အသက္မျပည့္ေသးတဲ့ မိန္းခေလး ေရတြင္းသို႔ ေရခပ္ဆင္းစဥ္ အဓမၼျပဳက်င့္ခံရ

Published on January 11, 2018

ျမဝတီၿမိဳ႕ သကၤန္းညီေနာင္ေက်းရြာ သရက္ေတာဘုန္းႀကီေက်ာင္းအနီး ေနသူ ဦးxxxမွ အသက္မျပည့္ေသးသည့္ ၎၏သမီး မxxx မွာ ယင္းတို႔ ေနထိုင္ရာတဲႏွင့္ ေပ(၁၅၀)ခန္႔ကြာေဝးသည့္ ေရတြင္းသို႔ ေရခပ္ဆင္းစဥ္ ေမြးနီ(ခ)ျမတ္မြန္၊(၂၀)ႏွစ္၊(ဘ)ဦးေမာင္ငယ္၊ ေညာင္နန္းသာေက်းရြာ၊ ျမဝတီၿမိဳ႕နယ္ တြင္ ေနထိုင္သူမွ အတင္းအဓမၼ သားမယားအျဖစ္ ျပဳက်င့္ခံရ၍ ဖခင္ျဖစ္သူမွ တရားလိုျပဳလုပ္ကာ (၁၀.၁.၂၀၁၈) ဇန္န၀ါရီလ ၁၀ ရက္ ည (၁၉း၀၀)နာရီအခ်ိန္တြင္ ျမဝတီျမိဳ႕ သကၤန္းညီေနာင္နယ္ေျမရဲစခန္းတြင္ လာေရာက္ အမႈဖြင့္လွစ္ တိုင္ၾကားခဲ့ပါသည္။

ျဖစ္စဥ္မွာ ၁၀.၁.၂၀၁၈ ရက္ ညေန(၄)နာရီအခ်ိန္ ျမဝတီၿမိဳ႕ သကၤန္းညီေနာင္ေက်းရြာ၊ သရက္ေတာဘုန္းႀကီးေက်ာင္းအနီး ေနသူ ဦးxxx မွာ သမီးျဖစ္သူ မxxxအား တဲႏွင့္ ေပ(၁၅၀)ကြာေဝးသည့္ ေရတြင္းသို႔ ေရခပ္ရန္ေစလြတ္စဥ္ (၁)နာရီခန္႔ၾကာသည္အထိ ျပန္ေရာက္မလာသျဖင့္ ေနာက္မွ လိုက္ပါၾကည့္႐ႈ႕ခဲ့ရာ ေမြးနီ(ခ)ျမတ္မြန္ဆိုသူမွ လူေနထိုင္ျခင္းမ႐ွိသည့္ ယာတဲေပၚတြင္ သမီးျဖစ္သူ မxxx အား သားမယားအျဖစ္ ျပဳက်င့္ေနသည္ကို ျမင္ေတြ႔ခဲ့ရသျဖင့္ ည(၇)နာရီအခ်ိန္တြင္ သမီးျဖစ္သူႏွင့္အတူ ရဲစခန္းသို႔ လာေရာက္တိုင္တန္း၍ ျဖစ္စဥ္အား ေမးျမန္းရာ……



