ဆရာမလေးတွေကို ဘယ်သူတွေ စာနာပေးနိုင်မလဲ . . .

Published on December 31, 2017

ယောင်္ကျားရင့်မာကြီးတွေပုံတင်ပြီး မျက်ရည်ချုတတ်တဲ့ကောင်တွေ ထမိန်ဝတ်တွေ ချေးကျွေးရမယ်။

နိုင်ငံဝန်ထမ်းဆိုတာ ကျရာတာဝန် ထမ်းရတာပဲလေ ၊ မင်းတို့လိုသာ ပေးဆပ်ရလို့ အခွင့်အရေး ပိုယူမယ်ဆို



သူနာပြု သမ္မတတွေ ဝန်ကြီးချုပ်တွေ ထွေအုပ်တွေဖြစ်ကုန်တာ ကြာလှပေါ့ ….

ကျွန်တော်တို့ ကျောက်ဆည်မြို့ ခရိုင် နယ်မှာရှိတဲ့ တောင်တန်းဒေသ တောင်ပေါ်ဒေသတွေမှာ

ကျန်းမာရေ ဆရာ ဆရာမလေးများက JE ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေးအတွက် ခရီကြမ်းတွေနဲ့ သွားလာပြီး

တာဝန်ထမ်းဆောင်နေကြတာ အများသိတဲ့အတိုင်းပါဘဲ ဟိုတစ်ခါကလည်း ဆရာမလေးတွေဘဲ လွတ်လိုက်လို့

လမ်းမှာ ဒုက္ခရောက်ပြီး ပြန်လာကြရတယ်

ထားလိုက်ပါတော့

ဝန်ထမ်းတွေကတော့ တာဝန်ကို တာဝန်အသိနဲ့ ထားရာနေ စေရာသွား အသက်ကို ပဓာနမထားဘဲ

ကြိုးစားဆောင်ရွက်နေကြတာတွေ့မြင်ရတဲ့အတိုင်း ဖြစ်ပါတယ်

ဟုတ်ကဲ့ပါ

ဆရာ ဆရာမများက ပြည်သူတွေအတွက် အသက်ပေး ကာကွယ်ပေးနေကြတယ်

ဆရာ ဆရာမလေးတွေရဲ့ အသက်အန္တရာယ်အတွက်ကတော့ လိုအပ်တာတွေက ရှိနေပါတယ်

အဲ့ဒီလို တာဝန်နဲ့သွားလာနေရတဲ့အချိန်တွေမှာဆရာ ဆရာမ များအတွက် လုံခြုံးရေးအတွက်

လိုအပ်တာလေးတွေတော့ သက်ဆိုင်ရာက ထည့်စဉ်းစား ပေးစေချင်ပါတယ်

ရေလမ်း ကုန်းလမ်း တောတောင် တွေကြားမှာခရီးကြမ်း နဲ့ သွားလာထမ်းဆောင်နေချိန်မှာ

အထက်က ပေးအပ်တဲ့ တာဝန် နေ့ရက် နာရီ အချိန် တိကျစွား လိုက်နာထမ်းဆောင်နေကြတဲ့

အထဲမှာ ရေလမ်းခရီးလည်း ပါ ပါတယ်ခင်ဗျ ဦးစွား ကျွန်တော်ပုံ တင်ထားရတာဟာ

ကျွန်တော်ရေနဲ့ အလုပ်လုပ်ရပါတယ် …. ရေအနည်းငယ်ကူးတက်ပါတယ်

ဒါပေမဲ့ သက်ကယ်ဘောလ် အင်္ကျီ ဝတ်ရပါတယ် မဝတ်ရင် ဒီက သက်ဆိုင်ရာက တွေ့ရှိခဲ့ပါက

ကျွန်တော် အဖမ်းခံရပါမယ်

ဆိုလိုတာက ရေမကူးတက်တဲ့ ဆရာ ဆရာမများ ဒီရေလမ်းခရီးနဲ့ သွားလာရတဲ့နေရာမှာ

အဲ့ဒီလို သက်ကယ် အင်္ကျီလေးတွေတော့သက်ဆိုင်ရာ တာဝန်ရှိသူများက ဆောင်ရွက်ပေးစေချင်ပါတယ်ခင်ဗျ

