အမ်ဳိးသမီးငယ္ကို ဘာေၾကာင္႔သတ္ျဖတ္ခဲ႔တာလဲဆိုတာ ျပစ္မႈက်ဴးလြန္သူထြက္ဆို

Published on December 26, 2017

ယခင္ရွိခဲ့ဖူးတဲ့ျပႆနာေၾကာင့္ ငါးကင္လာပို႔တဲ့ အမ်ဳိးသမီးငယ္ကို သတ္ျဖတ္ျခင္းျဖစ္ေၾကာင္း ျပစ္မႈက်ဴးလြန္သူထြက္ဆို

က်ဳိင္းတံုျမိဳ႕နယ္အထဲမွာျဖစ္ပြားခဲ့တဲ့ အသက္ ၁၈ ႏွစ္အရြယ္ အမ်ဳိးသမီးငယ္တစ္ဦးကို သတ္ျဖတ္ခဲ့တဲ့ကိစၥအေၾကာင္းကို သက္ဆိုင္ရာ ရဲတပ္ဖြဲ႕ကေန ထပ္မံသိရွိရပါတယ္။



ယခင္ကရွိဖူးတဲ့ ျပႆနာေတြေၾကာင့္ ငါးကင္လာပို႔စဥ္ အမ်ဳိးသမီးငယ္ကို သတ္ကာ မီးရႈိ႔ျပီးအစေဖ်ာက္ခဲ့တာျဖစ္တယ္လုိ႔ ဖမ္းဆီးရမိထားတဲ့ ျပစ္မႈက်ဴးလြန္သူ ၂ ဦးရဲ႕ ထြက္ဆိုခ်က္ေတြကို ကိုးကားျပီး ရွမ္းျပည္နယ္ ဒုျပည္နယ္ရဲတပ္ဖြဲ႕မွဴးရံုးရဲ႕ တာ၀န္က်ရဲအရာရွိက ဆိုပါတယ္။

ျပစ္မႈက်ဴးလြန္သူအျဖစ္ ဖမ္းဆီးခံထားရျပီး ျပစ္မႈက်ဴးလြန္ေၾကာင္းကို ၀န္ခံထားသူ ၂ဦးကေတာ့ ေသဆုံးသူနဲပ တစ္ျမိဳ႕တည္းေန ကိုစိုးလြင္ဆိုသူနဲ႔ သူ႕ရဲ႕အေပါင္းပါ အိုက္တီ(ခ)စိုင္းရွန္ ဆိုသူ ျဖစ္တယ္လုိ႔ ရဲတပ္ဖြဲ႕ကေနသိရပါတယ္။

ေသဆံုးသူအမ်ဳိးသမီးငယ္ကေတာ့ အသက္ ၁၈ ႏွစ္အရြယ္ က်ိဳင္းတံုျမိဳ႕ေန မေအပီလွ ဆိုသူပဲျဖစ္ပါတယ္။ ျဖစ္စဥ္နဲ႔ပတ္သတ္ျပီး ရဲအရာရွိက ေပၚျပဴလာနယူးစ္ကို အခုလိုရွင္းျပပါတယ္။

“ေကာင္မေလးကလြန္ခဲ့တဲ့ ၈လေလာက္က သူတို႔အိမ္မွာ ေနဖူးတယ္ ။ ကိုစိုးလြင္ရဲ႕ အမ်ိဳးသမီးက ေက်ာင္းဆရာမ ။ အခုေသတဲ့ေကာင္မေလးက အဲဒီေက်ာင္းဆရာမရဲ႕တပည့္ေပါ့ေနာ္။ ျဖစ္စဥ္ျဖစ္တာကေတာ့ ေကာင္မေလးက သူ႕အိမ္ကို ငါးကင္သြားစားမယ္ေျပာျပီးထြက္သြားတာ။ အဲဒီကတည္းက အိမ္ကေပ်ာက္သြားတာ။ တရားခံရဲ႕ထြက္ဆိုခ်က္အရေတာ့ ေကာင္မေလးက ကိုစိုးလြင္ရဲ႕ အမ်ိဳးသမီး ေက်ာင္းဆရာမကို ငါးကင္လာပို႔တာ။ လာပို႔ေတာ့ ေက်ာင္းဆရာမက အိမ္မွာမရွိဘူး။ အဲဒီမွာ လူသတ္မႈက်ဴးလြန္လိုက္တာ” လို႔ ရဲအရာရွိက ဆိုပါတယ္။

