လူႀကီးခ်င္းစကားမ်ားရာမွ ၅ ႏွစ္အရြယ္ကေလးငယ္ကို ဝါးစိမ္းတုတ္ျဖင့္ ႐ိုက္သတ္

Published on December 31, 2017

ၾကားထဲကကေလးေလးေျမစာပင္ျဖစ္ရရွာတယ္

ပုသိမ္ၿမိဳ႕ အေနာက္ေတာင္တိုင္းစစ္ဌာနခ်ဳပ္လက္ေအာက္ခံ အမွတ္-၆ စစ္အေျခခံေလ့က်င့္ေရးတပ္ရင္းမွာ အမ်ိဳးသမီးခ်င္း စကားမ်ားရာမွ ရန္ၿငိဳးထားၿပီး ၅ ႏွစ္အရြယ္ကေလးကုိ ဝါးစိမ္းတုတ္နဲ႔ ႐ိုက္သတ္ခဲ့မႈ ဒီဇင္ဘာ ၂၉ ရက္ေန႔က ျဖစ္ပြားခဲ့တယ္လို႔ ဧရာဝတီတိုင္းေဒသႀကီးရဲတပ္ဖြဲ႔က ေျပာပါတယ္။



အမွတ္ ၆ ေလ့က်င့္ေရးတပ္ရင္း အိမ္ေထာင္သည္လိုင္းခန္းမွာ ေနထိုင္တဲ့ စိုက္ၿခံတာဝန္ခံတပ္သား ဆန္းေဝရဲ႕ဇနီး မေဝေဝေလးဟာ လိုင္းခန္းေခါင္းေဆာင္ တပ္သားေက်ာ္စိုးႏုိင္ရဲ႕ဇနီး ေဒၚႏွင္းေဝေအာင္နဲ႔ လိုင္းခန္းကေသာက္သံုးေရကန္လွယ္ဖို႔ ကိစၥနဲ႔ပတ္သတ္ၿပီး စကားမ်ားၿပီး ပါး႐ိုက္ခဲ့တဲ့အေပၚ မေက်နပ္ပဲ အၿငိဳးထားၿပီး ေဒၚႏွင္းေဝေအာင္ရဲ႕သမီးျဖစ္သူ အိမ္ေရွ႕ လာကစားတဲ့အခ်ိန္မွာ အိမ္ခန္းတြင္းေခၚသြင္းၿပီး ဝါးစိမ္းတုတ္နဲ႔ ဦးေခါင္းကို ႐ိုက္သတ္ခဲ့တာလုိ႔ ဧရာဝတီတိုင္းေဒသႀကီး ရဲတပ္ဖြဲ႔က ဒုရဲမႉးႀကီးခင္ေမာင္လတ္က ေျပာပါတယ္။

“အသတ္ခံရတဲ့ကေလးအေမနဲ႔ သတ္တဲ့အမ်ိဳးသမီးက ပထမတစ္ေန႔က စကားမ်ားထားတာ။ အဲဒါမေက်နပ္လို႔ ကေလးကိုအိမ္ေခၚလာၿပီး ဝါစိမ္းတုတ္နဲ႔႐ိုက္သတ္တာ။ သတ္ၿပီးမွအေလာင္းကို တျခားေနရာသြာစြန္႔တာပါ။ သတ္တဲ့အမ်ိဳးသမီးကိုလည္း ဖမ္းထားၿပီး သက္ေသခံပစၥည္းလည္း စံုေနၿပီဆိုေတာ့ တရားစြဲဖို႔အသင့္ျဖစ္ေနပါၿပီ။”

မေဝေဝေလးဟာ ကေလးကိုသတ္ၿပီး နားမွာဝတ္ဆင္ထားတဲ့ နားကပ္ကို ခၽြတ္ယူဖြက္ထားခဲ့ၿပီး ေယာက်္ားျဖစ္သူနဲ႔အတူ အေလာင္းကို ပီနံအိတ္ထဲထည့္ၿပီး လိုင္းခန္းအစပ္ လယ္ကြင္းနားမွာရွိတဲ့ ေရေျမာင္းထဲက ၿခံဳပုတ္ထဲကိုသြားၿပီး စြန္႔ပစ္ခဲ့ေၾကာင္း၊ ကေလးေပ်ာက္လို႔ လိုက္ရွာတဲ့အဖြဲ႔မွာ သူတို႔လင္မယား မပါတာကေန တပ္ရင္းမိသားစုေတြက မသကၤာလို႔ စစ္ေဆးရာမွ လူသတ္မႈ ေပၚေပါက္ခဲ့တာလုိ႔ ပုသိမ္မ္ၿမိဳ႕မရဲစခန္း စစ္ေဆးထြက္ဆိုခ်က္ေတြအရ သိရပါတယ္။

