လာမယ့် ၃ ရက်နေ့ ပွဲအတွက် အေးဆေးပဲ လို့ ပြောလိုက်တဲ့ အောင်လအန်ဆန်

ပရိတ်သတ်တွေ စိတ်ဝင်စားနေကြတဲ့ အလိန်းဂါလာနီနဲ့ ထိုးသတ်ရမယ့် ပွဲအတွက် အေးဆေးပဲ လို့ အောင်လအန်ဆန်က ကြော်ငြာတစ်ခု လုပ်ရင်းနဲ့ ပြောလိုက်ပါတယ်။



“ပရိသတ်ကြီးတို့ရေ…နိုဝင်ဘာလ ၃ ရက်နေ့ပွဲအတွက် ကျွန်တော့်ကိုစိတ်ပူနေကြမယ်ဆိုတာသိပါတယ်…ကျွန်တော်လည်း သေချာကြိုးစားပြီး လေ့ကျင့်နေပါတယ်ဗျာ…ဒါကြောင့်မို့ ဒီပွဲအတွက် အေးဆေးပဲ” ဟု သူ့ရဲ့ ဖေ့စ်ဘွက်စာမျက်နှာတွင် ရေးသားထားသည်။

လာမည့်နိုဝင်ဘာလ ၃ ရက်နေ့၊ ရန်ကုန်မြို့တွင် ထိုးသတ်မည့် ပွဲအတွက် အောင်လအန်ဆန်တစ်ယောက် ပြင်ဆင်မှုတွေ ဂရုတစိုက် လုပ်နေရပြီ ဖြစ်ပါတယ်။

မကြာသေးခင်ကပဲ အမေရိကန်နိုင်ငံမှ ရောက်ရှိလာပြီး ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆံခဲ့သေးသည်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း နိုင်မယ်လို့ယုံကြည်ကြောင်း ပြောခဲ့သည်။

အောင်လအန်ဆန်က နာမည်ကြီးလာတော့ လုပ်ငန်းရှင်တွေရဲ့ ကြော်ငြာအတွက် မျက်စိကျမှုလည်း ခံနေရတာဖြစ်ပါတယ်။

သူကိုယ်တိုင်တော့ ဝိတ်တန်းကြီးသည့် အလိန်းဂါလာနီနဲ့ ထိုးသတ်ရဖို့အတွက် စိတ်လှုပ်ရှားကြောင်း ဖွင့်ဟ ပြောဆိုထားတာ ဖြစ်ပါတယ်။

အလိန်းဂါလာနီကို (ပြီးခဲ့သည့် ချန်ယီယံခါးပတ်ယူပွဲကလိုမဟုတ်ပဲ) အပြတ်ပွဲသိမ်းမယ်လို့ အောင်လအန်ဆန်က အင်တာဗျူးတစ်ခုတွင် ဖြေဆိုထားပါတယ်။

သူ့ထက် ခန္ဓာကိုယ် တောင့်တင်းသည့် အလိန်းကို ပြီးခဲ့သည့် ၂၀၁၆ မိုဟာမက်အလီနဲ့ ပွဲကလို ချုပ်ကွက်တွေ သုံးပြီး ပွဲသိမ်းမှာလား ဆိုတာတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Credit – PannPwint

Photos©Aung La Nsang,Alain Ngalani