Bee Talk မုဆိုးရဲ့ သားကောင်ဖြစ်ခဲ့ရတဲ့ မိန်းကလေးတယောက်(ဖြစ်ရပ်မှန်)

ဖြစ်ပုံက Bee talk မှာ ကောင်းလေးနဲ့စတွေ့တယ် ၃လလောက် ချစ်သူစုံတွဲဖြစ်ခဲ့တယ် ၁၇.၉.၂၀၁၆ ရက်နေ့မှာချိန်းတွေ့တယ် ကောင်းလေးကပိုက်ဆံတောင်းတယ် ကောင်မလေးကပိုက်ဆံမပါဘူးပြောလို့ ပါလာတဲ့ဓါးနဲ့ ထောက်ပြီး နားဆွဲတောင်းတယ် ကောင်မလေးက ကြောက်လန့်ပြီး နားဆွဲပေးတယ် ဒါတောင်မရသေးလို့ ကောင်မလေးကိုနောက်ပြန် Btကြိုးနဲ့တုတ်ပြီး ကမြောကင်းတံတား ပေါ်ကနေတွန်းချတယ် ည၈နာရီဆိုတော့ ရေတတ်နေတော့ရေစီးနဲ့ပါသွားပြီး သဲကျောက်လှေတစ်စီးနဲ့တွေ့တာ့ ကောင်မလေးအသက်ရှင်သွားတယ် ကောင်မလေးကြောက်နေရှာမှာပေါ့



၁၈.၉.၂၀၁၆ရက်နေ့ ရဲစခန်းရောက်လာတယ် ရဲတပ်ဖွဲ့ဝင်များ စုံစမ်းတယ် ကောင်မလေးပြောပြချက်အရ ကောင်လေးကအရင်က သဲကျောက်ရောင်းဝယ်ရေးလုပ်ငန်းမှာ အလုပ်လုပ်ဖူးတယ် ရဲတပ်ဖွဲ့ဝင်များဆက်လိုက်တော့ ကောင်လေးကို လောင်းလုံးရွာ ဝေဒီအဝင်ဝမှာတွေ့တယ် မေးမြန်းကြည့်တော့ မသိဘူးတဲ့ ဆက်လက်စစ်မေးရာကောင်းလေးအမှန်ပြောပါသည် ကောင်မလေးရဲ့ဆိုင်ကယ်အား လောင်းလုံးရွှာမှာ ၅၀၀၀၀၀သိန်းနဲ့ရောင်းတယ် ကောင်မလေးဖုန်းအား လောင်းလုံးညင်းမော် သုသာန်မှာ ဝှက်ထားတယ်လို့ပြောတယ် ရဲတပ်ဖွဲဝင်များ ဆက်လက်စစ်ဆေးမေးမြန်းရာ ဆိုင်ကယ်ရောင်းလို့ရတဲ့ပိုက်ဆံနဲ့ ထားဝယ်မှာရွှေဝယ်ထားပြီး သက်သေခံပစ္စည်းတွေပါ အားလုံးပြန်ရကြောင်းသိရပါတယ်

မိန်းကလေးတွေအနေနဲ့ အွန်လိုင်းကတွေ့တဲ့သူတွေကို အယုံမလွယ်သင့်ပါဘူး။ မမှားသင့်တဲ့အမှားတွေ မဖြစ်အောင် ကိုယ့်ကိုကိုယ်သတိလေးနဲ့ ဂရုစိုက်ကြပါလို့ နှိုးဆော်ချင်ပါတယ်။

Credit – Naing Lin Tin NNaing