သတင္းေထာက္ ၂ ဦး ေနအိမ္မ်ားမွ ခိုးဝင္ဘဂၤါလီရွစ္ဦး ဖမ္းဆီးရမိ

Published on December 25, 2017

ပဲခူးတိုင္းေဒသႀကီး ေက်ာက္ တံခါးၿမိဳ႕နယ္ ၿမိဳ႕ေခ်ာင္းေက်းရြာ အုပ္စု ရန္ကုန္-မႏၲေလးအျမန္ လမ္းမႀကီး မိုင္တိုင္အမွတ္ ၈၃/၆ အနီးတြင္ ခုိးဝင္ဘဂၤါလီရွစ္ဦးအား ဒီဇင္ဘာလ ၂၃ ရက္ေန ့မြန္းလြဲပိုင္းက ဖမ္းဆီး ရမိခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ သတင္းအရ ခိုးဝင္ ဘဂၤါလီမ်ားေရာက္ရွိေနေၾကာင္း သတင္းအရ ဖဒိုနယ္ေျမရဲစခန္း မွဴး ရဲအုပ္ရဲထြဠ္ကိုႏွင့္တပ္ဖြဲ႕ဝင္ မ်ား၊ ဌာနဆိုင္ရာအဖြဲ႕အစည္းမ်ား ပါဝင္ေသာ ပူးေပါင္းအဖြဲ႕သည္ ဒီဇင္ဘာလ ၂၃ ရက္ေန ့ မြန္းလြဲ ၃ နာရီခန္႔တြင္ ဝင္ေရာက္ရွာေဖြခဲ့ရာ မိုင္တိုင္ ၈၃/၆အနီးတြင္ ေနထိုင္သူ စံသိန္း (၆၂ႏွစ္) မႈခင္း႐ႈေထာင့္အုပ္စု တာဝန္ခံဥကၠ႒၏ ျခံဝင္းအတြင္းရွိ တဲအတြင္းမွ လိုက္ပါသယ္ယူပို႔ ေဆာင္သူ အမ်ဳိးသား တစ္ဦး၊ အမ်ဳိးသမီးတစ္ဦးတို႔ႏွင့္အတူ ဘဂၤါလီလူမ်ဳိး အမ်ဳိးသားငါးဦး၊ အမ်ဳိးသမီးတစ္ဦးတို႔အား ေတြ႕ရွိခဲ့ သည္။



အလားတူပင္ ၿမိဳ႕ေခ်ာင္း ေက်းရြာေနထိုင္သူ ခင္ေရႊ(၆၁ ႏွစ္) သတင္းေထာက္၏ ေနအိမ္တြင္ လည္း ဘဂၤါလီအမ်ဳိးသမီး ႏွစ္ဦး အား ထပ္မံေတြ႕ရွိခဲ့ၿပီး စုစုေပါင္း ခိုးဝင္ဘဂၤါလီ ရွစ္ဦးအား ရန္ကုန္ တိုင္းေဒသႀကီးတြင္ေနထိုင္ၾကေသာ ၾကဴၾကဴ(၅၈ႏွစ္) အမႈထမ္းရပ္ သန္လ်င္ၿမိဳ႕ေနသူႏွင့္ မ်ဳိးမင္းမင္းထြန္း(၃၃ႏွစ္) က်ီးပင္စု အေရွ႕ဒဂုံ ဆိပ္ကမ္းေနသူမ်ားမွာ ယခုလ ၁၇ ရက္က ရခိုင္ျပည္နယ္ မင္းျပားၿမိဳ႕ နယ္ေပါက္ေတာေက်းရြာမွေနျပည္ ေတာ္သို႔ေခၚေဆာင္လာကာ ပုဗၺ သီရိၿမိဳ႕နယ္ရွိ ေနအိမ္တစ္ခုတြင္ ည အိပ္ကာ ဒီဇင္ဘာလ ၂ဝ ရက္တြင္ ေက်ာက္တံခါးၿမိဳ႕နယ္ စံသိန္း၏ ေနအိမ္သို႔ေရာက္ရွိကာ တည္းခိုၿပီး ရန္ကုန္သို႔ထြက္ခြာရန္ စီစဥ္ေနစဥ္ ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္း သိရ သည္။