၎မွာ တဲမွေရတြင္းသို႔ ေရခပ္ရန္သြားေရာက္စဥ္ ေမြးနီ(ခ)ျမတ္မြန္ဆိုသူႏွင့္ေရတြင္း၌ ေတြ႔႐ွိေၾကာင္း ေရခပ္ၿပီးအျပန္တြင္ ေမြးနီ မွ ေနာက္ကလိုက္လာကာ ပါးစပ္ကိုပိတ္၍ လက္ႏွစ္ဘက္ကိုခ်ဳပ္ကိုင္ၿပီး ေရတြင္းႏွင့္ေပ(၃၀)ခန္႔ေဝးသည့္ လူမေနေသာ ယာတဲေပၚသို႔ ဆြဲေခၚသြားၿပီး တဲေပၚအေရာက္တြင္ ထဘီ ႏွင့္ အတြင္းခံေဘာင္းဘီကို ဆြဲခြၽတ္ၿပီး သားမယားအျဖစ္ျပဳက်င့္ေနစဥ္ ဖခင္ျဖစ္သူ တရားလို ဦးxxxx ေရာက္လာၿပီး ျမင္ေတြ႔ခဲ့၍ ဥပေဒအရ အေရးယူေပးပါရန္ သမီးျဖစ္သူႏွင့္အတူ တိုင္ၾကားခဲ့ပါသည္။

အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍ သကၤန္းညီေနာင္နယ္ေျမ စခန္းမႈးရဲအုပ္ျမဝင္း မွ စစ္ေဆးလ်က္႐ွိၿပီး အခင္းျဖစ္ရာေနရာသို႔ ခ်က္ခ်က္းသြားေရာက္၍ ျပစ္မႈက်ဴးလြန္သူ တရားခံ ေမြးနီ(ခ)ျမတ္မြန္အား အမႈျဖင့္ဖမ္းဆီးျခင္း၊ ျပစ္မႈက်ဴးလြန္ခံရသူ မxxx ႏွင့္ ျပစ္မႈက်ဴးလြန္သူ ေမြးနီ(ခ)ျမတ္မြန္တို႔အား ေဆးစစ္ေဆးႏိုင္ရန္ ျမဝတီေဆးရံုသို႔ ပို႔ေဆာင္ျခင္း၊ သက္ေသခံပစၥည္းမ်ား သိမ္းဆည္းျခင္းအား ေဆာင္ရြက္ခဲ့ၿပီး ျပစ္မႈက်ဴးလြန္သူ ေမြးနီ(ခ)ျမတ္မြန္အား သကၤန္းညီေနာင္နယ္ေျမရဲစခန္းတြင္ အမႈႀကီးအမွတ္ ၃/၂၀၁၈ ၊ (ပ)၁၈/၂၀၁၈ ရာဇသတ္ႀကီး ပုဒ္မ ၃၇၆ ျဖင့္ အေရးယူ ေဆာင္ရြက္ထားေၾကာင္း သိရသည္။

ေနေနာ္(ျမဝတီ)

Unicode

မြဝတီမြို့ သင်္ကန်းညီနောင်ကျေးရွာ သရက်တောဘုန်းကြီကျောင်းအနီး နေသူ ဦးxxxမှ အသက်မပြည့်သေးသည့် ၎င်း၏သမီး မxxx မှာ ယင်းတို့ နေထိုင်ရာတဲနှင့် ပေ(၁၅၀)ခန့်ကွာဝေးသည့် ရေတွင်းသို့ ရေခပ်ဆင်းစဉ် မွေးနီ(ခ)မြတ်မွန်၊(၂၀)နှစ်၊(ဘ)ဦးမောင်ငယ်၊ ညောင်နန်းသာကျေးရွာ၊ မြဝတီမြို့နယ် တွင် နေထိုင်သူမှ အတင်းအဓမ္မ သားမယားအဖြစ် ပြုကျင့်ခံရ၍ ဖခင်ဖြစ်သူမှ တရားလိုပြုလုပ်ကာ (၁၀.၁.၂၀၁၈) ဇန်နဝါရီလ ၁၀ ရက် ည (၁၉းဝ၀)နာရီအချိန်တွင် မြဝတီမြို့ သင်္ကန်းညီနောင်နယ်မြေရဲစခန်းတွင် လာရောက် အမှုဖွင့်လှစ် တိုင်ကြားခဲ့ပါသည်။