ပုသိမ္ၿမိဳ႕မရဲစခန္းက မေ၀ေ၀ေလးကို လူသတ္မႈ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၃၀၂ နဲ႔ ဖမ္းဆီးစစ္ေဆးေနၿပီး အေလာင္းေဖ်ာက္ရာမွာ ကူညီခဲ့တဲ့ ေယာက်္ားျဖစ္သူ တပ္သားဆန္းေဝကိုေတာ့ စစ္ခံု႐ံုးဖြဲ႔ၿပီး စစ္ေဆးမႈေတြ လုပ္ေနတယ္လို႔ သိရပါတယ္။

===========

DVB

Unicode

ကြားထဲကကလေးလေးမြေစာပင်ဖြစ်ရရှာတယ်

ပုသိမ်မြို့ အနောက်တောင်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ အမှတ်-၆ စစ်အခြေခံလေ့ကျင့်ရေးတပ်ရင်းမှာ အမျိုးသမီးချင်း စကားများရာမှ ရန်ငြိုးထားပြီး ၅ နှစ်အရွယ်ကလေးကို ဝါးစိမ်းတုတ်နဲ့ ရိုက်သတ်ခဲ့မှု ဒီဇင်ဘာ ၂၉ ရက်နေ့က ဖြစ်ပွားခဲ့တယ်လို့ ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့က ပြောပါတယ်။

အမှတ် ၆ လေ့ကျင့်ရေးတပ်ရင်း အိမ်ထောင်သည်လိုင်းခန်းမှာ နေထိုင်တဲ့ စိုက်ခြံတာဝန်ခံတပ်သား ဆန်းဝေရဲ့ဇနီး မဝေဝေလေးဟာ လိုင်းခန်းခေါင်းဆောင် တပ်သားကျော်စိုးနိုင်ရဲ့ဇနီး ဒေါ်နှင်းဝေအောင်နဲ့ လိုင်းခန်းကသောက်သုံးရေကန်လှယ်ဖို့ ကိစ္စနဲ့ပတ်သတ်ပြီး စကားများပြီး ပါးရိုက်ခဲ့တဲ့အပေါ် မကျေနပ်ပဲ အငြိုးထားပြီး ဒေါ်နှင်းဝေအောင်ရဲ့သမီးဖြစ်သူ အိမ်ရှေ့ လာကစားတဲ့အချိန်မှာ အိမ်ခန်းတွင်းခေါ်သွင်းပြီး ဝါးစိမ်းတုတ်နဲ့ ဦးခေါင်းကို ရိုက်သတ်ခဲ့တာလို့ ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့က ဒုရဲမှူးကြီးခင်မောင်လတ်က ပြောပါတယ်။

“အသတ်ခံရတဲ့ကလေးအမေနဲ့ သတ်တဲ့အမျိုးသမီးက ပထမတစ်နေ့က စကားများထားတာ။ အဲဒါမကျေနပ်လို့ ကလေးကိုအိမ်ခေါ်လာပြီး ဝါစိမ်းတုတ်နဲ့ရိုက်သတ်တာ။ သတ်ပြီးမှအလောင်းကို တခြားနေရာသွာစွန့်တာပါ။ သတ်တဲ့အမျိုးသမီးကိုလည်း ဖမ်းထားပြီး သက်သေခံပစ္စည်းလည်း စုံနေပြီဆိုတော့ တရားစွဲဖို့အသင့်ဖြစ်နေပါပြီ။”

မဝေဝေလေးဟာ ကလေးကိုသတ်ပြီး နားမှာဝတ်ဆင်ထားတဲ့ နားကပ်ကို ချွတ်ယူဖွက်ထားခဲ့ပြီး ယောကျ်ားဖြစ်သူနဲ့အတူ အလောင်းကို ပီနံအိတ်ထဲထည့်ပြီး လိုင်းခန်းအစပ် လယ်ကွင်းနားမှာရှိတဲ့ ရေမြောင်းထဲက ခြုံပုတ်ထဲကိုသွားပြီး စွန့်ပစ်ခဲ့ကြောင်း၊ ကလေးပျောက်လို့ လိုက်ရှာတဲ့အဖွဲ့မှာ သူတို့လင်မယား မပါတာကနေ တပ်ရင်းမိသားစုတွေက မသင်္ကာလို့ စစ်ဆေးရာမှ လူသတ်မှု ပေါ်ပေါက်ခဲ့တာလို့ ပုသိမ်မ်မြို့မရဲစခန်း စစ်ဆေးထွက်ဆိုချက်တွေအရ သိရပါတယ်။

ပုသိမ်မြို့မရဲစခန်းက မဝေဝေလေးကို လူသတ်မှု ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ နဲ့ ဖမ်းဆီးစစ်ဆေးနေပြီး အလောင်းဖျောက်ရာမှာ ကူညီခဲ့တဲ့ ယောကျ်ားဖြစ်သူ တပ်သားဆန်းဝေကိုတော့ စစ်ခုံရုံးဖွဲ့ပြီး စစ်ဆေးမှုတွေ လုပ်နေတယ်လို့ သိရပါတယ်။

===========

DVB