မိန္းကေလးငယ္တစ္ဦးကို မီးရိႈ႕သတ္ခဲ့တဲ့ ျပစ္မႈက်ဴးလြန္သူ အမ်ဳိးသားနွစ္ဦးကိုဖမ္းမိ

Published on December 26, 2017

ရန္ကုန္၊ဒီဇင္ဘာ ၂၆ ။ ။က်ဳိင္းတံုျမိဳ႕နယ္၊ က်ဳိင္းတံု-လြိဳင္ေမြကားလမ္းမေဘးမွာ မီးရိႈ႕ျပီး အသတ္ခံထားရတဲ့ အမည္မသိအမ်ဳိးသမီးအေလာင္းတစ္ေလာင္းေတြ႕ရွိတာနဲ႔ပတ္သက္ျပီး ျပစ္မႈက်ဴးလြန္သူ နွစ္ဦးကိုဖမ္းဆီးရမိထားျပီလို႔သိရပါတယ္။
က်ဴိင္းတံုျမိဳ႕မရဲစခန္းကရဲအရာရွိတစ္ဦးက” ျပစ္မႈက်ဴးလြန္သူနွစ္ေယာက္ကိုေတာ့ဖမ္းမိထားပါျပီ။



ျပစ္မႈက်ဴးလြန္သူနွစ္ေယာက္က စိုးလြင္နဲ႔ စိုင္းရွန္္ျဖစ္တယ္။ ကြ်န္ေတာ္တို႔ေကာင္မေလးရဲ႕အေလာင္းကိုစစ္ၾကည့္ေတာ့ ဘယ္ဘက္လက္မွာ၀တ္ထားတဲ့ အသဲပံုလက္စြပ္နဲ႔ပတ္သက္ျပီးေတာ့ အေျခရာခံလိုက္တယ္။အသတ္ခံရတဲ့ေကာင္မေလးဘယ္သူဆိုတာသိလာတယ္။ေနာက္ထပ္သူတို႔ပတ္သက္ျပီးလိုက္ရာကေန ျပစ္မႈက်ဴးလြန္သူအမ်ဳိးသားနွစ္ေယာက္ကိုဖမ္းမိတာပါ။
လက္ရွိမွာဘာေၾကာင့္သတ္ရတာနဲ႔ပတ္သက္ျပီးစစ္ေဆးေနပါတယ္။”လို႔ေျပာပါတယ္။
ေကာင္မေလးက ဒီဇင္ဘာလ ၂၀ရက္ေန႔ညေနပိုင္းေလာက္ကေပ်ာက္သြားတယ္။ ၂၂ရက္ေန႔ညပိုင္းမွာ က်ဴိင္းတံုလိြဳင္ေမြကားလမ္းမေဘးမွာမီးရိႈ႕အသတ္ခံထားရတာကိုေတြ႔ရွိခဲ့တာျဖစ္ပါတယ္။ေကာင္မေလးက ပါ၀ါမ်က္မွန္္ဆိုင္မွာ အလုပ္လုပ္ကိုင္ေနတာျဖစ္ပါတယ္။လို႔သူကဆက္ေျပာပါတယ္။
အသတ္ခံလိုက္ရတဲ့ အမ်ဳိးသမီးဟာ က်ဳိင္းတံုျမိဳ႕နယ္၊ အမွတ္(၄)ရပ္ကြက္မွာေနထိုင္တဲ့ မေအပီလွအသက္ (၁၈)နွစ္ျဖစ္ပါတယ္။

ရွမ္းျပည္နယ္ (အေရွ႕ပိုင္း)၊ က်ဳိင္းတံုျမိဳ႕နယ္၊ က်ဳိင္းတံု-လိြဳင္ေမြကားလမ္းမ မိုင္တိုင္အမွတ္ ၈/၄ လက္၀ဲဘက္ျခမ္းရွိ အနက္ေျခာက္ေပခန္႔ရွိတဲ့ ေခ်ာက္ထဲမွာ ဒီဇင္ဘာလ ၂၂ရက္ေန႔ ည၉နာရီအခ်ိန္ခန္႔က မီးရိႈ႕အသတ္ခံထားရတဲ့ အမည္မသိအမ်ဳိးသမီးအေလာင္းကိုေတြ႔ရွိခဲ့တာျဖစ္ပါတယ္။
တာ၀န္ရွိသူမ်ားအေလာင္းကိုစစ္ေဆးၾကည့္တဲ့အခါ အေလာင္းဟာ မီးေလာင္ကြ်မ္းထားျပီး ၀မ္းဗိုက္ကလီစာမ်ားေပါက္ထြက္ကာေျခသလံုးနဲ႔ေပါင္သားမ်ားကို ေတာေခြးမ်ားစားျပီး မီးေလာင္ကြ်မ္းထားတဲ့လကၡဏာေတြ႔ရွိတယ္လို႔သိရပါတယ္။
က်ဳိင္းတံုျမိဳ႕မရဲစခန္းမွာ ျပစ္မႈက်ဴးလြန္သူကို (ပ)၂၃၂/၂၀၁၇ ရာဇသတ္ၾကီးပုဒ္မ ၃၀၂/၂၀၁အမႈဖြင့္စံုစမ္းေနပါတယ္။

