မန္းေလးေတာင္ သြားသူမ်ား သတိ

Published on December 25, 2017

ဒီေန႔ မန္းေလးေတာင္ ေရာက္ျဖစ္လို႔ တေနရာမွာ ခဏ ထိုင္ေနတုန္း ေဘးနားမွာရွိတဲ့ ေစ်းသည္တစ္ေယာက္က

ဦးဇင္းဘုရား ဟိုေခြးကို သတိထားေနာ အဲေကာင္က လူအလစ္မွာ အသံမေပးဘဲ ကိုက္တတ္တယ္… တပည့္ေတာ္ သိသေလာက္ေတာ့ သူကိုက္တာ လူအေယာက္ ၁၀၀ အထက္ရွိၿပီ



ဟာ!!! ဒါကို ဘုရားလူႀကီးေတြက မသိၾကဘူးလား… ဒီကိစၥ ဘုရားလူႀကီးေတြကို သြားေျပာမွ ရမယ္

မသိဘဲ ေနပါ့မလားဘုရား… ဟိုေန႔ကလည္း လူတစ္ေယာက္က သူ႔ရဲ႕မိန္းမကို အဲဒီေခြးက ကိုက္လိုက္လို႔ ဘုရားလူႀကီးေတြဆီ သြားၿပီး “ဒီေခြးကို ခင္ဗ်ားတို႔ ရွင္းမလား က်ဳပ္ပဲ ရွင္းလိုက္ရမလားလို႔ သြားေျပာေသးတယ္

ဘုရားလူႀကီးေတြက သူတို႔ပဲ ရွင္းေပးပါ့မယ္ဆိုၿပီး ခုထိ မရွင္းေပးေသးဘူး… အဲလို တိုင္တဲ့သူေတြကလည္း မနည္းေတာ့ဘူး … တပည့္ေတာ္တို႔လည္း ဒီအတိုင္း ၾကည့္ေနရတာပဲ ဘုရား… ဦးဇင္းသြားတိုင္လည္း ဘာမွ ထူးမွာ မဟုတ္ဘူး” တဲ့ ေလ

ကဲ ကဲ တစ္ရက္ တစ္ရက္ လူေပါင္းမ်ားစြာ အလည္လာၾကတဲ့ ဒီလိုေနရာမွာ ဒီလို အႏၲရာယ္မ်ားလွတဲ့ ကိစၥကို သက္ဆိုင္သူမ်ားကေန အျမန္ဆုံး ေျဖရွင္းေပးၾကပါဦးလို႔ ေတာင္းဆိုခ်င္ပါတယ္… 


သူတို႔ ရွင္းမေပးရင္လည္း အဆင္ေျပမယ့္ သူေတြကေန ရွင္းေပးေစလိုပါတယ္… က်ဳပ္ကေတာ့ အသိေပးရုံေလာက္ပဲ တတ္ႏိုင္တယ္

(ေခြးကို သတ္ခိုင္းတာ မဟုတ္ဘူးေနာ္… ကာကြယ္ေဆး ထိုးၿပီး အဆင္ေျပမယ့္ တျခား တေနရာကို ေရႊ႕ေပးဖို႔ ေျပာတာ)

ေအာက္ကပုံက အဲဒီေခြးမပဲ

သူေနတာက က်န္စစ္သား ေျခရာသို႔ ဆိုၿပီး လမ္းညႊန္ေနရာတဝိုက္မွာပါ

Credit:Zaya Ditha

Unicode

ဒီနေ့ မန်းလေးတောင် ရောက်ဖြစ်လို့ တနေရာမှာ ခဏ ထိုင်နေတုန်း ဘေးနားမှာရှိတဲ့ စျေးသည်တစ်ယောက်က

“ဦးဇင်းဘုရား ဟိုခွေးကို သတိထားနော အဲကောင်က လူအလစ်မှာ အသံမပေးဘဲ ကိုက်တတ်တယ်… တပည့်တော် သိသလောက်တော့ သူကိုက်တာ လူအယောက် ၁၀၀ အထက်ရှိပြီ”

“ဟာ!!! ဒါကို ဘုရားလူကြီးတွေက မသိကြဘူးလား… ဒီကိစ္စ ဘုရားလူကြီးတွေကို သွားပြောမှ ရမယ်”

“မသိဘဲ နေပါ့မလားဘုရား… ဟိုနေ့ကလည်း လူတစ်ယောက်က သူ့ရဲ့မိန်းမကို အဲဒီခွေးက ကိုက်လိုက်လို့ ဘုရားလူကြီးတွေဆီ သွားပြီး “ဒီခွေးကို ခင်ဗျားတို့ ရှင်းမလား ကျုပ်ပဲ ရှင်းလိုက်ရမလား”လို့ သွားပြောသေးတယ်…

ဘုရားလူကြီးတွေက သူတို့ပဲ ရှင်းပေးပါ့မယ်ဆိုပြီး ခုထိ မရှင်းပေးသေးဘူး… အဲလို တိုင်တဲ့သူတွေကလည်း မနည်းတော့ဘူး … တပည့်တော်တို့လည်း ဒီအတိုင်း ကြည့်နေရတာပဲ ဘုရား… ဦးဇင်းသွားတိုင်လည်း ဘာမှ ထူးမှာ မဟုတ်ဘူး” တဲ့ လေ…

ကဲ ကဲ တစ်ရက် တစ်ရက် လူပေါင်းများစွာ အလည်လာကြတဲ့ ဒီလိုနေရာမှာ ဒီလို အန္တရာယ်များလှတဲ့ ကိစ္စကို သက်ဆိုင်သူများကနေ အမြန်ဆုံး ဖြေရှင်းပေးကြပါဦးလို့ တောင်းဆိုချင်ပါတယ်…

သူတို့ ရှင်းမပေးရင်လည်း အဆင်ပြေမယ့် သူတွေကနေ ရှင်းပေးစေလိုပါတယ်… ကျုပ်ကတော့ အသိပေးရုံလောက်ပဲ တတ်နိုင်တယ်…

(ခွေးကို သတ်ခိုင်းတာ မဟုတ်ဘူးနော်… ကာကွယ်ဆေး ထိုးပြီး အဆင်ပြေမယ့် တခြား တနေရာကို ရွှေ့ပေးဖို့ ပြောတာ)

အောက်ကပုံက အဲဒီခွေးမပဲ

သူနေတာက ကျန်စစ်သား ခြေရာသို့ ဆိုပြီး လမ်းညွှန်နေရာတဝိုက်မှာပါ