တွမ်တီးမီး ပျက်ကျမီးလောင် ကလေးတစ်ဦး အမျိုးသမီးတစ်ဥိး စိုးရိမ်ရပြီး ၇ ဦးဒဏ်ရာရှိထား

တွမ်တီးမီး (ယမ်းချိန် ၃၇ ပိဿာ / တန်ဘိုး သိန်း ၄၀ )ကို အဖွဲ့ခေါင်းဆောင်သော်ဇင်ညီညီ နှင့် ပြည့်ဖြိုးအောင် တို့က ယနေ့ည၈နာရီ၄၅တွင် လွှတ်တင်ရာ ကွင်းအတွင်းVIP စင်အနီး မီးလောင်ပျက်ကျခဲ့သည်။



ဝက်သားတုတ်ထိုးဆိုင်ပေါ်သို့ပြုတ်ကျမီးလောင်မှုကြောင့် မအေးအေးသိန်း( အသက်၄၃) စိန်ပန်းရပ်ကွက် နယ်မြေ၅ နေသူနှင့် အိစန္ဒာမင်း(၁၂နှစ်) စိန်ပန်းရပ်ကွက်နယ်မြေ၅ နေသူ၂ဦးမှာ စိုးရိမ်ရသည့်အခြေအနေရှိသည်ဟု သိရသည်။

အခြားဒဏ်ရာသူ ၅ဦးရှိပြီး မစိုးရိမ်ရကြောင်းနှင့်စဝ်စံထွန်းဆေးရုံသို့ လူနာများအားပို့ဆောင်ကုသလျက်ရှိကြောင်းသိရသည်။
ဒဏ်ရာရသူများမှာ မသီတာဦး(နယ်မြေ၅)/မောင်ထူးခန့်လင်း(၇နှစ်)နယ် မြေ၅/ မဇင်မာဝင်း(၂၅နှစ်) ကျောင်းဆရာမအေးသာယာ/ ခိုင်သဇင်ကျော် (၂၁နှစ်) GTU ကျောင်းသူ အေးသာယာ/ ကောင်းမြတ်မိုး(၃၀နှစ်)ကန်ရှေ့ရပ်ကွက်/ဝေဝေအောင်( ၂၁နှစ်) အေးသာယာ  နှင့်ဇာခြည်ထွန်း (၂၁နှစ်)့မြန်မာစာအဝေးသင်ရေဦးရွာ ရွာငံနေသူတို့ ဖြစ်သည်။

ကနဦးသတင်းအရကလေးတစ်ဦးသေဆုံးသည်ဟုသတင်းထွက်ပေါ်နေပြီး ယနေ့ည ၁၀နာရီခွဲရရှိသောသတင်းအရ ထိုကလေးနှင့် အမျိုးသမီးတစ်ဦးတို့စိုးရိမ်ရသည့်ဒဏ်ရာရရှိထားခြင်းဖြစ်သည်ဟုသက်ဆိုင်ရာမှသိရှိရသည်။

#သံလွင်သွေးချင်း