တရားခံကို ဖမ္းဆီးနုိင္ခဲ့ပံု ၊ မီးရွိဳ႕ခံထားရတဲ့ အေလာင္းကို မေအပီလွအေလာင္းျဖစ္ေၾကာင္း သက္ေသယူနုိင္ခဲ့ပံုေတြနဲ႔ပတ္သတ္ျပီး ရဲအရာရွိက “ေကာင္မေလးရဲ႕ရည္းစားက ဒီေဖ့ဘြတ္မွာ တင္တဲ့ပံုေတြနဲ႔သတင္းေတြမွာ လက္စြပ္ေလးကိုေတြ႕တာ။ သူတို႔က တစ္ႏွစ္ျပည့္ လုပ္ထားတဲ့ လက္စြပ္ေလးေပါ့။ ဒီလက္စြပ္ေလးကိုေတြ႕ေတာ့ သူ႕ေကာင္ေလးက ရဲကိုအေၾကာင္းလာၾကားတာ။ ကၽြန္ေတာ္တို႔က လက္စြပ္ကိုထုတ္ျပတယ္။

ထုတ္ျပေတာ့ဒါဟာသူ႕ရဲ႕ရည္းစား မေအပီလွရဲ႕လက္စြပ္ျဖစ္တယ္ဆိုတာကို သူကအတည္ျပဳေပးတာ။ ကၽြန္ေတာ္တို႔က ေကာက္ခ်က္ျပန္ဆဲြၾကည့္ေတာ့ ဒီ ေကာင္မေလးရဲ႕ တစ္ေန႔တာလႈပ္ရွားမႈေတြကို စစ္ေဆးၾကည့္ေတာ့ ကိုစိုးလြင္ရဲ႕ အိမ္မွာ ေျခရာကဆံုးေနတယ္။ ဒါေၾကာင့္ကိုစိုးလြင္ကို စစ္ေဆးၾကည့္လိုက္ေတာ့ သူက ၀န္ခံျပီး ေကာင္မေလးရဲ႕ဖုန္းေတြ ဖိနပ္ေတြကို လႊင့္ပစ္ခဲ့တဲ့ ေနရာကို လိုက္ျပတယ္။ ေကာင္မေလးစီးလာတဲ့ဆိုင္ကယ္ကို ေပါင္တဲ့ေနရာေတြလိုက္ျပတယ္။ ကၽြန္ေတာ္တုိ႔က သိမ္းဆည္းလိုက္တယ္” လို႔ ဆိုပါတယ္။

လက္ရွိ ဖမ္းဆီးရမိထားတဲ့ က်ဴးလြန္သူ ကိုစိုးလြင္နဲ႔ အိုက္တီ(ခ)စိုင္းရွန္ တို႔ကို က်ိဳင္းတံုရဲစခန္းမွာ ပ/၂၃၂(၂၀၁၇) ရာဇသတ္ၾကီးပုဒ္မ ၃၀၂ လူသတ္မႈ ၊ ၂၀၁ လူသတ္ျပီး အေလာင္းေဖ်ာက္ဖ်က္မႈ ေတြနဲ႔ တရားစြဲဆိုထားတယ္လို႔ ရဲစခန္းရဲ႕မွတ္တမ္းေတြအရသိရပါတယ္။

