ဂိုက်ဆရာကိုယုံလို့ စုံလုံးကန်းခဲ့တဲ့အကြောင်း ( ဖြစ်ရပ်မှန် )

သူ ၈ တန်းနှစ်မှာပဲ အမေ က (….)ဘာသာ အနီးကပ် ဂိုကတစ်ယောက်ကိုအိမ်ခေါ်လာခဲ့တယ်-အသက် ၅၀ အဲဒီ ဆရာကြီးဟာအမေနဲ့ တရား ဆွေးနွေးဖော် ဆွေးနွေးဖက်လည်း ဖြစ်ပါတယ်..



အဲဒီဆရာကြီးဟာ အမေလစ်တဲ့အခါမှာတော့ သူ့ကို တဏှာစကားသာ ပြောခဲ့တယ်..ပထမတော့ ချစ်လို့ဆိုပြီး သူ့ကိုဖက်ပါတယ်..-နောက်တော့ သူ့တင်တွေကို ပွတ်တယ်..နောက်ဆုံး ဆူဖြိုးစပြုနေပြီဖြစ်တဲ့သူ့ရဲ့ ရင်သားကို လာကိုင်တဲ့အခါမှာတော့အမေ့ကို သူ အဲဒီအကြောင်းတိုင်ပါတယ်..-သူ့ဘဝမှာ အနာကျင်ရဆုံးကတော့ အမေ က သူပြောတာကို မယုံပါ..-“ခင်ဗျားသမီးက စာထဲစိတ်မဝင်စားဘူးဗျ..ရည်းစားလည်း ထားချင်နေတယ်…

ကျွန်တော်က ကိုယ့် သမီး လို ကိုယ့်မြေးလိုဆုံးမတာကို ကလန်ကဆန် လုပ်တယ်..”ဆိုတဲ့ ဂိုက် ဆရာကြီး ရဲ့စကားကိုသာအမေယုံခဲ့တယ်..-အမေက သူပြောတာကို မယုံတဲ့အခါတဆင့်ပြီး တဆင့် တတ်လာတဲ့အဲဒီအဖိုးကြီးရဲ့ စော်ကားမှုကိသူခါးသီးစွာ ခံရပါတော့တယ်…

၈ တန်း ၉ တန်း ၁၀ တန်း ၃ နှစ်လုံးလုံးသူဟာ အဲဒီ ဆရာအဘိုးကြီး ရဲ့ လိင် အာသာပြေ ဖြစ်ခဲ့ရတယ်..၈ တန်းကျောင်းသူ အပျိုပေါက်လေးဖြစ်တဲ့သူ့ခန္ဓာကိုယ်တစ်ခုလုံးကို အသက် ၅၀ ကျော်အဖိုးကြီးက လူလစ်တိုင်းစိတ်တိုင်းကျ ကိုင်တွယ်ခဲ့သလိုသူကလည်း အဲဒီ အဖိုးကြီး ရဲ့ မသတီစရာအစိတ်အပိုင်းတွေကို ကိုင်တွယ်ပေးခဲ့ရတယ်..-သူ စိတ်အထိခိုက်ရဆုံးကတော့သီတင်းကျွတ်တိုင်း ဆရာသမားတွေကိုလိုက်ကန်တော့တဲ့အခါ အဲဒီ ဆရာကြီး ကိုပါအမေနဲ့အတူ သွားကန်တော့ရတာပဲ..

ထွက်ပေါက်အနေနဲ့ သူငယ်ချင်းတွေနဲ့လျောက်သွားတယ်..စိတ်ကစားတဲ့အရွယ်မှာ ရည်းစား ထားတယ်..ဒါကိုအမေက သူ့ကို ဆိုးတယ်လို့မြင်ပြီးဟိုဆရာကြီးပြောတာတွေကို ပိုယုံခဲ့တယ်..ကြာခဲ့ပါပြီ အနားမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့ခင်ပွန်း ဖြစ်သူကို ကြည့်ရင်းလိပ်ပြာမလုံဖြစ်ခဲ့ရတဲ့ ည တွေ များလှပေါ့..-ဘဝတစ်လျောက်လုံးသိမ်ငယ်မှု အားငယ်မှုတွေနဲ့အတူသူကြီးပြင်းလာရတယ်..

