ်လက်နက်နဲ့ အတူ မတွဲသင့်ဘူး ဆိုတဲ့ လူတွေ က တစ်ဘက် ကဝေဖန်ကြပါတယ်။

အခြား တစ်ဘက်ကတော့ တကယ်လည်း နယ်စပ်ဒေသတွေ၊ အကြမ်းဖက်သောင်းကျန်းသူတွေ သောင်းကျန်းလွန်းတဲ့ နေရာတွေမှာ ဆွမ်းချိုင့် ပို့တာပဲဖြစ်ဖြစ်၊ ဓမစင်္ကြာ ရွတ်တာပဲ ဖြစ်ဖြစ် သေနပ်တွေ ကျောမှာပိုးထားရတဲ့ အဖြစ်အပျက်တွေ ရှိနေပါတယ်လို့ လည်း ချေပကြတာတွေ့ရပါတယ်။

Credit – sunday journal