ျဖစ္စဥ္ႏွင့္ပတ္သက္၍ဘဂၤါလီ မ်ားအား လိုက္ပါပို႔ေဆာင္သူ ႏွစ္ဦးႏွင့္ လက္ခံထားသူ သတင္း ေထာက္ႏွစ္ဦးအား ဖမ္းဆီးစစ္ေဆး ကာ ကြင္းဆက္မ်ားအား စုံစမ္း ေဖာ္ထုတ္အေရးယူသြားမည္ျဖစ္ ေၾကာင္း သိရသည္။

ၿဖိဳးကိုလင္း(ေညာင္ဝိုင္း)

The Union Daily

Unicode

ပဲခူးတိုင်းဒေသကြီး ကျောက် တံခါးမြို့နယ် မြို့ချောင်းကျေးရွာ အုပ်စု ရန်ကုန်-မန္တလေးအမြန် လမ်းမကြီး မိုင်တိုင်အမှတ် ၈၃/၆ အနီးတွင် ခိုးဝင်ဘင်္ဂါလီရှစ်ဦးအား ဒီဇင်ဘာလ ၂၃ ရက်နေ ့မွန်းလွဲပိုင်းက ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ သတင်းအရ ခိုးဝင် ဘင်္ဂါလီများရောက်ရှိနေကြောင်း သတင်းအရ ဖဒိုနယ်မြေရဲစခန်း မှူး ရဲအုပ်ရဲထွဠ်ကိုနှင့်တပ်ဖွဲ့ဝင် များ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာလ ၂၃ ရက်နေ ့ မွန်းလွဲ ၃ နာရီခန့်တွင် ဝင်ရောက်ရှာဖွေခဲ့ရာ မိုင်တိုင် ၈၃/၆အနီးတွင် နေထိုင်သူ စံသိန်း (၆၂နှစ်) မှုခင်းရှုထောင့်အုပ်စု တာဝန်ခံဥက္ကဋ္ဌ၏ ခြံဝင်းအတွင်းရှိ တဲအတွင်းမှ လိုက်ပါသယ်ယူပို့ ဆောင်သူ အမျိုးသား တစ်ဦး၊ အမျိုးသမီးတစ်ဦးတို့နှင့်အတူ ဘင်္ဂါလီလူမျိုး အမျိုးသားငါးဦး၊ အမျိုးသမီးတစ်ဦးတို့အား တွေ့ရှိခဲ့ သည်။

အလားတူပင် မြို့ချောင်း ကျေးရွာနေထိုင်သူ ခင်ရွှေ(၆၁ နှစ်) သတင်းထောက်၏ နေအိမ်တွင် လည်း ဘင်္ဂါလီအမျိုးသမီး နှစ်ဦး အား ထပ်မံတွေ့ရှိခဲ့ပြီး စုစုပေါင်း ခိုးဝင်ဘင်္ဂါလီ ရှစ်ဦးအား ရန်ကုန် တိုင်းဒေသကြီးတွင်နေထိုင်ကြသော ကြူကြူ(၅၈နှစ်) အမှုထမ်းရပ် သန်လျင်မြို့နေသူနှင့် မျိုးမင်းမင်းထွန်း(၃၃နှစ်) ကျီးပင်စု အရှေ့ဒဂုံ ဆိပ်ကမ်းနေသူများမှာ ယခုလ ၁၇ ရက်က ရခိုင်ပြည်နယ် မင်းပြားမြို့ နယ်ပေါက်တောကျေးရွာမှနေပြည် တော်သို့ခေါ်ဆောင်လာကာ ပုဗ္ဗ သီရိမြို့နယ်ရှိ နေအိမ်တစ်ခုတွင် ည အိပ်ကာ ဒီဇင်ဘာလ ၂ဝ ရက်တွင် ကျောက်တံခါးမြို့နယ် စံသိန်း၏ နေအိမ်သို့ရောက်ရှိကာ တည်းခိုပြီး ရန်ကုန်သို့ထွက်ခွာရန် စီစဉ်နေစဉ် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ဘင်္ဂါလီ များအား လိုက်ပါပို့ဆောင်သူ နှစ်ဦးနှင့် လက်ခံထားသူ သတင်း ထောက်နှစ်ဦးအား ဖမ်းဆီးစစ်ဆေး ကာ ကွင်းဆက်များအား စုံစမ်း ဖော်ထုတ်အရေးယူသွားမည်ဖြစ် ကြောင်း သိရသည်။

ဖြိုးကိုလင်း(ညောင်ဝိုင်း)

The Union Daily