ဒီဇင္ဘာ(၂၂)ရက္ေန႔ကရွမ္းျပည္နယ္အေရွ႕ပိုင္းက်ိဳင္းတံုၿမိဳ႕ လြိဳင္ေမြဖက္သြားတဲ့လမ္းေဘးတစ္ေနရာ နမ့္လပ္ေရအားလွ်ပ္စစ္အေက်ာ္နားမွာ မီးရွိဳ႕ခံထားရတဲ့ အမည္မသိအမ်ိဳးသမီးအေလာင္းတစ္ေလာင္းကိုရဲ႕ ေတြ႕ရွိခဲ့ရာကေန ခုလို ျပစ္မႈက်ဴးလြန္သူေတြကို ရက္ပိုင္းအတြင္း ဖမ္းဆီးႏိုင္ခဲ့ျခင္း ျဖစ္ပါတယ္။

ရဲလြင္

Popular News Journal

Unicode

ကျိုင်းတုံမြို့နယ်အထဲမှာဖြစ်ပွားခဲ့တဲ့ အသက် ၁၈ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးကို သတ်ဖြတ်ခဲ့တဲ့ကိစ္စအကြောင်းကို သက်ဆိုင်ရာ ရဲတပ်ဖွဲ့ကနေ ထပ်မံသိရှိရပါတယ်။

ယခင်ကရှိဖူးတဲ့ ပြဿနာတွေကြောင့် ငါးကင်လာပို့စဉ် အမျိုးသမီးငယ်ကို သတ်ကာ မီးရှို့ပြီးအစဖျောက်ခဲ့တာဖြစ်တယ်လို့ ဖမ်းဆီးရမိထားတဲ့ ပြစ်မှုကျူးလွန်သူ ၂ ဦးရဲ့ ထွက်ဆိုချက်တွေကို ကိုးကားပြီး ရှမ်းပြည်နယ် ဒုပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးရဲ့ တာဝန်ကျရဲအရာရှိက ဆိုပါတယ်။

ပြစ်မှုကျူးလွန်သူအဖြစ် ဖမ်းဆီးခံထားရပြီး ပြစ်မှုကျူးလွန်ကြောင်းကို ဝန်ခံထားသူ ၂ဦးကတော့ သေဆုံးသူနဲပ တစ်မြို့တည်းနေ ကိုစိုးလွင်ဆိုသူနဲ့ သူ့ရဲ့အပေါင်းပါ အိုက်တီ(ခ)စိုင်းရှန် ဆိုသူ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့ကနေသိရပါတယ်။

သေဆုံးသူအမျိုးသမီးငယ်ကတော့ အသက် ၁၈ နှစ်အရွယ် ကျိုင်းတုံမြို့နေ မအေပီလှ ဆိုသူပဲဖြစ်ပါတယ်။ ဖြစ်စဉ်နဲ့ပတ်သတ်ပြီး ရဲအရာရှိက ပေါ်ပြူလာနယူးစ်ကို အခုလိုရှင်းပြပါတယ်။

“ကောင်မလေးကလွန်ခဲ့တဲ့ ၈လလောက်က သူတို့အိမ်မှာ နေဖူးတယ် ။ ကိုစိုးလွင်ရဲ့ အမျိုးသမီးက ကျောင်းဆရာမ ။ အခုသေတဲ့ကောင်မလေးက အဲဒီကျောင်းဆရာမရဲ့တပည့်ပေါ့နော်။ ဖြစ်စဉ်ဖြစ်တာကတော့ ကောင်မလေးက သူ့အိမ်ကို ငါးကင်သွားစားမယ်ပြောပြီးထွက်သွားတာ။ အဲဒီကတည်းက အိမ်ကပျောက်သွားတာ။ တရားခံရဲ့ထွက်ဆိုချက်အရတော့ ကောင်မလေးက ကိုစိုးလွင်ရဲ့ အမျိုးသမီး ကျောင်းဆရာမကို ငါးကင်လာပို့တာ။ လာပို့တော့ ကျောင်းဆရာမက အိမ်မှာမရှိဘူး။ အဲဒီမှာ လူသတ်မှုကျူးလွန်လိုက်တာ” လို့ ရဲအရာရှိက ဆိုပါတယ်။

