သဖန္းဆိပ္ဆည္အနီးတြင္ ေက်ာင္းသားေက်ာင္းသူ သုံးဦးေရနစ္ေသဆုံး

Published on December 31, 2017

စစ္ကိုင္းတိုင္းေဒသၾကီး ကန္႕ဘလူခရိုင္ ကြ်န္းလွျမိဳ႕နယ္ ကုကၠိဳကုန္း ေက်းရြာသဖန္းဆိပ္ဆည္အနီးတြင္ ဒီဇင္ဘာ၃၀ရက္ေန႕ ေန႕လည္ ၁နာရီ မိနစ္၅၀အခ်ိန္ခန္႕က ေက်ာင္းသားေက်ာင္းသူသုံးဦးေရနစ္ေသဆုံးသြားေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ေက်ာင္းသားေက်ာင္းသူငါးဦး သည္ကုကၠိဳကုန္း ေက်းရြာ အနီးသဖန္းဆိပ္ဆည္ေရဝပ္ဧရိယာတြင္ ၾကာပန္းဆင္းခူးၾကရာ မခိုင္သဇင္ထြန္း(၁၀)ႏွစ္/မသဲစုလွိဳင္(၁၃)ႏွစ္/ေမာင္ေဝဠဳေအာင္သုံးဦးတို႕မွာ ေရနစ္ျပီး ျမိဳ႕နယ္ျပည္သူ႕ေဆးရုံသို႕ ပို႕ေဆာင္၍ ေဆးကုသခံယူစဥ္ေသဆုံးသြားေၾကာင္း သတင္းရရွိသည္။



အဆိုပါ ေရနစ္ေသဆုံးမႈႏွင့္ ပတ္သက္၍ ဓမၼတာအတိုင္း ေသဆုံးျခင္း ဟုတ္မဟုတ္ ကြ်န္းလွျမိဳ႕မရဲစခန္းမွ စစ္ေဆးလွ်က္ရွိေၾကာင္း သိရသည္။

မ်ိဳးဝင္းညိဳ – ကြ်န္းလွ

Myanmaalinn

Unicode

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကျွန်းလှမြို့နယ် ကုက္ကိုကုန်း ကျေးရွာသဖန်းဆိပ်ဆည်အနီးတွင် ဒီဇင်ဘာ၃၀ရက်နေ့ နေ့လည် ၁နာရီ မိနစ်၅၀အချိန်ခန့်က ကျောင်းသားကျောင်းသူသုံးဦးရေနစ်သေဆုံးသွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ကျောင်းသားကျောင်းသူငါးဦး သည်ကုက္ကိုကုန်း ကျေးရွာ အနီးသဖန်းဆိပ်ဆည်ရေဝပ်ဧရိယာတွင် ကြာပန်းဆင်းခူးကြရာ မခိုင်သဇင်ထွန်း(၁၀)နှစ်/မသဲစုလှိုင်(၁၃)နှစ်/မောင်ဝေဠုအောင်သုံးဦးတို့မှာ ရေနစ်ပြီး မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသခံယူစဉ်သေဆုံးသွားကြောင်း သတင်းရရှိသည်။

အဆိုပါ ရေနစ်သေဆုံးမှုနှင့် ပတ်သက်၍ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်မဟုတ် ကျွန်းလှမြို့မရဲစခန်းမှ စစ်ဆေးလျှက်ရှိကြောင်း သိရသည်။

မျိုးဝင်းညို – ကျွန်းလှ

Myanmaalinn