ေယ႐ႈ႐ုပ္တုကို ျဖဳတ္ရန္ႀကိဳးစားသည့္ အေပၚပုိင္းဗလာက်င္း အမ်ဳိးသမီးအား ရဲဖမ္းဆီး

Published on December 26, 2017

အီတလီႏုိင္ငံ ဗာတီကန္ၿမိဳ႕ေတာ္မွာရိွတဲ့ စိန္႔ပီတာရင္ျပင္မွာ ခႏၶာကိုယ္ အေပၚပိုင္းဗလာနဲ႔ အမ်ိဳးသမီးတဦးဟာ ေယ႐ႈခရစ္ေတာ္ ကေလးဘဝအ႐ုပ္ကို ျဖဳတ္ယူဖို႔ ႀကိဳးစားရာမွာ ရဲက ဖမ္းဆီးခဲ့ပါတယ္။

ဒီဇင္ဘာ ၂၅ ရက္ေန႔က စိန္႔ပီတာရင္ျပင္မွာ ေယ႐ႈခရစ္ေတာ္ ဖြားျမင္ခန္းအေၾကာင္း ျပသထားတဲ့ ႐ုပ္တုေတြထဲက ေယ႐ႈခရစ္ေတာ္ရဲ႕ ကေလးဘဝ႐ုပ္တုကို အဲဒီအမ်ိဳးသမီးက ျဖဳတ္ယူဖို႔ ႀကိဳးပမ္းခဲ့တာပါ။



ဒီျဖစ္ရပ္ဟာ ရင္ျပင္မွာ စု႐ုံးေရာက္ရွိလာၾကတဲ့ ပရိသတ္ ၅ သိန္းခန္႔ကို ပုပ္ရဟန္းမင္းႀကီး ဖရန္စစ္ ခရစၥမတ္ အမွာစကား မႁမြက္ၾကားမီ ၂ နာရီခန္႔အလိုက ျဖစ္ခဲ့တာလည္းျဖစ္ပါတယ္။

အဲဒီအမ်ိဳးသမီးဟာ ဣတၳိယဝါဒီ အဖြဲ႔တဖြဲ႔ျဖစ္တဲ့ ဖီးမန္းအဖြဲ႔က တက္ႂကြလႈပ္ရွားသူတဦးလည္း ျဖစ္ပါတယ္။

ခႏၶာကိုယ္အေပၚပိုင္းဗလာနဲ႔ အဲဒီအမ်ိဳးသမီးဟာ လုံၿခဳံေရးအတားအဆီးကို ခုန္ေက်ာ္ၿပီး ေယ႐ႈခရစ္ေတာ္ ဖြားျမင္ခန္းအေၾကာင္း ျပသထားတဲ့ ႐ုပ္တုေတြရိွရာကို “ဘုရားသခင္ဟာ အမ်ိဳးသမီးျဖစ္တယ္” လို႔ ေအာ္ဟစ္ၿပီး ေျပးသြားခဲ့တာပါ။

အဲဒီစာသားကို သူ႔ရဲ႕ ေနာက္ေက်ာမွာလည္း ေရးသားထားတာျဖစ္ပါတယ္။

အဲဒီအမ်ိဳးသမီးရဲ႕ အဖြဲ႔ျဖစ္တဲ့ ဖီးမန္းအဖြဲ႔ရဲ႕ ဝက္ဘ္ဆိုက္မွာ ေဖာ္ျပထားခ်က္အရ သူ႔နာမည္ဟာ အလီဆာဗြန္ႏိုဟရာဒိုဗာျဖစ္ၿပီး “လိင္အစြန္းေရာက္သမား” လို႔ ေရးသားေဖာ္ျပထားပါတယ္။

ယူကရိန္းႏိုင္ငံမွာ ဖြဲ႔စည္းထားတဲ့ ဖီးမန္း ဣတၳိယဝါဒီအဖြဲ႔ရဲ႕ ရည္မွန္းခ်က္ဟာ “အမ်ိဳးသားႀကီးစိုးေရးကို အၿပီးတိုင္ လႊမ္းမိုးအႏုိင္ယူေရး” ျဖစ္တယ္လို႔လည္း ႐ုိက္တာသတင္းမွာ ေဖာ္ျပထားပါတယ္။

DVB TV News

Unicode

အီတလီနိုင်ငံ ဗာတီကန်မြို့တော်မှာရှိတဲ့ စိန့်ပီတာရင်ပြင်မှာ ခန္ဓာကိုယ် အပေါ်ပိုင်းဗလာနဲ့ အမျိုးသမီးတဦးဟာ ယေရှုခရစ်တော် ကလေးဘဝအရုပ်ကို ဖြုတ်ယူဖို့ ကြိုးစားရာမှာ ရဲက ဖမ်းဆီးခဲ့ပါတယ်။

ဒီဇင်ဘာ ၂၅ ရက်နေ့က စိန့်ပီတာရင်ပြင်မှာ ယေရှုခရစ်တော် ဖွားမြင်ခန်းအကြောင်း ပြသထားတဲ့ ရုပ်တုတွေထဲက ယေရှုခရစ်တော်ရဲ့ ကလေးဘဝရုပ်တုကို အဲဒီအမျိုးသမီးက ဖြုတ်ယူဖို့ ကြိုးပမ်းခဲ့တာပါ။

ဒီဖြစ်ရပ်ဟာ ရင်ပြင်မှာ စုရုံးရောက်ရှိလာကြတဲ့ ပရိသတ် ၅ သိန်းခန့်ကို ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ခရစ္စမတ် အမှာစကား မမြွက်ကြားမီ ၂ နာရီခန့်အလိုက ဖြစ်ခဲ့တာလည်းဖြစ်ပါတယ်။

အဲဒီအမျိုးသမီးဟာ ဣတ္ထိယဝါဒီ အဖွဲ့တဖွဲ့ဖြစ်တဲ့ ဖီးမန်းအဖွဲ့က တက်ကြွလှုပ်ရှားသူတဦးလည်း ဖြစ်ပါတယ်။

ခန္ဓာကိုယ်အပေါ်ပိုင်းဗလာနဲ့ အဲဒီအမျိုးသမီးဟာ လုံခြုံရေးအတားအဆီးကို ခုန်ကျော်ပြီး ယေရှုခရစ်တော် ဖွားမြင်ခန်းအကြောင်း ပြသထားတဲ့ ရုပ်တုတွေရှိရာကို “ဘုရားသခင်ဟာ အမျိုးသမီးဖြစ်တယ်” လို့ အော်ဟစ်ပြီး ပြေးသွားခဲ့တာပါ။

အဲဒီစာသားကို သူ့ရဲ့ နောက်ကျောမှာလည်း ရေးသားထားတာဖြစ်ပါတယ်။

အဲဒီအမျိုးသမီးရဲ့ အဖွဲ့ဖြစ်တဲ့ ဖီးမန်းအဖွဲ့ရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားချက်အရ သူ့နာမည်ဟာ အလီဆာဗွန်နိုဟရာဒိုဗာဖြစ်ပြီး “လိင်အစွန်းရောက်သမား” လို့ ရေးသားဖော်ပြထားပါတယ်။

ယူကရိန်းနိုင်ငံမှာ ဖွဲ့စည်းထားတဲ့ ဖီးမန်း ဣတ္ထိယဝါဒီအဖွဲ့ရဲ့ ရည်မှန်းချက်ဟာ “အမျိုးသားကြီးစိုးရေးကို အပြီးတိုင် လွှမ်းမိုးအနိုင်ယူရေး” ဖြစ်တယ်လို့လည်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

DVB TV News