တရားခံကို ဖမ်းဆီးနိုင်ခဲ့ပုံ ၊ မီးရှို့ခံထားရတဲ့ အလောင်းကို မအေပီလှအလောင်းဖြစ်ကြောင်း သက်သေယူနိုင်ခဲ့ပုံတွေနဲ့ပတ်သတ်ပြီး ရဲအရာရှိက “ကောင်မလေးရဲ့ရည်းစားက ဒီဖေ့ဘွတ်မှာ တင်တဲ့ပုံတွေနဲ့သတင်းတွေမှာ လက်စွပ်လေးကိုတွေ့တာ။ သူတို့က တစ်နှစ်ပြည့် လုပ်ထားတဲ့ လက်စွပ်လေးပေါ့။ ဒီလက်စွပ်လေးကိုတွေ့တော့ သူ့ကောင်လေးက ရဲကိုအကြောင်းလာကြားတာ။ ကျွန်တော်တို့က လက်စွပ်ကိုထုတ်ပြတယ်။

ထုတ်ပြတော့ဒါဟာသူ့ရဲ့ရည်းစား မအေပီလှရဲ့လက်စွပ်ဖြစ်တယ်ဆိုတာကို သူကအတည်ပြုပေးတာ။ ကျွန်တော်တို့က ကောက်ချက်ပြန်ဆွဲကြည့်တော့ ဒီ ကောင်မလေးရဲ့ တစ်နေ့တာလှုပ်ရှားမှုတွေကို စစ်ဆေးကြည့်တော့ ကိုစိုးလွင်ရဲ့ အိမ်မှာ ခြေရာကဆုံးနေတယ်။ ဒါကြောင့်ကိုစိုးလွင်ကို စစ်ဆေးကြည့်လိုက်တော့ သူက ဝန်ခံပြီး ကောင်မလေးရဲ့ဖုန်းတွေ ဖိနပ်တွေကို လွှင့်ပစ်ခဲ့တဲ့ နေရာကို လိုက်ပြတယ်။ ကောင်မလေးစီးလာတဲ့ဆိုင်ကယ်ကို ပေါင်တဲ့နေရာတွေလိုက်ပြတယ်။ ကျွန်တော်တို့က သိမ်းဆည်းလိုက်တယ်” လို့ ဆိုပါတယ်။

လက်ရှိ ဖမ်းဆီးရမိထားတဲ့ ကျူးလွန်သူ ကိုစိုးလွင်နဲ့ အိုက်တီ(ခ)စိုင်းရှန် တို့ကို ကျိုင်းတုံရဲစခန်းမှာ ပ/၂၃၂(၂၀၁၇) ရာဇသတ်ကြီးပုဒ်မ ၃၀၂ လူသတ်မှု ၊ ၂၀၁ လူသတ်ပြီး အလောင်းဖျောက်ဖျက်မှု တွေနဲ့ တရားစွဲဆိုထားတယ်လို့ ရဲစခန်းရဲ့မှတ်တမ်းတွေအရသိရပါတယ်။

ဒီဇင်ဘာ(၂၂)ရက်နေ့ကရှမ်းပြည်နယ်အရှေ့ပိုင်းကျိုင်းတုံမြို့ လွိုင်မွေဖက်သွားတဲ့လမ်းဘေးတစ်နေရာ နမ့်လပ်ရေအားလျှပ်စစ်အကျော်နားမှာ မီးရှို့ခံထားရတဲ့ အမည်မသိအမျိုးသမီးအလောင်းတစ်လောင်းကိုရဲ့ တွေ့ရှိခဲ့ရာကနေ ခုလို ပြစ်မှုကျူးလွန်သူတွေကို ရက်ပိုင်းအတွင်း ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။

ရဲလွင်