နွင္းနွင္း

“ဘာေႀကာင့္သတ္ရတယ္ ျဖစ္စဥ္ ဆက္လက္ေဖာ္ျပပါမည္”

Credit – Kumudra

Unicode

ရန်ကုန်၊ဒီဇင်ဘာ ၂၆ ။ ။ကျိုင်းတုံမြို့နယ်၊ ကျိုင်းတုံ-လွိုင်မွေကားလမ်းမဘေးမှာ မီးရှို့ပြီး အသတ်ခံထားရတဲ့ အမည်မသိအမျိုးသမီးအလောင်းတစ်လောင်းတွေ့ရှိတာနဲ့ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူ နှစ်ဦးကိုဖမ်းဆီးရမိထားပြီလို့သိရပါတယ်။
ကျိူင်းတုံမြို့မရဲစခန်းကရဲအရာရှိတစ်ဦးက” ပြစ်မှုကျူးလွန်သူနှစ်ယောက်ကိုတော့ဖမ်းမိထားပါပြီ။

ပြစ်မှုကျူးလွန်သူနှစ်ယောက်က စိုးလွင်နဲ့ စိုင်းရှန််ဖြစ်တယ်။ ကျွန်တော်တို့ကောင်မလေးရဲ့အလောင်းကိုစစ်ကြည့်တော့ ဘယ်ဘက်လက်မှာဝတ်ထားတဲ့ အသဲပုံလက်စွပ်နဲ့ပတ်သက်ပြီးတော့ အခြေရာခံလိုက်တယ်။အသတ်ခံရတဲ့ကောင်မလေးဘယ်သူဆိုတာသိလာတယ်။နောက်ထပ်သူတို့ပတ်သက်ပြီးလိုက်ရာကနေ ပြစ်မှုကျူးလွန်သူအမျိုးသားနှစ်ယောက်ကိုဖမ်းမိတာပါ။
လက်ရှိမှာဘာကြောင့်သတ်ရတာနဲ့ပတ်သက်ပြီးစစ်ဆေးနေပါတယ်။”လို့ပြောပါတယ်။
ကောင်မလေးက ဒီဇင်ဘာလ ၂ဝရက်နေ့ညနေပိုင်းလောက်ကပျောက်သွားတယ်။ ၂၂ရက်နေ့ညပိုင်းမှာ ကျိူင်းတုံလွိုင်မွေကားလမ်းမဘေးမှာမီးရှို့အသတ်ခံထားရတာကိုတွေ့ရှိခဲ့တာဖြစ်ပါတယ်။ကောင်မလေးက ပါ၀ါမျက်မှန််ဆိုင်မှာ အလုပ်လုပ်ကိုင်နေတာဖြစ်ပါတယ်။လို့သူကဆက်ပြောပါတယ်။
အသတ်ခံလိုက်ရတဲ့ အမျိုးသမီးဟာ ကျိုင်းတုံမြို့နယ်၊ အမှတ်(၄)ရပ်ကွက်မှာနေထိုင်တဲ့ မအေပီလှအသက် (၁၈)နှစ်ဖြစ်ပါတယ်။

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ ကျိုင်းတုံ-လွိုင်မွေကားလမ်းမ မိုင်တိုင်အမှတ် ၈/၄ လက်ဝဲဘက်ခြမ်းရှိ အနက်ခြောက်ပေခန့်ရှိတဲ့ ချောက်ထဲမှာ ဒီဇင်ဘာလ ၂၂ရက်နေ့ ည၉နာရီအချိန်ခန့်က မီးရှို့အသတ်ခံထားရတဲ့ အမည်မသိအမျိုးသမီးအလောင်းကိုတွေ့ရှိခဲ့တာဖြစ်ပါတယ်။
တာဝန်ရှိသူများအလောင်းကိုစစ်ဆေးကြည့်တဲ့အခါ အလောင်းဟာ မီးလောင်ကျွမ်းထားပြီး ဝမ်းဗိုက်ကလီစာများပေါက်ထွက်ကာခြေသလုံးနဲ့ပေါင်သားများကို တောခွေးများစားပြီး မီးလောင်ကျွမ်းထားတဲ့လက္ခဏာတွေ့ရှိတယ်လို့သိရပါတယ်။
ကျိုင်းတုံမြို့မရဲစခန်းမှာ ပြစ်မှုကျူးလွန်သူကို (ပ)၂၃၂/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၂၀၁အမှုဖွင့်စုံစမ်းနေပါတယ်။

နှင်းနှင်း

“ဘာကြောင့်သတ်ရတယ် ဖြစ်စဉ် ဆက်လက်ဖော်ပြပါမည်”