KIA အဖွဲ့ထံသို့ နိုင်ငံတော်၏ အတိုင်ခံပုဂ္ဂိုလ် နှစ်သစ်ကူး ဆုတောင်းသ၀ဏ်လွှာပေးပို့

Published on December 26, 2017






ကချင်းလက်နက်အဖွဲ့ (KIA) ၏ ထိပ်ပိုင်းခေါင်းဆောင်များထံသို့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နှစ်သစ်ကူး ဆုတောင်း သဝဏ်လွှာ ပေးပို့ခဲ့ကြောင်း ဗိုလ်ချုပ်ဂွမ်မော်က ၄င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ဒီဘာလ ၂၅ ရက်က ဖေါ်ပြထားသည်။

ဒီဇင်ဘာလ ၂၂ ရက် ရက်စွဲဖြင့် ပေးပို့သော သဝဏ်လွှာတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ နှစ်သစ်တွင် ပျော်ရွှင်ချမ်းမြေ့ ပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်ဟူသော ဆုတောင်းစကားကို ထည့်သွင်း ဖေါ်ပြထားပြီး ဦးဇောင်းဟရာ ဥက္ကဋ္ဌ၊ ကချင်ပြည် လွတ်မြောက်ရေးအဖွဲ့/ ကချင်ပြည် လွတ်မြောက်ရေး တပ်မတော် (KIO/KIA)၊ ဗိုလ်ချုပ်ကြီး အင်န်ဘန်လ ကချင်ပြည်လွတ်မြောက်ရေး အဖွဲ့/ ကချင်ပြည် လွတ်မြောက်ရေးတပ်မတော် (KIA/KIO)၊ ဗိုလ်ချုပ်ဂွမ်ရှောင် စစ်ဦးစီးချုပ် ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့/ ကချင်ပြည် လွတ်မြောက်ရေး တပ်မတော် (KIA/KIO)၊ ဗိုလ်ချုပ်ဂွမ်မော် ဒုဥက္ကဋ္ဌ ကချင်ပြည် လွတ်မြောက်ရေးကောင်စီ (KIC) ၊ ဦးဆွမ်လွတ်ဂမ် အဖွဲ့ခေါင်းဆောင်၊ ငြိမ်းချမ်းရေးအဖွဲ့၊ ကချင်ပြည် လွတ်မြောက်ရေးအဖွဲ့/ ကချင်ပြည် လွတ်မြောက်ရေး တပ်မတော် (KIA/KIO) တို့ကို ရည်ညွှန်းဖော်ပြထားသည်။

KIA အဖွဲ့သည် ၂၀၁၁ ခုနှစ်မှ စတင်ကာ တပ်မတော်နှင့် တစ်ကြော့ပြန် တိုက်ပွဲများ ဖြစ်ပွားနေသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်ပြီး ယခုအချိန်အထိလည်း တပ်မတော်နှင့် စစ်ရေးတင်မားမှုများ ဖြစ်ပွားလျက် ရှိသည်။ ထို့အတူ KIA အဖွဲ့သည် NCA လမ်းကြောင်းကို လက်မခံသည့် မြောက်ပိုင်းမဟာမိတ် အဖွဲ့ဝင်လည်း ဖြစ်သည်။

The Ladies News