ဒီအတွက် အများကြီးလည်း ပို၍ ကုန်ကျမယ်မထင်ပါဘူးခင်ဗျ

အခုလို အကြံပေး တင်ပြချက်တွေမှာ အမှားပါရှိခဲ့ပါက တောင်းပန်ပါတယ်ခင်ဗျ

fri များအားလုံးလဲ ဆရာ ဆရာမများအတွက်အားဆေးဖြစ်စေမဲ့ အားပေးစကားများလည်း ပြောပေးကြပါ

ရင်ထဲရှိတာလေးတွေလည်း ပြောခဲ့ကြပါဦးလို့

ဆရာ ဆရာမများကို ဒီနေရာကနေ လေးစားဂုဏ်ပါတယ်ခင်ဗျ စောင့်ရှောက်ပေးကြတဲ့ ဦးရဲကြီးတွေကို

လည်း ကျေးဇူးတင်ပါတယ် … ဆရာတို့ ဆရာမတို့ ပင်ပန်းနေကြပြီလား … မောနေကြပြီလား

တာဝန်ကျေပွန်စွာထမ်းဆောင်နေတဲ့ ဆရာ ဆရာမတို့အတွက်  ပျော်ရွှင် ကျန်းမာ စိတ်ချမ်းသာ

လိုရာခရီးရောက် ဆောင်တိုင်းမြောက်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါရစေ

ဆရာမလေးတို့ရေ ခရီးလမ်းမှာ ခရီးပန်းလို့များလား …. တောင်တက်လမ်းလယ်မှာ ခြေပစ်လက်ပစ်

အိပ်သူကအိပ် ငိုသူကငို …   ရယ်သူကရယ် …   ဖျားသူကဖျား ….ယူနီဖောင်း ခါးရောက်အောင် ကြိုးစား

အားကိုးအားထားရတဲ့ ဆရာမလေးတွေ နာကျင်ခံစား ဝေဒနာများကြောင့် မျက်ရည်ကျရင်းတက်ခဲ့ရတဲ့

ဒီစရစ်ခဲ တောင်ကြီးတွေ နောက်ဆုံးတော့ ဖုဝါနုနုလေးအောင် ရောက်ရတာပါဘဲလေ

အော် …. လမ်းပြတဲ့ အစ်ကိုကြီးတွေရေ တောနတ်ထဲက ငိုရှိုက်သံတွေ ယနေ့အထိ

ကြားယောင်နေကြမယ်ထင်ပါရဲ့

ရောက်တော့မလားမေးလေဆရာမလေးရေ ….ဟုတ်ကဲ့ ဟုတ်ကဲ့ တဖွဖွဖြေနေတဲ့ လမ်းပြအစ်ကိုကြီးတွေရဲ့

အသံတွေအခုထိ နေ့တိုင်း ကြားယောင်နေကြမယ်ထင်ပါရဲ့

ဟိုးးးး တကုန်းကျော်ရင်ရောက်တော့မယ်ကွယ့် လက်ညှိုးညွှန်ရာရောက်တော့လည်း ရွာနဲ့တာဆိုလိုမမြင်ရ

ထပ်မေးတယ် အကိုရောက်တော့မလား ဟိုးးးးးး တစ်တောင်ကျော်ရင်ရောက်ပြီးကွယ့်

တစ်ကွယ့်ကွယ့်နဲ့ ဖြေနေလိုက်တာ တစ်ကုန်းကျော်လို့လည်းမရောက်နိုင် … တစ်တောင်ကျော့်လ်ု့လည်းမရောက်နိုင်

ရှိုက်သံတွေသာ တေးသွားလား သူတို့ဘဲနားထောင်နေကြတယ်

ခါးမသန်လည်းတာဝန်ကိုသားသတိရအားမာန်ခဲကြရင်း တောင်တက်ကားကြီးတွေ လာကြိုတော့လည်း

ငိုလိုက်ရ အော် ဒါဟာ ဖြစ်ရက်မှန် လက်တွေ့ဘဝ

အားတင်းထားကြပါ

(မူရင်းအားအနည်းငယ်ပြုပြင်ထားပါသည်)

သရဲ #ခရီးသည်

ZN.H