ဖြစ်စဉ်မှာ ၁၀.၁.၂၀၁၈ ရက် ညနေ(၄)နာရီအချိန် မြဝတီမြို့ သင်္ကန်းညီနောင်ကျေးရွာ၊ သရက်တောဘုန်းကြီးကျောင်းအနီး နေသူ ဦးxxx မှာ သမီးဖြစ်သူ မxxxအား တဲနှင့် ပေ(၁၅၀)ကွာဝေးသည့် ရေတွင်းသို့ ရေခပ်ရန်စေလွတ်စဉ် (၁)နာရီခန့်ကြာသည်အထိ ပြန်ရောက်မလာသဖြင့် နောက်မှ လိုက်ပါကြည့်ရှု့ခဲ့ရာ မွေးနီ(ခ)မြတ်မွန်ဆိုသူမှ လူနေထိုင်ခြင်းမရှိသည့် ယာတဲပေါ်တွင် သမီးဖြစ်သူ မxxx အား သားမယားအဖြစ် ပြုကျင့်နေသည်ကို မြင်တွေ့ခဲ့ရသဖြင့် ည(၇)နာရီအချိန်တွင် သမီးဖြစ်သူနှင့်အတူ ရဲစခန်းသို့ လာရောက်တိုင်တန်း၍ ဖြစ်စဉ်အား မေးမြန်းရာ……

၎င်းမှာ တဲမှရေတွင်းသို့ ရေခပ်ရန်သွားရောက်စဉ် မွေးနီ(ခ)မြတ်မွန်ဆိုသူနှင့်ရေတွင်း၌ တွေ့ရှိကြောင်း ရေခပ်ပြီးအပြန်တွင် မွေးနီ မှ နောက်ကလိုက်လာကာ ပါးစပ်ကိုပိတ်၍ လက်နှစ်ဘက်ကိုချုပ်ကိုင်ပြီး ရေတွင်းနှင့်ပေ(၃၀)ခန့်ဝေးသည့် လူမနေသော ယာတဲပေါ်သို့ ဆွဲခေါ်သွားပြီး တဲပေါ်အရောက်တွင် ထဘီ နှင့် အတွင်းခံဘောင်းဘီကို ဆွဲချွတ်ပြီး သားမယားအဖြစ်ပြုကျင့်နေစဉ် ဖခင်ဖြစ်သူ တရားလို ဦးxxxx ရောက်လာပြီး မြင်တွေ့ခဲ့၍ ဥပဒေအရ အရေးယူပေးပါရန် သမီးဖြစ်သူနှင့်အတူ တိုင်ကြားခဲ့ပါသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ သင်္ကန်းညီနောင်နယ်မြေ စခန်းမှုးရဲအုပ်မြဝင်း မှ စစ်ဆေးလျက်ရှိပြီး အခင်းဖြစ်ရာနေရာသို့ ချက်ချက်းသွားရောက်၍ ပြစ်မှုကျူးလွန်သူ တရားခံ မွေးနီ(ခ)မြတ်မွန်အား အမှုဖြင့်ဖမ်းဆီးခြင်း၊ ပြစ်မှုကျူးလွန်ခံရသူ မxxx နှင့် ပြစ်မှုကျူးလွန်သူ မွေးနီ(ခ)မြတ်မွန်တို့အား ဆေးစစ်ဆေးနိုင်ရန် မြဝတီဆေးရုံသို့ ပို့ဆောင်ခြင်း၊ သက်သေခံပစ္စည်းများ သိမ်းဆည်းခြင်းအား ဆောင်ရွက်ခဲ့ပြီး ပြစ်မှုကျူးလွန်သူ မွေးနီ(ခ)မြတ်မွန်အား သင်္ကန်းညီနောင်နယ်မြေရဲစခန်းတွင် အမှုကြီးအမှတ် ၃/၂၀၁၈ ၊ (ပ)၁၈/၂၀၁၈ ရာဇသတ်ကြီး ပုဒ်မ ၃၇၆ ဖြင့် အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

နေနော်(မြဝတီ)