သူ့ကိုမယုံကြည်တဲ့ အမေနဲ့ ပြဿနာတွေတတ်ရင်း အမေ သဘောမတူသူနဲ့ အိမ်ထောင် ကျသွားတဲ့အခါ သူနဲ့အမေ ပိုဝေးသွားခဲ့တယ်အခုတော့ သူ ကိုယ်ဝန်ရှိနေပါပြီ..Ultrasound ရိုက်ကြည့်တောမိန်းကလေးလို့ သိရတယ်..သမီးလေး ကို အများကြီးလုပ်မပေးနိုင်ရင်နေပါ သမီးလေး ပြောတာတွေကို လေးလေးနက်နက် ယုံကြည်ပေးဖို့ကိုတော့ သူလုံးဝ တာဝန်ယူပါတယ်..

သူ့လိုမျိုး သမီးလေး မဖြစ်စေရ..ကမ္ဘာ ပေါ်မှာရှိတဲ့ ဘယ်ကလေးမဆိုလိင်ပိုင်းဆိုင်ရာ အစော်ကားခံရတာမှ ဝေးပါစေလို့ဆုတောင်းရင်း…..-ကိုယ်နဲ့ ငယ်ငယ်ထဲက မောင်နှမလိုနေတဲ့ညီမလေးတစ်ယောက်ရဲ့ အဖြစ်ဆိုးကိုမယုံနိုင်စွာ ကြားသိခဲ့ရတဲ့အပြင် အဲဒီ ဆရာကြီး ဟာလည်း ယခုချိန်ထိ ကျန်းမာစွာနဲ့ ရန်ကုန် မှာအိမ်တကာလှည့်ပြီး စာ သင်နေပါကြောင်း…

စာကြွင်း လူဆိုး ၊ လူကောင်း နှစ်မျိုးရှိတဲ့ ဒီ ကမ္ဘာ မှာ လေးစားဂုဏ်ယူဖွယ် ဆရာသမားကောင်းများကို ဒီပိုစ့်က မရည်ရွယ်ပါကြောင်း လေးနက်စွာ တောင်းပန်ပါသည်-ဒီစာပါအချက်တွေထဲက အမျိုးသမီး တွေအပေါ်လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု၊ ကာယိအိနြေ္ဒဖျက်စီးမှု စော်ကားမှုတွေရှိလာခဲ့ရင် ဥပဒေအရအရေးယူလို့ရနိုင်ပါတယ်။

ဒါကြောင့် ဒီဖြစ်ရပ်မှန်ဇာတ်လမ်းထဲကလိုမပြောရဲပဲ ကြုံတွေ့နေရပါက သက်ဆိုင်ရာ ဌာန၊ ရဲစခန်း တွေကိုဆက်သွယ်ပြီး တိုင်ကြားလိုက်ပါ။-ပြီးတော့ မိဘ တွေအနေနဲ့လည်း ကိုယ့်သားသမီးတွေအပေါ် မျက်စိမှိတ်ယုံတာ၊ သံသယအမြဲထားတာတွေမလုပ်ပဲ မိဘပီပီသသ လုပ်ဆောင်ပေးဖို့လည်း လိုပါတယ်။

အခုဒီ အမျိုးသမီး ကသာ စိတ်ဓာတ်ကြံ့ခိုင်ခဲ့လို့ လက်ရှိအချိန်အထိ အသက်ရှင်သန်၊ ပြန်ပြောနေနိုင်တာပါ။ ဒီ abuse လုပ်မှုကြောင့် စိတ်ပိုင်းဆိုင်ရာ ဝေဒနာအပြင်းအထန်လည်း ဘဝတစ်လျှောက် ခံစားသွားရနိုင်ပါတယ်။

Credit- Ref:Bama.Info