ကမ္ဘာအမြန်ဆုံး အမေရိကန် စစ်လေယာဉ် ကို အမည်မသိယာဉ် တစ်စင်း မှ ကျော်တက်

လက်ရှိ ကမ္ဘာ့ အမြန်ဆုံး လေယာဉ် ဖြစ်သော အမေရိကန် လေတပ် ၏ စစ်လေယာဉ် ကို   အမည်မသိ ယာဉ် တစ်စင်း မှ ကျော်တက်မှု့



ပင်​လယ်​​ ရေပြင်​ မှ အမြင့်​ပေ 20,000 တွင်​ အသံထက် သုံးဆ မြန်သော အလျှင်ဖြင့် ပျံသန်း​နေ​ သော အမေရိကန် စစ်​ လေယာဉ် ​တစ်စီး ကို ၎င်း ထက်​ မြန်​​သော အရှိန်​ဖြင့်​ ပျံသန်း လာ​သော​ ယာဉ်​ တစ်စီး က အံ့သြဖွယ်​​ ကျော်​တက်​မှု တစ်​ခု ပစိဖိတ် ​သမုဒ္ဒရာ ​ရေပြင်​ထက် ​၌ ဖြစ်ပွား ခဲ့သည်​။ ကမ္ဘာ့​ လေ​ကြောင်း ကျွမ်းကျင် သူများ နှင့် အမေရိကန်​ နာဆာ မှ ပညာရှင်​များ က ၎င်း ဖြစ်ရပ် အတွက် အဖြေရှာ မရ ဖြစ်နေ ကြ ပါတယ်။

အ​မေရိကန် နာဆာ အင်္ဂါဂြိုဟ်​ စူးစမ်း​ လေ့လာရေး ဌာန မှ ပါ​မောက္ခ ဖြစ်သူ မစ္စတာ ဂျောင်ကင်း က …

ရိုက် ​ညီ​နောင် ​တို့ စတင်​ ခဲ့တဲ့ ​လေ​ကြောင်း သမိုင်း ဟာ ဒီ​နေ့ မှာ စာမျက်​နှာသစ်​ ဖွင့်​လိုက်​ ပါပြီ။မယုံကြည်​နိုင် ​​​​လောက်​​အောင်​ မြန်​လွန်း လှတဲ့ အဆိုပါ ယာဉ်​​ ကြောင့်​​ ​လေ​ကြောင်း နဲ့ အာကာသ ပညာရပ် ​နယ်​ပယ် ​မှာ ကျုပ်​တို့ သင်​ယူစရာ တွေ အများကြီး ရှိ​သေးတယ် ​ဆိုတာ ကို ဒီ ဖြစ်​ရပ် ​က သက်​​သေပြ​ နေပါတယ်​ လို့ ​ပြောကြားလိုက် ​ပါတယ်​။

အမေရိကန် စစ်ဘက် မှ ဆက်လက် စုံစမ်းရာ အဆိုပါ​ ယာဉ် ​သည်​ မြန်​မာနိုင်​ငံ မှ ပျံသန်း လာ​သော လေယာဉ်​ ဟု သိရှိရပြီး ဂေါ်ဖီထုပ် ​နှင့် ကန်​စွန်းရွက်​များ အပြည့် တင်ဆောင် ပျံသန်း လာခြင်း ဖြစ်​သည်​။

အဆိုပါ​ လေယာဉ် ​၏ ​လေယာဉ်​မှုး ဖြစ်​သူ က ​၎င်းတို့​ လေယာဉ် ​သည်​ ကုန်​စိမ်း​ လေယာဉ်​ ဖြစ်​သည့် ​အတွက်​ မနက်​​ခင်း​ ဈေး အမှီ အမြန် ​ပျံသန်း လာရခြင်း ဖြစ်​ပြီး အခြား ရည်​ရွယ်​ချက် ​မရှိ​​ကြောင်း၊

မြန်​မာနိုင်ငံ ရဲ့ စီးပွား​ရေး မူဝါဒ အရ မြန်​နိုင်သမျှ မြန်​​အောင်​ အ​သော့ နှင်​ခဲ့ ရခြင်း ဖြစ် ပါတယ်​ လို့ မီဒီယာ​တွေရဲ့  ​မေးမြန်းမှု ကို ဖြေကြား ခဲ့​ကြောင်း​ NWH သတင်းဌာန မှ တင်ပြခဲ့ ပါသည်​။

( ကြက် ၊ ပဲ ၊ ဂျင်း များလည်း ပါကြောင်း အတွင်း သတင်း အရ သိရှိ ရပါတယ် )
😛 😛

credit