တန်​​ဆောင်​တိုင်​လပြည့်​ညက ကြိုတင်​ကြံစည်တဲ့ မုဒိမ်းမှု

Published on November 8, 2017

တန်​​ဆောင်​တိုင်​လပြည့်​ညကြိုတင်​ကြံစည်​မှုများနဲ့ မုဒိန်းမှုသတင်း (အပြည့်​စုံ)



စစ်ကိုင်းတိုင်းဒေသကြီး ၊ ဟုမ္မလင်းမြို့နယ် ၊ ကက်သာစံပြကျေးရွာ နေ မ………(၂၁)နှစ် ၊ (အဖ) ဦး………. ရှမ်း/ဗုဒ္ဓ မပတ (မမှတ်မိ)သည် တစ်ရွာတည်းနေ ဒေါ်မဲတူ  မှ ခေါ်သဖြင့် သွားရောက်လည်ပတ်ခဲ့ရာ ဒေါ်မဲတူ မှ ပျော်ပွဲစားရန် အကြောင်းပြပြီး ခေါင်ရည်ဝယ်ယူခဲ့ပြီး ဒေါ်မဲတူ ၊ ကျော်စွာဦး (ခ) ငပွား (၂၂)နှစ် (ဘ)ဦးအေးနိုင် ၊ ကျဘမ်း၊ ကွက်သစ်ရပ်ကွက်ဟုမ္မလင်းမြို့) နှင့် ကိုဖိုးငယ် ၊ ကိုဟူစိန် ၊ မခိုင်ဇင်အေး(ခ) မဲလုံး၊ မဖြူဖွေး တို့နှင့်အတူ ခေါင်ရည်သောက်စဉ် ဒေါ်မဲတူမှ မ………….. မရှိခိုက် ခေါင်ရည်အား ငှဲ့ထားပြီးပေးသောက်စေခဲ့ရာ ခေါင်ရည်သောက်ပြီးနောက် မ ……….. မှာ သတိလက်လွတ်ဖြစ်ချင်လာ ည (၁၀) နာရီခန့်တွင် နေအိမ်သို့ပြန်လာရာ နေအိမ်အနီး လမ်းခုလပ် ကက်သာကျေးရွာ စာကြည့်တိုက်အရောက်တွင် ကျော်စွာဦး(ခ) ငပွားမှ နောက်မှလိုက်လာပြီး

မ ……….. အား နောက်မှ သိုင်းဖက်ကာ ” ငါ့နောက်လိုက်ခဲ့ မလိုက်ရင် သတ်ပစ်မယ် မအော်နဲ့ ” ဟုပြောကာ ချင်းတွင်းမြစ်ဘေးရွာလယ်ဘုန်းတော်ကြီးကျောင်း၊ ရှစ်မျက်နှာဘုရားဝင်းအတွင်းရှိ ဗောဓိပင်အောက် အုတ်ခုံအတွင်း ဆွဲလှဲပြီး နှုတ်ခမ်းစုပ်ရင်း အ၀တ်အစားများအား အတင်းအဓမ္မဆွဲချွတ်ကာ အလိုဆန္ဒမပါပဲ ခြိမ်းခြောက်ပြီး သားမယားအဖြစ် ပြုကျင့်နေစဉ်

တစ်ရွာတည်းနေ ကိုအောင်ဖြိုးဝင်း ၊ ကိုဖိုးဖြု တို့မှာ ဆိုင်ကယ်ဖြင့်ရောက်ရှိလာပြီး ဆိုင်ကယ်မီးထိုးလာသဖြင့် ကျော်စွာဦး(ခ)ငပွား မှာထွက်ပြေးသွားခဲ့ပြီး မ ……….. မှာ နေအိမ်သို့ ထွက်ပြေးခဲ့ကာ မိဘများအား အကြောင်းစုံ ငိုယိုပြောပြခဲ့သဖြင့် တရားလို မ ………… ကိုယ်တိုင် အလိုမတူဘဲ ခြိမ်းခြောက်ပြီး သားမယားအဖြစ်ပြုကျင့်သူ ကျော်စွာဦး(ခ) ငပွား အား တရားဥပဒေအရ အရေးယူပေးပါရန် ဟုမ္မလင်းမြို့မရဲစခန်းသို့ တိုင်တန်းခဲ့

ဖြစ်စဉ်အရ ကျော်စွာဦး(ခ) ငပွား မှ မ ………… အား ချဉ်းကပ်နိုင်ရေးအတွက် ဒေါ်မဲတူ အား အသုံးချကာ ကြိုတင်ကြံစည်ခြင်းဖြစ်နိုင်ကြောင်း ၊ ၎င်းင်း အမှုအား ဟုမ္မလင်းမြို့မရဲစခန်း အမှုအမှတ် (ပ) ၅၀၈/၂၀၁၇ ၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆ အရ အမှုဖွင့်လှစ်ခဲ့ကာ တရားခံ ကျော်စွာဦး( ခ)ငပွား အား ဖမ်းဆီးခဲ့ပြီး အမှုအား မြို့မရဲစခန်း မှ စခန်းမှူး ရဲ-၄၆၉၆ ဒုရဲမှူး ကြည်စိုး မှ အမှုစစ်အဖြစ် အရေးယူဆောင်ရွက်လျှက်ရှိယ​နေ့ ရီမန်​ယူ ပြီး အမှုမှန်​​ပေါ်​ပေါက်​​ရေးအတွက်​ ဆက်​လက်​စစ်​​ဆေးမည်

Ro Mot
MOMသတင်းဌာန